Thursday, November 17, 2022

Spoken phrases

  1. A deal is a deal. အပေးအယူ လုပ်ပြီးသားက လုပ်ပြီးသားပဲ
  2. A fat lot of good/use အကူအညီ အများကြီး ရခဲ့တယ် (ဆန့်ကျင်ဘက် အဓိပ္ပာယ်ထွက်သည်) I praticed a lot, but a fat lot of good it did to me (the practice did not help)
  3. A friend of mine is working here. ငါ့ရဲ့ သူငယ်ချင်းတစ်ယောက်က ဒီမှာအလုပ်လုပ်တာ
  4. A huge appetite တပ်မက်စွဲလန်းစရာကြီး
  5. A little bird told me သိနေတယ်လေ
  6. A long wait အချိန်အကြာကြီးစောင့်ရတာ
  7. A piece of cake ဒါလေးများ လွယ်လွယ်လေးပါ. Piece so kei
  8. A short wait ခဏစောင့်ရတာ။ ခဏ
  9. Aah! ကူညီပါ
  10. Above average ပုံမှန်ထက်မြင့်/များ
  11. About the same သိပ်မဟန်သေးပါဘူးကွာ
  12. Absolutely လုံးဝ(ပဲ)
  13. Absolutely not လုံးဝမဟုတ်ဘူး
  14. Act your age အရွယ်နဲ့လိုက်အောင် နေပါ (idm)
  15. Actually တကယ်တော့
  16. Add fuel to the flames/fire မီးလောင်ရာလေပင့်လိုက်သည် (idm)
  17. After ပြီးနောက်
  18. After a while ခဏကြာတော့
  19. After that အဲဒီနောက်
  20. After you မင်းရဲ့နောက်မှာ
  21. Afterward ပြီးရင်
  22. Afraid so. စိတ်တော့မကောင်းပါဘူး
  23. Again and again တစ်ဖန်ပြီးတစ်ဖန်၊ ထပ်ခါထပ်ခါ
  24. Age before beauty အသက်ကြီးသူကို ဦးစားပေးပါ
  25. Ago ပြီးခဲ့တဲ့၊ 2 hours ago ပြီးခဲ့‌တဲ့ ၂ နာရီ
  26. Aha! အဟား (မိတ်ဆွေတွေနဲ့တွေ့တဲ့အခါ)
  27. Ahem! အဟမ်း နားထောင်ပေးကြပါ
  28. Alive and kicking သက်ရှင်လှုပ်ရှားဆဲပဲ
  29. All at once ရုတ်တရက်
  30. All day long/all day တစ်နေကုန်
  31. All eyes are on you. အားလုံးမင်းကို ဝိုင်းကြည့်နေကြတယ်။
  32. All in good time အေးအေးဆေးဆေးပေါ့ (သူတစ်ပါးက လောဆော်နေပေမဲ့ မိမိက မလုပ်ချင်သောအခါ ပြောသော စကား) When are you going to pay me?. “All in good time”
  33. All morning တစ်မနက်လုံး။
  34. All of a sudden ရုတ်တရက်ဆိုသလို
  35. All night တစ်ညလုံး
  36. All time တချိန်လုံး
  37. Almost every day နေ့တိုင်းလိုလို
  38. Almost every night ညတိုင်းလိုလို
  39. Alright ဟုတ်ပြီလေ
  40. Am i right? ငါမှန်လား
  41. Amazing အံ့သြစရာကောင်းလိုက်တာ
  42. Another year နောက်ထပ်တစ်နှစ်
  43. Any joy? ပျော်စရာ ဖြစ်ရဲ့လား
  44. Any luck? ကံကောင်းခဲ့ရဲ့လား
  45. Any question? ဘာများမေးစရာရှိသေးလဲ
  46. Any time ဘယ်ချိန်ဖြစ်ဖြစ်
  47. Anyway ဘာပဲဖြစ်ဖြစ်
  48. Anymore ဘယ်သောအခါမှ
  49. Anything else ? ဒါ့အပြင်၊ နောက်ထပ်? ဘာယူဦးမလဲ၊ ဘာလိုသေးလဲ?
  50. Anything happens ဘာမဆို ဖြစ်နိုင်တယ်
  51. Anything to please you? မင်းစိတ်ကြိုက်တွေ့ရဲ့လား
  52. Apart from it လွတ်ကင်း၍
  53. Apply job အလုပ်လျှောက်တာ
  54. Are you with me? မင်းက ငါ့ဖက်ကလား
  55. Argh! သေစမ်းကွာ
  56. Are you blind? မင်းမျက်လုံးကန်းနေသလား
  57. Are you busy, now? ခင်ဗျားအခု အလုပ်များနေလား
  58. Are you deaf? မင်းနားကန်းနေလား
  59. Are you kidding me?ငါ့ကိုလာနောက်နေတာလား
  60. Are you married? မင်းလက်ထပ်လိုက်ပြီလား
  61. Are you mechanical? ခင်ဗျား စက်ပြင် ကျွမ်းကျင်လား
  62. Are you musical? ခင်ဗျား ဂီတ ကျွမ်းကျင်လား၊ တီးတတ်လား
  63. Are you nuts? မင်းရူးနေလား
  64. Are you on facebook? ဖေ့ဘုတ် သုံးလား
  65. Are you ready? မင်း အဆင်သင့်ဖြစ်ပြီလား
  66. Are you ready for your examination? မင်းစာမေးပွဲအတွက် အဆင်သင့်ဖြစ်ပြီလား
  67. Are you seeing anyone? သဘောကျတဲ့သူတွေ့ပြီလား
  68. Are you serious? အတည်ပြောတာလား
  69. Are your parents still alive? မိဘတွေ သက်ရှိရှိသေးလား
  70. Around the world ကမ္ဘာတစ်ဝှမ်းလုံးတွင်
  71. As concerned, ဒါနဲ့ပတ်သတ်လို့
  72. As far as the eye can see မျက်စိတစ်ဆုံး
  73. As heavy as lead အရမ်းလေးတယ် (သတ္တုကဲ့သို့)
  74. As i said earlier စောစောကပြောခဲ့တဲ့အတိုင်း
  75. As if သကဲ့သို့
  76. As light as a feather အရမ်းပေါ့တယ် (တောင်ပံကဲ့သို့)
  77. As long as i live ငါ အသက်ရှင်သရွှေ့
  78. As the whole ခြုံငုံပြောရရင်
  79. As though သလို၊ သဖွယ်၊ ပမာ၊ သကဲ့သို့
  80. As usual ထုံးစံအတိုင်း
  81. As you know မင်းသိတဲ့အတိုင်းပဲ
  82. As you like. မင်းသဘောပါပဲ
  83. As you want မင်း လိုသလို
  84. As you wish မင်းသဘောဘဲ၊ ကြိုက်သလိုလုပ်
  85. ASAP (အသံထွက်နှစ်မျိုး) တတ်နိုင်သမျှ အမြန်ဆုံး asep/asap (spelling)
  86. Ask yourself ကိုယ့်ကိုယ်ကို မေးခွန်းထုတ်သည်
  87. Asking for trouble ဒုက္ခရှာ
  88. At the end of class သင်တန်းပြီးရင်
  89. At times တစ်ခါတစ်ရံ
  90. At what time do you get here? ခင်ဗျားဘယ်အချိန်တုန်းက ဒီကိုရောက်တာလဲ
  91. Awfully sorry အရမ်းဝမ်းနည်းပါတယ်
  92. Babe ဇနီး၊ ခင်ပွန်း၊ ရည်းစား စသည်ကို ချစ်စနိုးခေါ်သော စကား (sl)
  93. Back off နောက်ဆုတ်သည် (sl)
  94. Bastard လူယုတ်မာ၊ မိမစစ်ဖမစစ်
  95. Be brave သတ္တိရှိစမ်းပါ
  96. Be careful သတိထား
  97. Be fair တရားမျှတစမ်းပါ Come on, be fair, the poor girl’s trying her hardest.
  98. Be faithful သစ္စာရှိပါ
  99. Be good လိမ်လိမ်မာမာနေ
  100. Be good for laugh နှစ်သက်စရာ၊ ရွှင်မြူးစရာ ကောင်းသော
  101. Be honest ရိုးသားပါ
  102. Be in a hurry မြန်မြန်(လာပါ)
  103. Be in fat city ပိုက်ဆံအများကြီး ရှိသည်
  104. Be/live in a dream world လက်တွေ့မကျ၊ မဖြစ်နိုင်သည်များကို စိတ်ကူးယာဉ်၊ အိပ်မက်မက်သည်
  105. Be on sb’s case အဆက်မပြတ်ဝေဖန်
  106. Be on time အချိန်မှန်ပါစေ
  107. Be patient စိတ်ရှည်ပါ
  108. Be punctual အချိန်မှန်ပါစေ
  109. Be quiet တိတ်စမ်းပါ
  110. Be serious အလေးအနက် လုပ်စမ်းပါ
  111. Bear in mind မှတ်ထားပါ၊ ထည့်တွက်ပါ (idm)
  112. Beat it ထွက်သွား(အော်ပြောသံ) (sl)
  113. Beat the band ပမာဏ များများ၊ အင်အားကြီးကြီး It’s raining to beat the band.
  114. Beat your brains out အချိန် အတော်ကြာကြာ အပြင်းအထန် စဉ်းစားသည်
  115. Beats me ငါ မသိတော့ဘူးဟာ
  116. Because ဘာကြောင့်လဲဆိုတော့
  117. Beautiful time ပျော်ရွှင်သောအချိန်
  118. Been up to no good. ကောင်းတာဆိုလို့ ဘာမှ မလုပ်မိပါဘူးကွယ်
  119. Before မတိုင်မီ
  120. Before dawn မိုးမလင်းမီ
  121. Behave yourself ဣန္ဒြေရှိရှိနေပါ၊ ယဉ်ယဉ်ကျေးကျေး ပြုမူပါ
  122. Behind/at the back နောက်ကွယ်၊ နောက်မှာ
  123. Believe it or not. ယုံချင်ယုံ မယုံချင် နေ
  124. Believe (you) me. တကယ်ပြောတာ။ (လေးနက်စေလိုသောအခါ သုံးသည်) It’s too far to walk, believe me. လမ်းလျှောက်သွားဖို့ ဝေးလွန်းတယ် တကယ်ပြောတာ
  125. Below average ပုံမှန်ထက် နိမ့်/နည်း
  126. Bestie အကောင်းဆုံးသူငယ်ချင်း (sl)
  127. Better late than never မလုပ်တာထက်စာရင် နောက်ကျပြီးမှ လုပ်တာ ပိုကောင်းပါတယ်၊ မလာတာထက်စာရင် နောက်ကျမှ လာတာက ပိုကောင်းပါသေးတယ် (idm)
  128. Big mouth ပါးစပ်ဖွာခြင်း။ လေလုံးထွားခြင်း
  129. Biggie အရေးကြီးသူ၊ အရေးကြီးသောအရာ (sl)
  130. Bite lips (စိတ်ပူပန်၍) နှုတ်ခမ်းကိုက်
  131. Break a leg ကံကောင်းပါစေ(ပြိုင်ပွဲ) (idm)
  132. Break it up ရန်ဖြစ်တာ တော်ကြတော့
  133. Break promise ကတိဖျက်သည်
  134. Break the bank ပိုက်ဆံ အတော်ကုန်ကျသည်။ တတ်နိုင်တာထက် ပိုမိုကုန်ကျသည်
  135. Break time အားလပ်ချိန်/နားချိန်
  136. Break up အဆက်ဖြတ်/လက်တွဲဖြုတ်
  137. Break your back ပြင်းပြင်းထန်ထန် လုပ်ဆောင်သည်
  138. Break your neck လည်ပင်းကျိုးသည်
  139. Bring it to me ငါ့ဆီကိုယူခဲ့။
  140. Broken-hearted အသဲကွဲသော
  141. Bullshit! သောက်ရေးမပါလိုက်တာ
  142. Business is business. စီးပွားရေးက စီးပွားရေးပဲ
  143. But still ဒါပေမယ့်လည်း
  144. Buzz off လစ်လိုက်တော့၊ ဒိုးလိုက်တော့နော် buzz zof
  145. By all means ဘယ်နည်းနဲ့မဆို
  146. By chance ကံအားလျော်စွာ
  147. By the way စကားမစပ်
  148. By the way, how old are you? ဒါနဲ့စကားမစပ် ခင်ဗျားအသက်ဘယ်လောက်ရှိပြီလဲ
  149. By the way, I didn't catch your name. စကားမစပ် ခင်ဗျား နာမည်ကို ကျွန်တော် မကြားလိုက်မိဘူး
  150. By then အဲဒီအချိန် at that time. (idm)
  151. Cake walk အလွန်လွယ်ကူသောအရာ (very easy) (sl) syn: easy as pie, easy peasy
  152. Call me back ငါ့ကို ဖုန်း ပြန်ခေါ်ပါ
  153. Calm down စိတ်လျော့၊ စိတ်အေးအေးထား
  154. Can I crash here tonight? ငါ ဒီည ဒီမှာ လာခွေလို့ရမလား
  155. Can I doss down here tonight? ငါ ဒီည ဒီမှာ လာထိုးအိပ်လို့ရမလား
  156. Can I kip here tonight? ငါ ဒီည ဒီမှာ လာ လှဲအိပ်လို့ရမလား
  157. Can I make a bargain? ဈေးဆစ်လို့ရမလား
  158. Can I take a message? မှာချင်တာရှိရင် ကျွန်မ လက်ခံထားလို့ ရပါမလားရှင့် (ကျွန်မ ဘာပြောပေးရမှာလဲ) (telephone)
  159. Call it a day ဒီနေ့လည်း ဒီလောက်ပါပဲ
  160. Can it be shown ? သက်သေပြနိုင်လား၊ ပြနိုင်လား
  161. Can’t believe မယုံနိုင်ဘူး။ မယုံနိုင်စရာပဲ
  162. Can’t believe your eyes/ears. ကိုယ့်မျက်စိ/နားကို မယုံနိုင်
  163. Can't rightly say သေချာမပြောနိုင်ဘူး
  164. Can we talk? ကျွန်တော်တို့ စကားပြောလို့ရမလား
  165. Can you beat that/it? ကြုံဖူးရဲ့လား (အံ့ဩတဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်တဲ့အခါ သုံးသည်) She made her bed without being asked. Can you beat that?
  166. Can you drive the car? မင်းကားမောင်းတတ်တယ်နော်။ yes, i can. ဟုတ်ကဲ့၊ မောင်းတတ်ပါတယ်
  167. Can you focus, please? အာရုံလေး စိုက်ပေးကြပါဦး
  168. Can you help me, please? မင်း ကူညီနိုင်မလား ကျေးဇူးပြုပြီး
  169. Can you hire a bicycle for me? ကျွန်တော့်ကို စက်ဘီးတစ်စီးလောက်ပေးနိုင်မလား
  170. Can you speak in english? ခင်ဗျား အင်္ဂလိပ်လိုပြောတတ်လား
  171. Carry on ဆက်ပြောပါ၊ ဆက်လုပ်ပါ
  172. Carry on talking. ဆက်ပြောပါ
  173. Cat got your tongue? အာစေးမိနေတာလား/ဘာလို့ စကားမပြောတာလဲ
  174. Catch = do/see လို့လဲ အဓိပ္ပာယ်ရပါတယ်။ I caught their act at the Blue Jazz Club. သူတို့ ဖျော်ဖြေနေတာ တွေ့ခဲ့တယ်။ Can i catch a ride with you? ခင်ဗျားနဲ့ ကားကြုံစီးလို့ရမလား. I’m gonna try and catch some z’s. ကြိုးစားပြီး အိပ်ကြည့်မလို့
  175. Catch it အပြစ်ပေးခံရသည်။ အဆူအဆဲခံရသည်။ Daniel’s going to catch it when mom gets home.
  176. Catch-22 ဆုပ်လဲစူး၊ စားလဲရူး(ရှေ့တိုးမရ နောက်ဆုတ်မရ)
  177. Catch you later ဘိုင့်ဘိုင့်၊ ပြီးကျမှ ပြန်တွေ့မယ် cat chu lader
  178. Certainly. သေချာတာပေါ့
  179. Check out ကောင်းမကောင်း သေချာအောင်လုပ်
  180. Cheer up! ပျော်ပျော်နေကြရအောင်
  181. Chuck us the keys, would you? သော့တွေကို ငါ့ဆီ ပစ်ပေးလိုက်မလား
  182. Chump ငတုံး (dated infml) (sl)
  183. Clench fish (စိတ်ဆိုး/ရန်လို၍) လက်သီးဆုပ်
  184. Click tongue (စိတ်ဆိုး၍) တောက်ခေါက်
  185. Close the door တံခါးပိတ်ပါ
  186. Cold fish ခပ်တုံးတုံးလူ (sl)
  187. Come again? ဘာဖြစ်တယ်?
  188. Come and see it လာကြည့်ပါ come see it
  189. Come and visit again. နောက်တစ်ခါလည်း လာလည်ပါဦးနော်။ come visit again
  190. Come back. ပြန်လာခဲ့
  191. Come in ဝင်လာပါ
  192. Come in here ဝင်လာခဲ့ပါ
  193. Come in, please. ကျေးဇူးပြု၍ အထဲကိုဝင်လာပါ
  194. Come on လာလေကွာ၊ မြန်မြန်
  195. Come on. Snap it up. လုပ်စမ်းပါ၊ မြန်မြန်လုပ်စမ်းပါ
  196. Come to think of it ခုမှ ပြန်သတိရတယ်
  197. Come what may ဘာပဲဖြစ်လာလာ
  198. Come with me. ကျွန်တော်နဲ့လိုက်ခဲ့ပါ
  199. Congratulations/congrats ဂုဏ်ယူပါတယ်
  200. Cool အပြတ်သားနားသော၊ အပြတ်မိုက်သော၊ (sl)
  201. Corny/cheesy ရိုးအီနေပြီဖြစ်သော (sl)
  202. Could I sleep here tonight? ငါ ဒီည ဒီမှာ အိပ်လို့ရမလား
  203. Could I take your phone number ? ဖုန်းနံပါတ်ရနိုင်မလား
  204. Couch potato : tv အမြဲထိုင်ကြည့်နိုင်လွန်းသူ (sl)
  205. Could have strangled/hit/killed etc. sb လည်ပင်းညှစ်။ သတ်ပစ်ချင်တယ် (အလွန်စိတ်ဆိုးသောအခါ သုံးသည်)
  206. Couldn’t be better ဒီထက် မကောင်းနိုင်တော့ဘူး (ကောင်းလွန်းလို့မှ)
  207. Couldn’t be better/worse etc. (ဒီ့ထက်) ပိုမကောင်း/ပိုမဆိုးနိုင်
  208. Couldn’t care less/could care less လုံးဝဂရုမစိုက် (မယဉ်ကျေးသောစကားဖြစ်သည်) I couldn’t care less about the Super Bowl. (couldn’t care less is more common in use esp for teachers and grammarians)
