Title of the document
" Credit goes out to Maung Maung Aye (The New Light Of Myanmar) "
- take aback တအံ့တဩဖြစ်သည်။ take back = စိတ်ပျက်အံ့အားသင့်သွားစေသည်။
- He was taken aback by her directness. မိန်းကလေး၏ တဲ့တိုးကြီး ဆက်ဆံမှုကြောင့် သူသည် တအံ့တသြ ဖြစ်ရသည်။
- in abeyance ဆိုင်းထားသည်။ abeyance = ဆိုင်းထားခြင်း၊ 2. မကျင့်သုံးခြင်း၊ ဥပေက္ခာပြုမှု
- The scheme is/has been put in abeyance until sufficient funds can be found. ရန်ပုံငွေများ လုံလုံလောက်လောက်မရမချင်း စီမံကိန်းကို ဆိုင်းထားသည်။
- abide by လိုက်နာသည်။
- If you join a club, you have to abide by the rules. အသင်းတစ်သင်းမှာ ဝင်ချင်ရင် သူ့စည်းကမ်းကို လိုက်နာရပါလိမ့်မယ်။
- do one’s job to the best of one’s ability တတ်စွမ်းသမျှ ကြိုးစားလုပ်သည်။
- I try to do my job to the best of my ability. ကျွန်တော့်အလုပ်ကို တတ်စွမ်းသမျှ ကြိုးစားလုပ်ပါတယ်။
- live in abject poverty ဆင်းဆင်းရဲရဲနေသည်။ abject = ဆိုးရှားသော၊ ကမ်းကုန်သော၊ တွင်းဆုံးကျသော၊ ချွတ်ခြုံကျသော၊ သိက္ခာမဲ့သော၊ အဖတ်ဆယ်မရအောင် ဖြစ်သော
- The people in that war-torn country are living in abject poverty. စစ်ဘေးကြုံနေရသည့် ထိုနိုင်ငံတွင် ပြည်သူတို့မှာ ဆင်းဆင်းရဲရဲနေကြရသည်။
- abject failure လုံးဝပျက်ပြားဆုံးရှုံးခြင်း
- What he did was an abject failure. သူလုပ်တာဟာ လုံးဝပျက်ပြားဆုံးရှုံးသွားတယ်။
- able-bodied men ကျန်းမာသန်စွမ်းသူများ able-bodied = ကျန်းမာသန်စွမ်းသော
- Only the able-bodied men can join the army. ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းသူများသာ စစ်မှုထမ်းနိုင် ကြသည်။
- about-turn ထင်မြင်ချက်၊ ဝါဒကို ပြောင်းလဲခြင်း၊ ဆန့်ကျင်ဘက်အရပ်သို့ မျက်နှာမူရန် လှည့်လိုက်ခြင်း
- These new measures indicate an about-turn (also about-face) in government policy. ဤဆောင်ရွက်ချက်အသစ်များသည် အစိုးရ၏မူဝါဒ ပြောင်းလဲမှု ကို ညွှန်ပြလျက်ရှိသည်။
- He did an about-turn and marched out of the room သူသည်နောက်လှည့်ကာ အခန်းအပြင်သို့ ထွက်သွားသည်။
- what about ဘာ….တွေ၊ မကောင်းဘူးလား How about..မကာင်းဘူးလား
- What about his qualifications for the job? အလုပ်အတွက် ဘာအရည်အချင်းတွေ သူ့မှာရှိသလဲ။
- How about going to Taunggyi for a vacation this summer? ဒီနွေရာသီမှာ တောင်ကြီးသွားပြီးနားရရင် မကောင်းဘူးလား။
- What about a cup of tea? လက်ဖက်ရည် သောက်ကြရင် မကောင်းဘူးလား။
- keep sb abreast of ရင်ပေါင်တန်းလိုက်သည်၊ မျက်ခြည်မပြတ် သိနေ
- Reading the papers keeps me abreast of current affairs. သတင်းစာဖတ်လို့ မျက်မှောက်ရေးရာကို (ကျွန်တော်) မျက်ခြည်မပြတ် သိနေတယ်။
- in abundance (of) အလျှံပယ် abundance=အလျှံပယ်ရှိခြင်း
- There was good food in abundance/an abundance of good food at the party. ပါတီပွဲတွင် စားကောင်းသောက်ဖွယ် အလျှံပယ်ပဲ။
- gain widespread acceptance အများက လက်ခံသဘောတူ
- The new laws gained widespread acceptance. ဥပဒေသစ်များကို အများကလက်ခံ သဘောတူကြသည်။
- access to (ကြည့်ရန်၊ သုံးရန်၊ တွေ့ရန်) အခွင့်အလမ်း၊ အခွင့်
- Acess to Students must have access to a good library. ကျောင်းသားများအတွက် စာကြည့်တိုက်ကောင်းရှိရပါမည်။
- be denied access to တွေ့ခွင့်မရ
- Reporters were denied access to the famous actress. သတင်းထောက်များမှာ နာမည်ကျော် ရုပ်ရှင်မင်းသမီးအား တွေ့ ခွင့်မရကြပါ။
- without accident ဘေးမသီရန်မခ
- We reached home without an accident. ကျွန်တော်တို့သည် အိမ်သို့ဘေးမသီရန်မခ ပြန်ရောက်ကြပါသည်။
- by accident အမှတ်မထင်
- I only found out about it by accident. ဒီကိစ္စကို ကျွန်တော် အမှတ်မထင်သိတာပါ။
- the most accident-prone of ထိခိုက်ရှနာ အဖြစ်ဆုံး prone=ရောဂါဘယစသည် ဖြစ်လွယ်သော၊ တတ်သော
- She was the most accident-prone of the children သားသမီး လေးယောက်အနက် သူဟာ ထိခိုက်ရှနာ အဖြစ်ဆုံးပဲ။
- to the accompaniment of loud laughter ကျယ်လောင်စွာ ရယ်မောအားပေးသည်။
- She made her speech to the accompaniment of loud laughter. သူစကားပြောသည်ကို ပရိသတ်က ကျယ်လောင်စွာရယ်မော အားပေးကြသည်။
- in accord with ကိုက်ညီသည်
- Such an act would not be in accord with our policy. ဒီလုပ်ရပ်မျိုးက ကျွန်တော်တို့မူဝါဒနဲ့ ကိုက်ညီမည်မဟုတ်ပါ။
- his own accord သူ့သဘောနဲ့သူ
- He came back of his own accord. သူသဘောနဲ့သူ ပြန်လာတာပါ။
- with one accord တညီတညွှတ်တည်း
- With one accord they all stood up and cheered. သူတို့သည် တညီတညွှတ်တည်း ရပ်ကြပြီး သြဘာပေးကြသည်။
- in accord with … နဲ့အညီ
- She got married with my friend in accord with the wishes of her parents. မိန်းကလေးဟာ သူ့မိဘများရဲ့ ဆန္ဒနဲ့ အညီ ကျွန်တော့် သူငယ်ချင်းကို လက်ထပ်လိုက်တယ်။
- by/from all accounts ဒါပေမဲ့၊ ကြားရသရွှေ့တော့
- I have never been there but it is, by/from all accounts, a lovely place. ကျွန်တော်တော့ မရောက်ဖူးပါဘူး။ ဒါပေမဲ့ နှစ်သက်စရာ ကောင်းတဲ့နေရာလေးဆိုပဲ။
- By one’s own account ပြောစကားအရ၊ အပြောအရ
- By his own account he had a rather unhappy childhood. သူပြောစကားအရတော့ ကလေးဘဝက ဝမ်းနည်းဖို့ ကောင်းတယ်တဲ့။
- a splendid account of အကောင်းဆုံး
- Our team gave a splendid account of themselves to win the match. ကျွန်တော်တို့အသင်းဟာ အနိုင်ရဖို့အတွက် အကောင်းဆုံး ကစားခဲ့ကြတယ်။
- on account စရန်အဖြစ်
- I'll give you K 500 on account. စရန်အဖြစ်ခင်ဗျားကို ငွေငါးရာပေးပါ့မယ်။
- on my account ငါ့အတွက်နဲ့တော့၊ အတွက်ကြောင့်၊ ကြောင့်ဖြင့်
- I Don't change your plans on my account ငါ့အတွက်နဲ့တော့ မင်းရဲ့ အစီအစဉ်ကို မပြောင်းပါနဲ့။
- on account of ..လို့၊ အကြောင်းကြောင့်၊ ကြောင့်၊ အတွက်
- We delayed our departure on account of the bad weather. ရာသီဥတုမကောင်းလို့ ထွက်ခွာရမယ့် အချိန်ကိုရွေ့ လိုက်တယ်။
- on any account ဘယ်လိုအကြောင်းနဲ့မှ
- Don't on any account leave the house unlocked. ဘယ်လိုအကြောင်းနဲ့မှ အိမ်ကိုသော့မခတ်ဘဲ မထားခဲ့ပါနဲ့။
- on my own account ငါ့အကြောင်းနဲ့ငါ
- I was worried on my own account, not yours. ငါ့အကြောင်းနဲ့ငါပူတာပါ၊ မင်းနဲ့မဆိုင်ပါဘူး။
- into account/take into account (of) ထည့်တွက်သည်၊ ထည့်သွင်းစဉ်းစားသည်။
- You must take his age into account/take account of his age when you judge his performance သူရဲ့လုပ်ဆောင်ချက်ကို ဆုံးဖြတ်မယ်ဆိုရင် သူ့ရဲ့အသက်ကို ထည့်တွက်ရမယ်။
- account for (အသေအပျောက် စသည်)စာရင်းပြုစု၊ ရ၊ ရှာဖွေသည်။
- All passengers and crew on the stricken ship have now been accounted for. ထိခိုက်မိတဲ့ သင်္ဘောပေါ်က ခရီးသည်နှင့် သင်္ဘောဝန်ထမ်း အားလုံးကို အသေအပျောက် စာရင်းပြုစုပြီးပါပြီ။
- Three files cannot be accounted for.
- account for ..ကြောင့် ဖြစ်သည်၊ အကြောင်းရင်း ဖြစ်သည်။
- His illness accounts for his absence. သူရောက်မလာခြင်းမှာ နေမကောင်းသောကြောင့်ဖြစ်သည်။
- account for ရှင်းလင်းသည်၊ ရှင်းပြသည်၊ စာရင်းတင်ပြသည်။
- Please account for your disgraceful conduct. ဘာကြောင့် သင်မဖွယ်မရာပြုမူရသည်ကို ရှင်းလင်းပါ။
- We are required to account (to the company) for every penny we spend on business trips.
- account for ရောင်းရသည်၊ စာရင်းပေါက်သည်။
- The Japanese market accounted for 34% of total sales. အရောင်းပမာဏ စုစုပေါင်း၏ ၃၄ ရာခိုင်နှုန်းကို ဂျပန် ဈေးကွက်တွင် ရောင်းချရသည်။
- hold accountable တာဝန်ခံစေ၊ ဗွေယူသည်၊ အတာချသည်၊ အပြစ်ခံစေသည်။
- He is mentally ill and cannot be held accountable for his actions သူသည်စိတ်ဝေဒနာရှင်ဖြစ်နေသဖြင့် သူ့လုပ်ရပ်ကို အပြစ် တင်၍မရပါ။
- accustomed to သဟဇာတဖြစ်၊ အနေသားကျ
- He quickly accustomed himself to the way of life. သူသည် လူမှုဝန်းကျင်သစ်တွင် လျင်မြန်စွာ သဟဇာတဖြစ်သည်။
- aches and pains နာကျင်ကိုက်ခဲသော
- My body is all aches and pains. ကျွန်တော့်တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေတယ်။
- an/one’s Achilles’ heel အားနည်းချက်၊ ပျော့ကွက်
- Vanity is his Achilles' heel. ဝင့်ဝါမှုဟာ သူရဲ့ အားနည်းချက်ဖြစ်တယ်။
- in acknowledgement (of) အသိအမှတ်ပြုတဲ့အနေနဲ့
- We are sending you a free copy in acknowledgement of your valuable help. ကူညီတဲ့အတွက် ကျေးဇူးတုံ့ပြန်အသိအမှတ်ပြုတဲ့အနေနဲ စာအုပ်တစ်အုပ် မေတ္တာလက်ဆောင်ပို့ပေးပါမယ်။
- the facts of the case ကိစ္စရဲ့ အကြောင်းခြင်းအရာများ
- Please acquaint me with the facts of the case. ကိစ္စရဲ့ အကြောင်းခြင်းရာများကို ကျွန်တော့်ကိုပြောပြပါ။
- acquainted with သိကျွမ်းသော
- You will soon become fully acquainted with the procedures. လုပ်ထုံးလုပ်နည်းတွေကို မကြာခင် ခင်ဗျားကောင်းကောင်း သိကျွမ်းလာမှာပါ။
- make one’s acquaintance သိကျွမ်း
- I made his acquaintance at a party. ပါတီပွဲတစ်ခုမှာ သူနဲ့သိကျွမ်းခဲ့တာပါ။
- seem unpleasant မနှစ်သက်စရာ
- His manner seemed unpleasant at first, but he improved on further acquaintance. သူ့အမူအရာက ပထမတော့ မနှစ်သက်စရာပဲ။ နောက် ရင်းနှီးလာတော့ တိုးတက်လာပါတယ်။
- Abstract art is acquired taste. စိတ္တဇပန်းချီက တဖြည်းဖြည်းအကျင့်ရလာမှ နားလည် လက်ခံလာတတ်တာ။
- acquit oneself well, badly etc (ကောင်းစွာ၊ ကျေပွန်စွာ စသည်) စွမ်းဆောင်ခဲ့သည်၊ မစွမ်းဆောင်နိုင်ခဲ့
- He acquitted himself well/badly in the exams. သူ စာမေးပွဲကောင်ကောင်း ဖြေနိုင်တယ်/မဖြေနိုင်ဘူး။
- put on an act (အထူးသဖြင့် လိမ်ဖို့) ဟန်ဆောင်သည်။ ကြွားလုံးထုတ်သည်။ pretend, especially in order to deceive; also, show off
- She's just putting on an act (=only pretending). သူဟာ တမင်ဟန်ဆောင်နေတာပါ။
- be/get in on the act လုပ်/ပါ(ချင်)လာ
- She has made a lot of money from the business and now her family wants to get in on the act too. အဲဒီလုပ်ငန်းလုပ်တာ သူဝင်ငွေကောင်းလို အခုသူ့မိသားစုကပါ ဒီအလုပ်ကို လုပ်ချင်နေကြတယ်။
- get one’s act together စနစ်တကျ ကြိုးစားသည်။ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းသည်။ start to behave more appropriately or effectively; get organized
- If you want to do better at school you'll have to get your act together. ကျောင်းမှာစာတော်ချင်ရင် စနစ်တကျ ကြိုးစားရမယ်။
- in the (very) act (of doing) လုပ်ရင်းတန်းလန်း၊ (တစ်စုံတစ်ရာလုပ်) ခိုက်၊ (လုပ်) နေတုန်း
- I caught her in the act (of reading my letters). သူ့ကို (ကျွန်တော့်စာတွေဖတ်နေတာ) လက်ပူးလက်ကြပ်မိတယ်။
- act as …အဖြစ် လုပ်၊ ဆောင်ရွက်
- I don't understand their language; you'll have to act as interpreter. သူတို့ဘာသာစကားကို ကျွန်တော်နားမလည်ဘူး။ ခင်ဗျား စကားပြန်လုပ်ပေးပါ။
- act on/upon sth အရေးယူသည်။ 2.သက်ရောက်သည်၊ ထိသည်။
- Acting on information received, the police raided the club. သတင်းအရ ကလပ်ကို ရဲတွေ ဝင်ရောက်ရှာဖွေသည်။
- Alcohol acts quickly on the brain.
- immediate action ချက်ချင်းအရေးယူဆောင်ရွက်မှု
- Immediate action must be taken to stop the fire spreading. မီးကူးစက်မှုမရှိရန် ချက်ချင်းအရေးယူဆောင်ရွက်ရမည်။
- in action သက်ဝင်လှုပ်ရှားပုံ၊ လုပ်ဆောင်တာ၊ လှုပ်ရှားတာ in operation, working
- I've heard she's a marvellous player but I've never seen her in action. သူကစားတာတော်တယ်လို့ ကြားထားတယ်။ ဒါပေမဲ့ သူကစားတာကို တစ်ခါမျှ မတွေ့ဖူးဘူး။
- at daybreak မိုင်းလင်းတာ
- At daybreak the troops went into action. မိုးလင်းသည်နှင့် တပ်များစတင်တိုက်ခိုက်ကြသည်။
- out of action ပျက်၊ အလုပ်မလုပ်တော့၊ မလှုပ်ရှားနိုင်၊ မလည်ပတ်နိုင်
- This machine is out of action. ဤစက်သည် ပျက်နေသည်။
- Our guns put many enemy tanks out of action. ကျွန်ုပ်တို့၏ အမြောက်ကြီးများက ရန်သူတင့်ကား အဝေ များများကို ဖျက်ဆီးပစ်လိုက်သည်။
- in (actual) fact စင်စစ်တော့
- He looks younger than his wife, in actual fact he’s several years older. သူဟာ သူ့ဇနီးထက် ငယ်ပုံပေါက်တယ်၊ စင်စစ်တော့ လေးငါးနှစ်လောက် သူက အသက်ပိုကြီးတယ်
- in actuality အမှန်တော့
- In actuality, I knew about the plan already. အမှန်တော့ အစီအစဉ်ကို ကျွန်တော်သိထားပြီးသားပါ။
- with the addition of ထပ်ဖြည့်
- The hotel has been extended with the addition of more rooms. အခန်းများထပ်ဖြည့်ပြီး ဟိုတယ်ကိုတိုးချဲ့ထားသည်။
- in addtion (to) အပြင်
- You'll be paid a certain amount of allowance in addition to your normal salary. ရနေကျ လစာအပြင် ထောက်ပံ့ငွေကိုလည်း မင်းကိုပေး လိမ့်မယ်။
- amount to ..ရာ ရောက်၊ သဘောသက်ရောက်၊ ညီမျှ
- Her resignation amounts to an admission of failure. သူ အလုပ်ကထွက်တာ ရှုံးနိမ့်မှူကို ဝန်ခံရာရောက်တယ်။
- He is a coward by his own admission. သူ သူရဲဘောနည်းတယ်လို့ သူကိုယ်တိုင်ဝန်ခံတာပဲ။
- admit defeat လက်လျှော့သည်၊ အရှုံးပေးသည်။
- After searching for an hour, she finally had to admit defeat. တစ်နာရီလောက်ရှာပြီး နောက်ဆုံးသူလက်လျှော့လိုက်တယ်။
- admit to ခွင့်ရသည်၊ ဝင်နိုင်သည်၊ ဝင်ခွင့်ပြု
- I was finally admitted to the great man's presence. နောက်ဆုံးတွင် ပုဂ္ဂိုလ်ကြီးကိုကျွန်တော်ဝင်တွေ့ ခွင့်ရပါတယ်။
- gain an advantage over အလေးသာတယ်။
- In terms of experience, he gained an advantage over his opponent. ကမ္ဘာမှာ သူဟာသူ့ပြိုင်ဘက်ထက် အလေးသာတယ်။
- The agreement is/works to our advantage. သဘောတူညီချက်သည် ကျွန်ုပ်တို့အတွက် အကျိုးရှိသည်။
- took advantage (of) ကောင်းစွာ အသုံးပြု၊ ကောင်းကောင်းအသုံးချ၊ အခွင့်အရေးယူ
- They took full advantage of the hotel's facilities သူတို့သည် ဟိုတယ်၏အသုံးအဆောင်နှင့် ဝန်ဆောင်မှုတို့ကို အပြည့်အဝသုံးစွဲကြသည်။
- adverse effect ဆိုးကျိုး
- The cuts will have an adverse effect on our research programme. (ခွင့်ပြုငွေ) ဖြတ်တောက်ခြင်းကြောင့် ကျွန်ုပ်တို့၏ သုတေသနလုပ်ငန်းအစီအစဉ်ကို ဆိုးကျိုး သက်ရောက်စေလိမ့်မည်။
- adversely effect ထိခိုက်သည်။ adversely=ထိထိခိုက်ခိုက်၊ ဆိုးဆိုးဝါးဝါး၊ ဆိုးလေအာင်
- His health was adversely affected by the climate. ရာသီဥတုကြောင့် သူ့ကျန်းမာရေးကို ထိခိုက်စေသည်။
- under the aegis of ကမကထပြုမှုဖြင့်
- Medical supplies are being flown in under the aegis of the Red Cross. ကြက်ခြေနီ၏ ကမကထပြုစီစဉ်မှုဖြင့် ဆေးဝါးပစ္စည်းများ လေကြောင်းဖြင့် ရောက်ရှိလာလျက်ရှိသည်။
- far/farther/furthar afield (idm) ဝေးရာ၊ ဝေးရပ်ထံပါး
- You can hire a car if you want to explore further afield. ဝေးဝေးသွားပြီး လေ့လာချင်ရင်တော့ ခင်ဗျားကားငှားရလိမ့်မယ်။
- afraid ..မအောက်မေ့ပါနဲ့၊ အားနာပါတယ်။
- I'm afraid we can't come. ဘယ်လိုမှ မအောက်မေ့ပါနဲ့။ ကျွန်တော်တို့ လာနိုင်မှာ မဟုတ်ဘူး။
- I can't help you, I am afraid. ကျွန်တော် မကူညီနိုင်တာကို အားနာပါတယ်။
- aftermath …ပြီးနောက်၊ (ဘေးဒဏ်သင့်ပြီး) နောက်ဆွယ်
- They have to rebuild the nation in the aftermath of the war. စစ်ဖြစ်ပွားပြီးနောက် သူတို့ သည်နိုင်ငံကို ပြန်လည်ထူထောင်ကြရသည်။
- against one’s will သူ့ ဆန္ဒမပါဘဲ
- He was forced to sign the agreement against his will. မိမိဆန္ဒမပါဘဲ သဘောတူညီချက်အား ရေးထိုးလိုက်ရသည်။
- at an ealy age ငယ်ငယ်ရွယ်ရွယ်နဲ့
- She died at an early age. သူသည် ငယ်ငယ်ရွယ်ရွယ်နှင့် ကွယ်လွန်သွားသည်။
- of an age အရွယ်ရောက်ပြီ
- He's of an age to settle down. အခြေတကျနေထိုင်ဖို့ သူအရွယ်ရောက်ပေပြီ။
- come of age အရွယ်ရောက်
- He is relieved of the burden since all his children have come of age. သားသမီးအားလုံး အရွယ်ရောက်ကုန်ကြပြီဖြစ်သဖြင့် သူသည် ဝန်ပေါ့သွားသည်။
- underage/ to under-age (idm) အရွယ်မရောက်သေး
- We do not sell cigarettes to teenagers who are underage/ to underage teenagers. အရွယ်မရောက်သေးသည့် ဆယ်ကျော်သက်များကို စီးကရက် မရောင်းဘူး။
- Only people in the 20-30 age group/age bracket need apply. အသက် ၂ဝ-၃ဝ အတွင်း ရှိသူများသာ လျှောက်ထားနိုင်ပါသည်။
- on the agenda အစီအစဉ်ထဲ
- What is the next item on the agenda? နောက်အစီအစဉ်က ဘာများလဲ။
- high on the agenda အလေးစား/ဦးစားပေး ဆွေးနွေး
- The process of globalization is high on the agenda (=is being widely discussed) at the regional meeting. ဒေသဆိုင်ရာ အစည်းအဝေးတွင် တစ်ကမ္ဘာလုံးဆက်စပ် ယှက်နွှယ်ဖြစ်ပေါ် ပြောင်းလဲမှုဖြစ်စဉ်ကို အလေးထား/ဦးစားပေး ဆွေးနွေးကြသည်။
- agreed on one thing သဘောထားချင်းတိုက်ဆိုင်
- Hla Hla and Mu Mu are agreed on one thing -they both hate football. လှလှနဲ့ မူမူတို့ နှစ်ဦးသဘောထားချင်းတိုက်ဆိုင်တာ တစ်ခု ရှိတယ်။ အဲဒါကတော့ ဘယ်သူမှဘောလုံးပွဲကို မကြိုက်ကြဘူး။
- reach an agreement သဘောတူညီမှု ရရှိ
- The two sides have reached (an) agreement. နှစ်ဦးနှစ်ဖက်တို့ သဘောတူညီမှုရကြသည်။
- in agreement about သဘောတူ
- Are we in agreement about the price? ဈေးနှုန်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သဘောတူကြပြီလား။
- with the aid of ..ဖြင့်
- He explained the progress of work with the aid of charts and maps. လုပ်ငန်းတိုးတက်မှုကို သူသည်မြေပုံကားချပ်များဖြင့် ရှင်းပြသည်။
- without the aid of a computer ကွန်ပျူတာမသုံးဘဲ
- This level of analysis would be impossible without the aid of a computer. ခွဲခြမ်းစိတ်ဖြာမှုရဲ့ ဒီအဆင့်မှာ ကွန်ပျူတာ မသုံးလို့မဖြစ်ပါ။
- come to aid အကူအညီပေး
- She came quickly to his aid (= to help him) မိန်းကလေးသည် သူ့ကို အလျင်အမြန် အကူအညီပေးသည်။
- accused of စွပ်စွဲခံ
- He was accused of aiding and abetting the robbery. လုယက်မှုတွင် အားပေးကူညီမှုဖြင့် သူစွပ်စွဲခံရသည်။
- the aim is ရည်ရွယ်ချက်ကတော့
- The aim is to increase sales in the market. ရည်ရွယ်ချက်ကတော့ ဈေးကွက်တွင်အရောင်းတက်စေရန် ဖြစ်သည်။
- with the aim of ..ရန်
- He has come to Yangon with the aim of finding a job. သူသည်အလုပ်ရှာရန် ရန်ကုန်သို့ရောက်လာသည်။
- try/fail to အထမြောက်အောင် ကြိုးစား/အထမမြောက်
- U He tried/failed to achieve his gain. သူသည်ရည်မှန်းချက် အထမြောက်အောင်ကြိုးစားသည်/ ရည်မှန်းချက်အထမမြောက်ပါ။
- put on airs ဟိတ်လုံးဟန်လုံးတွေထုတ်
- Stop putting on airs. ဟိတ်လုံးဟန်လုံးတွေထုတ်တာ ရပ်ပါတော့။
- give oneself airs ဟိတ်ဟန်ထုတ်
- She's always giving herself airs. သူဟာ အမြဲဟိတ်ဟန်ထုတ်တယ်။
- airs and graces ဟိတ်ဟန်ထုတ်မှုတွေ
- I'm not impressed by his fancy airs and graces. သူ့ရဲ့ ဟိတ်ဟန်ထုတ်မှုတွေကို ငါ အထင်မကြီးပါ
- on the air ထုတ်လွှင့်သည်။
- This channel comes on the air every morning at 7 am. ဒီတီဗီချန်နယ်က မနက်တိုင်း ၇-နာရီမှာ အစီအစဉ်စတယ်။
- in the air အခုအခါ၊ လောလောဆယ် 2.မပြီးပြတ်သေး
- With the national team set to win, a feeling of joy was in the air. အမျိုးသားအသင်းကနိုင်မှာဆိုတော့ လူတွေပျော်နေကြတယ်။
- Our plans are still (up) in the air. ငါတို့ အစီအစဉ်တွေက မပြီးပြတ်သေးဘူး
- cause for alarm စိုးရိမ်စရာ
- There's no cause for alarm. စိုးရိမ်စရာမရှိပါဘူး။
- the alarm was raised အရေးတကြီး ဆော်ဩတာ
- The alarm was raised (= eg People told the police) when the couple failed to return to their hotel. မောင်နှံနှစ်ဦး တည်းခိုရာဟိုတယ်သို့ ပြန်မရောက်သည့်အခါ အရေးတကြီး ဆော်ဩကာ ရဲကိုအကြောင်းကြားသည်။
- set alight မီးစွဲလောင်
- A cigarette set the dry grass alight. စီးကရက်မီးကြောင့် မြက်ခြောက်များ မီးစွဲလောင်သွားသည်။.