  209. Could you do me a favor? ကျွန်တော့်ကို တခု အကူအညီပေးနိုင်မလား
  210. Could you speak up ? ခပ်ကျယ်ကျယ် ပြောပေးနိုင်မလား?
  211. Could you throw the keys over here? ကျေးဇူးပြုပြီး သော့တွေ ပစ်ပေးနိုင်မလား
  212. Count me in ငါလဲပါမယ်၊ ငါ့လဲ ထည့်တွက်ဦး
  213. Coupla minutes. ၂ မိနစ် coupla =couple of
  214. Cross heart ဘုရားစူး
  215. Current price လက်ရှိပေါက်ဈေး
  216. Cut ! ရပ် (ရုပ်ရှင်ရိုက်ကူးမှုကို ရပ်ရန် ပြောသောစကား)
  217. Cut class/school ကျောင်းပြေး။ အတန်းလစ်
  218. Cut it close/cut it fine အချိန်မီရုံလေး I don’t know - leaving at 6:00 is cutting it kind of close.
  219. Cut no ice/not cut much ice မပြောင်းလဲနိုင်
  220. Cut the crap လုပ်မနေနဲ့။ အရေးမပါတာတွေနဲ့ အချိန်ဖြုန်းတာရပ် Cut the crap-I know you were there.
  221. Damfool လူဖျင်းလူညင်း (foolish). What a damfool idea! (sl)
  222. Dammit! စိတ်ဆိုး၍ ရေရွတ်သော စကားလုံး dammit! I’m late. (sl)
  223. Dammit, I'm mad. တောက်၊ ငါ ဒေါသထွက်တယ်။
  224. Day in day out တစ်နေ့ပြီးတစ်နေ့
  225. Day return trip နေ့ချင်းပြန်ခရီး
  226. Dead or alive. အသေရရ အရှင်ရရ၊ သေသေရှင်ရှင်
  227. Deal! သဘောတူတယ်
  228. Dear me ! ရေရွတ်သံ dear me, I’m late. (sl)
  229. Definitely not လုံးဝဥဿုံ
  230. Dinnertime! ညစာစားချိန်
  231. Ditto ထိုနည်းလည်းကောင်း
  232. Do as I say ငါပြောသလိုလုပ်
  233. Do I know you? မင်းနဲ့ငါ သိကြလို့လား
  234. Do it before you forget မမေ့ခင် လုပ်လိုက်ဦး
  235. Do it now အခု လုပ်လိုက်ပါ
  236. Do something well/badly ကောင်းမွန်စွာ/ညံ့ဖျင်းစွာ လုပ်သည်။
  237. Do tell me more ဆက်ပြောစမ်းပါဦး
  238. Do what i say. ကျွန်တော်ပြောတဲ့အတိုင်း လိုက်လုပ်ပါနော်
  239. Do what you want မင်းလုပ်ချင်တာ လုပ်ပါ
  240. Do you have a boyfriend? ရည်းစား‌ရှိလား
  241. Do you have any brothers or sisters? မောင်နှမရှိလား
  242. Do you have any children? ကလေးရှိလား
  243. Do you have any grandchildren? မြေးရှိလား
  244. Do you have any plans for the summer? နွေရာသီအတွက် ဘာအစီအစဉ်ရှိလဲ
  245. Do you know each other? အချင်းချင်း သိလား
  246. Do you know how to drive the car? ကားကို ဘယ်လိုမောင်းရမယ်ဆိုတာ ခင်ဗျားသိလား
  247. Do you know who he is? သူ ဘယ်သူလဲဆိုတာ မင်းသိသလား
  248. Do you like it here? ဒီမှာ နေရတာ ကြိုက်ရဲ့လား
  249. Do you live on your own? တစ်ယောက်တည်းနေတာလား
  250. Do you live with anybody? သူများနဲ့အတူနေလား
  251. Do you mind if i butt in? ဝင်ပြောရင် စိတ်ရှိလား
  252. Do you play any sports? အားကစားလုပ်လား yes, i play football ဘောလုံးကစားတယ်
  253. Do you ever play computer games? Yes, i sometimes play them. မင်း ကွန်ပျူတာ ဂိမ်း ကစားသလား၊ အေး.. ငါ တစ်ခါတစ်ခါ ကစားပါတယ်
  254. Do you remember me? မင်းငါ့ကို သတိရသေးလား
  255. Do you see that? ခင်ဗျားတွေ့ လိုက်လား
  256. Do you see the boy with a dimple? ပါးချိုင့်လေးနဲ့ကောင်လေးကို မင်းမြင်လား
  257. Do you smoke? ဆေးလိပ်သောက်လား
  258. Do you play any instruments? ဂီတတူရိယာတီးလား. I’m in a band တေးဂီတဝိုင်းအဖွဲ့ဝင်ပါ.i sing in a choir ဓမ္မတေးအဖွဲ့မှာ သီချင်း ဆိုပါတယ်
  259. Do you speak english? ခင်ဗျား အင်္ဂလိပ်လိုပြောတတ်လား
  260. Do you think so? မင်း အဲလိုပဲ ထင်တာလား
  261. Do you think you can do it? ခင်ဗျား အဲဒါကို လုပ်နိုင်မယ်လို့ ခင်ဗျားထင်သလား
  262. Do you understand? ခင်ဗျား နားလည်ရဲ့လား
  263. Do you want to know? ခင်ဗျားက သိချင်လို့လား
  264. Don’t ask me ငါ မသိဘူး
  265. Don’t be a stranger သူစိမ်းမဆန်ကြေးနော် (မတွေ့တာကြာရင်)၊ မစိမ်းကားနဲ့နော်
  266. Don’t be afraid မကြောက်ပါနဲ့
  267. Don't be angry စိတ်မဆိုးပါနဲ့
  268. Don't be crazy မရူးချင်စမ်းပါနဲ့
  269. Don't be late again. နောက်တစ်ခါနောက်မကျစေနဲ့တော့
  270. Don't be noisy မဆူညံပါနဲ့
  271. Don't be long-winded. လေကြောမရှည်နဲ့
  272. Don’t be shy မရှက်ပါနဲ့
  273. Don't be silly. မမိုက်ချင်စမ်းပါနဲ့
  274. Don’t be so stressed out အရမ်းကြီးလည်းစိတ်ညစ်မခံပါနဲ့
  275. Don’t be stupid မအစမ်းပါနဲ့၊ မတုံးစမ်းပါနဲ့
  276. Don't disturb me again. ငါ့ကို နောက်တစ်ခါ မနှောက်ယှက်ပါနဲ့
  277. Don’t do မလုပ်နဲ့
  278. Don’t do double နှစ်ဖက်ချွန်မလုပ်နဲ့
  279. Don’t even think about that အဲ့ကိစ္စ စဉ်းတောင်မစဉ်းစားလိုက်နဲ့
  280. Don’t forget မမေ့နဲ့ (လုပ်စရာကို မမေ့ရန် သတိပေး)
  281. Don’t go မသွားနဲ့
  282. Don’t go into detail အသေးစိတ်(တွေ) လျှောက်ပြောမနေနဲ့
  283. Don’t disturb မနှောက်ယှက်ပါနဲ့လေ
  284. Don't disturb me again. ငါ့ကို နောက်တစ်ခါ မနှောက်ယှက်ပါနဲ့
  285. Don’t get upset စိတ်အနှောင့်အယှက်မဖြစ်ပါနဲ့
  286. Don’t’ give up ဘယ်တော့မှ လက်မလျော့နဲ့၊ အရှုံးမပေးနဲ့
  287. Don’t hesitate to ask ပြောဖို့ ချီတုံချတုံ ဖြစ်မနေနဲ့
  288. Don’t hold your breath သိပ်အားမကိုးနဲ့၊ သိပ်မဖြစ်နိုင်
  289. Don’t hurry မလောပါနဲ့
  290. Don’t indulge your child မင်းရဲ့ကလေးကို အလိုမလိုက်နဲ့
  291. Don’t joke with me ငါ့ကို လာမနောက်နဲ့
  292. Don’t judge a book by its cover အပေါ်ယံကြည့် မဆုံးဖြတ်နဲ့ (idm)
  293. Don’t leave me alone ငါ့ကို မထားခဲ့ပါနဲ့
  294. Don’t lie to me ငါ့လာမလိမ်နဲ့
  295. Don't lose him. သူ့ကိုမျက်ခြေမပျက်စေနဲ့
  296. Don't make me angry. ငါ့ကိုစိတ်ဆိုးအောင်မလုပ်နဲ့
  297. Don’t mention it ရပါတယ်၊ ပြောစရာတောင်မလို
  298. Don’t panic မစိုးရိမ်နဲ့၊ မလန့်သွားနဲ့နော်(ပြာယာမခတ်နဲ့)
  299. Don’t play with me ငါ့ကို အရူးလာမလုပ်နဲ့
  300. Don’t put blame upon other သူများလွှဲမချနဲ့
  301. Don’t rush me. ငါ့ကို လာမလောနဲ့
  302. Don’t speak မပြောပါနဲ့
  303. Don’t sweat it ပူမနေပါနဲ့
  304. Don’t take it personally ပုဂ္ဂိုလ်ရေးထိပါးတယ် မယူဆနဲ့
  305. Don’t talk ill of others သူများမကောင်းကြောင်းမပြောနဲ့
  306. Don't tell anyone what i've told you. ငါမင်းကိုပြောခဲ့တာတွေ ဘယ်သူ့မှလျှောက်မပြောပါနဲ့
  307. Don't tell her I got kicked out ငါ အထုတ်ခံတဲ့အကြောင်း သူမကို နင် မပြေနဲ့နော်
  308. Don’t touch me ငါ့ကို လာမထိနဲ့
  309. Don't trick me again. ငါ့ကို နောက်တစ်ခါမလှည့်စားနဲ့
  310. Don't wait for me. ငါ့ကို မစောင့်နဲ့တော့
  311. Don’t waste your time အချိန်မဖြုန်းနဲ့
  312. Don’t worry စိတ်မပူပါနဲ့၊ မစိုးရိမ်ပါနဲ့
  313. Don’t worry about me ငါ့အတွက် မစိုးရိမ်နဲ့
  314. Don’t you believe it? ဘယ်ကလာ (ဟုတ်ရမှာလဲ) A: He’s only 34. B: Don’t you believe it-he’s at least 40
  315. Don't you like it? မကြိုက်ဘူးလား
  316. Don’t you think I'm doing better, though? ဒါပေမဲ့ ကျွန်တော် ပိုကောင်းလာနေတယ်လို့ ခင်ဗျား မထင်ဘူးလား
  317. Down အနားမှာ I saw him down at the bus station.
  318. Down to earth လက်တွေ့ကျသော
  319. Down with ….! ကျဆုံးပါစေ Hundreds of thousand students are shooting. Down with racism.
  320. Drive faster. မြန်မြန်မောင်းပါ
  321. Drive me home အိမ်ကို ကားလိုက်ပို့ပေးပါ =Take me home
  322. Drive me to school ကျောင်းကို ကားလိုက်ပို့ပေးပါ
  323. Drive safely အန္တရာယ်ကင်းအောင် မောင်းနော်
  324. Drop dead ရုတ်တရက် မမျှော်လင့်ဘဲ သေဆုံးသည်။ (အင်မတန်မုန်းတီးစွာ) သေလိုက်။ Boy, I nearly dropped dead when he said that
  325. Drop off ယာဉ်ပေါ်မှဆင်းတာ
  326. Drum/tap fingers (စိတ်မရှည်၍) လက်ခေါက်
  327. Dutch treat ကိုယ်စားတာ ကိုယ်ရှင်း
  328. Duty calls. ကိစ္စလေးပေါ်လာလို့ သွားလိုက်ဦးမယ်
  329. Each one တစ်ခုစီ/တစ်ယောက်စီ
  330. Each other အချင်းချင်း(တစ်ယောက်နဲ့တစ်ယောက်)
  331. Easy peasy လွယ်လွယ်လေးပါ
  332. Eat in အိမ်မှာစားတာ
  333. Eat like a bird မဖြစ်စလောက် စားသောက်သည်
  334. Eat like a horse အစားကြီးသည်
  335. Eat like a pig မြန်မြန်ဆန်ဆန်၊ ညစ်ညစ်ပတ်ပတ် စားသောက်သည်
  336. Eat out အပြင်မှာစားတာ
  337. Eat sb up စိတ်အနှောင့်အယှက်/ စိတ်ပျက်စေသည်
  338. Enjoy your holiday. မင်းရဲ့ အားလပ်ရပ်မှာပျော်ရွှင်ပါစေ
  339. Enjoy your meal စားလို့ မြိန်ကြပါစေ
  340. Enough already တော်တော့၊ လုံလောက်နေပြီ
  341. Enough is enough တော်တန်တိတ်၊ တော်ပြီဆိုတော်ပြီ
  342. Enough said ရှေ့ဆက်မပြောနဲ့တော့။ နားလည်ပြီ
  343. Enough to do အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်သည်။ The noise is enough to drive you crazy.
  344. Even if ပင်လျှင်၊ တောင်မှ
  345. Even so သော်ငြားလည်း၊ ပေမည့်လည်း၊ အဲဒီလို ဖြစ်တာတောင် A: But some customers are rude. B: Even so, always be polite.
  346. Every cloud has a silver lining မိုင်တိုင်းပြီးရင် လေပြေလေးတွေ လာစမြဲပါပဲ
  347. Every time အချိန်တိုင်း
  348. Everything is fine အားလုံးအဆင်ပြေတယ်
  349. Eww! ရွံလိုက်တာ
  350. Exact change အကြွေအတိအကျ
  351. Exactly အသေအချာပဲပေါ့
  352. Excuse me, I have to go to the toilet. ခွင့်ပြုပါနော်၊ ကျွန်တော် သန့်စင်ခန်း သွားရမှာမို့လို့ပါ
  353. Explain to me why ဘာဖြစ်လို့လဲ ငါ့ကိုရှင်းပြပါဦး
  354. Extra time အချိန်ပို
  355. Far from it ဝေးသော။ နေနေသာသာ
  356. Fair enough မျှတ၊ လျော်ကန်ပါပေတယ် (လက်ခံလောက်အောင် သင့်တော်သောကြောင့် သဘောတူသည်) You’d better do it yourself. Ok, fair enough.
  357. Fair’s fair. မျှမျှတတပေါ့ Come on, fair’s fair. I paid last time, so it’s your turn.
  358. Family life မိသားစုဘဝ
  359. Far be it from me to do it စိတ်တောင်မကူးဘူး
  360. Far from it. တခြားစီပဲ
  361. Farewell နှုတ်ဆက်ပါတယ် (ပြန်တွေ့ချင်မှ တွေ့တော့မှာ)
  362. Fat chance ရပါလိမ့်မယ်။ အားကြီး
  363. Feel free/feel free to do sth အားမနာပါနဲ့
  364. Feeling down စိတ်ဓါတ်ကျနေတယ်
  365. Feel like (v-ing) …ချင်သည်၊ …ချင်စိတ်ပေါက်သည်။ I feel like going to work.
  366. Fine ရတယ်လေ
  367. Fine. whatever you say. ကောင်းပါတယ်၊ ဘာပြောပြော
  368. Fingers crossed ကံကောင်းပါစေနော်
  369. First of all ပထမဦးစွာ
  370. First things first လောလောဆယ်ကိစ္စကတော့
  371. Fix breakfast မနက်စာပြင်တာ
  372. For ages အချိန် အကြာကြီး
  373. For all sb cares လုံးဝဂရုမစိုက် Dave’s moving to Boston. He can move to Africa, for all I care
  374. For heaven’s sake/For heaven sakes. (စိတ်အနှောင့်အယှက်ဖြစ်သောအခါ၊ စိတ်ဆိုးသောအခါ ပြောသော စကား) အလိုလေ။ ဘုရားရေ. syn: (Good) heavens!/Heavens above.
  375. For instance ဥပမာပြရရင်
  376. For sure သေချာပေါက်
  377. For the sake of အလို့ငှာ
  378. For the time being လောလောဆယ်မှာ
  379. For your eyes only ဘယ်သူကိုမှ မပြနဲ့
  380. For what? ဘာအတွက်လဲ
  381. For whom? ဘယ်သူ့အတွက်လဲ
  382. Forget it မေ့လိုက်ပါ၊စိတ်ထဲမထားနဲ့၊ မေ့ပစ်လိုက်တော့
  383. Forget that မေ့လိုက်တော့
  384. Forgive and forget ခွင့်လွှတ်ပါ၊ ပြီးတော့ မေ့ပစ်ပါ
  385. Forgive me ငါ့ကို ခွင့်လွတ်ပါ
  386. Frankly speaking ပွင့်ပွင့်လင်းလင်းပြောရရင်
  387. Freeze!! မလှုပ်နဲ့၊ ရပ်နေ
  388. From first to last အစမှအဆုံးတိုင်
  389. From now on အခုကစပြီး
  390. From time to time အခါအားလျော်စွာ
  391. For this reason ဤအကြောင်းကြောင့်
  392. Fully booked (ထိုင်ခုံ) နေရာ လုံးဝမရှိ၊ ပြည့်နေ
  393. Gain weight ဝိုက်တက်လာတာ
  394. Gaze at ငေးကြည့်သည်
  395. Gee! တကယ်ကြီး??
  396. Gee, Tom. What’s eating you? ဂျီး၊ ထော်မ်၊ မင်းကို ဘာက ဒုက္ခပေးနေသလဲ
  397. Gee, thanks. ဂျီး(အမေဋိတ်)၊ ကျေးဇူးပါပဲ
  398. Get a life ကိုယ့်ဖာသာနေစမ်းပါ
  399. Get away ထွက်သွားပါ၊ လမ်းဖယ်ပါ၊ ဝေးဝေးနေပါ
  400. Get back. နောက်ဆုတ်
  401. Get in ဝင်ပါ
  402. Get lost! ထွက်သွားစမ်း၊ ထွက်သွားစမ်းကွာ
  403. Get off ဆင်းပါ(ယာဉ်တခုခုပေါ်မှ)
  404. Get off my back. နားပူနားဆာ လုပ်မနေနဲ့ (ငါ့ကျော့ပေါ် ခွစီးနေရာကနေ ဆင်းပေး)
  405. Get off my case ငါ့ကို ဝေဖန်တာရပ်
  406. Get off your butt (လုပ်စရာရှိတာ) ထလုပ်စမ်း (အပျင်းထူနေတာကို ပြောသောအခါ)
  407. Get on စီးပါ(ယာဉ်တခုခု)
  408. Get one’s act together ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းဦး (infml). e.g Get your act together
  409. Get out ထွက်သွား
  410. Get out of here. ဒီနေရာကနေ ထွက်သွားလိုက်တော့
  411. Get out of my sight ငါ့မျက်စိရှေ့ကနေ ထွက်သွား
  412. Get out of the car. ကားထဲကထွက်လိုက်ပါ
  413. Get out of the way လမ်းဖယ်ပေးစမ်း
  414. Get outside အပြင်ထွက်ပါ
  415. Get over ပြန်လည်နေကောင်းလားတာ
  416. Get over here ဒီကို လာစမ်းပါ
  417. Get to the point. လိုရင်းကို ပြောပါ
  418. Get used to it အကျင့်ဖြစ်အောင်လုပ်ထား၊ ရင်းနှီးအောင်လုပ်ပါ
  419. Get well soon မြန်မြန် နေပြန်ကောင်းပါစေနော်
  420. Get worse ပိုဆိုးလာ
  421. Get your act together ကောင်းကောင်းလုပ်ရင်လုပ် မလုပ်ရင် ဂျောင်းတော့
  422. Get your butt in/out/over etc ဒီကို လာစမ်း/ထွက်သွားစမ်း (ရိုင်းရိုင်းစိုင်းစိုင်းပြောသောစကား) Get your butt out of that bathroom now.
  423. Getting better တိုးတက်ကောင်းမွန်လာ
  424. Give ear နားစွင့်သည်
  425. Give it time အဲဒီကိစ္စကို အချိန်ပေးပါ
  426. Give it to me straight ပြောစရာရှိတာ မြန်မြန် ပြောစမ်းပါ
  427. Give me a break အေးအေးဆေးဆေးနေပါရစေဦး (လာမနှောင့်ယှက်နဲ့)
  428. Give me a call if you get a chance ခင်ဗျား အခွင့်အရေးရရင် ဖုန်းဆက်နော်
  429. Give me a hand ငါ့ကို ကူညီပေးစမ်းပါ
  430. Give me a minute ခဏလောက်ပါနော်
  431. Give me a second. တစ်စက္ကန့်လောက် အချိန်ပေးပါ
  432. Give me some advice ငါ့ကို အကြံဉာဏ်လေးပေးပါဦး
  433. Give sb a big hand/get a big hand အကြီးအကျယ် လက်ခုပ်ဩဘာပေးသည် e.g Give him a big hand
  434. Give up စွန့်လွှတ်လိုက်တော့
  435. Glad to meet you ခင်မင်ရတာ ဝမ်းသာပါတယ်
  436. Glad to see you. တွေ့ရတာ ဝမ်းသာပါတယ်။ me too. ကျွန်တော်လည်း တွေ့ရတာဝမ်းသာပါတယ်
  437. Glad you could come နင် လာတာကို ကျေးဇူးတင်တယ်
  438. Glad you dropped by. မင်း ဝင်လာ(လည်)တာ ဝမ်းသာပါတယ်ကွာ
  439. Go figure ထူးဆန်းပြီး ရှင်းပြဖို့ ခက်ခဲသောအခါ သုံးသည်။ He didn’t even leave the message. Go figure.
  440. Go for it. လုပ်ထားကွ
  441. Go so/as far as to say sth မှန်ကန်ဖို့ အလားအလာမရှိသောအခါ ပြောသောစကား Some people go so far as to say this discovery is more significant than the telephone.
  442. Go with the flow ရေလိုက်ငါးလိုက်
  443. God bless (you) (Bless you!) ဘုရား ကောင်းကြီးပေးပါစေ၊ (နှာချေသောအခါ ပြောသောစကား)
  444. God damn(it)/ damn it ဆဲသောစကား (အလိုမကျ/ မကျေနပ်လို့)
  445. God help me/Heaven help me ဘုရားသခင် စောင်မကြည့်ရှုတော်မူပါ
  446. Good and ready အဆင်သင့် ပြင်ဆင်ပြီး
  447. Good bye. သွားတော့မယ်နော်
  448. God forbid ! ဖွ-လွဲပါစေ ဖယ်ပါစေ၊ ဘုရားမကြိုက်ဘူး၊ ဘုရားတားပါစေ
  449. Good day ကောင်းသောနေ့လေးပါ
  450. Good enough တော်ပြီ။ ကောင်းတယ် (ကျေနပ်သောအခါ ပြောသောစကား)
  451. Good for nothing ဘာမှ အသုံးမကျဘူး
  452. Good for you ညည်းတော်တယ်
  453. (Good) Heavens! / Good grief/အမလေး, Heavens above (အံ့ဩခြင်းကို ဖော်ပြလိုသောအခါ ပြောသောစကား) ဘုရားရေ (idm)
  454. Good-hearted စိတ်ကောင်းရှိသော He is good-hearted
  455. Good idea ကောင်းလိုက်တဲ့အကြံ
  456. Good-looking ကြည့်ကောင်းသော He is good-looking
  457. Good luck ကံကောင်းပါစေကွာ
  458. Good to meet you တွေ့ရတာ သိပ်ကောင်းပါတယ်
  459. Good to see you တွေ့ရတာ ကောင်းလိုက်တာ၊ ဝမ်းသာလိုက်တာ
  460. Goodness! တော်သေးတယ် oh, goodness!
  461. Got to run. It’s late. ပြေးတော့မှပဲ။ နောက်ကျပြီ
  462. Had a nice time. Bye. Got to run. ပျော်ခဲ့ပါတယ်ကွယ်၊ သွားပြီနော်။ အမြန်သွားဖို့လိုနေပြီ
  463. Half day နေ့တစ်ဝက်။
  464. Half price တစ်ဝက်ဈေး
  465. Hang head (အရှက်ရ၍) ခေါင်းစိုက်
  466. Hang in there တောင့်ခံထားဦးနော်၊ လက်မလျော့နဲ့ဦး
  467. Hang out အားလပ်ပြီး ပေါ့ပေါ့ပါးပါး နေသည်။ (sl)
  468. Hang up ဖုန်းချလိုက်တာ
  469. Hard-working အလုပ်ကြိုးစားသော
  470. Have a drink သောက်ပါဦး
  471. Have a good night ကောင်းသောညပါ kids often speak 'nighty-night, night-night'
  472. Have a good one ကောင်းသော နေ့ ရရှိပါစေ
  473. Have a good time ပျော်ရွှင်ပါစေ
  474. Have a look. တစ်ချက်လောက်ကြည့်ပါဦး
  475. Have a nice day ကောင်းသောနေ့လေးဖြစ်ပါစေ
  476. Have a seat ထိုင်ပါဦး
  477. Have breakfast. မနက်စာစားသည်
  478. Have fun ပျော်ရွင်ပါစေ
  479. Have had enough of sth စိတ်အနှောင့်အယှက်ဖြစ်သည်
  480. Have some more coffee. ကော်ဖီ ထပ်ယူပါဦး
  481. Have we met before? အရင်ကကျွန်တော်တို့ တွေ့ဖူးလား
  482. Have you done your work? မင်းအလုပ်တွေပြီးပြီလား
  483. Have you got that? မင်အဲဒါ ကိုနားလည်လား
  484. Have you had your lunch? ခင်ဗျားနေ့လည်စာ စားပြီးပြီလား
  485. Have you met John? ဂျွန်ကို တွေ့ဖူးလား
  486. Have you seen any good films recently ခုတလော ရုပ်ရှင်ကားကောင်းကြည့်ထားတာရှိလား
  487. Have you got any favourite bands? မင်းအကြိုက်ဆုံးတေးဂီတဝိုင်းရှိလား
  488. He is a failure သူက ကျဆုံးနေတဲ့လူ
  489. He is a real loser သူက တကယ် အဆုံးသမား syn: He is a stone-cold loser
  490. He’s a chip off the old block ဘမျိုးဘိုးတူပဲ
  491. He is a worthless person. သူက တန်ဖိုးမရှိတဲ့လူ
  492. He is about forty. သူ့အသက် လေးဆယ်လောက်ရှိပြီ
  493. He’s always nervous about things သူ အမြဲတမ်း ကြောက်နေရတယ်
  494. He's funny သူက ရယ်စရာကောင်းတယ်
  495. He’s good for nothing သူက သုံးစားမရဘူး
  496. He's handsome သူက ချောတယ်
  497. He's home သူ အိမ်မှာရှိတယ်
  498. He is not at home. သူအိမ်မှာမရှိပါဘူး
  499. He's quiet သူက စကားနည်းတယ်
  500. He's really tall. သူက အရပ် သိပ်ရှည်တယ်
  501. He's short သူက အရပ်ပုတယ်
  502. He is still waiting. သူစောင့်နေတုန်းပဲ
  503. He is very far-sighted. သူကတော်တော်လေးကို အမြော်အမြင်ရှိတာဗျ
  504. He left me သူ ငါ့ကို ထားသွားတယ်
  505. He likes annoying people သူက လူတွေကို စိတ်အနှောင့်အယှက်ဖြစ်‌အောင် လုပ်ရတာကို ကြိုက်တယ်
  506. He likes winding people up; he is a real wind-up merchart သူက လူတွေကို ဆွရတာ သဘောကျတယ်။ သူက တကယ် အရစ်လေအရစ်လေ
  507. Head or tail? ခေါင်းလား၊ ပန်းလား
  508. Heaven knows/only heaven know ဘုရားပဲ သိမယ် syn: Only God knows
  509. Help me if you can. ဖြစ်နိုင်လျှင် ကျွန်တော့်ကို ကူညီပါ
  510. Help yourself ကိုယ်တိုင်(စား/လုပ်)ပါ
  511. He dumped me/He chucked me. သူ ငါ့ကို ပစ်ထားခဲ့တယ်
  512. He terminated our relationship သူက ငါတို့ရဲ့ ဆက်ဆံရေးကို အဆုံးသတ်ခဲ့တယ်သတ်ခဲ့တယ်
  513. He was all ears သူသိပ်သိချင်နေတယ်
  514. He won't come here. သူဒီကိုလာမှာမဟုတ်ဘူး
  515. Help! ကူညီပါဦး
  516. Help yourself ကိုယ့်ဟာကိုယ် (ယူ/စား/သောက်)
  517. Here comes everybody ဟောဒီမှာ ရပါပြီဗျာ
  518. Here we go လာပြန်ပြီ (မလိုလားသည့် အရာတစ်ခု ဖြစ်ခါနီး ပြောသောစကား)
  519. Here you go ရော့ ဒီမှာ
  520. Hey there ဟေးဟလို
  521. High-paying job လစာမြင့်တဲ့အလုပ်
  522. Hold sit ရပ်လိုက်
  523. Hold still မလှုပ်နဲ့၊ ငြိမ်ငြိမ်နေ
  524. Hold the line (တယ်လီဖုန်း) ခဏ ကိုင်ထားသည်
  525. Hold your horses စောင့်ဆိုင်းသည်။ ငံ့သည်
  526. Holy cow အမလေး
  527. Homesick အိမ်လွှမ်းတာ
  528. Honest to God အမှန်ကို ပြောတာ (လိမ်နေတာ၊ နောက်ပြောင်နေတာ မဟုတ်ဘူး) Honest to God, I didn’t tell her.
  529. Honor a ticket လက်မှတ်ကို လက်ခံသည်။ They promised that another airline would honor my ticket.
  530. Hope not. မမျှော်လင့်ပါဘူး
  531. How about a cup of coffee? ~ I’ve just had one. ကော်ဖီတစ်ခွက်လောက်သောက်ပါဦးလား၊ အခုလေးတင် တစ်ခွက်သောက်ပြီးပြီ
  532. How about the roudtrip? အသွားအပြန်ဆိုရင်ရော
  533. How about the weather today? ဒီနေ့ ရာသီဥတုအခြေအနေဘယ်လိုလဲ
  534. How about you? ခင်ဗျားကရော
  535. How about your health? မင်းရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လိုလဲ
  536. How about your job? မင်းအလုပ်အကိုင်အဆင်ပြေရဲ့လား
  537. How absurd! ယုတ္တိမရှိလိုက်တာ
  538. How amazing! ဘယ်လောက်အံ့ဩစရာကောင်းလဲ
  539. How are the children? ကလေးတွေ ကျန်းမာရဲ့လား
  540. How are things? အစစအရာရာ ဘယ်လိုလဲ
  541. How are things going? အစစအရာရာ ဘယ်လိုနေလဲ
  542. How are you doing? ဘယ်နှယ်လဲ အဆင်ပြေလား
  543. How are your brothers? သင့် အစ်ကိုတွေ နေကောင်းကြလား
  544. How attractive! ဘယ်လောက်ဆွဲဆောင်မှုရှိလဲ
  545. How beautiful လှလိုက်တာ
  546. How beautiful are you! သင် ဘယ်လောက်လှလဲ
  547. How beautiful is your home! သင်၏ အိမ် ဘယ်လောက်လှလဲ
  548. How clever တော်လိုက်တာ
  549. How beautiful is she! သူမ ဘယ်လောက်ချောလဲ
  550. How beautiful is the city! ဘယ်လောက်လှတဲ့ မြို့လဲ
  551. How blessed is he! သူ ဘယ်လောက် ကောင်းကြီးရလဲ
  552. How can i help you? ကျွန်တော်ခင်ဗျားကို ဘယ်လိုကူညီရမလဲ
  553. How clumsy you are ! မင်း ကိုးရိုးကားရားနိုင်လိုက်တာ
  554. How come? = why? ဘာကြောင့်လဲ၊ ဘယ်လိုဖြစ်တာလဲ The meeting has been cancelled ~ How come?
  555. How dare you? အတင့်ရဲလှချည်လား
  556. How did you do that? ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ
  557. How dirty that child is. ကလေးက ဘယ်လောက်များ ပေရေနေသလဲလို့
  558. How dizzy is he! သူ ဘယ်လောက်ကြောင်လဲ၊ ကြောင်တောင်တောင်ကြီး
  559. How do we know that? ကျွန်တော်တို့ဘယ်လိုသိနိုင်မလဲ
  560. How do you do? နေကောင်းလား (မရင်းနှီးသေးတဲ့သူတွေ)
  561. How do you know each other? အချင်းချင်း ဘယ်လိုသိလဲ
  562. How do you spell the name? ခင်ဗျားနာမည် စားလုံးဘယ်လိုပေါင်းပါသလဲ
  563. How does something work? ဘယ်လိုအလုပ်လုပ်
  564. How exciting! ဘယ်လောက်စိတ်လှုပ်ရှားဖွယ်ကောင်းလဲ
  565. How funny! ဘယ်လောက်ရယ်စရာကောင်းလဲ
  566. How gracious! ဘယ်လောက်ကျက်သရေရှိလဲ
  567. How great! ဘယ်လောက်ကြီးမားလဲ
  568. How handsome! ဘယ်လောက်ချောလဲ
  569. How have you been? ဒီရက်တွေထဲ ဘာထူးသေးလဲ how you been?
  570. How interesting! ဘယ်လောက်စိတ်ဝင်စားဖို့ ကောင်းလဲ
  571. How is everything? အရာရာ အဆင်ပြေရဲ့လား
  572. How’s life? အခြေအနေ?
  573. How is he? သူ ဘယ်လိုလဲ။ နေကောင်းလား
  574. How’s it going? ဘယ်လိုနေလဲ
  575. How is that? အဲဒါ ဘယ်လိုလဲ
  576. How is where the heart is စိတ်လက်ပျော်နေရာ ကိုယ်ဌာနေပဲ
  577. How is your job? မင်း အလုပ်အကိုင် ဘယ်နှယ်လဲ
  578. How is your mother? သင့် အမေ နေကောင်းလား
  579. How kind of him ကြင်နာတတ်လိုက်တာ
  580. How kind of you to help! အကူအညီပေးတာ ဘယ်လောက်များ ကြင်နာမှုရှိလိုက်သလဲဗျား
  581. How long are you planning to stay here ဒီမှာ ဘယ်လောက်နေမလဲ
  582. How long have you been studying english? ခင်ဗျား အင်္ဂလိပ်စာလေ့လာနေတာ ဘယ်လောက်ကြာပြီလဲ
  583. How long have you been working here? ခင်ဗျားဒီမှာအလုပ်လုပ်နေတာ ဘယ်လောက်ကြာပြီလဲ
  584. How long have you known him? ခင်ဗျားသူ့ကိုသိနေတာဘယ်လောက်ကြာပြီလဲ
  585. How long have you lived here? ဒီမှာ ဘယ်လောက်ကြာကြာနေခဲ့လဲ
  586. How long will you be here? ခင်ဗျားဒီမှာဘယ်လောက်ကြာမှာလဲ
  587. How mad! ဘယ်လောက်ရူးလဲ
  588. How many! ဘယ်လောက်များလဲ
  589. How many family members do you have? မင်းမှာ သားစုဝင်ဘယ်လောက်ရှိလဲ။ or/ how many members are there in your family?
  590. How many languages do you speak? ခင်ဗျားဘာသာစကားဘယ်နှစ်မျိုးပြောတတ်ပါသလဲ
  591. How many minutes do you practise in a day? တစ်နေ့ကို ဘယ်နှစ်မိနစ်လောက်လေ့ကျင့်ဖြစ်လဲ
  592. How much does it cost? အဲဒါ ဘယ်လောက်ကုန်ကျသလဲ
  593. How much is the taxi fare?တက္ကစီကဘယ်လောက်လဲ
  594. How nice! အရမ်း လှတယ်၊ ဘယ်လောက်လှလဲ
  595. How often? ဘယ်လောက်ကြာ တစ်ခါလဲ
  596. How often do you play it? ဘယ်နှခါလောက်များ ကစားဖြစ်လဲ
  597. How old is he? သူ့အသက်ဘယ်လောက်ရှိပြီလဲ
  598. How poor သနားစရာကောင်းလိုက်တာ
  599. How silly of me ရူးမိုက်မိလေခြင်း
  600. How soon can you do this? ဒီဟာကို ခင်ဗျား ဘယ်လောက်မြန်မြန် လုပ်ပေးနိုင်မှာလဲ
  601. How tall is the Great Pyramid? ဂရိတ်ပိရမစ် ဘယ်လောက်မြင့်သလဲ
  602. How to say.... ဘယ်လိုပြောရမလဲဆိုတော့...
  603. How was your holiday? မင်းရဲ့ ရက်ရှည်က ဘယ်လိုလဲ
  604. How well! အရမ်း ကောင်းတယ်၊ ဘယ်လောက်ကောင်းလဲ
  605. How well do you play it? မင်း အဲဒါကို ဘယ်လောင် ကောင်းအောင် ကစားတတ်လဲ
  606. How wonderful! ဘယ်လောက် အံ့ဩဖို့ကောင်းလဲ
  607. Howdy ဘယ်လိုလဲ၊ နေကောင်းရဲ့လား
  608. Hurry up မြန်မြန်လုပ်
  609. I’m a housewife အိမ်ရှင်မပါ
  610. I’m a trainee accountant အလုပ်သင်စာရင်းကိုင်ပါ
  611. I'm afraid.အားနာပါတယ်
  612. I'm afraid I won't be able to help you. မင်းကို မကူညီနိုင်တာ စိတ်မကောင်းပါဘူး
  613. I’m all ears ငါ နားထောင်နေပါတယ် (ဂရုတစိုက်)
  614. I’m beat ပင်ပန်းတယ် (sl)
  615. I’m broke ငါဘိုင်ပြတ်နေပြီး (ပိုက်ဆံပြတ်နေပြီ)
  616. I’m bursting အီးထွက်ကျတော့မလို့
  617. I’m buying ငါ ဒကာခံမယ်
  618. I’m calling about something ဖုန်းဆက်ရတဲ့ကိစ္စက
  619. I’m chillin’ ငါတော့ နှပ်နေတယ်
  620. I’m coming ငါလာပြီ coming
  621. I’m crazy about you ကိုယ်က မင်းနဲ့ပတ်သက်လာရင် အရူးအမူးပဲ
  622. I’m delighted to do it. လုပ်ပေးရတာကို ကျွန်တော် ဝမ်းမြောက်ရွှင်လန်းမိပါတယ်
  623. I’m doing great ငါ အရမ်းကောင်းပါတယ်
  624. I’m doing my best ငါ အကောင်းဆုံး/အစွမ်းကုန် လုပ်ဆောင်နေပါတယ်ကွာ
  625. I’m doing the best I can ကျွန်တော်လဲ တတ်နိုင်သမျှ အကောင်းဆုံးလုပ်ပေးနေပါတယ်
  626. I’m fed up ငါစိတ်ကုန်လာပြီ၊ စိတ်တိုလာပြီ
  627. I’m fed up with it. ငါ အဲဒါကို စိတ်ကုန်တယ်
  628. I'm fed up with you ငါ မင်းကို စိတ်ကုန်လာပြီ
  629. I'm feeling a headache today. ကျွန်တော် ဒီနေ့ ခေါင်းကိုက်နေတယ်
  630. I’m fired ငါ အလုပ်ပြုတ်ပြီ
  631. I’m furious ငါအရမ်းကို စိတ်ဆိုးနေတယ်
  632. I am game ငါက ဘာမဆို အဆင်ပြေတယ် (ကြိုက်သလိုသာလုပ်ကြ)
  633. I'm going to downtown. ကျွန်တော် မြို့ထဲသွားမလို့
  634. I'm going to see a movie ရုပ်ရှင် သွားကြည့်မလို့၊ = I'm gonna go to see a movie. (infml)
  635. I'm going to sleep ငါအိပ်တော့မယ်
  636. I am here. ကျွန်တော် ဒီမှာပါ
  637. I’m here to see someone တွေ့ဖို့ ရောက်နေတာပါ
  638. I'm in a hurry. ကျွန်တော်အလျင်လိုနေလို့ပါ
  639. I am in a state of semi-repose ငါအနားယူနေတယ်
  640. I’m interested in languages ဘာသာစကားတွေကို စိတ်ဝင်စားတယ်
  641. I’m just asking မေးကြည့်တာပါ
  642. I'm just fine ကျွန်တော် ကောင်းပါတယ်
  643. I’m just not a very good singer, i guess ကျွန်တော်သီချင်းဆိုတာ သိပ်မကောင်းဘူးလို့ ကျွန်တော်ထင်တယ်
  644. I’m just plugging along. ငါကတော့ မှန်မှန်လှုပ်ရှား(ခုတ်မောင်း) နေရုံပါပဲကွာ
  645. I’m just relaxing ငါ စိတ်အပန်းဖြေနေတယ်
  646. I’m leaving ငါ သွားတော့မယ်
  647. I’m looking for work အလုပ်ရှာနေတယ်
  648. I’m mad ငါစိတ်ဆိုးနေတယ်
  649. I’m married ငါမှာ အိမ်ထောင်ရှိတယ်
  650. I am most content ကျွန်တော် အကျေနပ်ဆုံးပဲ
  651. I'm not feeling well today. ဒီနေ့တော့ ငါသိပ်နေကောင်းဘူး
  652. I’m not following ငါ သိပ်နားမလည်ဘူး၊ သိပ်မရှင်းဘူး
  653. I am not half bad. သိပ်မဆိုးပါဘူး (တစ်ဝက်တောင်မဆိုးပါဘူး)
  654. I’m not kidding. ငါ နောက်နေတာ မဟုတ်ဘူး
  655. I’m not really sure ငါမသိဘူး
  656. I’m not surprised ငါ မအံ့ဩပါဘူး
  657. I’m not sure ငါ မသေချာဘူး၊ မကျိန်းသေဘူး
  658. I’m on business အလုပ်နဲ့ ခရီးထွက်နေတယ်
  659. I’m on holiday အပျော်ခရီးထွက်နေတယ်
  660. I’m only looking ကျွန်တော် လျှောက် ကြည့်နေတာပါ
  661. I’m out of here. ငါ ဒီက ထွက်ပြီ၊ ငါ ဒီကလစ်ပြီ
  662. I’m out of job ငါ အလုပ်ပြုတ်သွားပြီပေါ့
  663. I’m overjoyed ငါ သိပ်ပျော်သွားပြီ
  664. I’m pissed off ငါ စိတ်ဆိုးတယ်
  665. I’m pleased ကျွန်တော် ကျေနပ်တယ်
  666. (I’m) proud of you မင်းအတွက် ဂုဏ်ယူလိုက်တာ prouddu
  667. I’m retired အငြိမ်းစားပါ
  668. I’m seeing someone. သဘောကျတဲ့သူ တွေ့ထားပြီ
  669. I am sick ငါဖျားနေတယ်
  670. I’m starving ဗိုက် တော်တော်ဆာတယ်
  671. I'm very sick of you. ငါမင်းကို စိတ်ကုန်လာပြီ။ အီလာပြီ
  672. I’m so busy these days. I don’t have time to catch my breath ငါ ခုတလော သိပ်အလုပ်များနေတယ်ကွာ၊ အသက်ရှူချိန်တောင် မရချင်ဘူး
  673. I’m so disappointed with you ကျွန်တော် ခင်ဗျားကို သိပ် စိတ်ပျက်မိတယ်
  674. I’m so happy ငါ အရမ်းပျော်တယ်
  675. I’m so miserable. ငါ သိပ်စိတ်ဆင်းရဲပါတယ်
  676. I’m sorry, i’m busy တောင်းပန်ပါတယ် အလုပ်များနေလို့ပါ
  677. I’m sorry I'm late. It’s all right. Take your time.ကျွန်မ နောက်ကျသွားလို့ တောင်းပန်ပါတယ်၊ ကိစ္စမရှိပါဘူး၊ အချိန်ရပါတယ်
  678. I’m sorry, i didn’t catch your name မင်းနာမည်မရလိုက်လို့ပါ
  679. I'm sorry for my mistake. ကျွန်မအမှားအတွက် တောင်းပန်ပါတယ်
  680. I’m sorry to hear that ကြားရတာ စိတ်မကောင်းပါဘူးရှင့်
  681. I’m speechless အံ့ဩလွန်းလို့ ဆွအသွားတယ်၊ ဘာပြောရမှန်းတောင်မသိဘူး
  682. I'm still real mad at you. ငါ မင်းကို အရူးအမူး ဒေါသထွက်နေတုန်းပဲ
  683. I’m stuffed ဗိုက်ပြည့်တယ်၊ ဗိုက်တင်းတယ်
  684. I’m super gluing your soles back together ငါ မင်း ဖိနပ် ကော်ကပ်နေတာ
  685. I’m sure ငါသေချာတယ်
  686. I'm sure I'll be able to move to my new apartment by myself. ငါ့ရဲ့ အိမ်ခန်းအသစ်ကို ငါ့ဘာသာ ပြောင်းနိုင်တာ အသေအချာပဲ
  687. I’m terribly sorry အနူးအညွတ်တောင်းပန်ပါတယ်
  688. I’m training to be an engineer အင်ဂျင်နီယာအလုပ်သင်ပါ
  689. I’m unemployed အလုပ်မရသေးပါ
  690. I’m used to it ကျင့်သားရ။ အသားကျသွား
  691. I'm used to this weather. ကျွန်တော်ဒီရာသီဥတုနဲ့ကျင့်သားရနေပြီ
  692. I'm very glad to know you. ခင်ဗျားနဲ့သိကျွမ်းရတာ အရမ်းကိုဝမ်းသာပါတယ်
  693. I am very grateful. ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်
  694. I'm very grateful to you. ကျွန်တော်ခင်ဗျားကို ကျေးဇူးတင်ပါတယ်
  695. I'm very happy on my job. ငါက ငါ့ရဲ့ အလုပ်မှာအရမ်းပျော်တယ်
  696. I'm very sick of you. ငါမင်းကို စိတ်ကုန်လာပြီ၊ အီလာပြီ
  697. I am very pleased to meet you. ခင်ဗျားနဲ့တွေ့ရတာ ကျွန်တော်အရမ်းဝမ်းသာပါတယ်
  698. I am warming you ငါ မင်းကို သတိပေးနေတယ်နော်
  699. I’m well chuffed ကျွန်တော် အလွန်ကျေနပ်တယ်
  700. I appreciate it. အဲဒါအတွက် ကျေးဇူးတင်ပါတယ်
  701. I believe we've met ငါတို့ တွေ့ဖူးတယ် ထင်တယ်
  702. I came here to study ကျောင်းတက်ဖို့ ဒီကိုလာတာ
  703. I came here to work အလုပ်လုပ်ဖို့ ဒီကိုလာတာပါ
  704. I can cook very well ငါ ကောင်းကောင်းချက်ပြုတ်တတ်တယ်
  705. I can do everything if i want to do. ငါ လုပ်ချင်ရင် ငါ ဘာမဆို လုပ်နိုင်တယ်
  706. I can handle it ကိုင်တွယ်နိုင်တယ်
  707. I can hardly hear you ခင်ဗျားပြောတာ ကျွန်တော် သိပ်မကြားရဘူး
  708. I can speak several languages. ကျွန်တော်ဘာသာစကားတော်တော်များများကိုပြောနိုင်တယ်
  709. I can’t, i’m sorry မဖြစ်နိုင်လို့ပါ၊တောင်းပန်ပါတယ်
  710. I can't accept that အဲဒါကို ငါ လက်မခံနိုင်ဘူး