- catch alight in the fire မီးစွဲလောင်သွား
- Her dress caught alight in the fire သူ့အဝတ်ကို မီးစွဲလောင်သွားသည်။
- clearly out of alignment လျော့ရဲနေ
- The bathroom tiles are clearly out of alignment. ရေချိုးခန်းရှိ ကျောက်ပြားများ လျော့ရဲနေသည်။
- Thanks very much for your help. 'Not at all, it was a pleasure.' ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိစ္စမရှိပါဘူး။ ကူညီခွင့်ရတာ ဝမ်းသာပါတယ်။
- give their all အသက်ပေးတိုက်သည်။
- They gave their all (= fought and died) in the war. စစ်အတွင်း သူတို့သည် အသက်ပေးတိုက်ခဲ့သည်။
- all but over ပြီးသလောက်ရှိ
- The party was all but over when we arrived. ကျွန်တော်တို့ ရောက်သွားချိန်တွင် ပါတီပွဲမှာပြီးသလောက် ရှိနေပါပြီ။
- all but one တစ်ခုမှ လွဲ၍
- All but one of the plates were damaged. ပန်းကန်ပြားတစ်ချပ်မှလွဲ၍ အားလုံးကွဲနေသည်။
- feel all in ခြေကုန်လက်ပန်းကျ
- At the end of the race he felt all in. အပြေးပြိုင်ပွဲတွင် သူသည်ခြေကုန်လက်ပန်းကျသွားသည်။
- all over နေရာအနှံ့၊ ပျံ့နှံ့သွားသည်။
-
- We looked all over for the ring. ကျွန်ုပ်တို့သည် လက်စွပ်ကို နေရာအနှံ့လိုက်ရှာကြသည်။
- News of the holiday was all over the school within minutes. ကျောင်းပိတ်မည့် သတင်းသည် မိနစ်ပိုင်းအတွင်းတစ်ကျောင်းလုံးပျံ့သွားသည်။
- go all out အစွမ်းကုန် ကြိုးစား
- The team is going all out to win the championship. အသင်းသည် ဗိုလ်စွဲရန် အစွမ်းကုန်ကြိုးစားနေသည်။
- let alone အသာထား
- There isn't enough room for us, let alone a dog and two cats. ခွေးတစ်ကောင်နဲ့ ကြောင်နှစ်ကောင်အသာထား၊ လူနေဖိုတောင် မလောက်ဘူး။
- leave sb alone လွှတ်ထားသည်၊ မနှောင့်ယှက်နဲ့
- She's very upset. Leave her alone for a few minutes. သူစိတ်ညစ်နေတယ်။ ခဏလောက်လွှတ်ထားလိုက်စမ်းပါ။ (မနှောင့်ယှက်နဲ့ ။)
- know all along အစအဆုံး သိထားသည်။
- I knew that all along. ဒီကိစ္စကို ကျွန်တော် အစအဆုံးသိထားပါတယ်။
- get along with him အဆင်ပြေတယ်၊ ပလဲနံပသင့်တယ်။
- I get along very well with him. ကျွန်တော်သူနဲ့ ပလဲနံပသင့်ပါတယ်။
- catch in the act လက်ပူးလက်ကြပ်မိ
- Caught in the act, he had no alternative but to confess. လက်ပူးလက်ကြပ်မိတာမို့ သူ့မှာဝန်ခံရုံကလွဲလို့ အခြား နည်းလမ်း မရှိတော့ဘူး။
- aim to …ရန် ရည်ရွယ်သည်။
- We aim to bring these buildings within the ambit of local government control. ဤအဆောက်အအုံများကို ဒေသန္တာရအုပ်ချုပ်ရေးအဖွဲ့၏ ကွပ်ကဲမှုသြဇာအာဏာအောက်တွင် ထားရှိရန်ရည်ရွယ်ပါသည်။
- (lie) in ambush အလစ်ချောင်း၊ ချောင်းမြောင်းသည်။
- The thieves were lying in ambush for their victims. သူခိုးတို့သည် အလစ်ချောင်းနေကြသည်။
- take amiss (idm) တလွဲယူဆသည်၊ တလွဲထင်သည်။
- Would she take it amiss if I offered to help? ကျွန်တော်က ကူညီမယ်ပြောရင် သူက တစ်မျိုး ထင် မလား
- draw/make an analogy (between) နှိုင်းယှဉ်ပြသည်။ to compare so as to find a likeness
- The teacher drew an analogy between the human heart and a pump. ဆရာက လူ နှလုံးကို ရေစုပ်စက်နှင့် ပမာပြုနှိုင်းယှဉ် ပြသည်။
- in anticipation (of) ချင့်တွက်ကာ၊ ကြိုတင်မျှော်မှန်းကာ
- In anticipation of bad weather we took plenty of warm clothes. ရာသီဥတုဆိုးရွားမည်ကို ချင့်တွက်ကာ ကျွန်ုပ်တို့သည် အနွေးထည် များများယူခဲ့ကြသည်။
- set apart (phrv) ကွာခြားစေသည်၊ သာစေသည်။
- His use of language sets/puts him apart from (= makes him better than) other modern writers. သူ့ရဲ့ ဘာသာစကား အသုံးအနှုန်းက အခြားခေတ်သစ် စာရေးဆရာများထက် သာလွန်စေ/တစ်မူထူးခြားစေသည်။
- come/fall apart (phrv) ကွဲသည်၊ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားသည်။
- I'm sorry, the cup just came/fell apart in my hands. ဆောရီးပဲ။ လက်ထဲမှာတင် ခွက်ကကွဲသွားတာပါ။
- take apart (phrv) တစ်စစီဖြုတ်သည်။
- He enjoys taking old cars apart. သူက ကားအဟောင်းတွေကို ဖြုတ်ရဆင်ရတာကို နှစ်သက်တယ်။
- make one’s apologies ခွင့်တောင်းသည်၊ တောင်းပန်သည်။
- I made my apologies (to my host) and left early. ကျွန်တော်သည် အိမ်ရှင်ကိုခွင့်တောင်းပြီး စောစော ပြန်ခဲ့သည်။
- She apologized to us for losing her temper. သူမ စိတ်တိုခဲ့မှုအတွက် ငါတို့ကို တောင်းပန်တယ်။
- become apparent သေချာနေ၊ ရှင်းလင်းနေ
- It became apparent that she was going to die. ကြည့်ရတာ သူကွယ်လွန်တော့မှာ သေချာနေပြီ။
- (put) in an appearance မျက်နှာပြသည်။
- I don't want to go to the party but I suppose I'd better put in an appearance (= go there and stay a shor time.) ပျော်ပွဲကိုသွားချင်စိတ်မရှိဘူး။ ဒါပေမဲ့မျက်နှာသွားပြဦးမှ။
- give every apperance of doing …ပုံ လုံးလုံးပေါက်သည်။
- She gave every appearance of being cxtremely rich. သူ့ကိုကြည့်ရတာ သိပ်ပြီးချမ်းသာတဲ့ပုံလုံးဝပေါက်တယ်။
- judge by appearances အပြင်ပန်းအားဖြင့် တန်ဖိုးဖြတ်သည်။
- Don't judge by appearances - appearances can be misleading. အမြင်နဲ့ မဆုံးဖြတ်နဲ့။ အမြင်လောက်နဲ့က လွဲတတ်တယ်။
- to all appearances ကြည့်ရတာတော့
- To all appearances he was dead. တွေ့ရတဲ့အတိုင်းပြောရရင် သူဟာအသက်မရှိတော့ဘူး။
- keep up appearances ဟန်ပန်လေဟန်လုပ်သည်။
- There's no point in keeping up appearances (=hiding the true situation and making a show) when everyone knows we're nearly bankrupt. ကျွန်တော်တို့ လုပ်ငန်းပိတ်ရလုနီးပါးဖြစ်နေတာ လူတိုင်း သိနေတော့ဖုံးကွယ်နေလို့ မထူးပါဘူး။
- lose one’s appetite စားချင်သောက်ချင်စိတ် မရှိ
- When I was sick I completely lost my appetite. ကျွန်တော်နေမကောင်းတုန်းက စားချင်သောက်ချင်စိတ် လုံးဝမရှိဘူး။
- whet one’s appetite ပိုမိုစိတ်ဝင်စားစေသည်။
- The preview was intended to whet your appetite. အကြိုခင်းကျင်းပြသရခြင်းမှာ ပိုမိုစိတ်ပါဝင်စားစေရန် ဖြစ်သည်။
- make an appointment with ချိန်းဆိုထားသည်။
- I've made an appointment with the manager at 10 a.m. ကျွန်တော်သည် မနက် ၁ဝ နာရီတွင် မန်နေဂျာနှင့်တွေ့ ရန် ချိန်းဆိုထားသည်။
- apportion blame to အပြစ်လွှဲချ၊ ပုံချသည်။
- I don't want to apportion blame to any of you. ခင်ဗျားတို့အပေါ် အပြစ်လွှဲမချလိုပါဘူး။
- feel apprehensive about/of စိုးရိမ်၊ ပူပန်
- It is natural for the weak students to feel apprehensive about the results of the exams. စာမလိုက်နိုင်သည့် ကျောင်းသားများသည် အောင်စာရင်းကို စိုးထိတ်ကြစမြဲဖြစ်၏။
- meet with one’s approval နှစ်သက်သဘောကျသည်။ to be acceptable to one
- Do the plans meet with your approval? အစီအစဉ်ကို ခင်ဗျားနှစ်သက်သဘောကျရဲ့လား။
- for the sake of argument ဆွေးနွေးလို့ဖြစ်အောင်
- Let's assume for the sake of argument (a basis for discussion) that our subsidy is by half. စပြီးဆွေးနွေးလို့ဖြစ်အောင် ကျွန်တော်တို့ရဲ့ ထောက်ပံ့မှုကို ထက်ဝက်လျှော့ချတယ်လို့ သဘောထားကြည့်ရအောင်။
- the need arises လိုအပ်သည်။
- Children should be disciplined when the need arises. လိုအပ်လျှင် ကလေးတွေကို ဆုံးမသင့်တယ်။
- be around သိသည်။
- He pretends he's been around but he's really very immature. လောကအကြောင်း သူသိဟန်ဆောင်ပေမဲ့ စင်စစ် သူဟာ အတော်နုသေးတယ်။
- make arrangements စီစဉ်သည်။
- I'll make arrangements for you to be met at the airport. လေဆိပ်မှာ ခင်ဗျားကို ကြိုနိုင်အောင် ကျွန်တော်စီစဉ်ပါ့မယ့်။
- come to an/some arrangement ညှိနှိုင်းသဘောတူသည်။ to reach an agreement
- We can come to an/some arrangement over the price. ဈေးနှုန်းကို ကျွန်တော်တို့ ညှိလို့ရနိုင်ပါတယ်။
- talk arrant nonsese ပေါက်တတ်ကရ ပြောသည်။
- He's talking arrant nonsense. သူမဟုတ်တရုတ်တွေလျှောက်ပြောနေတယ်။
- fall into arrears အကြွေးတင်နေ
- They have fallen into arrears with the rent. သူတို့ငှားရမ်းခ(အိမ်လခ)တွေ အကြွေးတင်နေတယ်။
- as it is (idm) လက်ရှိအခြေအနေအတိုင်း၊ အရ
- I thought I might be transferred but as it is I'll have to look for a new job. ငါတော့နေရာအပြောင်းခံရမယ်ထင်ခဲ့တာ။ ဒါပေမဲ့ လက်ရှိ အခြေအနေအရ အလုပ်တစ်ခုတော့ ရှာရတော့မယ်။
- under assault ဝေဖန်ပြစ်တင်သည်။
- The theory came/was under assault from all sides. ယင်းအယူအဆကို အဘက်ဘက်ကဝေဖန် ပြစ်တင် နေကြတယ်။
- Can I be of (any) assistance, sir? ကျွန်တော်ဘာများ ကူညီရမလဲခင်ဗျာ။
- come to one’s assistance အကူအညီပေးသည်။
- Despite his cries no one came to his assistance. သူအော်ဟစ်အကူအညီ တောင်းသော်လည်း ကူညီမည့်သူမရှိပါ။
- in association with ပူးပေါင်းလျက်
- We are working in association with a number of local companies to raise money for the homeless. အိုးမဲ့အိမ်မဲ့များကို ကူညီရေး ရန်ပုံငွေရှာရန် ကျွန်တော်တို သည် ဒေသခံကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ကြသည်။
- To one’s astonishment တအံ့တဩဖြစ်
- To my astonishment it had completely disappeared. ထိုဟာ လုံးဝပျောက်ကွယ်သွားသဖြင့် ကျွန်တော်တအံ့တသြ ဖြစ်ရသည်။
- attempt to escape ထွက်ပြေးဖို့ ကြိုးစား
- They made no attempt to escape. သူတို့သည် ထွက်ပြေးဖို့ မကြိုးစားကြပါ။
- up for auction လေလံပစ်/တင်
- The house is up for auction/will be sold by auction. ထိုအိမ်ကို လေလံပစ်မည်/ လေလံတင်မည်။
- authority over ဩဇာညောင်း
- The monk of the village monastery has the authority over the villagers. ဘုန်းတော်ကြီးသည် ရွာသူရွာသားများအပေါ် သြဇာညောင်းသည်။
- under the authority of ..၏ အမိန့်ဖြင့်
- He is acting under the authority of the Township Development Committee. သူသည် မြို့နယ်စည်ပင်သာယာရေး ကော်မတီ၏ အမိန့်ဖြင့် ဆောင်ရွက်နေသည်။
- on good authority ခိုင်လုံတဲ့သတင်း
- I have it on good authority (= have reliable information) that she's thinking of leaving her job. သူအလုပ်ထွက်ဖို့ စိတ်ကူးနေတယ်လို့ ခိုင်လုံတဲ့ သတင်းရထားတယ်။
- averse to မကြိုက်သော၊ ငြင်းပယ်သော (fml or rhet)
- I'm not averse to a drop of whiskey after dinner. ညစာစားပြီးချိန်မှာ ဝီစကီနည်းနည်းလောက်သောက်ဖို့ မငြင်းလိုပါဘူး။ (နည်းနည်းပါးပါးသောက်ချင်တယ်/သောက် ရတာကို ကြိုက်တယ်။)
- keep awake အိပ်မရ၊
- They were kept awake by the noise from next door. တစ်ဖက်ခန်းက ဆူညံသံကြောင့် သူတို့ အိပ်မရကြပါ။
- in an awkward position အကျပ်တွေ့ရ awkward 2.ခွကျသော၊ အချိုးမပြေသော
- You put me in an awkward position. မင်းလုပ်တာ ငါအကျပ်တွေ့ ရတယ်။
- an awkward customer ကတ်တီးကတ်ဖဲ့နိုင်တဲ့လူ
- He can be an awkward customer (difficult or dangerous to deal with). သူဟာ တစ်ခါတစ်ရံ ကတ်တီးကတ်ဖဲ့နိုင်တဲ့ လူစားမျိုးပဲ။
- a confirmed bachelor တစ်သက်အိမ်ထောင်မပြုမည့် လူပျို
- He is a confirmed bachelor (= one who has decided never to marry).. သူဟာ ဒီတစ်သက်အိမ်ထောင်ပြုမှာမဟုတ်ဘူး။ (လူပျိုကြီး ဘဝနဲ့ အရိုးထုတ်မယ့်သူပါ။)
- the back of beyond (idm) ဝေးလံခေါင်ဖျား
- They live somewhere at the back of beyond. သူတို့ဟာ လူစည်ကားတဲ့နေရာနဲ့ ဝေးရာမှာနေကြတယ်။
- back to back ကျောချင်းကပ်
- Stand back to back and let's see which of you is taller. မင်းတို့နှစ်ယောက် ဘယ်သူအရပ်ပိုရှည်လဲ ကြည့်ရအောင် ကျောချင်းကပ်ရပ်ကြည့်စမ်း။
- see the back of sb မဆက်ဆံရတော့ဘူး
- I've never liked my boss — when he retires I'll be glad to see the back of him. ငါ့အထက်လူကြီးကို ငါဘယ်လိုမှ သဘောမကျဘူး။ သူအငြိမ်းစား ယူရင် သူနဲ့မဆက်ဆံရလို့ ငါပျော်မှာပဲ။
- break one’s back to do (idm) ခါးကျိုးအောင် အလုပ်လုပ်သသည်။
- Ko Ko is breaking his back to pass the exam. စာမေးပွဲအောင်ဖို့ ကိုကို စာအထူးကြိုးစားနေတယ်။
- turn one’s back (on) ကျောခိုင်းသည်၊ လျစ်လျူရှုသည်။
- He turned his back and walked away. သူသည်နောက်လှည့်ကျောခိုင်းကာ ထွက်သွားသည်။
- He turned his back on his family when he became famous. သည်ထင်ပေါ်ကျော်ကြားလာသည့်အခါ မိသားစုကို ပစ်ခွာသွားသည်။
- take a back seat တက်တက်ကြွကြွ ပါဝင်ဆွေးနွေးခြင်းမရှိ
- She took a back seat in the discussion. ဆွေးနွေးပွဲတွင် သူသည် တက်တက်ကြွကြွ ပါဝင်ဆွေးနွေး ခြင်းမရှိချေ။
- Opening of multimedia teaching centres at schools may be seen against a background of the extensive use of computers. ကွန်ပျူတာများအသုံးများလာခြင်းကြောင့် ကျောင်းများတွင် သင်ထောက်ကူစာသင်ခန်းများ ဖွင့်ကြသည်။
- bend/lean over backwards (to do) (idm, infml) အသားကုန် ကြိုးပမ်းအားထုတ်သည်။
- Although we bent over backwards to be kind to him, he still seemed to resent us. ကျွန်တော်တို့က သူ့ကိုအတတ်နိုင်ဆုံး အကြင်နာပွားကြပေမဲ့ ကျွန်တော်တို့ကို လက်ခံလိုလားခြင်းမရှိပါ။
- "How are you feeling?" "Not too bad!" “ဘယ်လိုနေသေးလဲ” “သက်သာပါတယ်”။
- That wasn't bad for a first attempt. ပထမဆုံးအကြိမ် ကြိုးစားတာဆိုတော့ သိပ်မဆိုးပါဘူး။
- bedride အိပ်ရာထဲလဲ
- He's been bedridden for weeks and now he is a bag of bones. သီတင်းပတ်အတန်ကြာ အိပ်ရာထဲလဲ နေမကောင်းဖြစ်ပြီး နောက် သူသည် အရိုးပြိုင်းပြိုင်းဖြစ်နေသည်။
- catch/throw/knock sb off balance (idm)ဟန်ချက်ပျက်သည်၊ ယိုင်သွားသည်။
- I was caught off balance by the sudden wind and nearly fell. ရုတ်တရက် တိုက်ခတ်လိုက်သည့် လေကြောင့် ကျွန်တော် သည် ကိုယ့်ကိုယ်ကို မထိန်းနိုင်ဘဲ လဲမလိုဖြစ်သွားသည်။
- a healthy balance ရှင်းတမ်းကောင်းခြင်း
- The company has a healthy balance of payments position this year. ယခုနှစ်အတွက် ကုမ္ပဏီသည် ပြင်ပငွေပေး ငွေယူရှင်းတမ်း လက်ကျန်အခြေအနေ ကောင်းပါသည်။
- hold the balance of power အခွင့်အာဏာချိန်ခွင်လျာကို ထိန်းထားသည်။
- Since the two main parties each won the same number of seats, the minority party holds the ance of power. အဓိကပါတီကြီးနှစ်ခုတို့မှာ အမတ်နေရာ အရေအကွက်တူ ရရှိထားကြရာ အမတ်နေရာ နည်းနည်း ရထားသည့် ပါတီက အင်အား ချိန်ခွင်လျာကို ထိန်းထားသည်။
- U That company filed for bankruptcy in 1997. ယင်းကုမ္ပဏီသည် ၁၉၉၇ ခုနှစ်က လူမွဲစာရင်း ကြေညာပေးရန်လျှောက်ထားသည်။
- keep one’s side of the bargain ပြောထားအတိုင်း ဆောင်ရွက်သည်။
- I've done what I promised and I expect you to keep your side of the bargain. ကတိအတိုင်းကျွန်တော်လုပ်ပြီးပါပြီ၊ ခင်ဗျားလည်းပဲ ပြောထား တဲ့အတိုင်း ဆောင်ရွက်မယ်လို့ မျှော်လင့်ပါတယ်။
- bargain for/on ထင်ထားသည်၊ မျှော်မှန်းထားသည်။
- The exam was more difficult than I (had) bargained for. စာမေးပွဲက မျှော်လင့်ထားတာထက် ပိုခက်တယ်။
- confined to barracks တပ်ပြင်ထွက်ခွင့်ပိတ်ခံရသည်။
- As punishment the men were confined to barracks. ဒဏ်ပေးသည့်အနေဖြင့် သူတို့တပ်ပြင်ထွက်ခွင့်ပိတ်ခံရသည်။
- storm the barricades အတားအဆီးများကို ဝင်ရောက်စီးနင်ကျော်လွှားသည်။
- The police stormed the barricades erected by the robbers. ရဲက ဓားပြများချထားသည့် အတားအဆီးများကို ဝင်ရောက် စီးနင်းကျော်လွှားသည်။
- on the basis of ပေါ်မူတည်ပြီး၊ အခြေခံပြီး…ကြောင့်၊ မှုအပေါ်
- He has been selected for the team on the basis of (= because of his recent winning of ) gold medals in the track and field. ပြေးခုန်ပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများဆွတ်ခူးခဲ့သဖြင့် သူ့ကို အသင်းအတွက် ရွေးချယ်လိုက်သည်။
- on a weekly/monthly basis တစ်ပတ်/လ တစ်ကြိမ်
- Payment will be made on a weekly/monthly basis. တစ်ပတ်တစ်ကြိမ်/တစ်လတစ်ကြိမ် ငွေပေးချေပါလိမ့်မည်။
- bay for one’s blood ပျက်စီးစေချင်သည်။
- His opponents are baying for (his) blood (= eager for his ruin).သူ့ပြိုင်ဘက်များက သူ့ဘဝပျက်စီးစေချင်ကြသည်။
- bear/stand comparison with (idm) ပြိုင်နိုင်သည်၊ ယှဉ်နိုင်သည်။
- Modern paintings don't bear comparison with those of the old masters (= because they are greatly inferior). ခေတ်သစ်ပန်းချီကားများမှာ ရှေးလက်ရာများနှင့် ယှဉ်၍မရပါ။
- bear close inspection ဂရုတစိုက်စစ်ဆေးလေ့လာသည်။
- The plan won't bear close inspection (= It will be found not to be satisfactory when carefully examined). အစီအစဉ်ကို ဂရုတစိုက်လေ့လာကြည့်ပါက အားရဖွယ် ရှိမည်မဟုတ်ပါ။
- Her joke doesn't bear repeating (= because it is not funny or may offend people). သူရဲ့ဟာသက ထပ်မပြောသင့်တဲ့ ဟာသပဲ။
- His sufferings don't bear thinking about (= because they are or were so terrible.) သူခံစားရတဲ့ ဆင်းရဲဒုက္ခတွေက မတွေးဝံ့စရာပဲ။
- bear a grudge against အာဃာတထားသည်။
- He doesn't bear a grudge against his rivals. သူကသူ့ ရဲ့ပြိုင်ဘက်တွေအပေါ် အာဃာတမထားပါ။
- bear no resentment မလိုတမာစိတ်ထားသည်။ resent မခံချင်ဖြစ်သည်။
- He bears no resentment towards them. သူဟာ သူတို့အပေါ် မလိုတမာ စိတ်မထားပါ။
- She bears him no ill will. မိန်းကလေးသည် သူ့အပေါ် မလိုတမာစိတ်မရှိပါ။
- bear fruit အသီးအပွင့်ခံစားရသည်၊ အကျိုးခံစားရသည်။
- Her efforts finally bore fruit and permission was granted. သူ့ကြိုးပမ်းမှုများ အောင်မြင်သွားပြီး ခွင့်ပြုချက်ရသွားသည်။
- bear in mind သိထားသည်၊ မှတ်ထားသည်။
- You need to bear in mind that the figures vary from place to place. ကိန်းဂဏန်းတွေက တစ်နေရာနဲ့တစ်နေရာ ကွဲပြားခြားနား တယ်ဆိုတာ ခင်ဗျားသိထားဖို့လိုတယ်။
- bear witness (to) (idm) သက်သေခံသည်၊ သက်သေဖြစ်သည်။
- Little is left to bear witness to the past greatness of the city. ဒီမြို့ကြီး ယခင်က ကြီးကျယ်ခမ်းနားခဲ့တယ်ဆိုတဲ့ မရှိသလောက် နည်းနည်းပဲ ကျန်တယ်။
- They bore the full brunt of the attack. တိုက်ခိုက်မှုဒဏ်ကို သူတို့ လှိမ့်ပြီးခံရသည်။
- bring out the beast သွေးဆိုးတယ်။
- Alcohol brings out the beast in him (= makes him act in a violent and cruel way). အရက်သောက်ရင် သူသွေးဆိုးတယ်။
- It beats me မသိဘူး
- It beats me/What beats me is (= I don't know) how/why he did it? ဘယ်လို/ဘာကြောင့် သူ ဒါကိုလုပ်သလဲလို့ ကျွန်တော်မသိဘူး။
- beat sb out of ညာယူသည်။
- Her brother beat her out of K 200. သူရဲ့မောင်က သူ့ထံက ငွေ ၂၀၀ နှပ်ချသွားတယ်။
- Will you help me make the beds? အိပ်ရာကူခင်းပေးပါလား။
- come into being ပေါ်ပေါက်ခဲ့သည်။
- The Union Solidarity and Development Association came into being as a national force in 1993. ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းသည် အမျိုးသား ရေးအင်အားစုတစ်ရပ်အဖြစ် ၁၉၉၃ ခုနှစ်တွင် ပေါ်ပေါက်လာခဲ့သည်။
- I've had the benefit of a good education. ကျွန်တော်သည် ကောင်းစွာပညာသင်ယူခွင့် ရရှိခဲ့သည်။
- benefit to အကျိုးဖြစ်စေ
- The new regulations will be of benefit to us စည်းမျဉ်းသစ်များက ကျွန်ုပ်တို့အားလုံးအတွက် အကျိုး ဖြစ်စေပါလိမ့်မည်။
- do one’s best အကောင်းဆုံး/အစွမ်းကုန်လုပ်
- I did my best to stop her. သူ့ကို ကျွန်တော် အစွမ်းကုန်တားပါတယ်။
- It doesn't matter if you don`t win — just try your best. မနိုင်ရင်လည်း အရေးမဟုတ်ပါဘူး၊ အစွမ်းကုန်သာ ကြိုးစားပါ။
- at one’s bidding အမိန့်၊ ခိုင်းစေချက်အရ
- At his father's bidding (= because his father requested it) he wrote to his lawyer. ဖခင်၏ခိုင်းစေချက်အရ သူသည်ရှေ့နေထံသို့ စာရေးသည်။
- in the bidding ဈေးပိုပေးသည်။
- Several Singaporean companies are in the bidding (= offering prices). စင်္ကာပူကုမ္ပဏီအတော်များများက ဈေးပိုပေးကြတယ်။
- give birth to မွေးဖွေးပေးသည်။
- Marx's ideas gave birth to communism. မာ့ခ်စ်၏ စိတ်ကူးများက ကွန်မြူနစ်ဝါဒကို မွေးဖွားပေး လိုက်သည်။
- We learn from bitter experience that disunity can cause disintegration of the Union. ညီညွှတ်မှုမရှိလျှင် ပြည်ထောင်စုကြီး ပြိုကွဲနိုင်ကြောင်း ကျွန်တော်တို့တွင် ခါးသီးသော အတွေ့ အကြုံရှိပါသည်။
- a blaze of glory/publicity ထူးထူးခြားခြား ပြသမှု
- His winning five distinctions in the exam is a blaze of glory/publicity. စာမေးပွဲတွင် ငါးဘာသာဂုဏ်ထူးရသဖြင့် သူ့အတွက် ထင်ပေါ်ကျော်ကြားစရာ ဖြစ်သည်။
- Who the blazes is that? အဲဒါဘယ်သူတုံး/အဲဒါဘယ်ကသတ္တဝါလဲ (စိတ်ဆိုးသံ)။
- What the blazes are you doing? ဟေ့၊ မင်းဘာလုပ်နေတာလဲ။
- Go to blazes! (စိတ်ဆိုးသံ) သေလိုက်ပါလား။
- Blend the eggs and milk together. ကြက်ဥနဲ့ နို့ ခေါက်ပါ။ (ရောမွှေပါ။)
- cast/put blight တစ်မှောင့်၊ တစ်ဒုက္ခ၊ ခြိမ်းခြောက်နေ
- The bad weather cast/put blight on our holiday. ဆိုးဝါးသည့် ရာသီဥတုက ကျွန်တော်တို့ရဲ့ အားလပ်ရက်ကို ခြိမ်းခြောက်နေသည်။
- run in the/our blood မျိုးရိုးလိုက်
- Most of my family are musicians; it runs in the/our blood (= is characteristic of our family.) ကျွန်တော့်မိသားစုက ဂီတပညာရှင်တွေများတယ်၊ ကျွန်တော်တို့ မိသားစုရဲ့ မျိုးရိုးပဲ။
- Blew it/one’s chances သူ့အခွင့်အရေး လက်လွှတ်လိုက်ရသည်။
- He blew it/ blew his chances by arriving late for the interview. အင်တာဗျူးအတွက် ရောက်လာတာနောက်ကျတာနဲ့ပဲ သူဟာ သူ့အခွင့်အရေးကို လက်လွှတ်လိုက်ရတယ်။
- The whole affair was blown up out of all proportions. ကိစ္စတစ်ရပ်လုံး အရမ်းကာရော ဟိုးလေးတကျော်ဖြစ်သွားတယ်။
- no idle/empty boast ကြွားတာ မဟုတ်ဘူး
- Her claim that she could beat us all was clearly no idle/empty boast. တို့အားလုံးကို အနိုင်ယူနိုင်တယ်လို့ သူပြောတာ ကြွားတာ မဟုတ်ဘူး။
- be/go to the booze အရက်သောက်နေ
- Her husband's been/gone on the booze (= drunk/started drinking too much alcohol) again. သူ့ယောက်ျား အရက်တွေ ပြန်သောက်နေပြီ။
- not beyond the bounds of possibility မဖြစ်နိုင်တဲ့ကိစ္စမဟုတ်ပါ
- It is not beyond the bounds of possibility that he'll win the match. ဒီပွဲမှာ သူနိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စမဟုတ်ပါ။
- with a screech of brakes ကျွီခနဲ၊ စီခနဲ၊ စူးခနဲ မြည်သံ screech to a halt. ကျွီခနဲ(ထိုးရပ်)သည်၊
- The taxi skidded to a halt with a screech of brakes. အငှားယာဉ်သည် ကြမ်းတမ်းစွာအရှိန်သတ်ပြီး ဘီးတရွတ် တိုက်ကာ ရပ်သွားသည်။
- breach of contract သဘောတူညီချက်ကို ဖောက်ဖျက်ခြင်း
- The man will be sued for breach of contract. သဘောတူညီချက်ကို ဖောက်ဖျက်မှုဖြင့် ထိုလူကိုစွဲချက် တင်မည်။
- in breach of ချိုးဖောက်သည်။
- They are in breach of the Official Secrets Act. သူတို့သည် အစိုးရ၏ လျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်သည်။
- breathe a sigh of relief သက်ပြင်းချသည်။
- When the danger had passed they all breathed a sigh of relief. အန္တရာယ်မှ လွန်မြောက်သွားရာ သူတို့အားလုံး သက်ပြင်း ချနိုင်ကြသည်။
- give sb a brush-off ငြင်းလိုက်သည်။ brush-off ငြင်းပယ်ခြင်း
- He asked her for a date but she gave him the brush-off. သူသည်မိန်းကလေးအား အပြင်ထွက်လည်ဖို့ ချိန်းဆိုရာ မိန်းကလေးက ငြင်းလိုက်သည်။
- stay on/within budget ချွေတာသုံးသည်။
- With a large family to support he had to stay on/within budget. မိသားစုကြီးတစ်စု၏ တာဝန်ကိုယူထားရသဖြင့် သူသည် ငွေကို ချွေတာသုံးရသည်။
- on a tight budget ငွေအင်အားမတောင့်တင်း
- A family on a tight budget (= having only a small amount of money) can't afford meat every day. ငွေအင်အားမတောင့်တင်းသည့် မိသားစုတစ်စုအတွက် အသားကို နေ့စဉ်မစားနိုင်ပါ။
- get a bug/been bitten by (infml)တက်ကြွစွာ စိတ်ပါဝင်စားမှု
- He was never interested in cooking before, but now he's been bitten by/he's got the bug. အရင်က ဟင်းချက်တာ စိတ်မဝင်စားပေမဲ့ ခုသူသဘောကျနေပြီ။
- pick up/catch a bug (infml) အပြင်းစားမဟုတ်သည့် ကူးစက်ဖျားနာ that you got sick or someone somewhere got you sick, and you don't want to get anyone else
- You must have picked up a bug on holiday.
- She picked up a nasty stomach bug while she was on holiday.
- I think I’ve caught a bug.
- He’s been in bed with a bug all week.
- the best/pick of the bunch အဖွဲ့/အရာထဲက အကောင်းဆုံး the best of a group of people or things
- I don't like any of them much, but he's the best of the bunch. သူတို့ထဲက ဘယ်သူ့ကိုမှ မနှစ်သက်ပါဘူး၊ ဒါပေမဲ့ သူကတော့ အနူတောက လူချောလို့ ဆိုရမှာပေါ့။
- burn to the ground မီးလောင်ပျက်စီးသည်။
- The house was burnt to the ground. အိမ်မှာ မီးလောင်ပျက်စီးသွားသည်။
- burn to death မီးလောင်သေဆုံးသည်၊
- Ten people burned to death in the hotel fire. ဟိုတယ်မီးလောင်မှုတွင် လူဆယ်ဦး မီးလောင်သေဆုံးသွားသည်။
- do with …နှင့် အလုပ်လုပ်သည်၊ ပတ်သက်သည်၊ သက်ဆိုင်နေသည်။
- We do business with foreign companies. ကျွန်ုပ်တို့သည် နိုင်ငံခြားကုမ္ပဏီများနှင့် ဆက်ဆံအလုပ် လုပ်ပါသည်။
- go into business လုပ်ငန်းထူထောင်သည်။
- They left their jobs to go into business on their own. ကိုယ်ပိုင်လုပ်ငန်းထူထောင်ရန် သူတို့ ထွက်လိုက်ကြသည်။
- I shall make it my business to find out who is responsible. ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာ ငါ ဖော်ထုတ်ဖြစ်အောင် ဖော်ထုတ်မယ်။
- none of your business မင်းနဲ့မဆိုင်ဘူး
- My private life is none of your business/ is no business of yours. ငါ့ ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စက မင်းနဲ့မဆိုင်ပါဘူး။
- couldn’t compete with မယှဉ်နိုင်ဘူး
- The shop went out of business because it couldn't compete with the new supermarket. အသစ်ဖွင့်တဲ့ ဆူပါမတ်ကက်ဆိုင်ကြီးကို မယှဉ်နိုင်လို အဲဒီဆိုင်ပြုတ်သွားတယ်။
- I‘d better get busy (start working) စလုပ်မှဖြစ်မယ်
- We've only got an hour to do the job, so we'd better get busy (= start working). အချိန်တစ်နာရီပဲကျန်တော့တယ်။ စ လုပ်မှဖြစ်မယ်။
- There's no time for ifs and buts. You must decide now. ဆင်ခြေတွေပေးနေဖို့ အချိန်မဟုတ်ဘူး၊ ခုဆုံးဖြတ်ရမှာ။
- pay a call on သွားလည်သည်။
- I have to pay a call on a friend this evening. ဒီညနေ သူငယ်ချင်းတစ်ယောက်အိမ် သွားလည်ရမယ်။
- filled to capacity ပြည့်နေ
- The room was filled to capacity (=completely full). အခန်းမှာပြည့်နေသည်။ .