  711. I can't argue with that ငါ အငြင်းအခုံ မလုပ်နိုင်ဘူး (ရန်မဖြစ်ချင်ဘူး)
  712. I can't believe ငါ မယုံနိုင်ဘူး
  713. I cannot catch your words ခင်ဗျား ပြောတာကို ငါ နားမလည်ဘူး
  714. I can't complain ကောင်းပါတယ် (မကျေမနပ် ပြောစရာ မရှိပါဘူး)
  715. I can’t decide which to choose. ဘယ်ဟာကို ရွေးရမလဲဆိုတာ ကျွန်တော်မဆုံးဖြတ်တတ်ဘူး
  716. I can't hear clearly. ကျွန်တော်ကောင်းကောင်းမကြားရဘူး
  717. I can’t hear you ငါ မင်းပြောတာ မကြားရဘူး
  718. I can't say anything. ကျွန်တော်ဘာမျှမပြောနိုင်ဘူး
  719. I cannot say because it's a secret. ဒါက လျှို့ဝှက်ချက်တစ်ခုဖြစ်နေလို့ ငါ မပြောပြနိုင်ဘူး
  720. I can see why ဘာကြောင့်လဲဆိုတာ ငါ မြင်နိုင်တယ်၊ နားလည်တယ်
  721. I can’t stand it ငါသည်းမခံနိုင်တော့ဘူးနော်
  722. I can’t stand him. ငါ သူ့ကို ကြည့်လို့ကိုမရဘူး
  723. I can’t tell ပြောရခက်သားပဲ
  724. I can’t thank you enough. မင်းကို ကျေးဇူးတင်လို့ မဆုံးပါဘူး
  725. I changed my mind. ငါ စိတ်ပြောင်းလိုက်တယ်ကွာ
  726. I changed my mind. I’m leaving tomorrow. ငါ စိတ်ပြောင်းလိုက်ပြီ၊ မနက်ဖြန်မှ သွားတော့မယ်
  727. I couldn’t care less ကျွန်မ ဂရုမစိုက်ပါဘူး
  728. I could eat a horse ဗိုက်အရမ်းဆာပြီ (မြင်းတကောင်လုံးတောင်စားနိုင်တယ်) (idm)
  729. I couldn't get her off my mind သူမကို ငါ့စိတ်ထဲက မမေ့ပျောက်နိုင်ဘူး
  730. I dare say (esp Brit) ငါပြောရဲတယ်၊ ငါထင်တယ် (idm)
  731. I didn’t have the heart to tell my daughter we couldn’t keep the puppy ကျွန်မတို့ အဲဒီခွေးကလေးကို မမွေးနိုင်ဘူးလို့ ကျွန်မရဲ့ သမီးလေးကို ကျွန်မ မပြောရက်ခဲ့ဘူး
  732. I didn’t mean this to happen ဒါကြီး ဖြစ်လာဖို့အတွက် ငါလဲ မရည်ရွယ်ပါဘူး
  733. I do, too ကျွန်တော်ရောပဲ
  734. I don't care ငါ ဂရုမစိုက်ဘူး
  735. I don’t care anymore ငါ လုံးဝ ဂရုမစိုက်တော့ဘူး၊ လုပ်ချင်ရာသာလုပ်
  736. I don’t care for myself ငါ့အတွက် ငါမပူဘူး
  737. I don’t care much ငါ သိပ်ဂရုမစိုက်ဘူး
  738. I don’t care what you think. မင်း ဘာပဲထင်ထင် ငါ ဂရုမစိုက်ဘူး
  739. I don't even know ငါ သိတောင်မသိလုက်ဘူး
  740. I don’t feel well ငါနေလို့ထိုင်လို့ မကောင်းဘူး i don’t feel well either, i don’t feel so wel
  741. I don’t give a damn what he thinks သူဘာထင်လဲ ငါ ဂရုမစိုက်ဘူး
  742. I don’t give a shit ငါသောက်ဂရုမစိုက်ဘူး
  743. I don’t have any children ကလေးမရသေးပါဘူး
  744. I don't have much time. ငါ့မှာအချိန်သိပ်မရှိဘူး
  745. I don't know exactly. အတိအကျတော့ ကျွန်တော်လည်း မသိပါဘူး
  746. I don't know how to doဘယ်လို လုပ်မှန်းမသိဘူး
  747. I don't know how to go there? အဲဒီကို ဘယ်လိုသွားရမယ်ဆိုတာ ကျွန်တော်မသိဘူး
  748. I don't know know how to eat ဘယ်လို စာရမှန်း မသိဘူး
  749. I don't know how to play the guitar. ဂီတာကို ဘယ်လိုတီးရတယ်ဆိုတာ ကျွန်တော်မသိဘူး
  750. I don't know how to say ဘယ်လိုပြောမှန်းမသိဘူး
  751. I don't know how to write ဘယ်လို ရေးမှန်း (ငါ) မသိဘူး
  752. I don't know what i don't know ငါ မသိတာကို ငါ မသိဘူး
  753. I don't know what i have to do for you. ငါမင်းအတွက် ဘာလုပ်ပေးရမလဲဆိုတာ မသိတော့ဘူး။
  754. I don't know what i have to talk. ဘာပြောရမယ်ဆိုတာ ငါမသိတော့ဘူး
  755. I don't know what time it is. ဘယ်နှစ်နာရီရှိပြီလဲဆိုတာငါမသိဘူး
  756. I don't know what to do ငါ ဘာလုပ်မှန်း မသိဘူး
  757. I don't know who i am ငါ ဘယ်သူလဲဆိုတာ ငါမသိဘူး
  758. I don't know who will come ဘယ်သူ လာမည်ဆိုတာ ငါမသိဘူး
  759. I don't know why i love her သူမကို ဘာကြောင့် ငါချစ်တယ်ဆိုတာ ငါ မသိဘူး
  760. I don’t like it ငါ မကြိုက်ဘူး i don’t like kit
  761. I don’t like nightclubs ညကပွဲတွေ မကြိုက်ဘူး
  762. I don't like this curry. ဒီဟင်းကို ကျွန်တော်မကြိုက်ဘူး
  763. I don't like this one. ဒီတစ်ခုတော့ ကျွန်တော်မကြိုက်ဘူး
  764. I don't matter ငါ အရေးမထားဘူး
  765. I don't mind ငါ သဘောမထားဘူး/ကိစ္စမရှိဘူး
  766. I don’t mind where we go. တို့ ဘယ်ကိုသွားသွား ကိစ္စမရှိပါဘူး(ရပါတယ်)
  767. I don't see anything. ငါတော့ဘာမှမမြင်ဘူး
  768. I don't smoke. ကျွန်တော်ဆေးလိပ်မသောက်ပါဘူး
  769. I don't think so ငါ အဲလို မထင်ဘူး
  770. I don’t understand ငါ နားမလည်ဘူး
  771. I don’t want any trouble ကျွန်တော် ဘာပြဿနာမှ မရှာချင်ဘူး
  772. I don’t want it ငါ မလိုချင်ဘူး i don’t wannit
  773. I don’t want to upset you. ကျွန်တော် ခင်ဗျားကို စိတ်အနှောင့်အယှက်တော့ မဖြစ်စေချင်ပါဘူး
  774. I doubt it အဲဒါကို ကျွန်မ သံသယဖြစ်မိပါတယ်
  775. I enjoy travelling ခရီးထွက်ရတာ ပျော်တယ်
  776. I feel dizzy ငါ ခေါင်းမူးလာပြီ
  777. I get your point မင်းပြောတာကို ငါနားလည်ပြီ get your point
  778. I give up ငါ အရှုံးပေးတယ်
  779. I got a right bollocking for not locking the office door. ရုံးတံခါး မပိတ်မိလို့ ချက်ချင်းပဲ ဆူပူကြိမ်းမောင်း ခံလိုက်ရတယ်
  780. I got a formal reprimand of not locking the office door ရုံးခန်းကို မပိတ်မိလို့ သတိပေးဆုံးမခြင်းကို ခံလိုက်ရတယ်
  781. I got it ဆိုလိုတာကို သဘောပေါက်ပြီ(မိပြီ လို့လဲ အဓိပ္ပာယ်ရ) = I’ve got it.
  782. I got to go ငါ သွားရတော့မယ် = i gotta go(infml)
  783. I guess I'm more athletic. ငါ အားကစားဘက် ပိုကျွမ်းတယ်ထင်တယ်
  784. I guess I owe you an apology. ကျွန်တော် ခင်ဗျားကို တောင်းပန်သင့်တယ် ထင်တယ်
  785. I guess it’s going to rain. ငါတော့ မိုးရွာမယ်ထင်တယ်
  786. I guess not. ငါ မထင်ဘူး
  787. I guess so. ငါလဲ အဲလိုထင်တယ်
  788. I had a good time. ကျွန်တော် ပျော်ခဲ့တယ်
  789. I had a lovely time. ကျွန်တော် သိပ်ပျော်ခဲ့တယ်
  790. I have a cold ငါ အအေးမိနေတယ်
  791. I have a fever ငါ့မှာ အဖျားရှိတယ်
  792. I have a toothache.ကျွန်တော်သွားကိုက်နေလို့ပါ
  793. I have already told you. ငါမင်းကိုပြောပြီးသွားပြီ
  794. I have an appointment. ကျွန်တော့်မှာ ချိန်းထားတာလေးတစ်ခုရှိတယ်
  795. I have been better ပိုပြီး သက်သာလာပါပြီ (အရင်က နေမကောင်းပေမဲ့) i’ve been better/ i been better
  796. I’ve been made redundant ဝန်ထမ်းလျော့တဲ့အထဲ ပါသွားတယ်
  797. I’ve been very busy အလုပ်များနေတယ်
  798. I've been waiting here for a long time. ငါဒီမှာစောင့်နေတာကြာပြီ
  799. I’ve got a part – time job အချိန်ပိုင်းအလုပ်လုပ်ပါတယ်
  800. I have/got nothing to hide ငါ့မှာ ဘာမှ ဖုံးကွယ်ထားစရာမရှိဘူး
  801. I’ve got things to do. ကျွန်မမှာ လုပ်စရာတွေ ရှိတယ်
  802. I have heard enough of this. Get out of here. ဒီအကြောင်းကို ငါ ဆက် မကြားချင်တော့ဘူး၊ ဒီက ထွက်သွားကွာ
  803. I’ve just started at IBM. IBM မှာ အလုပ်ဝင်ခါစပဲရှိသေးတယ်
  804. I've lost my way. ကျွန်တော်လမ်းပျောက်သွားပြီ
  805. I have more to say. ငါ့မှာ ပြောစရာ ကျန်သေးတယ်
  806. I have my own business ကိုယ်ပိုင်လုပ်ငန်းရှိတယ်
  807. I’ve never heard of such a thing. ကျွန်မ အဲဒါမျိုး တစ်ခါမှ မကြားဖူးဘူး
  808. I have no choice. ငါ့မှာရွေးချယ်စရာမရှိဘူး
  809. I have no clue ငါ မသိဘူး
  810. I have no idea ငါ မသိဘူး
  811. I have no time for you. ငါ့မှာ မင်းအတွက်အချိန်မရှိဘူး
  812. I haven't seen you before. ခင်ဗျားကို ကျွန်တော်အရင်ကမမြင်ဖူးပါဘူး
  813. I haven't seen you for a long time. ခင်ဗျားကို မတွေ့တာတောင်တော်တော်ကြာပြီပဲ
  814. I haven’t seen you in a long time. ငါ မင်းကို မတွေ့ရတာ ကြာပေါ့
  815. I’ve only just arrived ခုပဲ ရောက်တာ
  816. I've run out of money ငါ့မှာ ပိုက်ဆံကုန်ပြီ
  817. I haven’t time to do it အဲဒါလုပ်ဖို့ ငါ့မှာ အချိန်မရှိဘူး
  818. I have something to do. ငါ့မှာလုပ်စရာလေးတွေရှိတယ်
  819. I have to move along. ကျွန်မ သွားတော့မှဖြစ်မယ်
  820. I have to run along. ကျွန်မ ပြေးတော့မှဖြစ်မယ်
  821. I've to take my son to the doctor. ငါ့သားကို ဆရာဝန်ဆီ သွားပြစရာရှိလို့
  822. I hear you're leaving for your new job tomorrow morning. ရှင် မနက်ဖြန်မနက်မှာ ရှင့်ရဲ့အလုပ်သစ် ရှိရာကို ထွက်ခွာသွားတော့မယ်လို့ ကျွန်မ ကြားပါတယ်
  823. I hope so.ကျွန်တော်လည်းဒီလိုပဲမျှော်လင့်ပါတယ်
  824. I hope to see you again ခင်ဗျားကို ပြန်တွေ့မယ်လို့ မျော်လင့်တယ်
  825. I hope you'll like it. ခင်ဗျားကြိုက်မယ်လို့ ကျွန်တော်ထင်ပါတယ်
  826. I just want to say that… ကျွန်တော်ပြောချင်တာကတော့
  827. I know how you feel. မင်းဘယ်လိုခံစားနေရမယ်ဆိုတာ ငါသိပါတယ်
  828. I know i can do it အဲဒါကို ကျွန်တော် လုပ်နိုင်တယ်ဆိုတာ ကျွန်တော်သိတယ်
  829. I know what it is ဒါ ဘာလဲဆိုတာ ငါ သိတယ်
  830. I know who he is သူ ဘယ်သူဆိုတာ ငါသိတယ်
  831. I know who you are သင် ဘယ်သူဆိုတာ ငါသိတယ်
  832. I like it a lot ငါ သိပ်ကြိုက်တယ်
  833. I like listening to music ဂီတနားထောင်ရတာ ကြိုက်တယ်
  834. I like pineapple too much. ကျွန်တော်က နာနတ်သီးအရမ်းကြိုက်တာဗျ
  835. I like the food အစားအစာကို ကြိုက်တယ်
  836. I like the people လူတွေကို ကြိုက်တယ်
  837. I like the weather ရာသီဥတုကို ကြိုက်တယ်
  838. I live in insein where i grew up ငါ ကြီးပြင်းလာတဲ့ အင်းစိန်မှာ နေတာ
  839. I live with a friend သူငယ်ချင်းနဲ့နေတယ်
  840. I love going out အပြင်ထွက်ရတာ ကြိုက်တယ်
  841. I love you, mom ချစ်တယ်, မေမေ
  842. I may come tomorrow ငါ မနက်ဖြန် လာရင်လာနိုင်တယ်
  843. I may not go with you tomorrow ငါ မနက်ဖြန် မလာရင် မလာနိုင်ဘူး
  844. I miss you badly ငါ မင်းကို အရမ်းအရမ်း သတိရတယ်
  845. I miss you already. ကျွန်မက ရှင့်ကို (အခုပဲ)လွမ်းနေပြီးသား
  846. I must obey the law ငါ ဥပဒေကို လိုက်နာရမည်
  847. I need some space ငါတယောက်တည်း လွတ်လွတ်လပ်လပ်နေချင်လို့ပါ
  848. I need to clear my head ငါ ခေါင်းအေးအေးထားဖို့ လိုတယ်
  849. I don't need your help. ငါ မင်းအကူအညီမလိုဘူး
  850. I got to go. ငါသွားရတော့မယ်။ i gotta go
  851. I have no money. ငါ့မှာ ပိုက်ဆံမရှိဘူး
  852. I have no time. ငါ့မှာ အချိန်မရှိဘူး
  853. I have nothing to do.ငါ့မှာတော့လုပ်စရာမရှိဘူး
  854. I had my heart in my mouth as I waited for the ambulance to arrive. လူနာတင်ကား စောင့်နေရင်းနဲ့ အလွန်အမင်း ကြောက်လန့်သွားခဲ့တယ်
  855. I knew he was a man/woman after my own heart. သူ/သူမက ကျွန်တော်နှင့် အကြိုက်ချင်းတူ/အမြင်ချင်းတူ သူ ဖြစ်ကြောင်း ကျွန်တော် သိခဲ့ရတယ် also: My heart stopped,
  856. I know that. ကျွန်တော်သိပါတယ်
  857. I may be late this evening ကျွန်တော် ဒီညနေခင်းမှာ နောက်ကျနိုင်တယ်
  858. I never thought I'd see you here. ခင်ဗျားကို ဒီမှာတွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ ကျွန်တော် မထင်ခဲ့မိဘူး
  859. I owe you once ငါမင်းကို ကျေးဇူးကြွေးတစ်ခါ တင်မီပြီ
  860. I quit ငါထွက်တယ် (ရာထူး၊ နေရာ တစ်ခုခုကနေ)
  861. I read you loud and clear. ကျွန်တော် ခင်ဗျားကို ကြည်ကြည်လင်လင်၊ ပြတ်ပြတ်သားသား ကြားရပါတယ်
  862. I really appreciate ကျေးဇူးတင်ပါတယ်
  863. I really appreciate it လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်
  864. I see ငါနားလည်ပြီ
  865. I share with one other person တစ်ယောက်နဲ့အတူနေတယ်
  866. I should do the best ငါ အကောင်းဆုံး လုပ်သင့်တယ်
  867. I shouldn’t be so surprised ငါတော့ သိပ်မအံ့ဩပါဘူး
  868. I should not say ငါ မပြောသင့်ဘူး
  869. I stay at home and look after the children အိမ်မှာ ကလေးထိန်း
  870. I’spect(expect) မျှော်လင့်ပါတယ်
  871. I’spose ဆိုပါတော့ I suppose
  872. I suppose ကျွန်တော့်အထင်တော့
  873. I suppose so. ထင်တာပဲ
  874. I swear/hope/pray etc to God. ကျိန်တွယ်/မျှော်လင့်/ဆုတောင်းသည်
  875. I think I'm going to be late. ကျွန်တော်နောက်ကျတော့မယ်ထင်ပါတယ်
  876. I think i forgot something. ကျွန်တော်တစ်ခုခုမေ့ခဲ့ပြီထင်တယ်
  877. I think i have seen you before ကျွန်တော် ခင်ဗျားကို မြင်ဖူးသလားလို့ No, i don’t believe so. ဟင့်အင်း..မြင်ဖူးမယ်မထင်ဘူး
  878. I think so/ i guess so ငါ ထင်တယ်
  879. I thought so ငါ အဲဒီလို ထင်တာပဲ
  880. I thought you’d never ask မင်း ဘယ်တော့မှ မမေးတော့ဘူးလို့ ထင်နေတာ
  881. I understand ငါသဘောပေါက်ပြီ
  882. I understand her point of view သူ့မရဲ့အမြင်ကို ငါနားလည်တယ်
  883. I usually get home at midnight များသောအားဖြင့် ကျွန်ုပ် ညသန်းခေါင်ယံမှ အိမ်ပြန်တယ်
  884. I usually get up at 6 o'clock. များသောအားဖြင့် ကျွန်တော်မနက်ခြောက်နာရီမှာထတယ်
  885. I usually play games before bed. များသောအားဖြင့် ကျွန်တော် အိပ်ရာမဝင်ခင် ဂိမ်း ကစားတယ်
  886. I want you to be happy ကိုယ် မင်းကို ပျော်စေချင်တယ်
  887. I was born in australia but grew up in england ဩဇီမှာမွေးပြီး အင်္ဂလန်မှာ ကြီးတယ်
  888. I wanna sing you a song ခင်ဗျားကို သီချင်း တစ်ပုဒ် ဆိုပြချင်တယ်
  889. I want to change a new job. ကျွန်တော်အလုပ်သစ်တစ်ခုပြောင်းချင်တယ်။ = i wanna change a new job (infml)
  890. I want to cut my hair. ကျွန်တော် ဆံပင်ညှပ်ချင်တယ်
  891. I want to go to the lavatory အိမ်သာတက်ချင်လို့
  892. I want to know who you are. မင်း ဘယ်သူလဲဆိုတာ ငါ သိချင်တယ်
  893. I want to relax for a moment. ကျွန်တော် ခဏလောက်နားချင်တယ်
  894. I want you to help me. မင်းငါ့ကို ကူညီစေချင်တယ်
  895. I was well-cared for. ကျွန်တော့်ကို ကောင်းကောင်း ဂရုစိုက်စောင့်ရှောက်ကြတယ်
  896. I'll be late ကျွန်တော်နောက်ကျလိမ့်မယ်
  897. I will be there about noon ကျွန်တော် အဲဒီကို မွန်းတည့်လောက်ရောက်ပါမယ်
  898. I’ll be there exactly on time ကျွန်တော် အဲဒီကို အချိန် အတိအကျလာခဲ့ပါမယ်
  899. I’ll call back ငါ (ဖုန်း) ပြန်ခေါ်ပါမယ်
  900. I will come back later ငါ နောက်မှပဲ လာတော့မယ်
  901. I'll do it myself. ငါကိုယ်တိုင် လုပ်လိုက်ပါ့မယ်
  902. I’ll do my best ကျွန်တော်အကောင်းဆုံး လုပ်သွားမှာပါ
  903. I’ll give you a hand ငါကူညီပေးမယ်
  904. I'll go first ငါ အရင်သွားမယ်
  905. I’ll handle it ကျွန်တော် ကိုင်တွယ်လိုက်ပါ့မယ်
  906. I’ll ring back ကျွန်မ (ဖုန်း) ပြန်ဆက်ပါ့မယ်
  907. I won't be long ငါမကြာပါဘူး။
  908. I will not come with you tomorrow မနက်ဖြန် ငါ နင်နှင့်အတူ မလိုက်တော့ဘူး
  909. I won’t let you ငါမင်းကို ခွင့်ပြုမှာ မဟုတ်ဘူး
  910. I won’t let you down ငါမင်းကို စိတ်ပျက်အောင် မလုပ်ပါဘူး
  911. I won't say it again. ငါနောက်တစ်ခါ ထပ်ပြောမှာမဟုတ်တော့ဘူး
  912. I'll study all day. ကျွန်တော်တစ်နေ့လုံးလေ့လာမယ်
  913. I'll make a call. ကျွန်တော်ဖုန်းခေါ်လိုက်ပါ့မယ်
  914. I will never forget this ငါ ဒါကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး
  915. I will pay ငါပေးမယ်၊ ငါရှင်းမယ်
  916. I’ll put you through, said the receptionist လိုင်းချိတ်ပေးပါမည်ဟု ဧည့်ကြိုစာရေးမက ပြောသည်
  917. I'll take a taxi.ကျွန်တော်တက္ကစီနဲ့သွားပါမယ်
  918. I will visit you when I am free ငါ အားတဲ့အချိန် သင့်ဆီ လာလည်မည်
  919. I wish to go there. ငါအဲဒီကိုသွားချင်လိုက်တာ
  920. I wish you to be happy. ခင်ဗျားပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ်
  921. I wonder whether he will come. သူ လာမလားဆိုတာ ငါ သိချင်တယ်
  922. I wonder why he has not come. သူ ဘာကြောင့် မလာသေးသလဲဆိုတာ ငါသိချင်လိုက်တာ
  923. I wonder why he is not happy. သူ ဘာကြောင့် မပျော်တာလဲဆိုတာ ငါ သိချင်တယ်
  924. I work as a programer ပရိုဂရမ်ရေးစွဲသူပါ
  925. I work for an investment bank ရင်းနှီးမြုပ်နှံမှုဘဏ်မှာလုပ်ပါတယ်
  926. I work for myself ကိုယ်ပိုင်လုပ်ငန်းလုပ်ပါတယ်
  927. I work in a bank ဘဏ်မှာပါ
  928. I work in sales အရောင်းပိုင်းမှာပါ
  929. I would like to invite you to my class. ခင်ဗျားကို ကျွန်တော့်ရဲ့ သင်တန်းလာဖို့ ဖိတ်ချင်ပါတယ်
  930. I wouldn’t bet on that. ကျွန်မကတော့ အဲလို ဖြစ်လာလိမ့်မယ်လို့ မလောင်းရဲပါဘူး၊ မထင်ဘူး
  931. If I were you, I wouldn't say that. ငါသာမင်းနေရာမှာဆိုရင် အဲဒါကိုပြောမှာမဟုတ်ဘူး
  932. If neccessary လိုအပ်ရင်
  933. if nothing else ရွေးချယ်စရာမရှိတော့ရင်။ လုပ်စရာမရှိတော့ရင်
  934. If possible ဖြစ်နိုင်ရင်
  935. If she actually marries him, I’ll eat my hat. တကယ်လို့ သူမ သူ့ကို လက်ထပ်ရင် ငါ့ဦးထုပ်ကို ငါ စားပစ်မယ် (လုံးဝမဖြစ်နိုင်ဘူး)
  936. If so ဒီလိုဆိုရင်၊ ဒါဆိုရင်
  937. If you ask me ငါ့အမြင်ကတော့၊ ငါ့သဘောကတော့
  938. If you believe that, you’ll believe anything အဲဒါကို ယုံရင် အရူး (လုံးဝဥဿုံမမှန်ကြောင်း ပြောသောအခါ သုံးသည်)
  939. If you can’t beat ‘em, join ‘em သူ့မနိုင်ရင် သူ့ဘက်ဝင်း (‘em=them). I heard you’re a Republican now. If you can’t beat ‘em, join ‘em
  940. If you catch my drift. ငါ့ဆိုလိုရင်းကို နားလည်ရင်။ ငါပြောတာ သိတယ်မလား။ (သွယ်ဝိုက်ပြီးပြောသောစကား) Well, Jerry’s not at Sue’s apartment to play games, if you catch my drift.