- They played to a capacity crowd/audience. သူတို့ပွဲကို ပရိသတ်ကွင်းလုံးပြည့် အားပေးသည်။
- He is acting in his capacity as a manager/in his managerial capacity. မန်နေဂျာတစ်ဦးအနေနဲ့ သူဆောင်ရွက်တာဖြစ်တယ်။
- set up a business လုပ်ငန်းစ
- They set up a business with a starting capital of K 500,000. မတည်ငွေငါးသိန်းနဲ့ သူတို့လုပ်ငန်းစကြတယ်။
- in one’s care တစ်ယောက်ဆီမှာ အပ်ထားသည်။
- They left the child in a friend's care. သူတို့ဟာ ကလေးကို သူငယ်ချင်းတစ်ယောက်ဆီမှာ အပ်ထားခဲ့ကြတယ်။
- take care of ကြည့်ပေး၊ ဂရုစိုက်ပေးသည်။
- My sister is taking care of the children while we're away. ကျွန်တော်တို့မရှိခိုက်မှာ ကျွန်တော့်ညီမက ကလေးတွေကို ကြည့်ပေးမယ်။
- She's under the care of a specialist. သူဟာ ပါရဂူတစ်ယောက်နဲ့ ကုနေတယ်။
- cast doubt သံသယပွား
- The newspaper report casts doubt on the truth of the hotel fire. ဟိုတယ်မှာမီးလောင်တဲ့ ကိစ္စက သတင်းစာထဲမှာပါတဲ့ သတင်းကြောင့် သံသယပွားစရာဖြစ်လာတယ်။
- You won't catch me working (= I would never work) on a Sunday! ကျွန်တော်ဟာတနင်္ဂနွေနေ့မှာ လုံးဝအလုပ်မလုပ်ဘူး။
- Children like to be the centre of attention. ကလေးများဟာ သူတို့ကို ဂရုစိုက်စေချင်ကြတယ်။
- Much to his chagrin, he came last in the race. အပြေးပြိုင်ပွဲတွင် နောက်ဆုံးမှပန်းဝင်သဖြင့် သူစိတ်ပျက်သွားသည်။
- by chance/by sheer chance မထင်မှတ်ဘဲ
- I met her quite by chance/by sheer chance (=accidentally). ကျွန်တော်သူ့ကို မထင်မှတ်ဘဲ တွေ့ခဲ့တယ်။
- take chances ပေါ့ဆ/အရဲစွန့်
- You should never take chances when you drive a car. ကားမောင်းရင် ဘယ်တော့မှ မပေါ့ဆ/အရဲမစွန့်နဲ့။
- free of charge အခမဲ့
- All goods are delivered free of charge. ပစ္စည်းများကို အခမဲ့ အရောက်ပို့ပေးပါတယ်။
- bring a charge စွဲချက်တင်
- The police brought a charge of theft against ရဲကသူ့ကို ခိုးမှုနဲ့ စွဲချက်တင်လိုက်တယ်။
- face a charge of ရုံးတင်သည်။
- That man will face a charge of (= be tried for) armed robbery. ထိုလူကို ဓားပြမှုဖြင့် ရုံးတင်မည်။
- in charge of တာဝန်ယူ/ခံသည်။
- He was left in charge of the store while the manager was away. မန်နေဂျာမရှိခိုက် စတိုးဆိုင်ကို သူ့အားလွှဲသွားသည်။
- The department was badly organized until she took charge (of it). သူ အုပ်ချုပ်မီက ဌာနမှာ အတော်စည်းစနစ်လျော့ရဲသည်။
- These patients are under the charge of Dr Ko Ko. ၎င်းတို့မှာ ဒေါက်တာကိုကို ကုနေသော လူနာများဖြစ်သည်။
- lead a charmed life အပူအပင်အကြောင့်အကျ မရှိသည့်ဘဝကို လျှောက်လှမ်းသည်။
- He has led a charmed life. သူသည် အပူအပင်အကြောင့်အကြ မရှိသည့်ဘဝကို လျှောက်လှမ်းခဲ့သည်။
- run a check on ထောက်လှမ်းစုံစမ်းသည်။
- The police ran a check on all the victim's friends. ရဲက ထိခိုက်နစ်နာသူ၏ အပေါင်းအသင်းအားလုံးကို စစ်ဆေးမေးမြန်းသည်။
- He had no choice but to leave the job. သူ့မှာအလုပ်ထွက်ဖို့ကလွဲလို့ တခြားနည်းလမ်းမရှိတော့ပါ။
- I think you're making a mistake, but it's your choice! ကျွန်တော့်အထင်တော့ ခင်ဗျားမှားနေပြီ။ ဒါပေမဲ့ ခင်ဗျားသဘောပါ။
- She's the obvious choice for the job. အလုပ်အတွက် သူ့ကို ရွေးမှာ သေချာတယ်။
- (given) the chop (sl) ဖြုတ်၊ ထုတ်၊ သတ်၊ ရပ်ပစ်ခြင်း။
- He got/was given the chop after ten years with the company. ကုမ္ပဏီတွင် ဆယ်နှစ်ကြာအလုပ်လုပ်ခဲ့ပြီးနောက် သူ့ကို အလုပ်မှထုတ်ပစ်လိုက်သည်။
- It looks as though he's for the chop. going to lose a job (Brit) သူတော့ အလုပ်က အထုတ်ခံရတော့မယ့်ပုံပဲ။
- Bo Bo sang the verses and everyone joined in the chorus. ဘိုဘို သီချင်းပိုဒ်ကို ဆိုရာ အားလုံးသံပြိုင်လိုက်ပြီး ဆိုကြသည်။
- in circulation ပျံနှံ့လည်ပတ်မှု
- Opportunists spread rumours that forged notes are in circulation. အခွင့်အရေးသမားများက ငွေစက္ကူအတုများ ပေါ်နေပြီဟု ကောလာဟလလွှင့်ကြသည်။
- regular as clockwork မှန်နေတာပဲ
- He's in the tea shop by seven o'clock every day, regular as clockwork. မနက်ခုနစ်နာရီဆိုရင် သူဟာလက်ဖက်ရည်ဆိုင်ရောက်ပြီ၊ မှန်နေတာပဲ။
- round the clock ၂၄ နာရီပတ်လုံး
- The tea shop near the railway station is open round the clock. ဘူတာရုံနားက လက်ဖက်ရည်ဆိုင်က ၂၄ နာရီပတ်လုံး ဆိုင်ဖွင့်တယ်။
- into the clutches of အာဏာစက်၊ လက်ခုပ်တွင်း
- Many large organizations fell into the clutches of Mafia. အဖွဲ့အစည်းကြီး အများအပြားသည် မာဖီးယား၏ သြဇာ အောက်ရောက်သွားသည်။
- Ko Ko always stays cool, calm and collected in a crisis.အကျပ်အတည်းနဲ့ ကြုံလာရင် ကိုကိုဟာ အေးဆေးတည် ငြိမ်ပြီး မိမိကိုယ်ကို ထိန်းနိုင်တယ်။
- in collision with တိုက်မိခြင်း။ ဆောင့်မိခြင်း။ 2.(အတွေးအခေါ်၊ အမြင်၊ စိတ်ကူး စသည်) ကွဲလွဲ မှု၊ ပဋိပက္ခ။
- The liner was in collision with the oil tanker. ပင်လယ်ကူးသင်္ဘောကြီးသည် ရေနံတင်သင်္ဘောကြီးနှင့် တိုက်မိသည်။
- Her political activities brought her into collision with the law (2)
- on a collision course ထိပ်တိုက်တွေ့သည်။
- It seems that the two men are on a collision course. သူတို့နှစ်ဦးသည် ထိပ်တိုက်တွေ့မည့်ပုံပေါ်နေသည်။
- locked in mortal combat သူသေကိုယ်သေ တိုက်ခိုက်သည်။
- The two men were locked in mortal combat (= fighting until one of the opponents dies). သူတို့နှစ်ဦးသည် သူသေကိုယ်သေ တိုက်ခိုက်ကြသည်။
- in combination with ပေါင်းစပ်ကာ
- The firm is working on a new product in combination with several overseas partners. ထိုကုမ္ပဏီသည် ပြည်ပကုမ္ပဏီများနှင့် ပေါင်းစပ်ကာ ပစ္စည်း သစ် တစ်ခုထုတ်လုပ်ရန် လုံးပန်းနေကြသည်။
- Be careful, the worst is yet to come, သတိထား၊ အဆိုးဆုံးအခြေအနေကို ကြုံတွေ့နိုင်သေးတယ်။
- come whay may ဘာကြီးပဲလာလာ။ ဘာကြီးပဲ ဖြစ်ဖြစ်။ ဘယ်လို အခြေအနေမျိုးရောက်ရောက်
- Come what may, I'll never leave you. ဘယ်လိုအခြေအနေမျိုးရောက်ရောက် ခင်ဗျားကိုစွန့် ခွာ မသွားပါဘူး။
- come into fashion ခေတ်စားလာ
- Short skirts are coming into fashion again. ထဘီတိုတို ဝတ်ဆင်တာ ခေတ်စားလာပြန်ပြီ။
- when it comes to v-ing …ဖို့ ကျတော့
- I can use a computer, but when it comes to repairing them, I know nothing. ကျွန်တော်ကွန်ပျူတာ သုံးတတ်ပါတယ်။ အဲ-ပြင်ဖိုတော့ဘာမျှမသိပါ။
- Our team has already built up a commanding lead. ကျွန်တော်တို့အသင်းသည် ထိပ်တန်းနေရာကို ရောက်လာပါပြီ။
- The new commanding officer has taken command of the local regiment. တပ်မှူးအသစ်သည် ဒေသခံတပ်ရင်းကို ကွပ်ကဲလိုက်ပြီ။
- be in command/charge တာဝန်ခံသည်။
- Who is in command (= in charge) here? ဒီမှာဘယ်သူတာဝန်ခံလဲ။
- He is working for us on commission. သူဟာ ကော်မရှင်ခယူပြီး ကျွန်တော်တို့နဲ အလုပ် လုပ်နေတယ်။
- The Government is taking measures for the common good (= for the benefit of everyone). အစိုးရသည် အများကာင်းစားရေးအတွက် ဆောင်ရွက်လျက်ရှိသည်။
- lead into bad company လူပေါင်းမှားသည်။
- Parents worry that their children are being led into bad company. မိဘများသည် မိမိတို့၏ သားသမီးများ လူပေါင်းမှားမည်ကို စိုးရိမ်ကြသည်။
- I hate going out alone. I take my son for company (= as a companion). ကျွန်တော်တစ်ယောက်တည်း အပြင်မထွက်တတ်တာနဲ သားကို အဖော်ခေါ်သွားတယ်။
- It's bad manners to whisper in company (= in the presence of others). လူရှေ့တွင် လေသံဖြင့်တီးတိုးပြောဆိုခြင်းသည် ရိုင်းရာ ကျသည်။
- The team seems to have lost their competitive edge (= an advantage) in recent months.. မကြာမီလများကစ၍ ကျွန်တော်တို့အသင်း နိုင်ခြေလျော့ နည်းလာသလို ဖြစ်နေသည်။
- The house comes complete with a swimming pool and sauna. ထိုအိမ်သည် ရေကူးကန်၊ ရေနွေးချိုးခန်းတို့ဖြင့် လိုလေသေး မရှိပြည့်စုံသည်။
- The new house is nearing completion. အိမ်သစ် ပြီးလုနီးနီးဖြစ်နေပြီ။
- We paid them on completion of the work. အလုပ်ပြီးသည့်အခါ သူတို့ကို ငွေရှင်းပေးသည်။
- For an ordinary man, it is hard to understand the complexities of the tax laws. သာမန်လူတစ်ဦးအဖို့ ရှုပ်ထွေးသည့် အခွန်ဥပဒေများကို နားလည်ရန်မလွယ်ပါ။
- in compliance with လေးစားလိုက်နာခြင်း {U, fml}
- In compliance with her wishes, she was buried next to her husband. သူ့ ဆန္ဒအရ သူ ရုပ်ကလာပ်ကို ခင်ပွန်းနဲ့ကပ်လျက်မြေမြှုပ်သင်္ဂြိုဟ်သည်။
- We've got two complimentary tickets for the soccer match this evening. ယနေ့ညနေဘောလုံးပွဲအတွက် မေတ္တာလက်မှတ်နှစ်စောင် ရထားသည်။
- beyond one’s comprehension နားမလည်နိုင်
- How she managed to pass the exam after doing too little work is beyond my comprehension. စာလည်းသိပ်မကျက်ဘဲ သူစာမေးပွဲအောင်တာ ကျွန်တော် နားမလည်နိုင်ပါ။
- "Don't bother to return the compliment (= do the same for me)." ..ဘာမှပြန်လုပ်ပေးစရာ မလိုပါဘူး။
- The flowers are with the compliments of (=are a gift from) the management. စီမံရေးရာဌာနက ဒီပန်းတွေကို လက်ဆောင်ပေးတာပါ။
- arrive at/reach a compromise အပေးအယူလုပ်သည်။
- Can the two sides ever arrive at/reach a compromise on this issue? ဒီကိစ္စမှာ နှစ်ဖက်အပေးအယူလုပ်နိုင်ပါ့မလား။
- concede defeat ရေးနိမ့်၊ အဆုံးကို ဝန်ခံသည်။
- He kept on arguing, unwilling to concede defeat သူအရေးနိမ့်ကြောင်း ဝန်မခံလိုသဖြင့် စောဒကတက်နေသည်။
- come to the conclusion (နိဂုံး)ချုပ်သည်။ to decide (something) after consideration.
- I came to the conclusion that he'd been lying. သူလိမ်လည်ပြောဆိုနေသည်ဟု ကျွန်တော် ကောက်ချက် ချမိသည်။ နာတာ
- concern/a cause for concern စိုးရိမ်နေ
- The depletion of the ozone layer is causing widespread concern/a cause for concern among scientists. အိုဇုန်းလွှာပါးလာမှုကြောင့် သိပ္ပံပညာရှင်များ စိုးရိမ်နေကြသည်။
- out of conditon ကျန်းမာရေးမကောင်း
- I've had no exercise for ages; I'm really out of condition (= not fit). လေ့ကျင့်ခန်းမလုပ်သည်မှာ ရှည်ကြာပြီဖြစ်၍ ကျွန်တော် သည် ကျန်းမာရေး မကောင်းတော့ပါ။
- on condition (that) …မယ်ဆိုရင်
- You can go out on condition (that) (= only if) you wear an overcoat. အနွေးထည်ထပ်ဝတ်သွားမယ်ဆိုရင် အပြင်ထွက်နိုင်တယ်(ခွင့်ပြုတယ်)။
- in conference အစည်းအဝေးလုပ်နေ
- The director is in conference (=at a meeting) and cannot be disturbed. ဒါရိုက်တာအစည်းအဝေးလုပ်နေတယ်၊ အနှောင့်အယှက်ပေးလို့ မဖြစ်ဘူး။
- lack confidence ကိုယ့်ကိုကိုယ် ယုံကြည်မှု နည်း
- He is a good student but he lacks confidence in himself. သူဟာတော်တဲ့ ကျောင်းသားလေးပါ။ ဒါပေမဲ့ သူ့ကိုယ်သူ ယုံကြည်မှု နည်းနေတယ်။
- lack of confidence ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်း
- A lack of confidence seems to be his main problem. မိမိကိုယ်ကို ယုံကြည်မှုနည်းခြင်းဟာ သူ့အတွက် အဓိက ပြဿနာပဲ။
- in/into conflict with ကွဲလွဲ၊ ဝိရောဓိ၊ ပဋိပက္ခ
- Your statement is in conflict with the rest of the evidence. ခင်ဗျားရဲ့ ထွက်ဆိုချက်က ကျန်တဲ့သက်သေအထောက် အထားတွေနဲ့ မကိုက်ညီပါ။
- under consideration စဉ်းစားနေ
- The proposals are still under consideration (= being considered). အဆိုပြုချက်များကို စဉ်းစားနေဆဲဖြစ်သည်။
- under construction တည်ဆောက်နေ
- The new road is still under construction (= being built).လမ်းသစ်ကို ဖောက်လုပ်နေဆဲဖြစ်သည်။
- in contact with ဆက်သွယ်လျက်
- We stay in contact with each other by phone. ကျွန်တော်တို့ တစ်ဦးနှင့်တစ်ဦး ဖုန်းနဲ့ အဆက်အသွယ်ရှိကြတယ်။
- lose contact (with) အဆက်အသွယ်ပြတ်
- I've lost contact with most of my school friends. ကျောင်းနေဘက် သူငယ်ချင်းများနဲ့ ကျွန်တော်အဆက် အသွယ်ပြတ်နေတယ်။
- come into contact (with) ထိမိ
- The baby screamed as its body came into contact with the cold water. ကလေးဟာ သူ့ကိုယ်ကိုရေအေးနဲ့ ထိမိတာနဲ့အော်တယ်။
- beneath contempt အထင်သေးစရာ
- That sort of behaviour is simply beneath contempt. နှာအမူအရာမျိုးဟာ အထင်သေးစရာပဲ။
- in contempt of the order အမိန့်ကို မနာခံ
- He was found in contempt of the order. သူဟာအမိန့်ကို မနာခံဘူး။
- contempt of မထီမဲ့မြင်ပြုခြင်း
- The man was jailed for contempt of court. ရုံးတော်ကို မထီမဲ့မြင်ပြုမှုဖြင့် ထိုသူကိုထောင်ချလိုက်သည်။
- in contention for ယှဉ်ပြိုင်သည်။
- After a series of defeats, the team is no longer in contention for the title/to win the title (= competing for it). အသင်းသည် ဆက်တိုက်အရေးနိမ့်ပြီးနောက် အနိုင်ရရေး အတွက် မမြင်တော့ပါ။ (ဆက်မပြိုင်တော့ပါ။)
- in (direct) contradiction ဆန့်ကျင်နေ
- Your behaviour is in (direct) contradiction to the principles you claim to have. ခင်ဗျားရဲ့ အမူအရာက ခင်ဗျားမှာရှိပါတယ်လို့ ဆိုတဲ့ မူတွေနဲ့ ဆန့်ကျင်နေတယ်။
- on the contrary (အမှန်တော့ အဲဒါနဲ့) တခြားစီ၊ ပြောင်းပြန်
- It wasn't a good thing; on the contrary it was a huge mistake. ထိုကိစ္စသည် မကောင်းပါ၊ စင်စစ်အားဖြင့် အမှားကြီး တစ်ခုသာ ဖြစ်ပါသည်။
- to the contrary ဆန့်ကျင်လျက်
- Unless there is evidence to the contrary, we ought to believe them. သူ ပြောတာနဲ့မညီတဲ့ သက်သေသာဓကမရှိလျှင် သူ့စကား ကို ကျွန်တော်တို့ ယုံသင့်တယ်။
- I will come on Monday unless you write to the contrary (= telling me not to come). မလာနဲ့လို့ စာရေးအကြောင်းမကြားရင် ကျွန်တော် တနင်္လာနေ့ လာခဲ့ပါမယ်။
- Contrary to popular belief the desert can be a beautiful place. အများလက်ခံယုံကြည်တဲ့ အတိုင်းမဟုတ်ဘဲ သဲကန္တာရဟာ သာယာလှပတဲ့နေရာ ဖြစ်နိုင်ပါတယ်။
- by/in contrast (idm) (တစ်ခုနှင့်တစ်ခု သိသိသာသာ ခြားနားကြောင်း အထူးပြုဖော်ပြသောစကား)၊ မတူတာ ကတော့။
- Their old house had been large and spacious; by contrast the new flat seemed cramped and dark. သူတို့ရဲ့အရင်အိမ်က ကြီးပြီးကျယ်တယ်။ တိုက်ခန်းသစ်က ကျဉ်းကျပ်ပြီးမှောင်တယ်။ ဆန့်ကျင်ဘက်ပဲ။
- contrast with ဆန့်ကျင်တယ်၊ ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်သည်။
- His actions contrasted sharply with his promises. သူ့ရဲ့အလုပ်ဟာ ကတိစကားတွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တယ်။
- in contrast (idm) ဆန့်ကျင်ဘက်ဖြစ်နေ
- Mu Mu was short and plump, in contrast to her mother who was tall and willowy. မိခင်က အရပ်ရှည်သေးသွယ်ပြီး မူမူကျတော့ အမေနဲ့မတူ ပုပုဝဝ ဆန့်ကျင်ဘက်ဖြစ်နေတယ်။
- (bring/get sth/be) under control (idm) ထိန်းချုပ်နိုင်သည်။
- It took several hours to bring the fire under control. မီးညွန့်ကျိုးရန် နာရီအတော်ကြာအောင် ငြိမ်းသတ်ရသည်။
- take control of/over {U}ထိန်းသည်၊ ထိန်းချုပ်သည်၊ 2. {U}(စိတ်ကို) ချုပ်တည်း၊ ချုပ်ထိန်း၊ ဣန္ဒြေဆည် 3. {U}ကြီးကြပ်ထိန်းသိမ်းမှု၊ ထိန်းချုပ်မှု
- Students are encouraged to take control of their own learning rather than just depending on the teacher. ဆရာကိုချည်း အားမကိုးဘဲ မိမိတို့ဘာသာ လေ့လာရန် ကျောင်းသားများကို အားပေးထားသည်။
- lose control of မထိန်းချုပ်နိုင်
- The pilot lost control of the plane လေယာဉ်မှူးသည် လေယာဉ်ကို မထိန်းချုပ်နိုင်တော့ပါ
- under the control of ထိန်းသိမ်းသည်၊ ထိန်းချုပ်သည်။
- The trust fund is under the control of the Board of Trustees. ရန်ပုံငွေကို ဂေါပကအဖွဲ့က ထိန်းသိမ်းထားသည်။
- under copyright မူပိုင်ခွင့် လုပ်ထားသည်။
- The poem is still under copyright, so you have to pay to quote it. ကဗျာကို မူပိုင်ခွင့်လုပ်ထားသဖြင့် ကိုးကားလိုပါက ငွေပေး ရမည်။
- from the four corners of the world ကမ္ဘာအနှံ့မှ
- People came from the four corners of the world to see the Olympic Games. အိုလံပစ် အားကစားပွဲများကို ကမ္ဘာအနှံ့မှ လူများလာရောက် ကြည့်ရှုကြသည်။
- get out of a tight corner အကျပ်အတည်းက လွတ်သည်။
- She'll need luck to get out of a tight corner like that. သူ ကံကောင်းမှ ဒီလိုအကျပ်အတည်းမျိုးက လွတ်မယ်။
- Corporal punishment was abolished in that country about ten years ago. ထိုနိုင်ငံတွင် ကိုယ်ထိလက်ရောက် ရိုက်နှက်ပြစ်ဒဏ်ပေးခြင်းကို လွန်ခဲ့သည့် ဆယ်နှစ်ခန့်က ဖျက်သိမ်းလိုက်သည်။
- The entrepreneurs disccussed the increasing importance of corporate hospitality (= the entertaining of clients by companies to help develop good business relationships). ဖောက်သည်များနှင့် ဆက်ဆံရေး ပြေပြစ်ရန် အရေးကြီးလာ ပုံကို လုပ်ငန်းရှင်များ ဆွေးနွေးကြသည်။
- Correct me if I'm wrong, but isn't this last year's brochure?' Yes, you're right — I stand corrected (= I accept that I made a mistake). ကျွန်တော်မှားချင်မှားမယ်၊ ဒါနဲ့ ဒီကြော်ငြာက မနှစ်ကဟာ များလား၊ ခင်ဗျားပြောတာမှန်ပါတယ်။ ကျွန်တော်မှားသွားတာပါ။
- We made a small charge for parking to cover the cost of hiring the hall. ခန်းမ ငှားရမ်းခကို ကာမိအောင် ကားရပ်ခနည်းနည်း တောင်းတာပါ။
- He saved her from drowning but at the cost of his own ( he died). သူဟာ သူ့ရဲ့ အသက်စွန် (အသေခံ)ပြီး အမျိုးသမီးရေမနစ် အောင် ကယ်လိုက်တယ်။
- cost-effective တွက်ခြေကိုက်သော
- It isn't cost-effective to build cars in such small quantities. ကားများကို အရေအတွက်နည်းနည်း ထုတ်လုပ်ခြင်းသည် စီးပွားရေးတွက်ခြေမကိုက်ပါ။
- couch in (fml) သုံးနှုန်းပြောဆိုသည်။
- His letter was couched in conciliatory terms. သူရဲ့စာမှာ စေ့စပ်ဖျန်ဖြေသည့် စကားများသုံးထားသည်။
- Senior managers had/held a council of war. အကြီးတန်းမန်နေဂျာများသည် ကိစ္စတစ်ရပ်ကို အရေးတကြီး ဆွေးနွေးကြသည်။
- The company had a total of 650 shareholders, at the last count.နောက်ဆုံးရသည့် အချက်အလက်အရ ကုမ္ပဏီတွင် အစုဝင် ၆၅ဝ ရှိသည်။
- on one’s retirement အငြိမ်းစားယူချိန်တွင်
- On his retirement he decided to live in the country. အလုပ်မှအနားယူချိန်တွင် သူသည်ကျေးလက်ဒေသတွင် နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။
- I want to ask for more money but I haven't yet plucked up/summoned (up) enough courage to do it. ပိုက်ဆံတိုးပြီးတောင်းချင်ပေမဲ့ မတောင်းရဲသေးဘူး။
- U The plane was on/off course {= going in the intended direction). လေယာဉ်ပျံသည် သတ်မှတ်ထားသည့် ခရီးလမ်းကြောင်း အတိုင်း ပျံသန်းသည်/မှသွေဖည်ကာ ပျံသန်းသည်။
change course လမ်းကြောင်းပြောင်း
- His argument suddenly changed course and he began to attack the manager. သူ၏စောဒကတက်မှုမှာ ရုတ်တရက် လမ်းကြောင်း ပြောင်းကာ မန်နေဂျာကို ပုတ်ခတ်တိုက်ခိုက်တော့သည်။
- in the course of (ဖြစ်) စဉ် (during)
- In the course of (= during) my long life I've seen many changes. ကျွန်ုပ်၏ရှည်လျားသည့် တစ်သက်တာအတွင်း အပြောင်းအလဲများစွာတွေ့မြင်ရသည်။
- appear in court (တရားရုံးတော်ရှေ့မှောက်) လာရောက်သက်သေခံသည်၊ လာရောက် အစစ်ဆေးခံသည်။
- She had to appear in court to give evidence. သက်သေထွက်ဆိုရန်သူ ရုံးတော်သို့ သွားခဲ့ရသည်။
- This case will never get/go to the court. ဤအမှုသည် ရုံးရောက်မည့် အမှုမဟုတ်ပါ။
- The case was settled out of court (= was settled without the need for it to be heard in court). အမှုမှာ ရုံးမရောက်ဘဲ ပြေငြိမ်းသွားသည်။
- from cover to cover စာအုပ် အစမှ အဆုံးထိ
- He read the bestseller from cover to cover. သူသည် အရောင်းရဆုံး စာအုပ်ကို အစမှအဆုံးထိဖတ်သည်။
- run for cover အမိုးအောက်သို့ ပြေးသည်။
- As soon as the rain started we ran for cover. မိုးရွာလာသည်နှင့် တစ်ပြိုင်နက် ကျွန်တော်တို့သည် အမိုး အောက်သို့ ပြေးကြသည်။
- take cover ခိုသည်၊ အကာအကွယ်ယူသည်။
- There was nowhere for the victims to take cover (= go for protection) from the storm. လေဘေးဒုက္ခသည်များမှာ မုန်တိုင်းဒဏ်မှလွတ်မည့်ခိုစရာ နေရာမရှိကြပါ။
- under cover အမိုးအကာအောက်တွင်
- The bicycles are kept under cover (= in a shel- ter or shed). စက်ဘီးများကို အမိုးအကာအောက်တွင် သိမ်းဆည်းထားသည်။
- at a cracking pace(idm) မြန်မြန်ထက်ထက်လုပ်သည်။ get cracking/weaving
- We set off at a cracking pace (= very quickly). ကျွန်ုပ်တို့ အလျင်အမြန်ထွက်လာခဲ့ကြသည်။
- The noise is driving me crazy (= annoying me very much). ဆူညံသံက ကျွန်ုပ်အာ လွန်စွာအနှောင့်အယှက်ပေးသည်။
- It's 12.00, so he'll be at lunch now - he is a creature of habit (= a person whose daily file follows a fixed routine). ခု ၁၂ နာရီဆိုတော့ သူ့လယ်စာ စားနေပြီပေါ့။ သူက အချိန်ဇယားနဲ့ လုပ်တတ်တယ်။
- little credence မှန်ကန်ကြောင်း ယုံကြည်လက်ခံမှု မရှိသလောက်
- I give/attach little credence to such rumours. ဒီလိုကောလာဟလများကို ကျွန်တော်အယုံအကြည်မရှိလှပါ။
- give/lend credence to ယုံကြည်ထောက်ခံ
- The evidence gives/lends credence to his arguments, သက်သေအထောက်အထားတွေက သူ့ရဲ့စောဒက တက်ချက်ကို ယုံကြည်ဖို့ထောက်ခံနေတယ်။
- lose credibility အများယုံကြည်လက်ခံနိုင်မှု မရှိတော့
- After the recent scandal the company has lost all credibility. မကြာမီကကြုံရသည့် အသရေပျက်မှုကြောင့် ကုမ္ပဏီကို အများကအယုံအကြည် မရှိတော့ပါ။
- I bought it on credit (= did not have to pay for it until some time after I got it).
ဒီပစ္စည်းကို အကြွေးနဲ့ဝယ်တာပါ။
- The bank's actions attracted strong/widespread criticism ဘဏ်၏ လုပ်ဆောင်ချက်ကို ပြင်းပြင်းထန်ထန်/လူအများက ပြစ်တင်ဝေဖန်ကြသည်။
- in the crook of one’s arm လက်ဖြင့်ပွေ့ကာ (တံတောင်ဆစ်ကွေး၊ ဒူးကွေး)
- He is carrying a rifle in the crook of his arm (= at the inside of his elbow with the arm bent). သူသည် ရိုင်ဖယ်သေနတ်ကို လက်ဖြင့်ပွေ့ကာ သယ်လာသည်။
- in crossfire (military) ညှပ်ပူးညှပ်ပိတ် ပစ်ခတ်ခြင်း
- Doctors who went to help the wounded were caught in the crossfire. ဒဏ်ရာရသူများအား ကယ်ဆယ်ရန့် သွားရောက်သည့် ဆရာဝန်များသည် နှစ်ဖက်ပစ်ခတ်နေသည့် တိုက်ပွဲနေရာသို့ ရောက်ရှိသွားသည်။
- He prefers to be one of the crowd သူသည် မထင်မပေါ် သာမန်လူတစ်ဦးအဖြစ် နေရသည် ကို နှစ်သက်သည်။
- The crunch came when he returned from abroad. သူနိုင်ငံခြားက ပြန်ရောက်လာတာနဲ့ အကျပ်အတည်း ကြုံတော့တာပဲ။
- the crunch {sing} စိတ်မကြည်သာစရာ၊ ဘဝင်မကျစရာ
- He always says he will help, but when it comes to the crunch (= when it is time for action or decision) he does nothing. ကူညီပါ့မယ်လို့တော့ သူအမြဲပြောတာပဲ။ ဒါပေမဲ့ အကျပ်အတည်းကြုံလာရင် ဘာမှလုပ်ဖော်မရပါ။
- crush to death ဖိ၊ ညှစ်၊ နင်း၊ ခြေ ခံပြီး သေသည်။
- Several people were crushed to death by falling rocks. ပြိုကျလာသည့် ကျောက်တုံးများပိကာ လူအတော်များများ သေကုန်ကြသည်။
- There is a crying need for more funds. နောက်ထပ်ရန်ပုံငွေ အလွန်အရေးတကြီးလိုနေပြီ။
- take one’s cue အရိပ်နိမိတ်
- Investors are taking their cue from the big banks and selling dollars. ဘဏ်ကြီးများ၏ အရိပ်အခြည်ကိုကြည့်ပြီး ရင်းနှီးမြုပ်နှံ သူများသည် ဒေါ်လာများကို ထုတ်ရောင်းကြသည်။
- Depression is often caused by cumulative effects of stress and overwork စိတ်ဓာတ်ကျဆင်းမှုသည် ဖိစီးမှု၊ အလုပ်ပင်ပန်းမှုဒဏ်ကြောင့် ဖြစ်လေ့ရှိသည်။
- gain currency အများလက်ခံမှု၊ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲမှု
- The rumour soon gained currency (= became widespread). ကောလာဟလသည် ပြန့်သွားတော့သည်။
- Newspaper stories gave currency to the scandal (ie spread it). သတင်းစာကြောင့် အသရေပျက်မှ သတင်းပြန့်သွားသည်။
- You need to read newspapers to be informed of current affairs. မျက်မှောက်ရေးရာကိုသိထားရန် သတင်းစာကို ဖတ်ပေးရပါမည်။
- put a curse on sb {sing} ကျိန်စာတိုက်၊ ကျိန်ဆဲစကား ဆိုသည်။
- The witch put a curse on him. စုန်းမကြီးက သူ့ကို ကျိန်စာတိုက်လိုက်သည်။
- draw the curtains ခန်းဆီးကို ဆွဲပိတ်သည်။
- Please draw the curtains (= pull them across the windows). ခန်းဆီးကို ဆွဲပိတ်လိုက်ပါ။
- The court imposed a short custodial sentence on him. ရုံးတော်က သူ့အား ရုံးမင်းတစ်ထိုင် အကျဉ်းချရန် စီရင်သည်။
- in danger စိုးရိမ်ရသည်။
- The doctor said the injured patient's life was in danger (= at risk). ဆရာဝန်က ဒဏ်ရာရသော လူနာမှာ စိုးရိမ်ရသည်ဟု ပြောသည်။
- out of danger မစိုးရိမ်ရတော့
- He was seriously ill, but is now out of danger (= not likely to die). သူသည်အသည်းအသန် နေမကောင်းဖြစ်သွားသော်လည်း ယခုအသက်အန္တရာယ် မစိုးရိမ်ရတော့ပါ။
- One of the patients is on the danger list လူနာတစ်ဦးမှာ စိုးရိမ်ရသည်။
- Her working day is seven hours. သူတစ်နေ့ ခုနစ်နာရီ အလုပ်လုပ်ရသည်။
- one’s dearest wish/hope ပြင်းပြတဲ့ဆန္ဒ/မျှော်လင့်ချက်
- It is my dearest wish/hope to see you again. ခင်ဗျားနဲ့ပြန်ဆုံဖို့ပြင်းပြတဲ့ဆန္ဒရှိ/မျှော်လင့်ပါတယ်။
- in decline ကျဆင်းနေ
- Manufacturing output is in decline. ကုန်ထုတ်လုပ်မှု ကျဆင်းနေသည်။
- fall/go into a decline ကျဆင်းသည်။
- The industry fell/went into a decline. လုပ်ငန်းကျဆင်းနေသည်။
- on the decline ကျဆင်းနေ
- The number of traffic accidents in the city is on the decline. မြို့တော်အတွင်း ယာဉ်တိုက်မှုကျဆင်းနေသည်။
- in defiance of အာခံသည်၊ ဖီဆန်သည်၊ ပြောင်ပြောင်တင်းတင်း မနာခံသည်။
- The company had been dumping their waste into the sea, in defiance of government regulations အစိုးရက ချမှတ်ထားသည့် စည်းမျဉ်းများကို ဆန့်ကျင်ကာ ထိုကုမ္ပဏီသည် စွန့်ပစ်ပစ္စည်းများကို ပင်လယ်ထဲသို့သွန်ချနေခဲ့ သည်။
- Fiction writing is, almost by definition, a lonely profession. ရသစာပေရေးသားခြင်းသည် အထီးကျန်ဆန်သည့် အသက်မွေး ဝမ်းကျောင်းတစ်ရပ်အဖြစ် ဖွင့်ဆိုရမည်ကဲ့သို့ ဖြစ်နေသည်။
- defray any expenses ကုန်ကျစရိတ်ကို ထုတ်ပေး၊ ကျခံသည်။ defray (fml) လိုသောငွေကို ထုတ်ပေးသည်၊ ကျခံသည်။
- The company will defray any expenses you have on the journey. ခရီးစဉ်တွင် ကုန်ကျသမျှကို ကုမ္ပဏီကကျခံပါမည်။
- agree with သဘောချင်းတိုက်ဆိုင်သည်။
- I agree with you to a certain degree. တစ်စုံတစ်ခုသောအဆင့်အထိ ခင်ဗျားနဲ့ကျွန်တော် သဘော ချင်း တိုက်ဆိုင်ပါတယ်။
- without delay မဆိုင်းမတွ
- We must inform them without delay. ကျွန်တော်တို့က သူတို့ကိုမဆိုင်းမတွ အသိပေးရမည်။
- delight in နှစ်သက်သည်။
- He takes (great) delight in (= enjoys) proving others wrong. သူများအမှားထောက်ပြရတာကို သူနှစ်သက်တယ်။
- When can you take delivery of (= be available to receive) the car? ကားကိုခင်ဗျားဘယ်တော့လောက် လက်ခံမလဲ။
- Please pay on delivery (= when the goods are delivered). ပစ္စည်းရချိန်မှာ ငွေရှင်းပါ။
- Her extraordinary lifestyle is inspired by delusions of grandeur (= a false belief in her own importance). သူဟာဘဝင်မြင့်ပြီး နေပုံထိုင်ပုံကလည်း ထူးခြားနေတာပါ။
- The new aircraft makes tremendous demands of/on pilots (= requires them to use a lot of skill, strength, etc). ထိုလေယာဉ်သစ်ကို မောင်းတတ်ရန် လေယာဉ်မှူးများမှာ ကျွမ်းကျင်မှုများစွာလိုအပ်သည်။
- The job makes great demands on/of my time. အလုပ်ကအချိန် အတော်ကြီးပေးရတယ်။
- upsurge in တစ်ရှိန်ထိုး၊ တစ်ဟုန်ထိုး (တက်ခြင်း)
- There was a sudden upsurge in consumer demand for purified water.သောက်ရေသန့် သုံးသူအရေအတွက် ရုတ်တရက် တက်လာတယ်။
- in demand လိုလားသည်။
- Good services are always in demand (= much wanted). ဝန်ဆောင်မှုကောင်းခြင်းကို အမြဲလိုလားကြသည်။
- dent in တိုက်မိခိုက်မိ၍ ဖြစ်ပေါ်သော အချိုင့်၊ အခွက်၊ အပွန်းအပဲ့
- The lawyer's fees make a nasty dent in (= have a serious effect on) their finances.. ရှေ့နေငှားခက သူတို့ငွေကြေး အခြေအနေကို လွန်စွာထိ ခိုက်စေသည်။
- a serious blow အထိနာသည့် ထိုးနှက်ချက်
- There is no denying (the fact) that (= everyone must admit that) this is a serious blow. ဤသည်မှာ အထိနာသည့် ထိုးနှက်ချက်တစ်ရပ်ဖြစ် ကြောင်း လက်ခံရမည်ဖြစ်သည်။
- keep sth on deposit ငွေအပ်ထားသည်။
- The money is being kept on deposit (= in deposit account). ငွေကိုဘဏ်တွင်အပ်ထားသည်။
- I didn't know she wrote poetry - she obviously has hidden depths သူကဗျာ ရေးတတ်မှန်းမသိဘူး၊ သူ့မှာတကယ့်ကို လူမသိတဲ့ အရည်အသွေးရှိနေတာကိုး။
- dereliction of (U,C usu sing) (fml) တာဝန်ဝတ္ထရားကို တမင်ပျက်ကွက်ခြင်း
- The officers were found guilty of a serious dereliction of duty. ယင်းအရာရှိများသည် တာဝန်လစ်ဟင်းသည့်အပြစ်ကြီး တစ်ရပ်ရှိကြောင်းတွေ့ ရသည်။
- beyond description များစွာ၊ ဖော်ပြလို့မရအောင်
- The scenery was beautiful beyond description (= extremely beautiful). ရှုခင်းမှာ များစွာမှလှပပါသည်။
- I've been taking the medicine regularly but it doesn't seem to be having the desired effect ကျွန်တော် ဆေးမှန်မှန်သောက်ပါတယ်၊ ဒါပေမဲ့ မှန်းထား (တဲ့အကျိုးဆက်) သလောက်ထူးမလာဘူး။
- A good organizer pays attention to detail စည်းရုံးရေးကောင်းသူသည် အလုပ်ကို အသေးစိတ် ဂရုစိုက်တတ်သည်။
- in detail ပြည့်ပြည့်စုံစုံ
- She described everything in detail (= fully). သူကအားလုံးကို ပြည့်ပြည့်စုံစုံ ဖော်ပြထားတယ်။
- into detail အသေးစိတ်
- I won't go into detail (= explain fully what happened) just now. လောလောဆယ် ဖြစ်ကြောင်းအစုံကို အသေးစိတ် မပြောသေးဘူး။
- The recession has had a detrimental effect on business. စီးပွားရေးကပ်သည် လုပ်ငန်းကို ထိခိုက်နစ်နာစေသည်။
- We hold diametrically opposed/opposite views. ကျွန်တော်တို့ဟာ သဘောထားခြင်းမတူ၊ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေကြတယ်။
- go on diet အစားကို ဆင်ခြင်စားသည်။
- The doctor has told me to go on a diet (eg. to lose weight). (ကိုယ်ရေစစ်ရန်အတွက်) ဆရာဝန်က ကျွန်မကို. အစား ဆင်ခြင်ဖို့ပြောသည်။
- It's easy to tell the difference (= distinguish) between butter and margarine. ထောပတ်နှင့် ဟင်းရွက်ဆီခဲကို အလွယ်တကူ ခွဲခြား နိုင်သည်။
- settle one’s differences ကွဲလွဲတာတွေ ပြေလည်သည်။
- Why don't you settle your differences and be friends again? နှစ်ဦးကွဲလွဲတာတွေ ပြေလည်အောင်ဖြေရှင်းပြီး မိတ်ဆွေအဖြစ် ပြန်လည်ဆက်ဆံကြပါလား။
- get into difficulty အကျပ်တွေ့နေ
- We got into difficulties/difficulty with the rent (= found it hard to pay). အိမ်ခန်းခပေးဖို့ ကျွန်တော်တို့ အကျပ်တွေ့ နေတယ်။
- in dire straits အရမ်းအကျပ်အတည်းထဲ dire (fml) ကြောက်မက်ဖွယ်ဖြစ်သော၊ သေရေးရှင်ရေး တမျှဖြစ်သော
- The company is in dire straits (= in a very difficult situation) and may go bankrupt. ကုမ္ပဏီတော့ အကျပ်တွေ့နေပြီး ဖျက်သိမ်းကောင်း ဖျက်သိမ်းရမယ်။
- in dire need of (infml) အသေအလဲ၊ အလွန့်အလွန် လိုအပ်သည်။
- We are in dire need of your help. ခင်ဗျားရဲ့ အကူအညီကို ကျွန်တော်တို့အရေးတကြီး လိုနေတယ်။
- have no sense of မသိ၊ မမှတ်မိ
- I've no sense of direction - I'm always getting lost. ကျွန်တော်လမ်းတွေကို မမှတ်မိတတ်ဘူး။ အမြဲတမ်း လမ်းမှား/လမ်းပျောက်နေတာပဲ။
- It's not much but it's a step in the right direction ဒါဟာသိပ်တော့ မဟုတ်သေးဘူး၊ ဒါပေမဲ့ မှန်ကန်တဲ့ လုပ်ဆောင်ချက်ပါ။
- at a disadvantage အခွင့်မသာဖြစ်နေ၊ အခွင့်အလမ်းနည်းနေ
- His inability to speak French puts him at a disadvantage. ပြင်သစ်စကားမတတ်လို့ သူ့မှာ အခွင့်အလမ်း နည်းနေတယ်။
- Her height will be very much to her disadvantage if she wants to be a dancer. ကချေသည်လုပ်ချင်တယ်ဆိုရင် သူ့ရဲ့အရပ်ကအလွန်ပဲ အဟန့်အတားကြီးဖြစ်နေလိမ့်မယ်။
- at a discount လျှော့ဈေးဖြင့် ရောင်းသည်။
- The shop was selling off everything at a discount (= at reduced prices). ထိုဆိုင်မှာပစ္စည်းအားလုံးကို လျှော့ဈေးဖြင့် ရောင်းနေသည်။
- I know enough to that company's discredit (= enough bad things about it) not to deal with it. ယင်းကုမ္ပဏီရဲ့ မကောင်းတဲ့အချက်တွေကို သိထားတဲ့အတွက် သူတို့နဲ့ ကျွန်တော် အလုပ်မလုပ်ဘူး။
- in disgrace အရှက်ရ၊ မျက်နှာမလှဖြစ်သည်။
- Her father has found out about the missing money, so she's in disgrace (= regarded with great disapproval). ပျောက်နေသည့်ငွေမှာ ဖခင်သိသွားသဖြင့် မိန်းကလေး ငြိုငြင်ခံရသည်။
- There's no disguising the fact (= it's obvious) that he's a liar. သူမုသားသုံးသည်မှာ ရှင်းနေပါသည်။
- in disguise ရုပ်ဖျက်၊ မမှတ်မိအောင် ဟန်ဆောင်
- I didn't recognise him — he was in disguise. သူကရုပ်ဖျက်ထားသဖြင့် ကျွန်တော်သူ့ကို မမှတ်မိပါ။
- I'll do the dishes (= wash them). ပန်းကန်တွေကို ကျွန်တော်ဆေးပါ့မယ်။
- I took a strange/an instant dislike to him as soon as I met him. သူ့ကို တွေ့လျှင်တွေ့ ချင်း ကျွန်တော် မနှစ်သက်ဘူး။
- A good hotel manager should know his regular guests' likes and dislikes. ဟိုတယ်မန်နေဂျာကောင်း တစ်ယောက်သည် လာနေကျ ဧည့်သည်များ ဘာကိုကြိုက်တတ်သည်၊ မကြိုက်တတ်သည်ကို သိသင့်သည်။
- to one’s dismay/to the dismay of sb စိတ်မကောင်းဖြစ်ရ
- To his utter dismay, she told him that she had lost her job. မိန်းကလေးက အလုပ်ပြုတ်ခဲ့ပြီဖြစ်ကြောင်း သူ့ကိုပြော ပြသဖြင့် သူစိတ်မကောင်းဖြစ်ရသည်။
- He was arrested for being drunk and disorderly. မူးယစ်ရမ်းကားမှုဖြင့် သူအဖမ်းခံရသည်။
- He was mentioned in dispatches for bravery in battle. တိုက်ပွဲတွင် သူ၏ ရဲစွမ်းသတ္တိရှိမှုကြောင့် မှတ်တမ်းတင်ခံရသည်။
- In the time of depression, people have less disposable money (= money that can be spent on themselves after paying tax and making other essential payments). စီးပွားပျက်ကာလတွင် လူအများငွေပိုငွေလျှံနည်းပါးကြသည်။
- Their conclusions are open to dispute. သူတို့နိဂုံးဆွဲယူချက်များသည် စောဒကတက်စရာဖြစ်သည်။
- Her courage is beyond dispute (= certain). အမျိုးသမီး၏ သတ္တိပြောင်မြောက်မှုနှင့် ပတ်သက်၍ ဘာမျှ အငြင်းပွားစရာမလိုပါ။
- The exact cause of the car accident is still in dispute.