  941. If you come နင်လာရင်
  942. If you don't understand, ask me.ခ င်ဗျားနားမလည်ဘူးဆိုရင် ကျွန်တော့်ကိုမေးပါ
  943. If you go နင် သွားရင်
  944. If you like နင် ကြိုက်ရင်
  945. If you mind နင် စိတ်ရှိရင်
  946. If you need နင် လိုအပ်ရင်
  947. If you tell နင် ပြောရင်
  948. If you want နင် လိုချင်ရင်
  949. Ignore him သူ့ကို ဂရုမစိုက်နဲ့၊ ခေါက်ထားလိုက်
  950. In a big hurry လောလော၊ အလောတကြီး He was always in a big hurry
  951. In a practical way လက်တွေ့ဘဝမှာ
  952. In a rush အလျင်စလို
  953. In a way တနည်းအားဖြင့်
  954. In advance ကြိုတင်၍
  955. In any case ဘယ်လိုပဲဖြစ်ဖြစ်လေ
  956. In case တကယ်၍
  957. In case of အကြောင်းအားလျော်စွာ
  958. In cash လက်ငင်း
  959. In common with အများထဲကလိုပင်
  960. In conclusion နိဂုံးချုပ်ရသော်
  961. In detail အသေးစိတ်
  962. In essence အနှစ်သာရအားဖြင့်
  963. In fact တကယ်တော့
  964. In first row ပထမ အတန်းမှာ
  965. In favour of ထောက်ထား၍
  966. in front/at the front ရှေ့မှာ၊ ဦးပိုင်း၊ ရှေ့ပိုင်း
  967. In general ယေဘုယျအားဖြင့်
  968. In hope of မျှော်လင့်စွာနဲ့
  969. In long term ရေရှည်မှာ
  970. In lots of ways တခြားတခြား (နည်းလမ်းအများကြီး)
  971. In my opinion ငါ့အထင်
  972. In no time သိပ်မကြာခင်။ ခဏတဖြုတ်။ very soon; very quickly (used to tell how quickly something happened)
  973. In no way ဘယ်နည်းနှင့်မျှ မဟုတ်နိုင်
  974. In particular အထူးသဖြင့်
  975. In reality လက်တွေ့မှာ
  976. In return အပြန်အလှန်အားဖြင့်
  977. In short အချုပ်အားဖြင့်
  978. In so far as ဤ၍ဤမျှ
  979. So far so good အခုအချိန်ထိတော့ ကောင်းနေတယ်
  980. In some ways ဘက်ပေါင်းစုံကခြုံကြည့်ရင်
  981. In spite of သော်ငြားလည်း (gram)
  982. In such a rush ဒီလို အလောတကြီး
  983. In that case - အဲဒီကိစ္စနဲ့ပတ်သက်လို့၊ အဲဒီလိုဆိုရင်၊ ထိုကဲ့သို့ဖြစ်လျှင်
  984. In the long run ရေရှည်တွင်
  985. In the meantime အလားတူပါပဲ
  986. In the present case ယခုလောလောဆယ်ကိစ္စတွင်
  987. In the same boat (တစ်လှေတည်းစီး) ဘဝတူ
  988. In the same way. ဒီလိုပါပဲ
  989. In the wrong တာဝန်ရှိသည်။ အပြစ်ရှိသည်
  990. In time အချိန်မီ
  991. In touch ဆက်သွယ်လျက် in contact, in communication
  992. In trouble ဒုက္ခတွေ့သည်။ ဘေးတွေ့သည်
  993. In vain အချည်းနှီး။ အလကား
  994. Inside out ပြောင်းပြန် wearing his socks inside out.
  995. Instead (of)အစား
  996. Is he handsome? သူက ရုပ်ချောလား
  997. Is he in or out? သူအပြင်မှာလား၊ အထဲမှာလား
  998. Is he your boyfriend? သူက ခင်ဗျား ရည်းစားလား
  999. Is he your brother? သူက ခင်ဗျား အစ်ကိုလား
  1000. Is he your friend? သူက ခင်ဗျား သူငယ်ချင်းလား
  1001. Is it delicious?/ Is it yummy? စားလို့ကောင်းလား
  1002. Is it good? ကောင်းလား
  1003. Is it Ok?/ Is it alright? အဆင်ပြေလား
  1004. Is it yours? ဒါ မင်းဟာလား No. it’s not mine ဟင့်အင်း…ငါ့ဟာမဟုတ်ဘူး
  1005. Is she beautiful? သူမ ချောလား
  1006. Is she telling lies? သူမ လိမ်ပြောနေတာလား
  1007. It brings back memory ပြန်လည်အောက်မေ့သတိရစေတယ်
  1008. It can be ဖြစ်နိုင်ပါတယ်
  1009. It can’t be helped. (အခြေအနဆိုးကို) ပြောင်းလဲ၍ မတတ်နိုင်။ ပြောင်းလဲဖို့ မတတ်နိုင်
  1010. (It) cut both ways အကောင်းရော အဆိုးပါ
  1011. It depends အခြေအနေအရပဲ
  1012. It didn’t work out အလုပ်မဖြစ်
  1013. It doesn’t fit အံမကိုက်၊ မတော်
  1014. It doesn't matter/no matter ကိစ္စမရှိဘူး
  1015. It doesn’t quite suit me ကျွန်မနှင့် သိပ်အဆင်မပြေဘူး၊ မသင့်တော်ဘူး
  1016. It doesn’t say ပြောမထား၊ ရေးမထား
  1017. It doesn’t suit me ငါနဲ့ မတော်၊ မလိုက်၊ မကိုက်
  1018. It doesn’t work/doesn’t work အလုပ်မဖြစ်ဘူး ‘it’ is omitted sometimes
  1019. It’s a case of sth ဆိုတဲ့အတိုင်း Tim said that for him, it was a case of love at first sight.
  1020. It’s a very old car. ကားက တကယ့်ကို အိုဟောင်းနေတဲ့ကားပဲ
  1021. It’s a deal သိပ်ရတာပေါ့
  1022. It’s a disaster. ဒုက္ခရေ…ကံဆိုးပါပြီ
  1023. It’s a good thing (that) ကောင်းတယ် (ပြဿနာမဖြစ်ခဲ့တာကြောင့်)
  1024. It’s a long story ပြောရရင်တော့ အရှည်ကြီးပဲ
  1025. It's about time to go. သွားဖို့အချိန်ကျပြီနော်
  1026. It’s all good. မဆိုးလှပါဘူး။ ပြဿနာမရှိပါဘူး (sl)
  1027. It’s all moonshine. လုံးဝအဓိပ္ပာယ်မရှိဘူး
  1028. It’s all written all over your face မင်းမျက်နှာမှာ အထင်းသားပေါ်နေတာပဲ
  1029. It's been a few months လအနည်းငယ်ရှိပြီ
  1030. It’s been said. ပြောကြတာပဲလေ
  1031. It’s clapped-out ဟောင်းနွမ်းစုတ်ပြတ်နေပြီ The car’s clapped-out.
  1032. It’s difficult/hard to believe (that) ယုံဖို့ ခက်တယ်။ (အံ့အားသင့်သည့်အခါ သုံးသည်) It’s hard to believe we’ve been married for 20 years.
  1033. It’s disgusting ရွံစရာကြီး
  1034. It’s early yet. Stay a while စောပါသေးတယ်၊ ခဏနေပါဦး
  1035. It is extremely hot here. ဒီမှာက အရမ်းပူတယ်
  1036. It's getting dark တဖြည်းဖြည်း မှောင်လာပြီ
  1037. It’s getting late. I really must go. အချိန်လင့်နေပြီ ကျွန်တော် တကယ်ကိုပဲ သွားတော့မှဖြစ်မယ်ဗျာ
  1038. It's hard to say. ပြောရမှာခက်တယ်
  1039. It’s hilarious! ဒါတော်တော်ရီစရာကောင်းတယ် it’s salerious
  1040. It’s impossible. အဒါမဖြစ်နိုင်ဘူး
  1041. It’s just that I can’t afford ငါ မတတ်နိုင်လို့ပါကွာ
  1042. It’s late. I must be off. အချိန်လင့်ပြီ၊ ငါသွားတော့မှပဲ
  1043. It’s mine ငါ့ ဥစ္စာပဲ
  1044. It’s my turn to walk you home. ခင်ဗျားကို အိမ်လိုက်ပို့ဖို့ ကျွန်ုပ်အလှည့်ပါ
  1045. It’s nice to meet you တွေ့ရတာ ဝမ်းမြောက်ဝမ်းသာပါတယ်
  1046. It’s no big deal အရေးမကြီးပါဘူး
  1047. It’s no trouble အဲဒါ ဒုက္ခမဟုတ်ပါဘူးဗျား
  1048. It’s none of your business မင်းအပူတပြားမှ မပါဘူး
  1049. It’s not worth 100 dollars. အဲ့ဒါ ဒေါ်လာ ၁၀၀ မတန်ဘူး
  1050. It’s nothing to do with you မင်းနဲ့ ဘာမှမဆိုင်ဘူး
  1051. It’s on me ငါရှင်းပါ့မယ်၊ ငါပေးမယ်၊ ငါ့တာဝန်ထားပါ
  1052. It’s on you အဲဒါ မင်းအပိုင်းဘဲ son you
  1053. It’s out of question အဲဒါ မဖြစ်နိုင်ဘူး
  1054. It’s rather warm today. ဒီနေ့ တော်တော် ပူတယ်နော်
  1055. It’s really a hot day. ဒီနေ့ဟာ တကယ်ပူတဲ့နေ့ပဲ
  1056. It’s really cool. အပြတ် မိုက်တယ်
  1057. It’s still so early. အစောကြီးရှိသေးတယ်
  1058. It’s time for change ပြောင်းလဲချိန် တန်ပြီလေ
  1059. It’s time to split. I’ve got to go. ခွဲခွာချိန်ကျပြီ၊ ငါသွားတော့မယ်
  1060. It’s up to you မင်းသဘောပဲလေ sup to you
  1061. It's windy လေတိုက်နေတယ်
  1062. It’s your choice မင်းရွေးချယ်ခဲ့တာပဲ ‘your choice’
  1063. It goes without saying. ပြောစရာမလိုပါဘူး
  1064. It looks like taxes are going up again. ကြည့်ရတာ အခွန်တွေ တက်ဦးမယ်နဲ့တူတယ်
  1065. It serves you right ကောင်းတယ်၊ နည်းတောင်နည်းသေးတယ်
  1066. It sounds fun ပျော်စရာကြီးလို့ထင်ရတာပဲ
  1067. It suits you (အဝတ်)မင်းနဲ့လိုက်တယ်
  1068. It sounds good/great. သိပ်ကောင်းတယ်
  1069. It was my fault ကျွန်တော်မှားတာပါ it was all my fault
  1070. It will take only five minutes. ငါးမိနစ်လောက်ပဲကြာမှာပါ
  1071. It will take only 3 hours. အဲဒါသုံးနာရီ လောက်ပဲကြာမှာပါ
  1072. It won't be long. မကြာပါဘူး
  1073. Just a moment ခဏစောင့်ဦး၊ ခဏလေးနော်
  1074. Just as I thought ငါထင်တဲ့အတိုင်း
  1075. Just for fun အပျော်သဘောပါ
  1076. Just here ဒီနားလေးတင်
  1077. Just in case လိုလိုမယ်မယ်၊ လိုရမယ်ရ
  1078. Just leave me alone ငါ့ကို တယောက်တည်း နေခွင့်ပြုပါကွာ
  1079. Just now လောလောဆယ်၊ ခုတလော၊ အခုတင်
  1080. Just over two years နှစ်နှစ်ကျော်ပြီ
  1081. Just so. ဒီလိုပဲ ဖြစ်ရမယ်လေ
  1082. Just take it easy. There’s no rush. ဖြည်းဖြည်းသာလုပ်ပါ၊ လောစရာမလိုပါဘူး
  1083. (just) you dare! လုပ်ရဲလုပ်ကြည့်စမ်း
  1084. Just you wait. မင်းသိမယ်/မင်းစောင့်နေပါ၊ စောင့်သာနေ
  1085. Keep doing ဆက်လုပ်ပါ
  1086. Keep going ဆက်သွားပါ
  1087. Keep/get in touch ဆက်သွယ်ပါ(ဖုန်း၊ စာ)၊ အဆက်အသွယ်မပြတ်ဘဲ နေရအောင်
  1088. Keep it down အသံလျော့
  1089. Keep it up ဆက်လုပ်ဆောင်ပါ
  1090. Keep lying ဆက်လိမ်ပါ
  1091. Keep sb posted တစ်ဦးတစ်ယောက်ကို နောက်ဆုံးသတင်းပေးသည်
  1092. Keep talking ဆက်ပြောပါ
  1093. Keep the change အကြွေပြန်မအမ်းပါနဲ့တော့
  1094. Keep the faith. ယုံကြည်စမ်းပါ
  1095. Keep to the right ညာဘက်ကို လှည့်ပါ
  1096. Keep trying ဆက်ကြိုးစားပါ
  1097. Keep your cool စိတ်ကို တည်ငြိမ်အောင် ထိန်းထားပါ
  1098. Keep your distance ခပ်ဝေးဝေးနေ
  1099. Keep up your spirits ပျော်ပျော်နေစမ်းပါကွာ
  1100. Kill time အချိန်ဖြုန်းသည်
  1101. Benjamin, one of my students, is absent the class today. ငါရဲ့ကျောင်းသားတစ်ယောက်ဖြစ်တဲ့ ကိုကိုက ဒီနေ့ သင်တန်းပျက်တယ်