ကားတိုက်မှု၏ အကြောင်းရင်းနှင့် ပတ်သက်၍ အငြင်းပွားဆဲဖြစ်သည်။
- by rival ပြိုင်ဆိုင်လျက်၊ ယှဉ်ပြိုင်လျက်
- Their claims were hotly disputed by their rivals. သူတို့၏ တောင်းဆိုချက်များနှင့် ပတ်သက်၍ များနှင့် ပြင်းပြင်းထန်ထန် အငြင်းပွားရသည်။
- There is no disputing the importance of national solidarity/that national solidarity is important. တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၏ အရေးကြီးမှုကို အထူး ပြောစရာမလိုပါ။
- fall into disrepair တာရှည်ပစ်ထားသဖြင့် ယိုယင်းနေ၊ ပြုလုပ်ရန် လိုအပ်နေ
- The building was in/had fallen into disrepair. အဆောက်အအုံကို ပစ်ထားသဖြင့် ယိုယွင်းပျက်စီးနေသည်။
- I hope we'll meet again in the not-too-distant future. များမကြာမီ ကျွန်တော်တို့ ပြန်လည်ဆုံတွေ့ကြဖို့ မျှော်လင့်ပါတယ်။
- It's only a din and distant memory now. ဒီကိစ္စကို အခုတော့ ရေးတေးတေးပဲမှတ်မိတယ်။
- within walking distance လမ်းလျှောက်သွားလို့ ရတဲ့နေရာ
- The railway station is within walking distance of my house. ဘူတာရုံက ကျွန်တော့်အိမ်ကနေ လမ်းလျှောက်သွားလို့ ရတဲ့ နေရာမှာရှိပါတယ်။
- She had the distinction of being the first woman to swim the Channel. သူမဟာရေလက်ကြားကို ဖြတ်ကူးနိုင်တဲ့ ပထမဦးဆုံး အမျိုးသမီးအဖြစ် ထင်ရှားပါတယ်။
- dither over ချီတုံချတုံဖြစ်ခြင်း၊ မဆုံးဖြတ်နိုင်ဖြစ်ခြင်း၊ ဝေခွဲမရဖြစ်ခြင်း
- He's in a terrible dither/all of a dither over whether to accept this new job offer. ကမ်းလှမ်းလာတဲ့ အလုပ်သစ်ကို လက်ခံသင့်မခံသင့် သူဝေခွဲမရဖြစ်နေတယ်။
- Getting the job finished by tomorrow will take a lot of doing. ဒီအလုပ်ကို မနက်ဖြန် အပြီးလုပ်ဖို့အတွက် အတော် အားထုတ်ရလိမ့်မယ်။
- Details of the agreement are brought into the public domain. သဘောတူညီချက်နှင့်ပတ်သက်၍ အသေးစိတ်ကို ပြည်သူ လူထုသို့ အသိပေးသည်။
- When I saw her and her twin sister I thought I was seeing double. သူနဲ့သူ့အမြွှာညီမကို တွေ့တော့ ကျွန်တော့် မျက်စိဝေပြီး နှစ်ကိုယ်ခွဲဖြစ်နေသလား ထင်မိတယ်။(အရမ်းတူလို့ ခွဲမရဘူး။)
- I had to bend double to get under the table. စားပွဲအောက်ဝင်နိုင်အောင် ခါးကိုအတော်ကိုင်းရတယ်။
- We finished the job in double-quick time. ကျွန်တော်တို့အလုပ်ကို မြန်မြန်ဆန်ဆန် အပြီးသတ်လိုက်ကြတယ်။
- The latest scientific discoveries cast doubt on earlier theories. သိပ္ပံဆိုင်ရာ နောက်ဆုံးထုတ်ဖော်တွေ့ ရှိချက်များက စောစောပိုင်းက အယူအဆတို့ကို သံသယဖြစ်စေသည်။
- She's sure she'll pass her exam, but personally I have my doubts. သူကတော့ သူ့ကိုယ်သူစာမေးပွဲအောင်မယ်လို့ သေချာ နေတာပဲ၊ ကျွန်တော့်အနေနဲ့ကတော့ သိပ်ပြီးမထင်ဘူး။
- without doubt သံသယာရှိစရာမလို
- She was without doubt (= definitely) the finest ballerina of her day. သူ့ခေတ်မှာတော့ မိန်းကလေးဟာ အတော်ဆုံးဘဲလေး ကချေသည်ဆိုတာ သံသယရှိစရာမလိုဘူး။
- downhill (infml) ယခင်နှင့်စာလျှင် လွယ်ကူသော၊ မခက်တော့သော
- The difficult part is learning the new computer codes — after that it's all the downhill/It's downhill all the way. ခက်တဲ့အပိုင်းက ကွန်ပျူတာသင်္ကေတ အသစ်တွေလေ့လာ သင်ယူရတဲ့ကိစ္စပါ။ ပြီးရင်တော့ အခက်အခဲမရှိလွယ်သွားပါတယ်။
- The government has taken drastic action against narcotic drugs. မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးကို အစိုးရက ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်လျက်ရှိသည်။
- draw to a close ပြီးခါနီးပြီ
- The meeting was drawing to a close. အစည်းအဝေးပြီးခါနီးနေပြီ။
- fill me with dread ကျွန်ုပ်စိုးရွံ့မိပါတယ်။
- The prospect of growing old fills me with dread. အိုမင်းမစွမ်းရှိမည့်အရေးကို တွေးကာကျွန်ုပ်စိုးရွံ့ မိပါတယ်။
- We all dread to think what will happen if the factory closes.
စက်ရုံပိတ်လိုက်ရင် ကြုံရမည့်အရေးကို ကျွန်ုပ်တို့အားလုံး တွေးပူမိကြသည်။
- Good night! sweet dreams! ကဲ...အိပ်ပေတော့၊ အိပ်မက်လှလှလေးတွေ မက်ပါစေ။
- If I win the tournament, it will be a dream come true (= something I wanted very much, but did not expect to happen). ဒီပွဲမှာ ကျွန်တော်အနိုင်ရရင်တော့ စိတ်ကူးယဉ်ထားတာ တကယ်ဖြစ်လာတာလို့ ဆိုရမှာပဲ။
- He's got no dress sense (= idea of how to dress well). သူဟာ အဝတ်အစားကို ဘယ်လိုလိုက်ဖက်အောင် ဝတ်ရ မှန်း မသိဘူး။
- I don't think I quite catch your drift. ခင်ဗျားဆိုလိုတာကို ကျွန်တော် သဘောမပေါက်ဘူး။
- I'm afraid he's rather the worse for drink (= drunk). သူတော့ မူးနေပြီနဲ့ တူတာပဲ။
- He took to drink after the failure of his marriage. အိမ်ထောင်ရေးပျက်ပြားပြီးနောက် သူ အရက်ကို အဖော်လုပ်တော့တာပဲ။
- Don't drink and drive (= drive a car, etc. after drinking alcohol). မူးရင်မမောင်းနဲ့။
- dripping wet ရွှဲရွှဲစို
- Her clothes were still dripping wet. သူ့အဝတ်များ ရွှဲရွှဲစိုနေသည်။
- I haven't touched a drop (= drunk any alco- hol) all day. တစ်နေ့လုံး ကျွန်တော် အရက်နည်းနည်းမှ မသောက်သေးပါ။
- Letters of protest/support arrived in droves. ကန့် ကွက်/ထောက်ခံစာများ အများအပြားရောက်လာသည်။
- There's never a dull moment when Ko Ko's around. ကိုကိုရှိရင်တော့ မပျင်းစေရဘူး။
- You might as well have these books; they are only gathering dust here (= they are not being used). ဒီစာအုပ်တွေကိုလည်း မသုံးတော့ဘူးဆိုတော့ ခင်ဗျား ယူနိုင်တယ်။
- It's not something I enjoy. I do it purely out of a sense of duty. နှစ်သက်သဘောကျလို့တော့မဟုတ်ပါ၊ ဒါကိုလုပ်တာ တာဝန်အရလုပ်တာပါ။
- on easy term with ဆက်ဆံရေး ပြေလည်
- I am on easy terms with your father. တို့နဲ့ မောင်ရင့် ဖခင်နဲ့ ဆက်ဆံရေး ပြေလည်ပါတယ်။
- He is a person in the higher/upper/top echelons of the Civil Service. သူသည် အကြီးတန်း ပြည်သူ့ ဝန်ထမ်းတစ်ဦးဖြစ်သည်။
- Our nation is now practising the market economy. ကျွန်တော်တို့နိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလျက်ရှိသည်။
- They're having an economy drive (= making special effort to avoid waste and wrong use of resources) at the factory. သူတို့သည် စက်ရုံတွင် အလေအလွင့်မရှိရအောင် အထူး လုံးပန်းလျက်ရှိသည်။
- She only dresses like that for effect (= in order to impress people).ယခုကဲ့သို့ သူဝတ်စားဆင်ယင်ခြင်းမှာ လူရှေ့တွင် တင့်တယ် စေရန်အတွက် ဖြစ်သည်။
- make effort ကြိုးပမ်းအားထုတ်
- The local clubs are making every effort/making a concerted effort to interest more young people. ဒေသရှိ ကလပ်အသင်းများသည် လူငယ်များ စိတ်ဝင်စားရန် ကြိုးပမ်းအားထုတ်လျက်ရှိကြသည်။
- He stood quietly at her elbow (= close beside her). သူသည်မိန်းကလေး၏ ဘေးတွင်ကပ်လျက်ဆိတ်ဆိတ် ငြိမ်ငြိမ်ရပ်နေသည်။
- a key element in/of လိုအပ်ချက်၊ အခရာ
- Quality control is a key element in the decision of the board of directors. အရည်အသွေး ထိန်းချုပ်ရေးသည် ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက်တွင်အရေးပါသည့် အချက်ပင်ဖြစ်သည်။
- Much to the embarrassment of the directors, the proposals were leaked to the press. အဆိုပြုချက်များ သတင်းစာသို့ ပေါက်ကြားသွားသဖြင့် ဒါရိုက်တာများ မျက်နှာပူရသည်။
- It emerged that the company was near collapse. ကုမ္ပဏီပိတ်ရတော့မည်ဟု လူအများသိသွားသည်။
- put/lay/place emphasis on အသားပေးမှု၊ အလေးထားမှု
- Some schools put/lay/place great emphasis on language study. အချို့ကျောင်းများသည် ဘာသာစကားလေ့လာမှုကို ဦးစားပေးကြသည်။
- There has been a shift of emphasis from manufacturing to service industries. ကုန်ထုတ်လုပ်မှုမှ ဝန်ဆောင်မှုလုပ်ငန်းများသို့ အာရုံစိုက် အလေးပေးလာကြသည်။
- at full employment လူတိုင်း အလုပ်အကိုင်ရရှိ
- The government is aiming at full employment (= jobs for everyone). အစိုးရသည် လူတိုင်းအလုပ်အကိုင် ရရှိရေးအတွက် ရည်ရွယ် ဆောင်ရွက်လျက်ရှိသည်။
- Please find enclosed our current price list. ကျွန်ုပ်တို့၏ နောက်ဆုံးဈေးနှုန်းစာရင်းကို ပူးတွဲပေးပို လိုက်ပါသည်။
- from beginning to end အစမှ အဆုံး
- I like that film from beginning to end. အဲဒီရုပ်ရှင်ကို အစမှအဆုံးတိုင် ကျွန်တော်ကြိုက်ပါတယ်
- There is no end in sight to the problem of HIV/AIDS in Africa. အာဖရိကတိုက်တွင် ကိုယ်ခံအားကျဆင်းသည့်ရောဂါကို ကုစားနိုင်မည့်နည်းလမ်း မတွေ့သေးပါ။
- The agreement between the government and the armed groups brought an end to/brought to an end the internal strife. အစိုးရနှင့်လက်နက်ကိုင် ဆန့်ကျင်ရေးအဖွဲ့များ သဘောတူညီချက်ရသဖြင့် ပြည်တွင်းသောင်းကျန်းမှု နိဂုံးချုပ်သွားသည်။
- The giant panda is an endangered species (= is in danger of becoming extinct). ပန်ဒါဝက်ဝံကြီးများသည် မျိုးသုဉ်းမည့် အန္တရာယ်ကို ရင်ဆိုင်နေရသည်။
- beyond endurance သည်းမခံနိုင်တော့
- His treatment of her was beyond endurance (= impossible to endure any longer). အမျိုးသမီးအပေါ် သူဆက်ဆံပုံမှာ ဆက်လက်သည်းခံရန် မဖြစ်နိုင်တော့ချေ။
- I can't come to dinner on Tuesday; I'm otherwise engaged (= I have already arranged to do something else). အင်္ဂါနေ့ ညစာစားပွဲကို မတက်နိုင်ဘူး။ တခြားကိစ္စ ရှိနေတယ်။
- It never entered my head/mind (= I never thought) that she would tell him about me. အဲဒီအမျိုးသမီးဟာ ငါ့အကြောင်းနဲ့ပတ်သက်ပြီး သူ့ကို ပြောမယ်လို့ ဘယ်တုန်းကမျှ မစဉ်းစားမိခဲ့ဘူး။
- gain entrance ဝင်ရောက်သည်။
- Police officers gained entrance to the building and searched it. ရဲအရာရှိများသည် အဆောက်အအုံကြီးအတွင်း ဝင်ရောက် နိုင်ပြီးနောက် ရှာဖွေကြသည်။
- green with envy အရမ်း မနာလို ဖြစ်
- Her colleagues are green with envy (= extremely full of envy). မိန်းကလေးရဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူ့ကိုသိပ်ပြီး မနာလိုဖြစ်နေကြတယ်။
- Car theft is now reaching epidemic proportions in that country. ယင်းနိုင်ငံတွင် ကားခိုးမှုများ ကြီးထွားလာလျက်ရှိသည်။
- in equilibrium ဟန်ချက်ညီလျက်
- It is necessary to keep supply and demand in equilibrium. ပစ္စည်းများထုတ်လုပ်မှုနှင့် ဝယ်လိုအား မျှတစွာရှိဖို့လိုသည်။
- His wide experience ensures he is well equipped for the challenge ahead. သူ အတွေ့အကြုံများသည့်အတွက်ကြောင့် စိန်ခေါ်မှုကို ရင်ဆိုင်ရန်အသင့်ဖြစ်စေသည်။
- This marks the beginning of a new era in medical research. ဤအရာသည် ဆေးသုတေသန တစ်ခေတ်ဆန်းစေခဲ့သည်။
- He was tired of running errands for his sister. ညီမအတွက် ဗာဟီရ လုပ်ဆောင်ပေးရသည်ကို သူငြီးငွေ့သွားသည်။
- in error မှားယွင်းလျက်
- The letter was sent to you in error (= by mistake). ခင်ဗျားဆီကို မှားပြီးစာပို့လိုက်တာပါ။
- Rising costs have left us very little margin of error (= scope to make any mistakes without serious consequences). စရိတ်ကြီးမြင့်မှုကြောင့် ခြေချော်လက်ချော်လုပ်လို့မရဘူး။ အမှားမခံဘူး။
- For him books are a form of escapism from the real world. သူ့အဖို့တော့ စာအုပ်ဟာ လောကကြီးရဲ့ ထွက်ပေါက်ပဲ။
- The prisoners were transported under police/ military escort. အကျဉ်းသားများကို ရဲ/တပ်အစောင့် အရှောက်ဖြင့် ပို့ပေးသည်။
- The man was involved in industrial espionage (= spying on the secret plans of rival companies). ပြိုင်ဘက်ကုမ္ပဏီ၏ ထုတ်လုပ်မှုလျှို့ဝှက်ချက်များကို သူလျှိုလုပ်သည့်အမှုတွင် သူပါဝင် ပတ်သက်နေသည်။
- hold sb in high esteem လေးစားသမှုရှိခြင်း၊ အထင်ကြီးခြင်း၊ ရိုသေကြည်ညိုခြင်း
- He is held in high esteem by those who know him well. အကြောင်းကောင်းစွာသိသူများက သူ့ကိုလေးစား ကြသည်။
- rough estimate အကြမ်းဖျင်း
- I can only give you a rough estimate of the number of bricks you will need. ခင်ဗျားလိုအပ်မယ့် အုတ် အရေအတွက်ကို အကြမ်းဖျင်း ခန့်မှန်းခြေလောက်ပဲ ကျွန်တော်ပြောနိုင်မယ်။
- Flight timings are based on our best estimate and wide experience. ကျွန်တော်တို့ရဲ့ များလှတဲ့အတွေ့ အကြုံအရ လေယာဉ် ပျံသန်းချိန်များကို အကောင်းဆုံး ခန့်မှန်းထားတာပါ။
- It will cost at least 10 million kyats and that's a conservative estimate. အနည်းဆုံးငွေဆယ်သန်းကုန်မယ်။ ဒါအနည်းဆုံးပြောတာ။
- In my estimation, he's the more suitable candidate. ကျွန်တော့်ခန် မှန်းချက်အရတော့ သူဟာ ပိုမိုသင့်တော် သူပဲ။
- It seemed an eternity before the traffic lights turned green. လမ်းဆုံမှာ မီးစိမ်းဖို့ရာ အကြာကြီးစောင့်ရသလိုပဲ။
- Come on now, I think you're evading the issue. ကဲပါလုပ်စမ်းပါ၊ မင်းကပြောစရာရှိတာ မပြောဘဲရှောင်နေတာ မဟုတ်လား။
- He cannot evade responsibility for his actions. သူ့လုပ်ရပ်တွေအတွက် သူ့မှာတာဝန်ရှိတယ်၊ ရှောင်လို မရဘူး။
- He's been charged with tax evasion.အခွန်ဆောင်ရန် ရှောင်မှုဖြင့် သူ့ကိုစွဲချက်တင်ထားသည်။
- All the Heads of State and Goverment arrived on the eve of the summit. နိုင်ငံအကြီးအကဲနှင့် အစိုးရအဖွဲ့ ခေါင်းဆောင်အားလုံးတို သည် ထိပ်သီးစည်းဝေးပွဲ အကြိုနေ့က ရောက်ရှိကြသည်။
- The two teams are very evenly matched(= are equally likely to win). အသင်းနှစ်သင်းစလုံးသည် ခြေတူနေကြသည်။
- Incidence of the disease is fairly evenly spread across Europe. ရောဂါဖြစ်ပွားမှုသည် ဥရောပတိုက်တစ်ဝန်းလုံးတွင် ပျံ့နှံ့လျက်ရှိသည်။
- In the normal course of events (= if things had happened as expected) she would have gone with him. ထင်တဲ့အတိုင်းဖြစ်ရင်တော့ မိန်းကလေးဟာ သူနဲ့လိုက်သွားတာ ဖြစ်မယ်။
- In the normal course of events, he would have been home by then. ထင်တဲ့အတိုင်းဖြစ်ရင်တော့ အဲဒီအချိန်လောက်ဆို သူ သူ့အိမ်ကို ပြန်ရောက်လောက်ပြီ။
- The decision we take now may influence the course of events (= the way things happen) in the future. ယခုကျွန်တော်တို့ ဆုံးဖြတ်လိုက်တာဟာ နောင်ဖြစ်လာမယ့် ကိစ္စတွေကို အကျိုးသက်ရောက်နိုင်တယ်။
- The police have reconstructed the chain of events that led to the murder. လူသတ်မှုကျူးလွန်သည့် ဖြစ်စဉ်ကွင်းဆက်ကို ရဲကဆက်စပ် ကြည့်ပြီးဖြစ်သည်။
- every eventuality ကြုံလာမည့်အရာတိုင်း
- We are prepared for every eventuality. ကြုံလာရမည့်အရာတိုင်း အတွက် ကျွန်တော်တို့ အသင့် ပြင်ထားသည်။
- The money had been saved for just such an eventuality. ဤကဲ့သို့သော ကိစ္စမျိုးအတွက် ငွေကိုသီးသန့်စုဆောင်းထားခဲ့ခြင်းဖြစ်သည်။
- We must make arrangements to cover any/ every eventuality. ကြုံတွေ့ နိုင်သည့် အကျိုးဆက် အားလုံးအတွက် ကျွန်ုပ်တို စီစဉ်ထားရမည်။
- She seldom if ever (= perhaps never) goes to the cinema. သူဟာ ရုပ်ရှင် ကြည့်လေ့မရှိပါ၊ ကြည့်ခဲလှသည်။
- I hardly ever (rarely) see him. အခုတလော ကျွန်တော် သူနဲ့ မတွေ့ဘူး၊ တွေ့ခဲတယ်။
- She married the prince and they lived happily ever after.မိန်းကလေးသည် မင်းသားကလေးနှင့် လက်ထပ်ကာ တစ်သက်တာ ပျော်ရွှင်စွာနေထိုင်သွားလေသည်။
- I'll never ever do that again. ဒါကို နောက်ဘယ်တော့မှ ကျွန်တော်မလုပ်တော့ပါ။
- He said he would love her forever. မိန်းကလေးကို ရာသက်ပန်ချစ်ပါမည်ဟု သူကပြောသည်။
- His novels are as popular as ever (= as popular as they always have been). သူ၏ဝတ္ထုများကို လူကြိုက်များဆဲပင်ဖြစ်သည်။
- We see each other every now and then. ကျွန်တော်တို့ တစ်ဦးနဲ့တစ်ဦး မကြာခဏတွေ့ကြတယ်။
- Didn't you like it? Everybody else did. ခင်ဗျားက မကြိုက်ဘူးလား။ ကျန်တဲ့လူတွေ အားလုံးကတော့ ကြိုက်တာပဲ။
- Take this bag, and leave everything else to me. ဒီအိတ်ကိုယူပါ။ ကျန်တာတွေကိုတော့ ကျွန်တော်တာဝန် ယူမယ်။
- She seems to have everything-looks, money, intelligence. ရုပ်ကလည်းချော၊ ပိုက်ဆံကလည်းရှိ၊ ပညာကလည်းတတ် ဆိုတော့ မိန်းကလေးဟာ အစစပြည့်စုံတဲ့ပုံပဲ။
- My family means everything to me. ငါ့မိသားစုက ငါ့အတွက် အဓိကပဲ။
- We'll have to sit here — everywhere else is full. တခြားနေရာတွေပြည့်နေပြီ၊ တို့တော့ဒီမှာပဲထိုင်ကြရမယ်။
- There's not a shred of evidence that the meeting actually took place. စည်းအဝေးကျင်းပခဲ့တယ်ဆိုတာ သက်သေအထောက်အထား တစ်ခုမျှမရှိပါ။
- On the evidence of their recent matches, it is unlikely the Spanish team will win the cup. မကြာမီက ကစားခဲ့တဲ့ပွဲတွေကို ထောက်ရှုပြီး ပြောရရင် စပိန်အသင်း ဗိုလ်စွဲဖို့ မဖြစ်နိုင်ပါ။
- I was asked to give evidence (= to say what I knew, describe what I had seen, etc.) at the trial. တရားရုံးမှာ ကျွန်တော်သက်သေထွက်ခဲ့ရတယ်။
- She's in her mid-thirties — well, thirty-six to be exact. သူဟာ အသက်သုံးဆယ်ကျော် လေးဆယ်အတွင်းမှာ၊ တိတိကျကျ ဆိုရင်တော့ ၃၆ နှစ်ရှိပြီ။
- It is an exact copy/replica of the painting. ဒီပန်းချီကားဟာ မူးရင်းပုံကို ပုံတူကူးချထားတာပါ။
- The team elected a leader who was almost the exact opposite of the previous one. အသင်းခေါင်းဆောင်ဟောင်းနဲ့ လုံးဝမတူတဲ့ ခေါင်းဆောင်သစ်ကို ရွေးလိုက်တယ်။
- You haven't changed at all. you still look exactly the same. ခင်ဗျားဟာ ဘာမှမပြောင်းလဲဘူး။ အရင်အတိုင်း တစ်ပုံစံ တည်းပဲ။
- His words had exactly the opposite effect. စကားတွေက ဆန့်ကျင်ဘက်အကျိုးသက်ရောက်စေတယ်။
- On closer examination it was found that the signature was not genuine. အသေအချာစစ်ဆေးကြည့်ရာတွင် လက်မှတ်တုဖြစ်နေသည်ကို တွေ့ရသည်။
- under examination စစ်ဆေးနေ
- Your proposals are still under examination. ခင်ဗျားရဲ့ အဆိုပြုချက်တွေကို စဉ်းစားဆဲဖြစ်သည်။
- Several options are under examination.