  1102. Later နောက်မှ
  1103. Lunchtime နေ့လယ်စာစားချိန်
  1104. See you later မနာက်မှ တွေ့မယ်
  1105. Lead your own way. ကိုယ့်သမိုင်းကိုယ်ရေး
  1106. Leave it to me ငါ့ တာဝန်ထားပါ
  1107. Leave job အလုပ်ထွက်တာ
  1108. Leave me alone ငါ တစ်ယောက်တည်း အေးအေးဆေးဆေးနေပါရစေ
  1109. Leave school ကျောင်းထွက်တာ
  1110. Leaving so soon? အစောကြီး ပြန်တော့မလို့လား
  1111. Lest you should forget it မင်းမေ့သွားမှာစိုးလို့
  1112. Let bygones be bygones . ပြီးခဲ့တာတွေ ပြီးပါစေတော့
  1113. Let go လွှတ်စမ်း၊ လွှတ်လိုက်၊ လက်လွတ်လိုက်
  1114. Let him go.သူ သွားပါစေ
  1115. Let’s go for a swim ရေကူးသွားရအောင် (Let’s go for a dip (Brit sl))
  1116. Let it go ရှိပါစေတော့/ထားလိုက်ပါတော့
  1117. Let me check ငါ စစ်ကြည့်လိုက်ဦးမယ်
  1118. Let me explain ကျွန်တော် ရှင်းပြပါရစေ
  1119. Let me go outside, please. ကျွန်တော့်ကို အပြင်ထွက်ခွင့်ပြုပါ
  1120. Let me guess မှန်းကြည့်ပါရစေ
  1121. Let me hear it အဲဒါကို ကျွန်တော် ကြားပါရစေဗျာ
  1122. Let me know where you live in သင်ဘယ်မှာ နေလဲဆိုတာ သိပါရစေ
  1123. Let me know whether to do or not. ဘယ်ဟာကို လုပ်ရမယ်၊ မလုပ်ရမယ်ဆိုတာ သိပါရစေ
  1124. Let me leave early today. ဒီနေ့ကျွန်တော်စောစောပြန်ပါရစေ
  1125. Let me see. ကျွန်တော်ကြည့်ပါရစေ
  1126. Let me share. ကျွန်တော့်ကို မျှဝေခွင့်ပြုပါ
  1127. Let me tell you the whole story. ကျွန်တော် ခင်ဗျားကို ဇာတ်လမ်းတစ်ခုလုံး ပြောပြပါရစေ
  1128. Let me think. ကျွန်တော် စဉ်းစားပါရစေ
  1129. Let me try ကျွန်တော် စမ်းကြည့်ပါရစေ
  1130. Let me try it on. ကျွန်တော်စမ်းဝတ်ကြည့်ပါရစေ
  1131. Let it be ဖြစ်ပါစေ
  1132. Let's call it today. ဒီနေ့တော့ တော်ကြစို့၊ နားကြစို့
  1133. Let’s do it လုပ်လိုက်ကြစို့
  1134. Let’s get this show on the road (အစီအစဉ်)စလိုက်ကြရအောင်၊ စလုပ်ကြစို့
  1135. Let’s give it a try စမ်းကြည့်ကြတာပေါ့
  1136. Let’s go dutch ကိုယ်စားတာ ကိုယ်ရှင်းမယ်
  1137. Let’s go 50-50 တစ်ယောက် တစ်ဝက်ရှင်းကြတာပေါ့
  1138. Let’s grab a bite တစ်ခုခု စားရအောင်လေ
  1139. Let him go. သူ သွားပါစေ
  1140. Let it ring မြည်နေပါစေ
  1141. Let's say.....ဆိုကြပါစို့
  1142. Let’s make a deal အပေးအယူလုပ်ရအောင်
  1143. Let’s start စလိုက်ကြစို့
  1144. Let's start our lessons again. ကဲ.. ကျွန်တော်တို့ရဲ့ သင်ခန်းစာလေးပြန်စလိုက်ရအောင်
  1145. Lick lips (တွေးပျော်/စိတ်လှုပ်ရှား၍) နှုတ်ခမ်းသပ်
  1146. Light a cigarette ဆေးလိပ်မီးညှိသည်။ (pt,pp lit/lighted)
  1147. Like a dream အိပ်မက်လို။ အလွန်ကောင်းမွန်စွာ
  1148. Like you. မင်းလိုပေါ့
  1149. Lion-hearted ရဲရင့်သော
  1150. Listen to me ငါပြောတာ နားထောင်
  1151. Listen to me carefully. ကျွန်တော်ပြောတာ သေချာနားထောင်
  1152. Long story short ခပ်တိုတို ချုံးပြီးပြောရမယ်ဆိုရင်
  1153. Long time no see မတွေ့တာကြာပြီနော်
  1154. Look alive. မြန်မြန်လုပ်
  1155. Look down on အထင်သေးသည်
  1156. Look forward to +ving …ရန် မျှော်လင့်သည်
  1157. Look like ဆင်တူတာ
  1158. Look out သတိထား
  1159. Looks easy လွယ်မယ့်ပုံပဲ
  1160. Lose hair ဆံပင်ကျွတ်တာ
  1161. Lose health နေမကောင်းဖြစ်တာ
  1162. Lose voice အသံဝင်တာ
  1163. Lose weight ဝိုက်လျော့တာ
  1164. Lovesick အချစ်နာကျနေသော
  1165. Loving-kindness မေတ္တာ
  1166. Make a (federal) case out of sth လျှော်မွေးဗာရာဏသီချဲ့သည်
  1167. Make it snappy. မြန်မြန်လုပ်ဟယ်
  1168. Make ready အဆင်သင့်လုပ်ပါ
  1169. Many hours နာရီပေါင်းများစွာ
  1170. Many thanks ကျေးဇူးအများကြီးတင်ပါတယ်
  1171. Max likes to make fun of people မက်စ်ဟာ လူတွေကို ပြက်ရယ်ပြုတာ ကြိုက်တယ်
  1172. May I ask? ကျွန်တော် မေးလို့ရမလား၊ မေးပါရစေဦး
  1173. May I ask your name? ခဗျားရဲ့ နာမည်လေးမေးပါရစေ
  1174. May I come in? ကျွန်တော်ဝင်လာပါရစေ may i com min
  1175. May I go ? ကျွန်တော်သွားလို့ပြီလား may i go now?
  1176. May I have a little chat စကားနည်းနည်းလောက် ပြောပါရစေ
  1177. May I have your name? ခဗျားရဲ့နာမည်လေးသိပါရစေ
  1178. May I help you? ကူညီပါရစေ
  1179. May I know what your name is? သင့် နာမည်ကို သိပါရစေ
  1180. May I sleep here tonight? ငါ ဒီည ဒီမှာ အိပ်ပါရစေရစေ
  1181. Maybe ဖြစ်နိုင်တယ်
  1182. Maybe it is အဲဒါ ဖြစ်နိုင်တယ်
  1183. Maybe next time နောက်တစ်ခါပေါ့
  1184. May you have a long life. အသက်ရှည်ပါစေ
  1185. Maybe you're right မင်း မှန်လောက်တယ်
  1186. Me and my big mouth (you and your big mouth) ဒီပါးစပ်ကြီးနဲ့တော့ (ပါးစပ်ဖွာမိခြင်းကို ဝေဖန်အပြစ်တင်သော အသုံးအနှုန်း)
  1187. Me too ငါလည်းပဲ = so do i, same here, i do, too, so am i,
  1188. Mind your mouth စကားကို ကြည့်ပြော
  1189. Mind your p’s and q’s. အနေအထိုင် ဆင်ခြင်ပါ
  1190. Minding my own business. See you around. ကိုယ့်အလုပ်ကိုလုပ်နေရတာပေါ့ဗျာ၊ ခင်ဗျားကို တွေ့ဦးမယ်လေ
  1191. Money talks ပိုက်ဆံက စကားပြောတယ်
  1192. More or less အနည်းနဲ့အများ
  1193. Mouth-watering သွားရည်ကျတာ
  1194. My apology! တောင်းပန်ပါတယ်
  1195. My bad! ကိုယ့်အမှားပါပဲ ma bad
  1196. My butt off ပြင်းပြင်းထန်ထန် …သည်။ I worked my butt off in college ကောလိပ်တုန်းက အသည်းအသန် စာတွေ လုပ်ခဲ့တယ်
  1197. My first time doing it ပထမအကြိမ် လုပ်ဖူးတာ
  1198. My goodness/goodness (gracious)me! အံ့အားသင့်သည့်အခါ ပြောသောစကား။ တော်ပါသေးတယ် A mild exclamation of surprise, wonder, alarm, dismay, annoyance, or exasperation.
  1199. My hands are tied ငါကူညီချင်ပေမဲ့ ငါလဲ ဘာမှလုပ်ပေးလို့မရဘူး my hands sa tied
  1200. My heart isn’t in it. ကျွန်တော် စိတ်မဝင်စားဘူး၊ စိတ်မပါဘူး
  1201. My heart just went out to those poor children. အဲဒီသနားစရာ ကလေးတွေကို ကျွန်မ ကရုဏာ သက်ခဲ့ပါတယ်
  1202. My mistake! ကျွန်တော့်အမှားပါ mam stake
  1203. My… my ! အမလေး
  1204. My pleasure ရပါတယ် (ကျေးဇူးတင်စရာမလိုပါဘူး)၊ကူညီရတာ ဝမ်းသာပါတယ်
  1205. My treat ငါ ကျွေးမယ်
  1206. Nature calls. အိမ်သာသွားလိုက်ဦးမယ်
  1207. Near miss. ကပ်လွဲသွားတယ်ကွာ
  1208. Never give up ဘယ်တော့မှ လက်မလွတ်နဲ့ (စိတ်ဓါတ်မကျနဲ့)
  1209. Never in my wildest dreams ဘယ်တုန်းကမှ မမျှော်လင့်ခဲ့
  1210. Never mind စိတ်မရှိပါနဲ့/ထားပါတော့
  1211. Never mind. I will do it. နေပါစေတော့၊ ငါ လုပ်လိုက်မယ်
  1212. Never say die ဘယ်တော့မှ အရှုံးမပေးနဲ့
  1213. Never say never မဖြစ်နိုင်တော့ပါဘူးလို့ ဘယ်တော့မှမပြောနဲ့
  1214. Never say never again စကားအကုန်မပြောနဲ့(ဆိုခဲစေ မြဲစေ)
  1215. Next one. နောက်တစ်ခု၊ နောက်တစ်ယောက်
  1216. Nice and quiet တိတ်ဆိတ်ငြိမ်သက်သော
  1217. Nice to finally meet you. နောက်ဆုံးတော့ ပြန်တွေ့ရတာ ဝမ်းသာ
  1218. Nice to have you. Do come again. ခင်ဗျားကို လက်ခံရတာ ကောင်းပါတယ်ဗျား၊ ဆက်ဆက် လာခဲ့ပါဦးနော်
  1219. Nice to meet you/nice meeting you တွေ့ရတာ ဝမ်းသာပါတယ်
  1220. Nice to see you. တွေ့ရတာ ဝမ်းသာပါတယ်
  1221. Night night ကောင်းသောညပါ (goodnight ရဲ့အတို)
  1222. Nighty night ကောင်းသောညပါ nighdy night
  1223. No big deal ကိစ္စကြီးကြီးမားမား မဟုတ်ပါဘူး
  1224. No chance အခွင့်အရေးမရှိ
  1225. No cut it/not cut the mustard အသုံးမကျ၊ မလုပ်မဖြစ်။ Those old excuses won’t cut it this time.
  1226. No fooling you. နောက်နေတာမဟုတ်ဘူး
  1227. No harm done. ဘာမှမဖြစ်ပါဘူး။ အကျိုးမယုတ်နိုင်ပါဘူး
  1228. No, I’m an only child တစ်ဦးတည်းသောကလေးပါ
  1229. No idea ဘာမှ မသိဘူး
  1230. No need. မလိုပါဘူး။
  1231. No need to come လာဖို့မလိုဘူး
  1232. No need to despair စိတ်အားငယ်ဖို့မလိုဘူး
  1233. No need to go သွားဖို့မလိုဘူး
  1234. No kidding. နောက်နေတာမဟုတ်ဘူး၊ မနောက်ရဘူး
  1235. No longer .. မတော့ဘူး၊ i'm no longer a child. ကျနော် ကလေး မဟုတ်တော့ဘူး
  1236. No matter what ဘာပဲဖြစ်ဖြစ်
  1237. No more တော်ပြီ မလိုတော့ဘူး
  1238. No offense စိတ်တော့မဆိုးပါနဲ့၊ (တခုခုကို ဝေဖန်အကြံပြုတော့မှာ) no fense
  1239. No one တစ်ခုမှ/တစ်ယောက်မှ မဟုတ်
  1240. No other way တခြားလမ်း/နည်းမရှိပါ
  1241. No pain, no gain အနာမခံ အသာမစံ (အနာခံမှ အသာစံရ)
  1242. No problem ကိစ္စမရှိပါဘူး၊ ရပါတယ်
  1243. No way မဖြစ်နိုင်ဘူး
  1244. No worries ရပါတယ်၊ အဆင်ပြေပါတယ်၊ စိုးရိမ်စရာ မရှိပါဘူး
  1245. Nobody knows where he lives. သူ ဘယ်မှာနေလဲဆိုတာ ဘယ်သူမှ မသိဘူး
  1246. Nobody knows whose it is. ၎င်းသည် ဘယ်သူ့ဟာလဲဆိုတာ ဘယ်သူမှ မသိဘူး
  1247. Nobody loves her. ဘယ်သူမှ သူမကို မချစ်ဘူး
  1248. Nod head (သဘောတူ၍) ခေါင်းညိတ်
  1249. None of your business နင့်ကိစ္စမဟုတ်၊ နင့်အလုပ်မဟုတ်၊ နင်နဲ့မဆိုင်ဘူး
  1250. Nonsense! အဓိပ္ပာယ်မရှိလိုက်တာ
  1251. Nope ဟင့်အင့်၊ တော်ပါပြီ (infml), = No
  1252. Not always အမြဲမဟုတ်
  1253. Not at all ပါမွှားလေးပါ၊ ဘာမှမဟုတ်ဘူး ရတယ်၊ လုံးဝမဟုတ်ဘူး
  1254. Not bad မဆိုးပါဘူး
  1255. Not exactly လုံးလုံး၊ လုံးဝ မဟုတ်
  1256. Not feel yourself ခါတိုင်းလို မပျော်/မကျန်းမာ I just haven’t been feeling myself lately.
  1257. Not much မများပါဘူး
  1258. Not now အခုမဟုတ်သေးဘူး
  1259. Not on my watch ငါ့မျက်စိရှေ့မှာတော့ မဖြစ်စေရဘူး
  1260. Not so bad သိပ် မဆိုးပါဘူး
  1261. Not that way. အဲဒီဘက်မဟုတ်ပါဘူး
  1262. Not this one ဒီတစ်ခု/တစ်ယောက် မဟုတ်ဘူး
  1263. Not what I expected မျှော်လင့်သလိုမဟုတ်
  1264. Nothing can stop me ငါ့ကို ဘယ်အရာကမှ တားလို့မရဘူး
  1265. Nothing in particular ရေရေရာရာမရှိပါဘူးကွာ
  1266. Now and then မကြာခဏ
  1267. Of course ဟုတ်ကဲ့(အလေးအနက်ဖြေကြားခြင်း)၊ ဒါပေါ့
  1268. Of course not. အဲလို မဟုတ်ဘူး
  1269. Oh, good. အိုး…ကောင်းလိုက်တာ
  1270. Oh my god!/gosh!/omg အိုဘုရား(အံ့ဩသည့်အခါ) oh my gosh!
  1271. Oh no! မဖြစ်ဘူး
  1272. Oh, skip it. အိုး…နေပါစေတော့
  1273. Okay အဆင်ပြေပါတယ် ok
  1274. Ok. You’re all set. ဟုတ်ကဲ့၊ အားလုံးပြီးပါပြီ
  1275. Old habits die hard ခွေးမြီးကောက်ကျဉ်တောက်စွပ် to say it is hard to stop doing things that one has been doing for a long time i just can't seem to give up smoking
  1276. Old student ကျောင်းသားဟောင်း
  1277. On account ကြိုတင်ငွေအဖြစ်၊ စရန်ငွေအဖြစ်
  1278. On account of sth/ on this/that account အကြောင်းကြောင့်၊ ကြောင့်၊ အတွက်
  1279. On and on မရပ်မနား၊ အဆက်မပြတ်၊ ဆက်လက်
  1280. On behalf of sb တစ်စုံတစ်ယောက်ကိုယ်စား
  1281. On hand အဆင်သင့်၊ အရန်သင့် our train staff will be on hand to help you
  1282. On no account/ not on any account မည်သည့်အကြောင်းနှင့်မျှ။ ဘာကြောင့်ပဲဖြစ်ဖြစ်
  1283. On his account သူ့ဘာသာ။ သူ့အတွက်။ သူ့အတွက်သူ
  1284. On purpose တမင်သက်သက်
  1285. On the contrary (အဲဒါနဲ့) တခြားစီ၊ ပြောင်းပြန်
  1286. On the positive side ကောင်းတဲ့ဘက်ကတော့
  1287. On time အချိန်မှန်
  1288. Once and for all အပြီးအပြတ်/နောက်ဆုံးအကြိမ်အဖြစ်
  1289. Once in a lifetime တစ်သက်မှာ တစ်ခါ
  1290. One day တစ်နေ့နေ့
  1291. One more photo, please. နောက်ထပ်တစ်ပုံလောက်
  1292. One-sided view တစ်ယူသန်ဖြစ်သော အမြင်
  1293. Only then သို့မှသာလျှင်၊ ဒါမှသာလျှင်
  1294. Open the door တံခါးဖွင့်ပါ
  1295. …Or else ဒါမှ မဟုတ်ရင်တော့
  1296. Our clothes are dry တို့အဝတ်တွေခြောက်ကုန်ပြီ
  1297. Out of breath. အသက်ထွက် I was out of breath anyway, so I quit horsing around.
  1298. Out of harmony with စည်းလွတ်ဝါးလွတ်
  1299. Out of time အချိန်မရှိတော့ဘူး၊ =outta time (infml)
  1300. Out you go. ထွက်သွား...ထွက်ထွက်
  1301. Over my dead body သေတောင် မလုပ်ဘူး
  1302. Pardon, please. နောက်တစ်ခေါက်လောက်ထပ်ပြောပါဦး
  1303. Pardon me! တစ်စိတ်လောက်ပါ၊ ဘာပြောတယ်? Pard me
  1304. Pass away ကွယ်လွန်သည်
  1305. Pay homage ရှိခိုးကန်တော့သည်
  1306. Phone me back. ကျွန်တော့်ကို ဖုန်းပြန်ခေါ်လိုက်ပါ
  1307. Play guitar ဂစ်တာတီးတာ
  1308. Please, call a spade a spade အရှိကို အရှိအတိုင်း ဗြောင်ဖွင့်ပြောပါ
  1309. Please check the oil ကျေးဇူးပြုပြီး အင်ဂျင်ဝိုင် ဘယ်လောက်ကျန်သေးလဲ ကြည့်ပေးပါ
  1310. Please, don't do that. ကျေးဇူးပြု၍ အဲဒီလိုမလုပ်ပါနဲ့
  1311. Please don't mind. I can't help you. စိတ်မရှိပါနဲ့ဗျာ။ ကျွန်တော်ခင်ဗျားကို မကူညီနိုင်ပါဘူး
  1312. Please forgive me ခွင့်လွတ်ပေးပါ၊ တောင်းပန်ပါတယ်
  1313. Please launch the keys in the air so that I may avail myself of them. သော့တွေကို ငါ ကိုယ်တိုင် ဖမ်းလို့ရအောင် ကျေးဇူးပြုပြီး ပစ်ပေးလိုက်ပါ
  1314. Please rememer me to him.. ကျွန်တော်လည်း သူ့ကို သတိရတယ်လို့ ကျေးဇူးပြုပြီး ပြောပေးပါ
  1315. Please say what you want. မင်း လိုချင်တာကို ကျေးဇူးပြုပြီး ပြောပါ
  1316. Please stop repeating the same question ကျေးဇူးပြုပြီး ဒီမေးခွန်းချည်းပဲ ထပ်ခါတလဲလဲ မေးမနေနဲ့
  1317. Please , tell me how to do ကျေးဇူးပြုပြီး ဘယ်လို လုပ်ရမယ်ဆိုတာ ပြောပြပါ
  1318. Please, tell me how to go ကျေးဇူးပြုပြီး ဘယ်လို သွားရမယ်ဆိုတာ ပြောပြပါ
  1319. Please, tell me which to take. ဘယ်ဟာကို ယူရမလဲဆိုတာ ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြောပြပါ
  1320. Please, this way. ကျေးဇူးပြု၍ ဒီဘက်ပါ
  1321. Please, try to be on time ကျေးဇူးပြုပြီး အချိန်ကိုက်လာဖို့ ကြိုးစားနော်
  1322. Please, understand me. ကျေးဇူးပြု၍ ကျွန်တော့်ကို နားလည်ပေးပါ
  1323. Pleasure to meet you သိကျွမ်းရတာ ဝမ်းသာပါတယ်
  1324. Poor you ! သနားစရာကွယ်
  1325. Pretty good တော်တော်ကောင်းတယ်
  1326. Pull the plug ထောက်ပံ့ပေးနေတာ အကုန်ရပ်တန့်ပစ်ပါ။
  1327. Pull yourself together စိတ်နဲ့လူနဲ့ ကပ်စမ်း
  1328. Purse lips (သဘောမတူ၍) နှုတ်ခမ်းမဲ့ရွဲ့
  1329. Put it anywhere တစ်နေရာရာမှာ ထားလိုက်
  1330. Put off အချိန်ရွှေ့ ဆိုင်းတာ
  1331. Put sb on a waiting list/wait list (US) တန်းစီးဇယားတွင် ထည့်သွင်းသည်
  1332. Put up at တည်းခိုသည်
  1333. Queue up တန်းစီပါ
  1334. Quite a few/many တော်တော်များများ
  1335. Quite cool တော်တော်အေးတယ်
  1336. Rain or shine ဘာဖြစ်နေနေကွာ (မိုးရွာရွာနေပူပူ) rain nor shine
  1337. Raining cats and dogs မိုးသဲသည်
  1338. Raise eyebrows (စူးစမ်း/အံ့ဩ၍) မျက်ခုံးပင့်
  1339. Really ? တကယ်?
  1340. Really not. တကယ်မဟုတ်ဘူး
  1341. Remember me ငါ့ကို သတိရပါ
  1342. Remember to write စာရေးဖို့လည်း သတိရဦးနော်
  1343. Return trip အပြန်ခရီး
  1344. Right as rain ကျန်းမာရေးသိပ်ကောင်းတယ်
  1345. Right away/off ခု ချက်ချင်း
  1346. Right price ဈေးနှုန်းမှန်
  1347. Righto ကောင်းပါပြီ(ရပါတယ်၊ ဟုတ်ပါတယ်)
  1348. Righto. What do you want? ဟုတ်တယ်လေ၊ မင်း ဘာလိုချင်လို့လဲ
  1349. Ring me back. ကျွန်တော့်ကို ဖုန်းပြန်ခေါ်လိုက်ပါ
  1350. Rubbish အသုံးမကျလိုက်တာ
  1351. Same as usual ခါတိုင်းလိုပဲ
  1352. Save money ပိုက်ဆံစုတာ
  1353. Say again နောက်တစ်ခေါက် ထပ်ပြောပါဦး
  1354. Say cheese =cheese လို့ပြောပြီး ပြုံးရအောင် (ဓါတ်ပုံရိုက်တဲ့အခါမှာ ဒါလေးပြောပြီးပြုံးပါ)
  1355. Says who ? ဘယ်သူက ပြောသလဲ
  1356. Say that again ပြန်ပြောစမ်း (လူကြီးတွေနဲ့စကားပြောရင် မသုံးရ)
  1357. Save time အချိန်ကုန်သက်သာတာ
  1358. Say no more ဆက်မပြောနဲ့တော့
  1359. Say what? ဘာပြောလိုက်တယ်
  1360. Says who? ဘယ်သူက (အဲဒီလို) ပြောလဲ Says me. ငါက ပြောတယ်
  1361. Says you မင်းအပြောပါ
  1362. Sb/sth could do with အရမ်းလိုချင်/လုပ်ချင်သည်။ You look like you could do with it.
  1363. Scratch head (ဝေခွဲမရ၍) ခေါင်းကုတ်
  1364. Search me ငါ့ တစ်ကိုယ်လုံးရှာကြည့်
  1365. Seasick လှိုင်းမှူးသော
  1366. See if I care. လုံးဝဂရုမစိုက် Go with William, then - see if I care!
  1367. See off လိုက်ပို့တာ
  1368. See ya, bye-bye. တွေ့ဦးမယ်ကွာ၊ ဘိုင့်ဘိုင့်
  1369. See you around တွေ့ဦးမယ်လေ
  1370. See you on monday. တနင်္လာနေ့ရောက်ရင်တွေ့မယ်နော်
  1371. See you later နောက်မှ တွေ့ကြမယ် see later
  1372. See you soon မကြာခင်တွေ့မယ်
  1373. Seeing is believing/i’ll believe it when i see it မြင်မှ ယုံမယ်
  1374. Send for a doctor, quickly ဆရာဝန်ကို အမြန်သွားခေါ်ပေးပါခင်ဗျာ
  1375. Send for you free sample today ခင်ဗျားရဲ့ အခမဲ့ နမူနာကို ဒီနေ့ ပို့ပေးပါနော်
  1376. Shake head (သဘောမတူ၍) ခေါင်းခါ
  1377. Shake it up လှုပ်ပေးကွ
  1378. Shall we go? ငါတို့သွားကြမလား
  1379. Shame on you မင်းရှက်ဖို့ကောင်းတယ်
  1380. Sharing merit ကုသိုလ်အမျှဝေတာ
  1381. She's a little heavy သူမ နည်းနည်းဝတယ်
  1382. She's inquisitive သူမက စပ်စုတယ်
  1383. She is not here. သူမ ဒီမှာမရှိဘူး
  1384. She is over there. သူမကဟိုမှာပါ
  1385. She's really friendly သူမက တကယ်ကို ခင်တတ်တာ
  1386. She's serious သူမက ရှုတည်တည်ကြီး
  1387. She's shy သူမက ရှက်တတ်တယ်
  1388. She's talkative သူမက စကားများတယ်
  1389. She's thin သူမက ပိန်တယ်
  1390. She's very pretty သူမက သိပ်ကို လှတာ
  1391. Should i tell him? ငါ သူ့ကို ပြောသင့်လား
  1392. Show off ကြွားဝါသည်
  1393. Show time လှုပ်ရှားလိုက်ကြစို့
  1394. Shrug shoulders (မယုံသင်္ကာ/စိတ်မပါ၍) ပခုံးတွန့်
  1395. Shut up ပါးစပ်ပိတ်ထား
  1396. Shut up about it အဲဒီအကြောင်း ဘာမှမပြောပါနဲ
  1397. Shut up your mouth. မင်းပါးစပ်ပိတ်ထား
  1398. Since then အဲဒီချိန်ကတည်းက
  1399. Since when? ဘယ်ချိန်ကတည်းကလဲ
  1400. Sink or swim အောင်မြင်မြင်၊ ကျရှုံးရှုံး
  1401. Sit down ထိုင်ပါဦး
  1402. Sit on your butt ဘာမှ မလုပ်ဘဲ ထိုင်နေသည်
  1403. Skip class ‌ကျောင်းပြေး၊ ကျောင်းလစ်သည်
  1404. Sleep tight နှစ်နှစ်ခြိုက်ခြိုက်အိပ်ပါ
  1405. Sleep well ကောင်းမွန်စွာ အိပ်စက်ပါ
  1406. Snap to it မြန်မြန်လုပ်စမ်းပါ
  1407. So am I ကျွန်တော်လဲ အတူတူပဲ ဟုတ်တယ်
  1408. So be it ရှိပါစေသော
  1409. So do i ငါလဲဘဲ၊ အတူတူပါပဲ
  1410. So easy အရမ်းလွယ်လွန်းတယ်
  1411. So far so good အခုအချိန်ထိတော့ ဟုတ်နေသေးတယ်
  1412. So long. သွားဦးမယ်နော်
  1413. So to say ဆိုကြပါစို့
  1414. So we’ve met again ထပ်တွေ့ကြပြန်ပြီနော်
  1415. So what? ဘာဖြစ်တုံး
  1416. Some other time နောက် တစ်ချိန်ချိန်
  1417. Something drives me crazy စိတ်နောက်အောင်လုပ်
  1418. Something has come up မမျှော်လင့်ဘဲ ပေါ်လာတာ
  1419. Something’s come up ကိစ္စလေးပေါ်လာလို့ =something has come up. Something came up.
  1420. Something is killing me. အလွန်အမင်း နာကျင်သည်၊ သေလုမတတ် နာကျင်သည်။
  1421. Sometime တစ်ကြိမ်ကြိမ်
  1422. Son of bitch =sonuvabitch (infml) ခွေးမသား
  1423. Sooner or later အနှေးနဲ့အမြန်
  1424. Sorry, i didn’t catch that ဆောရီး၊ ပြောတာကို မကြားမိလိုက်ဘူး
  1425. Sorry to bother you အနှောက်အယှက်ပေးသလို ဖြစ်သွားရင် ဆောရီးပါ sorry to bada you
  1426. Sorry to keep you waiting စောင့်ခိုင်းထားရတာ စိတ်မကောင်း
  1427. Sort of (sorta) သလိုလို၊ I sort of believe.ငါ ယုံသလိုလို
  1428. Sound ထင်ရသည်။ the music sounds beautiful.
  1429. Sound/look/seem fine ကောင်းပြီလေ
  1430. Sounds bad ကြားရတာ (တော်တော်)ဆိုးနေပုံပဲ
  1431. Speak back. ပြန်ပြောတာ
  1432. Speak frankly. ပွင့်ပွင့်လင်းလင်းပြောပါ
  1433. Speak highly of someone ချီးမွမ်းစကားပြော
  1434. Speak of the devil ပြောရင်းဆိုရင်းနဲ့ ရောက်လာပြီ၊ အသက်ရှည်ဦးမယ်
  1435. Speak slowly. ဖြည်းဖြည်းပြောပါ
  1436. Speak up/speak louder. အသံကျယ်ကျယ်ပြောပါ
  1437. Special class အထူးတန်း
  1438. Special thanks ကျေးဇူးအထူး
  1439. Squeeze pimple ဝက်ခြံညှစ်သည်
  1440. Stamp foot (စိတ်ဆိုး၍) ခြေဆောင့်
  1441. Stand on your own feet. ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင်လုပ်
  1442. Stay away from me ငါနဲ့ဝေးဝေးမှာနေ
  1443. Stay out of it. ဝင်မပါနဲ့။ ကင်းကင်းရှင်းရှင်းနေ
  1444. Stay still ငြိမ်ငြိမ်နေ
  1445. Stick to your principles. ရှင့် ကိုယ်ပိုင်မူတွေကို လက်မလွှတ်စေနဲ့နော်
  1446. Stop being so annoying စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နေတာတွေ ရပ်လိုက်တော့ကွာ
  1447. Stop nagging me. Give it a rest, will you? စိတ်အနှောင့်အယှက်ပေးတာတွေ ရပ်လိုက်တော့၊ ရပ်လိုက်တော့မယ် မဟုတ်လား
  1448. Stop talking ပြောမနေနဲ့တော့
  1449. Straight away အခုချက်ချင်း
  1450. Studying a lot စာပဲကျက်နေရတယ်
  1451. Stuff ဟာ၊ ဥစာ၊ အရာ၊ ပစ္စည်း
  1452. Suppose i don’t? …ဘူးဆိုရင် ကောကွာ e.g Suppose i don’t go? မသွားဘူးဆိုရင် ကောကွာ
  1453. Suit yourself အဆင်ပြေသလို လုပ်ပါ၊ မင်းကြိုက်သလို လုပ်ပါ (အဝတ်ရွေးဝယ်ရာတွင်)
  1454. Sure ဟုတ်တယ်၊ သေချာတာပေါ့
  1455. Sure as shooting သိပ်သေချာတာပေါ့
  1456. Sure enough အမှန်အားဖြင့်
  1457. Sure thing. သိပ်သေချာတာပေါ့
  1458. Surely not တကယ်မဟုတ်ဘူး
  1459. Swear to god ဘုရားစူး
  1460. Ta-ta! တာ့တာ၊ ဘိုင့်ဘိုင် tha tha
  1461. Take a hike! ထွက်သွားစမ်း
  1462. Take a look/ have a look. ကြည့်ပါဦး
  1463. Take a seat ထိုင်ပါဦး
  1464. Take care. ဂရုစိုက်ပါ
  1465. Take care (of yourself) ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ
  1466. Take heart အားတင်းထားပါ
  1467. Take him to the market. သူ့ကို ဈေးခေါ်သွားလိုက်ပါ
  1468. Take it easy အေးဆေးပေါ့၊ အေးဆေးလုပ်ပါ ၊ ဖြေးဖြေးသွားပါ(ဖြေးဖြေးလုပ် လို့လဲ အဓိပ္ပာယ်ရ)
  1469. Take me home အိမ်လိုက်ပို့ပေးပါ
  1470. Take me to hotel ဟိုတယ် လိုက်ပို့ပေးပါ
  1471. Take my word. ငါ ပြောတာ ယုံပါ
  1472. Take notes what he teaches. သူ့ဘာသင်လဲဆိုတာ မှတ်စုလိုက်မှတ်ပါ
  1473. Take off your shoes. ခင်ဗျားရဲ့ ဖိနပ်တွေကိုချွတ်ပါ
  1474. Take this over to Jennifer. ဒီဥစ္စာကို ဂျင်နီဖါဆီ သွားပို့ပေးလိုက်ပါ
  1475. Take time. အချိန်ယူပါ
  1476. Talk to me. ကျွန်တော့်ကို ပြောပါ
  1477. Tell me whether to come or not. လာမလား မလာဘူးလားဆိုတာ ငါ့ကို ပြောပါ
  1478. Tell me why you are late ဘာကြောင့် နင် နောက်ကျတယ်ဆိုတာ ပြောပါ
  1479. Tell me your name မင်းနာမည်ပြော (မယဉ်ကျေးတဲ့အသုံးအနှုန်း)
  1480. Tell that to the marines တောမှာ သွားပြော
  1481. Terribly အတော့်အတော်
  1482. Thank goodness ကျေးဇူးပါပဲ ဘုရားသခင်
  1483. Thank heavens! ကောင်းကင်ဘုံကို ကျေးဇူးတင်တယ်
  1484. Thank you for your coffee. ကော်ဖီတိုက်လို့ ကျေးဇူးတင်ပါတယ်
  1485. Thank you for your coming အခုလို လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
  1486. Thank you for your help. ခင်ဗျားရဲ့ ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်
  1487. Thank you for your hospitality ဧည့်ဝတ်ကျေပွန်မှု၊ ပျူငှာမှုအတွက် ကျေးဇူးတင်တယ်
  1488. Thank you for your ride. လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
  1489. Thank you so much. အရမ်းကိုကျေးဇူးတင်ပါတယ်
  1490. Thank you so much indeed. တကယ်ကိုကျေးဇူးတင်ပါတယ်
  1491. Thank you very much. ကျေးဇူးအများကြီးတင်ပါတယ်
  1492. Thanks. I appreciate it. ကျေးဇူးပဲ၊ အဲဒီအတွက် ကျေးဇူးတင်ပါတယ်
  1493. Thanks a bunch ကျေးဇူးအထူးတင်ပါတယ်
  1494. Thanks a lot. အများကြီး ကျေးဇူးတင်ပါတယ်
  1495. Thanks a lot. I owe you one. အများကြီး ကျေးဇူးတင်ပါတယ်၊ ခင်ဗျားကို ကျွန်တော် ပေးဆပ်စရာ တစ်ခုရှိသွားပြီ (ကျေးဇူးကြွေးတင်သွားပြီ)
  1496. Thanks a million/ton ကျေးဇူးတခါ တစ်သိန်းပါပဲ
  1497. Thanks awfully. အရမ်း (ကြောက်စရာကောင်းလောက်အောင်) ကျေးဇူးတင်ပါတယ်
  1498. Thanks for everything အရာအားလုံးအတွက် ကျေးဇူးပဲ
  1499. Thanks for the lift ကားနဲ့ လာခေါ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
  1500. Thanks loads ကျေးဇူးတွေ တစ်ထောကြီးတင်ပါတယ်
  1501. That ain’t the way I heard it. ငါကြားရတာတော့ အဲဒီလို မဟုတ်ဘူး
  1502. That all depends အခြေအနေအရပဲ (အဲဒါဟာ အခြေအနေပေါ်မှာ မူတည်တယ်)
  1503. That boy with the green shirt is my younger brother. အဲဒီအင်္ကျီ အစိမ်းရောင်လေးနဲ့ကောင်လေးက ကျွန်တော့်ညီ
  1504. That calls for celebration မုန့်ကျွေးသင့်တယ်
  1505. That figures/It figures ထင်တဲ့အတိုင်းပဲ
  1506. That’s a bit steep နည်းနည်း ဈေးမျာ/ကြီးတယ်
  1507. That’s a deal ဒါ အတည်ပဲ၊ ဒါအတည်ပဲနော်၊ (ကတိနော်)
  1508. That’s a good one မင်းမဆိုးပါဘူး (လှည့်စား၊ နောက်ပြောင်နေသည်ဟု ထင်သောအခါ ပြောသောစကား)
  1509. That’s all ဒီလောက်ပါပဲ
  1510. That’s alright ရပါတယ်၊ အဆင်ပြေတယ်
  1511. That’s enough တော်လောက်ပြီ၊ ရပြီ
  1512. That’s fine. အိုကေတယ်၊ အဆင်ပြေတယ်
  1513. That’s life ဒါ ဘဝပဲလေ
  1514. That’s good. ကောင်းတယ် (သဘောတူကြောင်း ဖော်ပြ)
  1515. That’s it ဒါပေါ့
  1516. That’s not fair ဒါမတရားဘူး
  1517. That’s not right ဒါ မဟုတ်သေးဘူး
  1518. That’s not the way to do it ဒီလိုမလုပ်ရဘူး
  1519. That’s outrageous ဒါ တော်တော်တရားလွန်လာပြီ
  1520. That’s ridiculous ဒါ တော်တော် အဓိပ္ပာယ်မရှိတာပဲ (ဟာသလာလုပ်နေသလိုကြီး)
  1521. That’s so funny ဒါအရမ်းရီစရာကောင်းတယ်
  1522. That’s strange ထူးဆန်းလိုက်တာ
  1523. That’s terrible ဒါ တော်တော်ဆိုးတာပေါ့ကွာ
  1524. That is the life ဒါဟာ ဘဝစည်းစိမ်ပဲ
  1525. That is the main point အဲဒါ အဓိကအချက်ပဲ
  1526. That is to say..... ပြောရမယ်ဆိုရင်တော့...
  1527. That’s too much ဒါ တော်တော်လွန်နေပြီ၊ များနေပြီ
  1528. That’s true ဒါအမှန်ပဲ
  1529. That’s very kind of you ကျေးဇူးတင်လိုက်တာ
  1530. That’s why ဒါ့ကြောင့်
  1531. That (news) really burns me up အဲဒီသတင်းက ငါ့ကို တကယ်လောင်မြိုက်စေတယ် (ဒေါသဖြစ်စေတယ်)
  1532. That reason is that အကြောင်းကတော့ ဗျာ
  1533. That tears it ဒါအပြတ်ပဲ။ ပြတ်ပြီ
  1534. That’ll be the day အဲဒီနေ့ဟာ အံ့ဖွယ်နေ့ထူးဖြစ်လိမ့်မယ်
  1535. That’ll teach him ဒါမှ သူ သင်ခန်းစာရမယ်
  1536. That would be nice ကောင်းတာပေါ့
  1537. The best of my ability ငါ့အစွမ်းအကုန်ပဲ
  1538. The boss told me off အလုပ်ရှင်က ကျွန်တော့်ကို ဆူတယ်
  1539. The day after tomorrow တစ်ဖက်ခါ /= overmorrow.
  1540. The day before yesterday တနေ့က
  1541. The girl with the long hair. ဆံပင်ရှည်နဲ့ကောင်မလေးတစ်ယောက်..
  1542. The line is engaged/busy. (ဖုန်း) လိုင်းမအားသေးပါ
  1543. The rain is falling heavily. မိုးကသည်းသည်းမဲမဲရွာနေတာ
  1544. The whole thing တစ်ခုလုံး
  1545. There, there ဒီလိုပါပဲ၊ စိတ်မပူနဲ့
  1546. There's no point getting upset about it—let's just try to find a solution! စိတ်ပျက်တာနဲ့ပဲ အကျိုးရှိမှာမဟုတ်ဘူး။ အဖြေရှာကြည့်ရအောင်