- She sets an excellent example to the rest of the students. မိန်းကလေးသည် ကျန်ကျောင်းသူများ အတုယူစရာ စံနမူနာကောင်းပြလိုက်သည်။
- Don't be tempted to follow his example. သူ့ကို လိုက်ပြီး အတုမခိုးပါနဲ့။
- It would be a mistake to follow his example. သူ့ကို လိုက်ပြီး တုရင်တော့မှားလိမ့်မယ်။
- It is a perfect example of a medieval castle. ဒီရဲတိုက်ဟာ အလယ်ခေတ် ရဲတိုက်တွေရဲ့ အကောင်းဆုံး သာဓကတစ်ခုပဲ။
- Japan is often quoted as the prime example of a modern industrial nation. ခေတ်မီစက်မှုနိုင်ငံအဖြစ် ဂျပန်နိုင်ငံကို အကောင်းဆုံး သာဓကအဖြစ် ရည်ညွှန်းလေ့ရှိသည်။
- She is a shining example of what people with disabilities can achieve. ကိုယ်အင်္ဂါမသန်စွမ်းပေမဲ့ စွမ်းဆောင်နိုင်တယ်ဆိုတာ ဒီအမျိုးသမီးက ကောင်းကောင်းနမူနာပြလိုက်တာပဲ။
- His achievements have exceeded expectations. သူ၏အောင်မြင်မှုများသည် မျှော်မှန်းသည်ထက် သာလွန်ပါသည်။
- Nobody had much money at the time and I was no exception. အဲဒီတုန်းက ဘယ်သူ့မှာမှငွေများများစားစားမရှိဘူး။ ကျွန်တော့်မှာလည်း ဘယ်ရှိမှာတုံး။
- This deadline will not be extended only in exceptional circumstances. ခြွင်းချက်ကိစ္စများကလွဲလို့ ကန့်သတ်ထားတဲ့အချိန်ကို တိုးပေးလိမ့်မည်မဟုတ်ပါ။
- Would you like my old TV in exchange for this camera? ငါ့ရဲ့တီဗီအဟောင်းနဲ့ ဒီကင်မရာနဲ့ လဲမလား။
- Juliet and David exchanged glances (= they looked at each other). ဂျူလီယက်နှင့် ဒေးဗစ်တို့ အကြည့်ချင်းဆုံကြသည်။
- The two men exchanged blows (= hit each other). ထိုလူနှစ်ယောက် အပြန်အလှန်ထိုးကြသည်။
- They were jumping about in excitement of the discovery. တွေ့ ရှိချက်ကြောင့် အားလုံးပျော်ရွှင်ကာ ထခုန်ကြသည်။
- His eyes were wide with excitement. သူသည် အံ့အားသင့်ပြီး မျက်လုံးပြူးသွားသည်။
- The two plans are mutually exclusive (= If you accept one, you must reject the other). အစီအစဉ်နှစ်ရပ်အနက် တစ်ခုကိုလက်ခံပါက တစ်ခုကို ပယ်ရပေမည်။
- He's always making excuses for being late. နောက်ကျရသည့်အကြောင်း သူသည်အမြဲဆင်ခြေပေးသည်။
- There's no excuse for such behaviour. ယင်းအပြုအမူမျိုးကို ခွင့်လွှတ်၍မရပါ။
- He made his excuses (= He said sorry and gave his reasons for leaving early) and left. သူသည်အကျိုးအကြောင်းကို အနူးအညွတ်ရှင်းပြကာထွက်သွားသည်။
- He felt exhausted at the end of the climb. အဆုံးထိတက်ရောက်ပြီးနောက် သူသည် မောဟိုက်သွားသည်။
- This is the oldest stone inscription in existence (= that exists) in the country. ဤကျောက်စသည် နိုင်ငံအတွင်း ရှိသမျှအနက် ရှေးအကျဆုံး ကျောက်စာဖြစ်သည်။
- There was an air of expectancy among the waiting crowd. စောင့်နေကြသည့် လူအုပ်သည်သတင်းကောင်းကို ငံ့လင့်နေသည်။
- Contrary to expectations, interest rates did not rise. အတိုးနှုန်းများတက်မည်ဟု မှန်းထားသော်လည်း တက်မလာပါ။
- Against all expectations, she was enjoying herself. အများထင်သလိုမဟုတ်ဘဲ မိန်းကလေးကတော့ ပျော်နေ
- The holiday was beyond all our expectations (= better than we had hoped for). အားလပ်ရက်မှာ မှန်းထားသည်ထက် ပိုမိုအဆင်ပြေတယ်။
- Unfortunately, the new software has failed to meet expectations. ဖြစ်ချင်တော့ ဆော့ဝဲအသစ်က မျှော်လင့်ထားသလို ဖြစ်မလာဘူး။
- No expense was spared (= they spent as much money as was needed) to make the feast a success. အလှူပွဲအောင်မြင်ရေးအတွက် ငွေကိုဖောဖောသီသီ သုံးသည်။
- He hired a piano regardless of expense. ကုန်ကျစရိတ်များကို အမှုမထားဘဲ သူသည်စန္ဒရား တစ်လုံးငှားသည်။
- The apartment was renovated at great expense. ငွေကုန်ကြေးကျများစွာခံပြီး အခန်းကိုပြင်သည်။
- We all learn by experience. ကျွန်ုပ်တို့သည် အတွေ့အကြုံကိုရင်းကာသင်ယူကြသည်။
- I know from experience that he'll arrive late. ငါ့ အတွေ့အကြုံအရ သူနောက်ကျလိမ့်မယ် ဆိုတာသိတယ်။
- Our next speaker is a person with long experience. နောက်ထပ်စကားပြောမည့်ပုဂ္ဂိုလ်သည် အတွေ့အကြုံ ရင့်ကျက်သူ တစ်ဦးဖြစ်ပါသည်။
- He left the room without (further) explanation.(နောက်ထပ်) တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ သူထွက်သွားသည်။
- He began with an explanation as to why he left early. ဘာကြောင့် သူစောစောထွက်သွားရသည်ကို ရှင်းပြရင်း စကားစသည်။
- She was a leading exponent of non-smoking at public places. သူဟာ လူသူစုဝေးရာနေရာတွင် ဆေးလိပ်မသောက်ဖို့ကို အထူး ထောက်ခံလိုလားသူဖြစ်တယ်။
- The country is now a net exporter of natural gas (= it exports more than it imports). ယခုအခါ ထိုနိုင်ငံသည် သဘာဝဓာတ်ငွေ့များ ပြည်ပသို့ တင်ပို့နေပြီဖြစ်သည်။
- Words cannot express my gratitude to all those who have supported me. ကျွန်တော့်ကို ထောက်ခံကူညီသူများကို ကျေးဇူးတင်ကြောင်း ပြောမပြတတ်အောင်ပါပဲ။
- The poet's anger finds expression (= expresses itself) in the last verse of the poem. ကဗျာ၏နောက်ဆုံးပိုဒ်တွင် ကဗျာဆရာ၏ ဒေါသကို ဖော်ညွှန်းထားသည်။
- It was his express wish that you should have his gold watch after he died. သူကွယ်လွန်ရင် သူ့ ရဲ့ရွှေနာရီ ခင်ဗျားကိုပေးဖို့ အတိအကျ ဆန္ဒပြုထားတယ်။
- I came here with the express purpose of speaking with the manager. မန်နေဂျာနဲ့စကားပြောဖို့ အဓိကရည်ရွယ်ပြီး ကျွန်တော်လာတာပါ။
- He is a useless and hopeless fellow; if you'll pardon the expression. ကျွန်တော်ပြောတာရိုင်းရင် ခွင့်လွှတ်ပါဗျာ။ သူဟာသုံးမရ စိတ်ပျက်ဖို့ ကောင်းသူတစ်ဦးပါ။
- Myanmar extends the hand of friendship to (= try to have good relations with) all countries. မြန်မာနိုင်ငံသည် နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးဖို ကြိုးစားသည်။
- He had changed to such an extent (= so much) that I no longer recognized him. သိပ်ပြီးပြောင်းလဲသွားလို့ ကျွန်တော်သူ့ကို မမှတ်မိတော့ဘူး။
- To some extent what she argues is true. သူစောဒကတက်တာ အတိုင်းအတာတစ်ခုအထိမှန်တယ်။
- The pollution of the forest has scriously affected plant life and, to a lesser extent, wild life. သစ်တောများညစ်ညမ်းမှုက အပင်များကို ဆိုးဆိုးဝါးဝါး ထိခိုက်စေသကဲ့သို့ တောရိုင်းတိရစ္ဆာန်များကိုလည်း အထိုက်အလျောက်ထိခိုက်သည်။
- To what extent is this true of all schools. ကျောင်းအားလုံးအတွက် ဒီကိစ္စက ဘယ်လောက်ထိမှန်နိုင်မလဲ။
- the extent to which မည်မျှအထိ
- The book discusses the extent to which (=how much) family life has changed over the past 50 ycars. လွန်ခဲ့သည့် နှစ် ၅ဝ အတွင်းမိသားစုဘဝမည်မျှအထိ ပြောင်းလဲသွားသည်ကို စာအုပ်တွင် ဆွေးနွေးတင်ပြထားသည်။
- There were extenuating circumstances and the defendant did not receive a prison sentence. လျှော့ပေါ့စဉ်းစားဖွယ်များရှိသဖြင့် တရားခံမှာ ထောင်ဒဏ်မကျပါ။
- on the edge/point/verge of …ရောက်နေပြီ
- Certain birds are thought to be on the edge/ point/verge of extinction. ငှက်အချို့သည် မျိုးသုဉ်းတော့မည့် အဆင့်ရောက်နေပြီ ဟု ယူဆထားကြသည်။
- The nations around the globe began to extol the virtues of globalization. ကမ္ဘာ့နိုင်ငံများသည် ဂလိုဘယ်လိုက်ဇေးရှင်း၏ အကျိုးတရားများကို စတင်ချီးမွမ်းလာကြသည်။
- The monthly fee is fixed and there are no hidden extras (= unexpected costs). လစဉ်ကြေးကို ပုံသေသတ်မှတ်ထားပြီး အပိုကုန်ကျစရာ မလိုပါ။
- She's involved in many extracurricular activities including music, sport and drama. သူသည် ကျောင်းပြင် ဘာသာရပ်များဖြစ်သည့် ဂီတ၊ အားကစား၊ ဇာတ်သဘင်တို့တွင်လည်း ပါဝင်လေ့ရှိသည်။
- The association holds an extraordinary general meeting when the need arises. ထိုအသင်းသည် လိုအပ်လျှင် အထူး အထွေထွေအစည်းအဝေး ကျင်းပသည်။
- He used to be very shy, but now he's gone to the opposite extreme (= changed from one extreme kind of behaviour to another). အရင်ကသူရှက်တတ်တယ်။ ခုတော့ ဘာမှန်းတောင်မသိတော့ဘူး။
- She has a good eye for a bargain. သူဟာဈေးဝယ်ရင် ပေါပေါရနိုင်တာကို မြင်တတ်တယ်။
- Jennie avoided eye contact with him after their quarrel the other day. တစ်နေ့ကရန်ဖြစ်ထားကြသဖြင့် ကိုကိုသည် ဘမောင်နှင့် မျက်လုံးချင်းမဆိုင်မိအောင် ရှောင်သည်။
- All eyes were on the movie actress (= everyone was looking at her). ရုပ်ရှင်မင်းသမီးကို အားလုံးဝိုင်းကြည့်နေကြသည်။
- He looked at the design with the eye of an engineer. သူသည်ဒီဇိုင်းပုံစံကို အင်ဂျင်နီယာမျက်စိဖြင့်ကြည့်သည်။
- to my eye ငါ့မျက်စိမှာ/အမြင်မှာ
- To my eye, the windows seem out of proportion. ငါ့မျက်စိထဲမှာတော့ ပြတင်းပေါက်တွေက အချိုးမကျဘူး။
- disappear from/off ပျောက်သွား
- They disappeared from/off the face of the earth (=totally disappeard). သူတို့တစ်တွေ အစရှာမရအောင် လုံးဝပျောက်သွားကြသည်။
- She looked around for a familiar face. သူသည် သူနှင့်သိကျွမ်းသူကိုတွေ့လိုတွေ့ငြားလှည့်ပတ် ကြည့်သည်။
- It's nice to see some new faces here this evening. ဒီညနေ လူသစ်တွေနဲ့တွေ့ ရသည်မှာ ကောင်းပါသည်။
- Words fail me (= I cannot express how I feel). ဘယ်လိုပြောပြရမှန်းတောင် မသိတော့ဘူး။
- Ask a friend to recommend a doctor, failing that (= if this is not possible), ask for a list in the business directory.ဘယ်ဆရာဝန် သင့်တော်မလဲ မိတ်ဆွေတစ်ယောက်ကို မေးကြည့်ပါ၊ မေးလို့မရရင် စီးပွားရေး လုပ်ငန်းများလမ်းညွှန် စာအုပ်ကိုကြည့်ပါ။
- set fair သာယာ
- The weather looks set fair for the weekend. ဒီ စနေ တနင်္ဂနွေ ရာသီဥတုသာယာမည့်ပုံပဲ။
- lose faith မယုံကြည်တော့
- The voters have lost faith in the promises of the candidate. အမတ်လောင်း၏ ကတိစကားများကို မဲဆန္ဒ ရှင်များက မယုံကြည်ကြတော့ပါ။
- The Prime Minister will keep the support of the party faithful. ဝန်ကြီးချုပ်သည် ပါတီသစ္စာခံများ၏ ထောက်ခံမှုကို ဆက်လက်ရယူမည်ဖြစ်သည်။
- Her main claim to fame is that she once went out with Yan Aung. သူ့ကို အဓိက လူသိများတာကတော့ တစ်ချိန်က ရန်အောင်နဲ့ တွဲခုတ်ခဲ့တဲ့အတွက်ကြောင့်ပဲ။
- She went to Hollywood in search of fame and fortune.. မိန်းကလေးသည် နာမည်ကျော်ပြီး ချမ်းသာချင်လို့ ရုပ်ရှင်မြို့တော် ဟောလီးဝုဒ်သို့ သွားရောက်သည်။
- We've only told the immediate family (= the closest relations). ဆွေမျိုးရင်းချာတွေကိုပဲ ပြောပြထားပါသေးတယ်။
- Do they plan to start a family (= have children)? သူတို့ သားသမီးယူဖို့ စီစဉ်ထားလား။
- She thinks she is certain to get the job but I don't fancy her chances myself. သူ့ကိုယ်သူ အဲဒီအလုပ်ကို ရမယ်ထင်နေတယ်၊ ကျွန်တော်ကတော့ မထင်လှဘူး။
- come into fashion ရေပန်းစား
- Long skirts have come into fashion စကတ်ရှည်ဝတ်စားဆင်ယင်မှု ဂျင်းအဝတ်အထည်များသည် ရေပန်းစားလျက်ပင်ရှိသည်။
- Some styles never go out of fashion. ဖက်ရှင်တချို့ဟာ ဘယ်တော့မှ ခေတ်မကုန်ပါ။
- I love her for all her faults (= in spite of them). အပြစ်ကလေးတွေရှိပေမဲ့ သူ့ကို ချစ်ပါတယ်။
- The plane's wing showed signs of metal fatigue. လေယာဉ်ရဲ့တောင်ပံက နှစ်ပေါင်းကြာရှည်လို့ သတ္တု ညောင်းတဲ့လက္ခဏာ ပြနေတယ်။
- do sb a favor ကူညီသည်။
- Do me a favour and turn the music down while I'm on the phone, will you? တစ်ဆိတ်လောက်ဗျာ၊ ကျွန်တော်ဖုန်းပြောနေတုန်း သီချင်းသံ လျှော့ပေးပါနော်။
- return the favor ကျေးဇူးတုံ့ပြန်
- Thanks for helping me out. I'll return the favour (= help you because you have helped me) some time.ကျွန်တော်ရဲ့ အခက်အခဲကိုကူညီဖြေရှင်းပေးတာ ကျေးဇူးပါပဲ၊ ကျွန်တော်တစ်ချိန်မှာပြန်ပြီးကျေးဇူးတုံ့ပြန်ပါမယ်။
- The scheme found favour with the townselders. အစီအစဉ်ကို မြို့မိမြို့ဖများက ထောက်ခံကြသည်။
- U That actor is not in favour with (= not supported or liked by) the teenagers. အဲဒီမင်းသားကို ဆယ်ကျော်သက်တွေ မကြိုက်ကြဘူး။
- It seems Bo Bo is back in favour with the boss (= the boss likes him again). ဘိုဘိုတစ်ယောက် သူ့သူဌေးနဲ့ ပြန်ပြီးအလွန်းသင့်နေပုံရတယ်။
- She made a favourable impression on his parents. ကောင်လေးရဲ့ မိဘတွေက ကောင်မလေးကို နှစ်သက် သဘောကျကြပါတယ်။
- They offered me a loan on very favourable terms. အတော်သက်သာတဲ့ နှုန်းထားနဲ့ ငွေချေးဖို့ သူတို့က ကျွန်တော့်ကို ကမ်းလှမ်းတယ်။
- In the absence of law and order people will have to live in constant/daily fear of violence from anarchists. တရားဥပဒေစိုးမိုးမှုမရှိပါက ပြည်သူတို့သည် မင်းမဲ့ဝါဒီတို့၏ ရန်ကို အမြဲစိုးရိမ်ကြောင့်ကြပြီး နေရပေမည်။
- He entered the interview room in fear and trembling (= feeling very frightened). လူတွေ့ မေးမြန်းမည့်အခန်းတွင်းသို့ သူသည်စိုးထိတ်ပြီး ဝင်လာသည်။
- Never fear/Fear not (= Don't worry), everything will be alright. မစိုးရိမ်ပါနဲ့၊ အားလုံးအဆင်ပြေသွားမှာပါ။
- We are carrying out a feasibility study on the proposal for a new power station. ဓာတ်အားပေးစက်ရုံအသစ်တည်ဆောက်ရန် အဆိုပြုချက်နှင့် ပတ်သက်၍ ဖြစ်နိုင်ခြေ ရှိ မရှိ ကျွန်ုပ်တို့ လေ့လာလျက်ရှိသည်။
- That was no mean feat (= it was a great achievement). ဒါဟာ နည်းနည်းနောနော အောင်မြင်မှုတစ်ရပ် မဟုတ်ဘူး။
- Teamwork is a key feature of the training programme. စုပေါင်းဆောင်ရွက်မှုသည် သင်တန်း၏ အရေးပါသည့် အချက်ဖြစ်သည်။
- Her eyes are her most striking feature. သူ့မှာ အလှဆုံးက သူ့မျက်လုံးလေးတွေပဲ။
- You've hurt my feelings (= You've offended me). မင်းငါ့ကို စိတ်ထိခိုက်အောင် လုပ်လိုက်တာပဲ။ သူစိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို
- I kept off the subject of her divorce to spare her feelings. ကွာရှင်းတဲ့ကိစ္စ စကားမစပါဘူး။
- It feels like rain (= seems likely to rain), မိုးရွာတော့မယ့်ပုံပဲ။
- I really resent the way he treated me.` 'I know the feeling' (= I know how you feel).' ကျွန်တော့်ကို သူဆက်ဆံပုံ မကြိုက်ဘူး။ ဒါကို ကျွန်တော် ကိုယ်ချင်းစာမိပါတယ်
- I'm going to miss you.' 'The feeling's mutual' (= I feel exactly the same)." ခင်ဗျားကို သတိရနေတော့မှာပဲ။ ခင်ဗျားလိုပါပဲ။
- Balanced economic growth among the nations in the region is fertile ground for globalization. ဒေသတွင်း နိုင်ငံများအတွင်း မျှတစွာစီးပွားတိုးတက်မှုသည် ဂလိုဘယ်လိုက်ဇေးရှင်း ထွန်းကားရန်အခြေအနေကောင်း ဖြစ်ပါသည်။
- She'll fight like a tiger to protect her children. အမျိုးသမီးဟာ သူ့ကလေးငယ်များကို အပြင်းအထန် ကာကွယ်မှာသေချာပါတယ်။
- He gradually fought his way to the top of the company. သူသည် မှန်မှန် ကြိုးစားကာ ကုမ္ပဏီ၏ထိပ်ဆုံးနေရာကို ရောက်ရှိသွားသည်။
- The team put up a good fight (= played hard and well) but were finally beaten, အသင်းသည် ကြိုးကြိုးစားစားနှင့် ကောင်းကောင်းမွန်မွန် ကစားသော်လည်း နောက်ဆုံးတွင် အရေးနိမ့်ခဲ့သည်။
- I'm afraid I don't have a head for figures (= I'm not good at adding, etc.). ကျွန်တော်က အတွက်အချက်ညံ့တယ်။
- There is a fine line (to be drawn) between assertiveness and aggressiveness. မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲခြင်းနှင့် ရန်လိုမှုကို ခွဲခြားရခက်သည်။
- He put the finishing touches to his painting {= did the things that made it complete). သူသည် သူ၏ ပန်းချီကားကို လက်စသတ်သည်။
- a lie from start to finish အစမှ အဆုံးတိုင် အလိမ်အညာတွေ
- The story was a lie from start to finish. ဇာတ်လမ်းအကြောင်းအရာက အစမှအဆုံးတိုင် အလိမ်အညာတွေချည်းပဲ။
- come/are under (heavy) fire (အပြင်းအထန်) ပစ်ခတ်ခြင်းခံ
- The intruders came/were under (heavy) fire (= were being shot at). ကျူးကျော်သူများမှာ (အပြင်းအထန်) ပစ်ခတ်ခြင်းခံရသည်။