  1547. There is too much work to do လုပ်စရာများလွန်းတယ်
  1548. These days/lately ခုတလော
  1549. These things happen ဒီလိုဘဲ ဖြစ်တတ်ပါတယ် these sings happen/these sings sapen
  1550. They’re called neil and anna နေးနဲ့ အန်နာပါ
  1551. They are good-looking သူတို့က ရုပ်ချောကြတယ်
  1552. They’re mine ဒါတွေ ငါ့ဥစ္စာပဲ
  1553. They're on the list to buy ဝယ်ဖို့ စာရင်းထဲထည့်ပြီးသား
  1554. They told her what to do. သူတို့က သူမကို ဘာလုပ်ရမလဲဆိုတာ ပြောတယ်
  1555. Things like that အလားတူပစ္စည်း/မျိုးတူ
  1556. Things will get better အားလုံး ပြန်အဆင်ပြေလာမှာပါ
  1557. Think about it. စဉ်းစားကြည့်
  1558. Think back ပြန်သတိရ/အောက်မေ့
  1559. Think it over. ထပ်စဉ်းစားပါဦး
  1560. Think it will rain today? ဒီနေ့ မိုးရွာမယ်ထင်သလား
  1561. This coming Saturday လာမယ့် စနေနေ့
  1562. This ends now ဒါက အခုကစပြီး ရပ်တန့်ရမယ်
  1563. This is a fine looking car. ဒါ ကြည့်လို့ကောင်းတဲ့ကားပဲ
  1564. This is an outrage ဒါတော်တော် ဒေါသထွက်စရာကိစ္စဘဲ this is san outrage
  1565. This is maddening စိတ်ပျက်ဖို့ ကောင်းလိုက်တာ
  1566. This is madness ဒါ ရူးမိုက်တာပဲ
  1567. This is my old friend. ဒါ ကျွန်တော့်ရဲ့ သူငယ်ချင်းဟောင်းပါ
  1568. This is the last chance ဒါ နောက်ဆုံး အခွင့်အရေးပဲ
  1569. This may be misunderstanding. ဒါက နားလည်မှုလွဲတာဖြစ်မှာပါ
  1570. This meal is absolutely delicious ဒီအစားအစာက လုံးဝ/သိပ် အရသာရှိတာပဲ
  1571. This one’s on me. ဒီတစ်ခု ကျွန်တော်ရှင်းမယ်(ကျွန်တော့်တာဝန်ထား)
  1572. Those were the days. လွမ်းဖို့ကောင်းတဲ့နှစ်တွေ (သိပ်ကောင်းတဲ့အချိန်တွေ) ပေါ့ကွာ
  1573. Through friends, i know သူငယ်ချင်း မိတ်ဆက်ပေးလို့သိတာ
  1574. Thumbs up! အောင်ပြီဟေ့(လက်မထောင်)
  1575. Thus ထို့ကြောင့်၊ ဤသို့ဖြင့်
  1576. Time flies အချိန်ကုန်တာ မြန်လိုက်တာ
  1577. Time is money အချိန်ကငွေပဲ(ငါ့အချိန်လာမဖြုံန်းနဲ့)
  1578. Time's up အချိန်စေ့ပြီ
  1579. Time to eat. စားဖို့အချိန်ရောက်ပြီ
  1580. Time to go. I’m off. သွားဖို့အချိန်ကျပြီ။ သွားပြီနော်
  1581. Time to say "good-bye" နှုတ်ဆက်ဖို့အချိန်ရောက်ပြီ
  1582. Time to shove off. လစ်ချိန်ကျပြီ
  1583. Time will tell အချိန်က စကားပြောသွားပါလိမ့်မည်
  1584. Time you're free နင် အားတဲ့အချိန်
  1585. To be exact အတိအကျဆိုရင်
  1586. To be fair မျှမျှတတဆိုရင်တော့ He’s not playing well, but to be fair, he did have a serious injury.
  1587. To be in a hurry မြန်မြန်
  1588. To my mind ကျွန်တော့်အထင်တော့
  1589. Tom’s so grouchy lately. အခုတလော ထော်မ် တစ်ယောက် တစ်ညည်းညည်း တစ်ညူညူ ဖြစ်နေတယ်
  1590. Too fast အရမ်းမြန်လွန်း
  1591. Too good to be true. ယုံတောင် မယုံရဘူး
  1592. Too little too late နည်းနည်းလေး နောက်ကျသွားတယ်
  1593. True to အညီ
  1594. Trust me ငါ့ကို ယုံကြည်ပါ
  1595. Try it စမ်း (လုပ်၊စား၊သောက်၊ဝတ်)ကြည့်
  1596. Try to think စဉ်းစားကြည့်ဦး
  1597. Try yourself. မင်းကိုယ်တိုင် စမ်းလုပ်ကြည့်
  1598. Trying to keep out of trouble. ဒုက္ခမရောက်အောင် ရှောင်နေရတာပဲပေါ့ကွယ်
  1599. Turn left ဘယ်လှည့်
  1600. Turn off the light မီးပိတ်ပါ
  1601. Turn on the light မီးဖွင့်ပါ
  1602. Turn right ညာဘက်ကို လှည့်/ကွေ့ပါ
  1603. 2 hours before ၂ နာရီစောပြီး
  1604. Under no circumstances ဘာအကြောင်းကိစ္စနဲ့မှ
  1605. Under siege (ရဲ စသည့်၏ အဆောက်အဦ စသည်ကို) ဝိုင်းထားခြင်းခံရသည်
  1606. Under the weather မအီမသာ/နေထိုင်မကောင်း
  1607. Until now ယခုတိုင်
  1608. Very interesting အရမ်းစိတ်ဝင်စားစရာကြောင်းတယ်
  1609. Very well. သိပ်ကောင်းတယ်
  1610. Wait a minute ခဏစောင့်ပေးပါ
  1611. Wait a moment. ခဏလောက်စောင့်ပါဦး
  1612. Wait for a while. ခဏစောင့်ပါ
  1613. Wait here. ဒီနားစောင့်
  1614. Wait here until i come back. ကျွန်တော်ပြန်လာတဲ့အထိဒီကပဲစောင့်ပါ
  1615. Wait right here. ဒီနားကပဲစောင့်ပါ
  1616. Wait up နေပါဦး
  1617. Warm up သွေးပူလေ့ကျင့်ခန်းလုပ်သည်။
  1618. Waste time အချိန်ဖြုန်းတာ
  1619. Watch it သတိထားပါ
  1620. Watch out သတိထားပါ
  1621. Watch your back ကိုယ့်နောက်ကျော ကိုယ်လုံပါစေ
  1622. Watch your language မင်းစကားပြေတာ ကြည့်ပြော(သတိထားပြီးပြော) = Watch your tongue.
  1623. We could never get along. တို့ဟာ..ဘယ်တော့မှ အဆင်ပြေသင့်မြတ်နိုင်တော့မှာ မဟုတ်ဘူး
  1624. We don’t see you much around here anymore မင်းကို ဒီတလော/တဝိုက် သိပ်မတွေ့ရတော့ဘူးနော်
  1625. We showed him how to do it. ဘယ်လိုလုပ်ရတယ်ဆိုတာ ကျွန်တော်တို့ သူ့ကို ပြကြတယ်
  1626. We used to work together အလုပ်အတူ လုပ်ဖူးတယ်
  1627. We went to university together တက္ကသိုလ်အတူတက်တယ်
  1628. We work together အလုပ်တူတယ်
  1629. Weak-minded . စိတ်ဓာတ်ပျော့သော
  1630. Well ကောင်းပြီ
  1631. Well, I’m done=I've done. ငါ (အလုပ်)ပြီးပြီ
  1632. Well, shall we order something to drink? ကျွန်မတို့ တစ်ခုခု မှာသောက်ကြရင် ကောင်းမလား
  1633. Well, then ဒါဖြင့်ကောင်းပြီ
  1634. Well-trained ကောင်းကောင်းလေ့ကျင့်ထားသော
  1635. Wait a minute ခဏစောင့်ပါဦး
  1636. What a draft idea အဓိပ္ပာယ်မရှိတဲ့အတွေး
  1637. What a fussy fellow ပျာယီးပျာယာနိုင်လိုက်တဲ့ကောင်
  1638. What a joke! ဟာသပဲ၊ ယုံတောင်မယုံနိုင်ဘူး
  1639. What a lovely! ချစ်စရာကောင်းလိုက်တာ
  1640. What a nonsense! အဓိပွာယ်မရှိလိုက်တာ
  1641. What a pity သနားစရာကောင်းလိုက်တာ
  1642. What a shame! ရှက်စရာကောင်းလိုက်တာ
  1643. What a stupid! ပေါတောတောနိုင်လိုက်တာ
  1644. What a thrill စိတ်လှုပ်ရှားဖို့လိုက်တာ
  1645. What are you waiting for? ခင်ဗျားဘာကိုစောင့်နေတာလဲ
  1646. What are their names? သူတို့နာမည်တွေ ဘာလဲ
  1647. What are you up to? ဘာ‌တွေလုပ်နေလဲ
  1648. What brings you here? ခင်ဗျား ဘာကြောင့် ဒီကို ရောက်လာသလဲ
  1649. What brings you to england? ဘာလို့ အင်္ဂလန်ကို လာတာလဲ
  1650. What color is it? ဘာရောင်လဲဟဲ့ it’s white အဖြူရောင်လေး
  1651. What did you say? မင်း ဘာပြောလိုက်တယ်?
  1652. What do I/they/you etc. care? လုံးဝဂရုမစိုက်ဘူး What does he care? He’ll get his money whatever happens.
  1653. What do you do?သင် ဘာလုပ်လဲ/သင်ဘာအလုပ် လုပ်လဲ
  1654. What do you do in your free time? မင်းအားလပ်ချိန်တွေမှာ ဘာလုပ်သလဲ
  1655. What do you expect? ဘာတွေ မျှော်လင့်နေခဲ့တာတုန်း
  1656. What do you like about it? ဘာကို ကြိုက်လဲ
  1657. What do you like doing in your spare time? အားလပ်ချိန်မှာ ဘာလုပ်ရတာ ကြိုက်လဲ
  1658. What does your father do? မင်းအဖေ ဘာအလုပ်လုပ်လဲ
  1659. What else? တခြားဘာတွေ
  1660. What else is new? တခြား ဘာများထူးသေးလဲ
  1661. What gives ဘာဖြစ်နေတာလဲ/ဘာလို့လဲ
  1662. What happened? ဘာဖြစ်တာလဲ
  1663. What have you been up to? ဘာထူးခြားသေးလဲ
  1664. What's going on? ဘာဖြစ်နေတာပါလိမ့်
  1665. What's happening? ဘာဖြစ်နေကြတာလဲ
  1666. What’s his name? သူ့နာမည်က ဘာလဲ
  1667. What’s so funny? ဘာကို ဒီလောက် ရယ်စရာကောင်းနေတာလဲ
  1668. What is that? အဲ့ဒါဘာလဲ
  1669. What's the matter? ဘာကိစ္စရှိလို့ပါလဲ
  1670. What’s up? အခြေအနေဘယ်လိုလဲ wazzup? Sup?
  1671. What's wrong? ဘာမှားလဲ
  1672. What's wrong with you? မင်းဘာဖြစ်လို့လဲ
  1673. What’s your email address? အီးမေးလိပ်စာကဘာလဲ
  1674. What’s your name? မင်းရဲ့နာမည်က ဘာလဲ
  1675. What line are you in? မင်း ဘာစီးပွားရေးလုပ်လဲ
  1676. What line of work are you in? ဘယ်အပိုင်းမှာ လုပ်လဲ
  1677. What shall I do with this? ဒီဥစ္စာကို ငါ ဘာလုပ်ရမလဲ
  1678. What size? ဘယ်အရွယ်အစားလဲ
  1679. What sort of music do you like? ဘာဂီတမျိုးကြိုက်လဲ lots of different stuff မျိုးစုံကြိုက်ပါတယ်
  1680. What sort of work do you do? ဘာအလုပ်လုပ်လဲ
  1681. What the hell are you doing? နင်ဘာတွေ လျှောက်လုပ်နေတာလဲ
  1682. What time did you get here? I got here at five sharp. ရှင် ဒီကို ဘယ်အချိန် ရောက်နေတာလဲ၊ ကျွန်တော် ၅ နာရီတိတိမှာ ရောက်တယ်
  1683. What time do you get here? ခင်ဗျားဒီကို ဘယ်အချိန်တုန်းရောက်တာလဲ
  1684. What time do you get up? ခင်ဗျား ဘယ်အချိန်အိပ်ရာကထလဲ
  1685. What time is it now? အခုက ဘယ်အချိန်ရှိပြီလဲ
  1686. What time is your class? ခင်ဗျားရဲ့ သင်တန်းက ဘယ်အချိန်လဲ
  1687. What we ate last night is fried rice. ငါတို့မနေ့ညက စားခဲ့တာထမင်းကြော်လေ
  1688. What’s happening? ဘာဖြစ်တာလဲဟေ့
  1689. What’s it to you? အဲဒါ ရှင်နဲ့ ဘာဆိုင်သလဲ
  1690. What’s keeping her? သူ ဘာလို့ ကြာနေပါလိမ့် (သူ့ကို ဘာက ဟန့်တားထားပါလိမ့်)
  1691. What’s the deal? ဘာလုပ်နေကြလဲ
  1692. What’s your favorite game? မင်း ဘယ်ဂိမ်းကို အကြိုက်ဆုံးလဲ
  1693. Whatever happens. ဘာတွေပဲ ဖြစ်နေဖြစ်နေ
  1694. When do you play games? မင်း ဂိမ်းကို ဘယ်အချိန် ကစားလဲ
  1695. When do you arrive here? ခင်ဗျားဒီကို ဘယ်အချိန်တုန်းကရောက်တာလဲ
  1696. When do you get up သင် ဘယ်ချိန်ထလဲ
  1697. When does the train leave? ရထားကဘယ်အချိန်ထွက်မှာလဲ
  1698. When is it ? ဘယ်တော့လဲ
  1699. When’s your birthday? မင်းမွေးနေ့ ဘယ်တော့လဲ
  1700. When will he come back သူဘယ်ချိန်ပြန်လာမှာလဲ
  1701. When will you come သင် ဘယ်ချိန်လာမှာလဲ
  1702. When will you go home? သင် ဘယ်ချိန် အိမ်ပြန်မှာလဲ
  1703. When you come သင် လာတဲ့အခါ
  1704. When you go home သင် အိမ်ပြန်တဲ့အချိန်
  1705. Whereabouts? ဘယ်နားမှာလဲ
  1706. Where are you from? ခင်ဗျား ဘယ်ကလာတာပါလဲ။ from singapore. စင်င်္ကာပူကပါ
  1707. Where are we going to now? အခု ငါတို့ဘယ်ကိုသွားကြမလဲ
  1708. Where can i find you? ငါမင်းကို ဘယ်မှာလိုက်ရှာရမလဲ
  1709. Where do you live? သင် ဘယ်မှာနေလဲ
  1710. Where do you want to go? ခင်ဗျား ဘယ်ကိုသွားချင်လို့လဲ
  1711. Where do you work? ဘယ်မှာ လုပ်လဲ
  1712. Where do your parents live? မိဘတွေ ဘယ်မှာ နေလဲ
  1713. Where does this lamp go, lady? ဒီမီးအိမ်ကို ဘယ်မှာထားရမလဲ အမျိုးသမီးရေ
  1714. Where is my new blouse? ငါ့ရဲ့ဘလောက်စ်အင်္ကျီအသစ်က ဘယ်မှာလဲဟ
  1715. Where is that? အဲဒါ ဘယ်မှာလဲ
  1716. Where is the market, please? ကျေးဇူးပြု၍ ဈေးဘယ်နားမှာရှိပါသလဲခင်ဗျ
  1717. Where is the railway station, please? ကျေးဇူးပြု၍ ဘူတာရုံဘယ်နားမှာရှိပါသလဲခင်ဗျ
  1718. Where is the restroom? သန့်စင်ခန်း ဘယ်မှာလဲ
  1719. Where is your birth place? ခင်ဗျားရဲ့ မွေးရပ်ဇာတိက ဘယ်မှာလဲ
  1720. Where the hell have you been? မင်းဘယ်လျှောက်သွားနေတာလဲ
  1721. Which is cheaper? ဘယ်ဟာက ဈေး ပိုချိုလဲ
  1722. Which is more beautiful? ဘယ်ဟာက ပိုလှလဲ
  1723. Which is the best? ဘယ်ဟာက အကောင်းဆုံးလဲ
  1724. Which one do you like? သင် ဘယ်ဟာ ကြိုက်လဲ
  1725. Which one do you like best? ခင်ဗျား ဘယ်တစ်ခုကိုအကြိုက်ဆုံးလဲ
  1726. Which one is yours? ဘယ်တစ်ခုက မင်း ဥစ္စာလဲ
  1727. Which team do you support? ဘယ်အသင်းကို အားပေးလဲ. I support manchester united မန်ယူအသင်းကို အားပေးတယ်
  1728. Which way? ဘယ်လမ်းလဲ
  1729. Who are you? သင် ဘယ်သူလဲ
  1730. Who cares! ဘယ်သူက ဂရုစိုက်လို့လဲ
  1731. Who do you work for? ဘယ်သူ့ဆီမှာ အလုပ်လုပ်လဲ
  1732. Who do you live with? ဘယ်သူနဲ့အတူနေလဲ
  1733. Who is he? သူဘယ်သူလဲ
  1734. Who told you? မင်းကို ဘယ်သူပြောတာလဲ
  1735. Why did you come to the UK? ယူကေကို ဘာလို့လာတာလဲ
  1736. Why do you hate me?ဘာကြောင့် ငါ့ကို မုန်းတာလဲ
  1737. Why do you want it? ဘာကြောင့် ဒါကို လိုချင်တာလဲ
  1738. Who do you love? သင် ဘယ်သူ့ကို ချစ်တာလဲ
  1739. Who do you think you are? မင်းကိုယ်မင်း ဘာထင်နေတာလဲ
  1740. Who do you want/wish to speak to? ခင်ဗျား ဘယ်သူနဲ့ စကားပြောချင်လဲ
  1741. Who is this? ဒါ ဘယ်သူလဲ
  1742. Who knows? ဘယ်သူသိပါ့မလဲ
  1743. Who told you that? အဲဒါမင်းကိုဘယ်သူပြောလဲ
  1744. Whose book is it? ဒါဘယ်သူ့စာအုပ်လဲ
  1745. Whose car is this? ဒါ ဘယ်သူ့ကားလဲ
  1746. Wilco =will comply.
  1747. Will you advise me which to take? ဘယ်ဟာကို ရွေးရမယ်ဆိုတာ ကျွန်တော့်ကို အကြံပေးပါလား
  1748. Will you come tomorrow? မနက်ဖြန် လာမှာလား
  1749. Will you take the bus? ခင်ဗျား ဘက်စ်ကားစီးမှာလား
  1750. Wishful thinking ဖြစ်ချင်တာ
  1751. With an eye to မျက်မြင်အားဖြင့်
  1752. With reference to ..ကို နှင့်ကိုးကား၍
  1753. With the view of အကြံနဲ့
  1754. With whom? ဘယ်သူနဲ့လဲ
  1755. Won’t you enjoy it? မင်းဒါကို သဘောမကျဘူးလား
  1756. Working a lot အလုပ်ပဲ လုပ်နေရတယ်
  1757. Would you believe it! ပြောရင် ယုံမှာမဟုတ်ဘူး။ Would you believe it! She actually remembered my birthday.
  1758. Would you care to do sth? လုပ်ချင်ပါသလား (အခံ့သုံး၊ ယဉ်ယဉ်ကျေးကျေးမေးမြန်းတဲ့အခါ သုံးသည်) Would you care to comment on that, Senator?
  1759. Would you like to have something? ခင်ဗျားတစ်ခုခုစားမလား
  1760. Would you like to take a cigarette? ခင်ဗျား ဆေးလိပ်သောက်ဦးမလား
  1761. Wuddaya–what do you? Wuddaya wanna make me do? ငါိ့ကို ဘာ လုပ်စေချင်လဲ (slang)
  1762. Wrap up ထုပ်ပိုးတာ
  1763. wrinkle forehead (ပဟေဠိဖြစ်၍) နဖူးကြောတွန့်
  1764. Wrinkle nose (မကြိုက်၍) နှာခေါင်း ရှုံ့
  1765. Write down what i say. ငါပြောတာတွေကို လိုက်ရေးပါနော်
  1766. Yes, I’ve got a brother. ဟုတ် အစ်ကို တစ်ယောက်ရှိတယ်
  1767. Yes, i see. ဟုတ်ကဲ့၊ ကျွန်တော် သဘောပေါက်ပါတယ်
  1768. You’re beautiful မင်းက လှတာပဲ
  1769. You’re better than this မင်းက ဒီထက်ပိုသာပါတယ်
  1770. You’re dressed to kill မင်း ဝတ်ဆင်တာက အလန်းကြီးပဲ
  1771. You’re driving at full speed. သင် အမြင့်ဆုံးအရှိန်နဲ့ ကားကို မောင်းနေတယ်
  1772. You’re driving at full whack. သင် ကားကို အရှိန်နှုန်းအပြည့်နဲ့ မောင်းနေတယ်
  1773. You’re fired မင်း အလုပ်ပြုတ်ပြီ
  1774. You’re going to regret မင်းတော့ နောင်တရတော့မယ်
  1775. You’re having a lauch ရှင်က ရယ်စရာ ပြောနေတာကိုး
  1776. You’re/It’s breaking my heart ငါ့အသည်းကို ခွဲနေတယ်။ (သရော်စကား၊ ဆန့်ကျင်ဘက်အဓိပ္ပာယ်)
  1777. You’re just too timid. မင်းက ကြောက်ဆုတ်ကြောက်ဆုတ်နိုင်လွန်းတယ်
  1778. You’re making that up မင်း လုပ်ကြံပြောနေတာပါ
  1779. You are my best friend. မင်းက ငါ့ရဲ့ သူငယ်ချင်းကောင်းပါ
  1780. You’re on your own မင်းက ကိုယ့်အားကိုယ် ကိုးရမယ်
  1781. You’re right မင်းပြောတာ ဟုတ်တယ်၊ you right
  1782. You are shameless. မင်းဟာ အရှက်မရှိဘူး
  1783. You're so extra. မင်း ပဲ သိပ်များတာပဲ
  1784. You are surely jesting with me ရှင်က ကျွန်မကို ဟာသလုပ်နေတာ သေချာတယ်
  1785. You are too big for your boots. မင်း တော်တော်ကြီးကျယ်တဲ့ကောင်ပဲ
  1786. You are very friendly and big-hearted. မင်းကအရမ်းဖော်ရွေပြီး သဘောထားကြီးတယ်
  1787. You are very good looking. မင်းအရမ်းကြည့်ကောင်းတယ်
  1788. You are very kind-hearted. ခင်ဗျားက တော်တော်ကြင်နာတတ်တာပဲ
  1789. You are very talkative မင်း အရမ်းစကားများတာပဲ
  1790. You’re welcome ရပါတယ် (ကျေးဇူးတင်စရာမလိုပါဘူး)
  1791. You bet မင်း….မှန်တယ်
  1792. You can count on me မင်း ကိုယ့်ကို အားကိုးလို့ရပါတယ်
  1793. You can figure it out မင်း အဲဒါကို နားလည်နိုင်ပါတယ်
  1794. You can’t beat the weather here ဒီရာသီဥတုကို ဘယ်ဟာမှ မယှဉ်နိုင်ဘူး
  1795. You can’t have it both ways နှစ်ခုလုံးတော့ ရွေးချယ်လို့ မရဘူးလေ
  1796. You couldn’t do that မင်း အဲလို မလုပ်နိုင်ပါဘူးကွာ
  1797. You could say that. အဲဒီလိုပြောလို့ရနိုင်တယ်
  1798. You decide မင်းဆုံးဖြတ်ပါ
  1799. You deserve it မင်းနဲ့ထိုက်သန်ပါတယ်(p)/ နည်းတောင်နည်းသေးတယ်(n)
  1800. You did it. မင်းလုပ်နိုင်ခဲ့ပြီ။
  1801. You don’t happen to know his address, do you? ခင်ဗျား သူ့လိပ်စာကို သိပါသလား (ယဉ်ကျေးစွာ မေးသောအခါ)
  1802. You don’t know anything about me မင်း ငါ့အကြောင်း ဘာမှ မသိပါဘူး
  1803. You don’t sound happy ရှင်ပျော်နေတဲ့အသံ မပေါက်ပါဘူး
  1804. You gotta believe me မင်း ငါ့ကို ယုံကြည်ဖို့ လိုတယ်
  1805. You'd better get your paper written. မင်းရဲ့ စာတမ်းကို မင်း ပြီးပြတ်အောင် ရေးရင် ကောင်းလိမ့်မယ်
  1806. You got it မင်း သဘောပေါက်သွားပြီ
  1807. You have my words ကျနော် ကတိပေးတယ်
  1808. You idiot ငပေါရဲ့
  1809. You jerk! အူကြောင်ကြောင်ကောင်ရဲ့
  1810. You know မင်းသိပါတယ်
  1811. You lazybones ငပျင်းရဲ့
  1812. You leave me no choice မင်း ငါ့ကို ရွေးချယ်စရာ ဘာမှ မချန်ထားပေးဘူး
  1813. You look beautiful. မင်းကြည့်ရတာ လှလာသလိုပါပဲ
  1814. You look like s***! မင်းပုံက စုတ်ပြတ်နေတာပဲ
  1815. You moron! ငကြောင်ရဲ့
  1816. You must not steal သင် မခိုးရဘူး
  1817. (you) nailed it လုပ်နိုင်ခဲ့ပြီကွာ (တခုခုအောင်မြင်ခဲ့ပြီ) nail dit
  1818. You need to trust me. မင်းငါ့ကို ယုံဖို့တော့လိုတယ်
  1819. You make me laugh မင်း ငါ့ကို ဟသလာလုပ်နေတယ်
  1820. You missed a spot shaving. မုတ်ဆိတ်ရိတ်တာ တစ်နေရာ လွတ်ကျန်တယ်
  1821. You must be joking ရှင် ရယ်စရာ ပြောနေတာ ဖြစ်မယ်
  1822. You ought to (oughta) obey your parents မင်း မင်းမိဘတွေစကား နားထောင်သင့်တယ် (တာဝန်ရှိတယ်)
  1823. You owe me one ကျေးဇူးအကြွေးတင်မိပါပြီ
  1824. You promised me to help. ခင်ဗျားကျွန်တော့်ကို ကူညီဖို့ကတိပေးထားတယ်လေ
  1825. You see? မင်းသိလား
  1826. You should apologize to me နင် ငါ့ကို တောင်းပန်သင့်တယ်
  1827. You should go there. မင်းအဲဒီကို သွားသင့်တယ်
  1828. You speak English well. မင်းအင်္ဂလိပ်လိုကောင်းကောင်းပြောတတ်ပါပေတယ်
  1829. You stay out it. မင်းဝင်မပါနဲ့
  1830. You take after your father. မင်းကမင်းအဖေနဲ့ဆင်တူတယ်
  1831. You talk too much မင်း စကားများလွန်းတယ်
  1832. You’ll be sorry မင်း ဝမ်းနည်း နောင်တရလိမ့်မယ်
  1833. You will pay for this မင်း ဒီအတွက် ပေးဆပ်ရလိမ့်မယ်
  1834. You wish ဆုတောင်းလ
  1835. You won’t catch me doing sth/You won’t catch me somewhere. ငါ အဲဒါကို ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး
  1836. You’d better keep quiet about it. မင်း အဲဒီအကြောင်းကို တိတ်တိတ်နေရင် ကောင်းမယ်
  1837. Your boyfriend left you . သင့်ရဲ့ ရည်းစားက သင့်ကို ထားသွားခဲ့တယ်
  1838. Your call ဒါမင်းဆုံးဖြတ်ရမယ့်ကိစ္စ
  1839. Your friend is driving very fast မင်း သူငယ်ချင်းက ကားကို အလွန် မြန်မြန် မောင်းတတ်တယ်
  1840. Your hair is a mess နင့် ဆံပင်က ရှုပ်ပွနေတာပဲ
  1841. Your name? မင်းရဲ့နာမည်က
  1842. Your treat ? မင်း ကျွေးမှာလား
  1843. Yuck! ရွံ၍ မကျေနပ်၍ သုံးသည့်စကား

some copies are given credit for its original sources

John 3Sixteen English

No comments:

Post a Comment

Title of the document Verb + Gerund abhor စက်ဆုပ်သည်၊ ရွံမုန်းသည်။ ...