- The gunmen opened fire on (= began to shoot) the guards. သေနတ်သမားများက အစောင့်များကို စတင်ပစ်ခတ်သည်။
- hold one’s fire အပစ်အခတ်ရပ်
- Their officer ordered them to hold their fire (= not to shoot). အရာရှိက သူတို့ကို အပစ်အခတ်ရပ်ရန် အမိန့်ပေးသည်။
- Parents must be firm with their children. မိဘများသည် သားသမီးများကို တင်းတင်းကျပ်ကျပ် ထိန်းကွပ်ရမည်။
- Hemingway often writes in the first person. စာရေးဆရာ ဟဲမင်းဝေးသည် သူကိုယ်တိုင်ဇာတ်လမ်းထဲတွင် ပါဝင်သည့်ပုံစံမျိုး စာရေးလေ့ရှိသည်။
- I often fish/go fishing at weekends. စနေ၊ တနင်္ဂနွေရက်များတွင် ကျွန်တော် ငါးမျှား ထွက်လေ့ရှိသည်။
- fit and proper သင့်သော
- It is only fit and proper that she should visit her elderly mother. မိန်းကလေးသည် မိခင်အိုကိုသွားရောက်တွေ့သင့်သည်။
- The price of the house includes many existing fixtures and fittings အိမ်၏ဈေးနှုန်းထဲတွင် လက်ရှိတပ်ဆင်ထားသည့် အသုံး အဆောင်ပစ္စည်းအားလုံး ပါဝင်သည်။
- The whole house went up in flames destroyed by fire တစ်အိမ်လုံး မီးလောင်ပျက်စီးသည်။
- fall flat on one’s face မှောက်လျက်လဲကျသည်။
- I fell flat on my face. ကျွန်တော်မှောက်လျက်လဲကျသွားသည်။
- at the flick of a ဆက်ခနဲ လှုပ်ရှား၊ တောက်သည်။
- We have electricity at the flick of a switch. ခလုတ်တစ်ချက်နှိပ်ရုံဖြင့် လျှပ်စစ်မီးကို အလွယ်တကူရပါသည်။
- in flight ပျံသန်းရင်း
- The bird had been shot down in flight. ငှက်ကလေးဟာ ပျံသန်းရင်း အပစ်ခံရတယ်။
- flood ဖုံးလွှမ်းသည်၊ ပြည့်လျှမ်းသည်။
- Cheap imported goods are flooding the market. ဈေးပေါသော သွင်းကုန်ပစ္စည်းများ ဈေးထဲတွင် ပြည့်နေသည်။
- get across ဖြတ်သွားသည်။
- We can't get across the fields because the river is in flood (= has flowed over its banks and caused a flood). မြစ်ရေကြီးနေသဖြင့် ကွင်းများကို ဖြတ်သွား၍မရပါ။
- Prices have gone through the floor (= fallen to a very low level). ကုန်ဈေးနှုန်းများထိုးကျသွားသည်။
- in/into flower (idm) ပွင့်သည်။
- The roses are in flower early this year. ဒီနှစ် နှင်းဆီပန်းများ စောစောပွင့်သည်။
- in full flow (စကားပြော) အရှိန်ရသည်။
- When I joined them, Bo Bo was already in full flow (= busily talking). ကျွန်တော် သူတို့ဆီကိုရောက်တော့ ဘိုဘိုတစ်ယောက် စကားပြောတာ အရှိန်ရနေပြီ။
- The children's faces are badly out of focus (= not clearly defined) in the photograph. ဓာတ်ပုံထဲက ကလေးတွေရဲ့ မျက်နှာတွေက မပြတ်သားပါ။
- Her beauty makes her the focus of attention. သူ့အလှက အများအာရုံစိုက်စရာဖြစ်နေသည်။
- (on) the risk of fire မီးအန္တရာယ်
- The conference focused attention on the risk of fire. ဆွေးနွေးပွဲသည် မီးအန္တရာယ်ကို အလေးထားဆွေးနွေးသည်။
- I'm all for tea shops staying open up to 11 P.M. လက်ဖက်ရည်ဆိုင်တွေ ည ၁၁ နာရီအထိဖွင့်ဖို့ ကျွန်တော် ထောက်ခံတယ်။
- word for word (idm) တစ်သဝေမတိမ်း၊ လုံးစေ့ပတ်စေ့
- word for word Don't translate it word for word. ဒါကို လုံးကောက် ဘာသာမပြန်နဲ့ (ဆိုလိုရင်းကိုပဲ မိအောင် ပြန်ပါ)။
- What is the driving force behind his writing? ဘယ်လိုစေ့ဆော်မှုတွန်းအားကြောင့် သူရေးတာလဲ။ They used brute force to break open the door. သူတို့သည် တံခါးကို ရိုက်ချိုးဖွင့်သည်။
- She's a force to be reckoned with (= a person to be treated seriously).သူဟာ အလေးအနက်ထား ဆက်ဆံရမယ့် ပုဂ္ဂိုလ်ဖြစ်တယ်။
- make up one’s mind ဆုံးဖြတ်သည်။
- If they still haven't made up their minds, we'll have to force the issue. ယခုထိ သူတို့ဆုံးဖြတ်ချက်မချရသေးရင် ကျွန်တော်တို့ တွန်းအားပေးရမယ်။
- a sense of foreboding စိတ်တထင့်ထင့် forebode နိမိတ်ပြသည်။
- She had a sense of foreboding that the news would be bad. ကြားရမည့် သတင်းသည် သတင်းဆိုးပဲဖြစ်လိမ့်မည် ဆိုသည်ကို သူစိတ်တထင့်ထင့်ဖြစ်နေခဲ့သည်။
- Please look into my right eye; there's a foreign body in it. ကျွန်တော့်ညာဘက်မျက်လုံးထဲကြည့်ပေးပါ။ တစ်ခုခုဝင်နေတယ်။
- Such an event is unlikely in/for the foreseeable future. မျှော်တွေးကြည့်ရသလောက်တော့ ဒီဖြစ်ရပ်မျိုး မပေါ်နိုင်ပါဘူး။
- I was forgetting (= I had forgotten) (that) you have been here before. ခင်ဗျားဒီကိုလာဖူးတယ်ဆိုတာ ကျွန်တော် မေ့နေတာ
- Aren't you forgetting something? (= I think you've forgotten to do something.) ခင်ဗျားတစ်ခုခု မေ့နေတယ်ထင်တယ်။
- I don't want this to spoil our friendship - let's just forgive and forget, shall we? ဒီကိစ္စကြောင့် ကျွန်တော်တို့ မိတ်မပျက်စေချင်ဘူး။ ပြီးခဲ့တာကို ခွင့်လွှတ်ပြီး မေ့ပျောက်လိုက်ကြရအောင်။
- in the forlorn hope/belief မဝံ့မရဲ စောင်းစားသည်။ forlorn အထီးကျန်သော၊ ခိုကိုးရာမဲ့ 2.အောင်မြင်ရန် မရှိ၊ အမှန် ဖြစ်လာနိုင်ခြေမရှိ၊ ဖြစ်လာနိုင်စရာမရှိ
- She waited in the forlorn hope/belief that he would come back and marry one day. တစ်နေ့နေ့တွင် သူပြန်လာပြီး လက်ထပ်လိမ့်မည်ဟု မိန်းကလေးက မဝံ့မရဲစောင့်စားခဲ့သည်။
- I'm opposed to drug abuse in any shape or form. ဘယ်လို ပုံစံမျိုးနဲ့ဖြစ်ဖြစ် မူးယစ်ဆေးဝါး သုံးစွဲမှုကို ကျွန်တော် ဆန့်ကျင်တယ်။
- True to form (= As he usually does), he arrived an hour late. သူရဲ့ အကျင့်အတိုင်းတစ်နာရီနောက်ကျပြီးရောက်လာတယ်။
- Wives or husbands of the senior officials are invited to the banquet as a matter of form. အဆင့်မြင့်အရာရှိများ၏ခင်ပွန်း၊ သို့မဟုတ် ဇနီးတို့ကို ညစာစားပွဲသို့ ဖိတ်ကြားလေ့ရှိပါတယ်။
- It's considered good form to write to or phone your hostess after a dinner party. ညစာစားပွဲတစ်ပွဲကို တက်ရောက်ပြီးတဲ့နောက် ဖိတ်တဲ့ အိမ်ရှင်ထံ စာနဲ့ဖြစ်ဖြစ်၊ ဖုန်းနဲ့ဖြစ်ဖြစ် ဆက်သွယ်တာဟာ ကောင်းတဲ့လုပ်ရပ်အဖြစ် လက်ခံထားကြပါတယ်။
- Wearing bright colours to a funeral in certain countries is bad form. ဈာပနအခမ်းအနားတွင် တောက်ပြောင်သည့် အဝတ်အစား ဝတ်ပါက မသင့်လျော်ဟု အချို့ နိုင်ငံများတွင် ယူဆကြသည်။
- The exercises will keep you in form. ကာယလေ့ကျင့်ခန်းများလုပ်ခြင်းဖြင့် ကိုယ်စိတ်ကျန်းမာစေပါသည်။
- The horse looks rather out of form to me. ကျွန်တော့်အမြင်မှာတော့ အဲဒီမြင်းဟာ အခြေအနေမကောင်းဘူး။
- On present/current form, they're likely to win. လက်ရှိအခြေအနေအရ သူတို့ဟာနိုင်ခြေရှိတယ်။
- They are trying to work out a peace formula acceptable to both sides. သူတို့သည် နှစ်ဦးနှစ်ဖက်လက်ခံနိုင်မည့် ငြိမ်းချမ်းရေး အစီအစဉ်တစ်ရပ်ကို ဖော်ဆောင်နေကြသည်။
- I had the good fortune to be chosen for a trip abroad. ပြည်ပခရီးစဉ်တစ်ခုအတွက် ရွေးချယ်ခံရတာ ကျွန်တော် ကံကောင်းပါသည်။
- fortune smiles on me ကံကြမ္မာက ကျွန်တော့်ကို မျက်နှာသာပေးတယ်။
- Fortune smiled on me (= I had good luck). ကံကြမ္မာက ကျွန်တော့်ကို မျက်နှာသာပေးခဲ့သည်။
- She tells your fortune by looking at the lines on your hand. ခင်ဗျားရဲ့လက်ဖဝါးပေါ်က မျဉ်းကြောင်းတွေကြည့်ပြီး ခင်ဗျားရဲ့ ရှေ့ဖြစ်ကို သူဟောနိုင်တယ်။
- worth a fortune အရမ်းတန်ဖိုးကြီး
- That ring is worth/must have cost a fortune. အဲဒီလက်စွပ်က အရမ်းတန်ဖိုးကြီးတယ်/အရမ်းတန်ဖိုး ကြီးမယ်ထင်တယ်။
- The rumour is totally without foundation (= not based on true facts). ဒီကောလာဟလဟာ အခြေအမြစ် လုံးဝမရှိ/မမှန်ကန်ဘူး။
- This beautiful old building has been restored to its former glory. လှပသည့် ဤအဆောက်အအုံဟောင်းကြီးကို ယခင်ကလို ခံ့ညားထည်ဝါအောင် ပြန်လည်မွမ်းမံနိုင်ခဲ့သည်။
- A little forward planning at the outset can save you a lot of expense. ကနဦးကပင် ́ စနစ်တကျကြိုတင်စီစဉ်မှုရှိပါက ကုန်ကျ စရိတ်များစွာ သက်သာနိုင်ပါသည်။
- Respect and friendship provide a solid foundation for marriage. လေးစားမှုနှင့်ချစ်ခင်မှုသည် အိမ်ထောင်ရေးကို ခိုင်မာစေသည်။
- These stories have no foundation (= are not based on any facts). ဤအကြောင်းအရာများသည် မှန်ကန်ခြင်းမရှိ၊ အခြေအမြစ်မရှိပါ။
- To be (perfectly) frank with you, I think your son has little chance of passing the exam. ပွင့်ပွင့်လင်းလင်းပြောရရင် ခင်ဗျားရဲ့သား စာမေးပွဲအောင် မလွယ်ဘူး။
- on friendly terms with ရင်းနှီးတယ်။
- She was on friendly terms with most of the hospital staff. သူဟာ ဆေးရုံဝန်ထမ်းအများစုနဲ့ ရင်းနှီးတယ်။
- frozen to death အေးခဲပြီး သေ
- Two men froze to death on the mountain. တောင်ပေါ်မှာ လူနှစ်ယောက် အေးခဲပြီးသေသွားတယ်
- Let me write it down while it's still fresh in mind.သတိရနေတုန်းစာန် ချရေးလိုက်ပါရစေ။
- This is the opportunity he needs to make a fresh start. ဒါဟာအသစ်တစ်ဖန်ပြန်စနိုင်ဖို့ သူလိုအပ်နေတဲ့ အခွင့်အရေးပဲ။
- After months of hard work, our plans finally came to fruition. လပေါင်းများစွာ ကြိုးစားခဲ့ကြပြီးတဲ့နောက်- ကျွန်တော်တို့ အစီအစဉ်တွေ အကောင်အထည်ပေါ်အောင်မြင်လာတယ်။
- in frustration စိတ်ပျက်လျက်
- He thumped the table in frustration. သူသည်စိတ်ပျက်ပြီး စားပွဲကိုထုလိုက်သည်။
- He got full marks for his essay. သူစာစီစာကုံးရေးတာ အမှတ်ပြည့်ရတယ်။
- I'm teaching myself to cook, just for fun/for the fun of it. အပျော်သဘောနဲ့ ကျွန်တော့်ဘာသာ ကျွန်တော် ဟင်းချက် နည်း သင်နေတာပါ။
- just for fun အပျော်သဘောနဲ့
- I decided to learn Spanish, just for fun. အပျော်သဘောနဲ့ စပိန်ဘာသာသင်မယ်လို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။
- She has a furrowed brow (= looks worried). သူ စိုးရိမ်သောက ဖြစ်နေပုံရတယ်။
- The museum is closed until further notice (= until another announcement about it is made). နောက်ထပ်တစ်စုံတစ်ရာ မကြေညာမချင်း ပြတိုက်ကို ပိတ်ထားမည်။
- He took these actions purely in the furtherance of his own career. သူရဲ့အလုပ်တိုးတက်ဖို့သက်သက်အတွက် ဤအရာတွေကို လုပ်ဆောင်ခြင်းဖြစ်သည်။
- It's a very ordinary movie - I don't know what all the fuss is about. ရုပ်ရှင်ကတကယ့်ကို ရိုးရိုးသာမန်ပါ၊ လူတွေဘာကြောင့် ဒီလောက် ဖြစ်နေလဲမသိဘူး။
- The exchange rate is likely to fall in the near future (= soon). ငွေလဲလှယ်နှုန်းသည် မကြာမီကျမည်ဟု မျှော်လင့်ရပါသည်။
- She has a great future ahead of her. သူ့အတွက် ရှေ့အလားအလာ အလွန်ကောင်းတယ်။
- It's blowing a gale outside. အပြင်ဘက်တွင် လေပြင်းတိုက်နေသည်။
- The clown's antics were greeted by gales of laughter from the young audience. လူရွှင်တော်၏အမူအရာကြောင့် ပရိသတ်ပွဲကျသွားသည်။
- His opening gambit at the debate was a direct attack on the new proposal to cut spending. အချေအတင်ပြောဆွေးနွေးပွဲတွင် သူ၏အဖွင့်စကားမှာ အသုံး လျှော့ရန်အဆိုကို တိုက်ရိုက် ချေပပြောဆိုခြင်းဖြစ်သည်။ gambit (စစ်တုရင်ကစားရာတွင်) အကွက် ကောင်းဖော်ရန် မိမိအရုပ်တစ်ခုခုကို ထိုးပေး၍ စဖွင့်ခြင်း၊ 2. (ကြက်ဆုတ်ခွပ်ပစ်) အကွက်ဆင်ခြင်း
- The company took a gamble to do something that could produce a (very) bad or unpleasant result. by cutting the price of their products, and it paid off (= was financially successful). ကုမ္ပဏီသည် မိမိ၏ကုန်ပစ္စည်းများကို ဈေးလျှော့ပြီး (လုပ်)/ရောင်းကြည့်ရာ အမြတ်ထွက်/အောင်မြင်သည်ကို တွေ့ရသည်။
- bound and gagged ကြိုးတုပ် ပါးစပ်ပိတ်
- The hostages were bound and gagged. ဓားစာခံများကို ကြိုးတုပ်ကာပါးစပ်ကို ပိတ်ထားသည်။
- gain weight ပိုဝလာ၊ ဝှေ့တက်လာ
- I've gained weight recently. ခုတလော ကျွန်တော် ပိုဝလာတယ်။
- at a gallop ကဆုန်ပေါက်
- He rode off at a gallop. သူသည်မြင်းကို ကဆုန်ပေါက်စီးသွားသည်။
- The urgency of his voice galvanized them into action . အရေးတကြီးဖြစ်နေသည့် သူ့အသံကြောင့် သူတို့အသက်ဝင် လှုပ်ရှားသွားကြသည်။
- In his short life he had run the (whole) gamut to encompass an entire range of something of crime, from petty theft to murder. သူ့ရဲ့ သက်တမ်းတိုတိုကလေးမှာ အသေးအဖွဲခိုးမှုမှ လူသတ်မှုအထိ ပြစ်မှုပေါင်းစုံ ကျူးလွန်ခဲ့တယ်။
- We think we have identified a gap in the market (=the absence of a type of article which people might wish to buy).ကျွန်တော်တို့သည် ဝယ်သူကြိုက်ပစ္စည်းတစ်ခု (ဈေးကွက် လိုအပ်ချက်)ကို ဖော်ထုတ်နိုင်ခဲ့ပြီဟု ထင်ပါသည်။
- The car gathered speed. မော်တော်ကားသည် အရှိန်ရလာသည်။
- As a general rule (= usually) he did what he could to be helpful. သူဟာများသောအားဖြင့် သူတစ်ပါးကိုကူညီတတ်တယ်။
- I'm sure he'll be successful, given (= if he is given) half a chance. အခွင့်အရေးနည်းနည်းလောက်ရတာနဲ့ သူဟာအောင်မြင်မှ ရမည့်သူပါ။
- She walked away without a backward glance. မိန်းကလေးသည် နောက်သို့တစ်ချက်ပင်လှည့်မကြည့်ဘဲ ထွက်သွားသည်။
- I know how it works in general terms. ဒီပစ္စည်းရဲ့ ယေဘုယျ အလုပ်လုပ်ပုံကို ကျွန်တော် သဘောလောက်တော့ သိပါတယ်။
- The hearings were conducted in the full glare of publicity (= with constant attention from newspapers, TV etc). အမှုကို လူသိရှင်ကြား ကြားနာစစ်ဆေးသည်။
- There is a large area under glass (= covered with glasshouses or frames filled with glass to protect growing plants). မှန်လုံအိမ်ကြီးမှာ ကြီးမားကျယ်ပြောသည်။
- After his son has won five distinctions in the Matriculation Examination, he became a proud father basking/bathing in his son's reflected glory" sharing the fame achieved by his son). တက္ကသိုလ်ဝင်စာမေးပွဲတွင် သားဖြစ်သူ ငါးဘာသာဂုဏ်ထူး ရသဖြင့် သူသည်မျက်နှာပွင့်ကာဂုဏ်တက်ခဲ့သည်။
- restore to ပြုပြင်မွမ်းမံသည်။
- The old house was restored to its former glory. အိမ်အိုကြီးကို မူလအခြေအနေအတိုင်း ခံ့ညားမှုရှိအောင် ပြုပြင်ခဲ့သည်။
- Once you have made this decision, there will be no going back (= you will not be able to change your mind). ဒါဆုံးဖြတ်ပြီးရင် ခင်ဗျားပြင်လို့မရဘူးနော်။
- He never goes back on his word (= never fails to do what he has said he will do). သူက ပြောရင်ပြောတဲ့အတိုင်းလုပ်တယ်။ ကတိတည်တယ်။
- as time goes by ကြာလာတာနဲ့
- Things will get easier as time goes by. ကြာလာတာနဲ့ အားလုံးအဆင်ပြေ လွယ်ကူသွားမှာပါ။
- go down in histroy သမိုင်းတွင်
- He will go down in history as a great statesman. သူဟာ ကြီးမြင့်တဲ့ခေါင်းဆောင် တစ်ယောက်အဖြစ် သမိုင်းတွင်လိမ့်မယ်။
- They have a high level of unemployment- but the same goes for many other countries. သူတို့ဆီမှာ အလုပ်လက်မဲ့ဦးရေများတယ်။ ဒါပေမဲ့ တခြား နိုင်ငံအတော်များများမှာလည်း ဒီလိုပါပဲ။
- What's going on here? ဒီမှာ ဘာတွေဖြစ်နေသလဲဟေ့။
- have a good time ပျော်
- Did you have a good time in Singapore? စင်္ကာပူမှာ ပျော်ခဲ့ရဲ့လား။
- He devoted a good deal of (= a lot of) attention to the problem. ဒီပြဿနာကို သူ အတော် အာရုံ စူးစိုက်ခဲ့တယ်။
- This is a golden opportunity to enjoy the holiday of a lifetime. တစ်သက်မှာ တစ်ခါဆိုသလို ဒီအားလပ်ရက်ခံစားခွင့်ရတာ မဟာအခွင့်အရေးပဲ။
- Gone are the days when we could buy a delicious meal for just K 2. ငွေနှစ်ကျပ်နဲ့ ထမင်းတစ်နပ် ကောင်းကောင်း စားနိုင်တဲ့ ခေတ်ကကုန်ခဲ့ပြီ။
- I didn't want to play gooseberry to be present somewhere with two other people who are having a romantic relationship and who want to be alone together so I left them together. ကျွန်တော့်ကြောင့် အနှောင့်အယှက် မဖြစ်စေရန် သူတို့ နှစ်ယောက်တည်းထားခဲ့တယ်။
- Spare us the gory details (= unpleasant or shocking facts) please. စိတ်မချမ်းမြေ့စရာ ကိစ္စတွေကို လာမပြောပါနဲ့။
- the gospel truth ခိုင်လုံတဲ့သတင်း
- It's the gospel trutha completely true statement : the absolute truth (= completely reliable information). ဒါဟာ ခိုင်လုံတဲ့ သတင်းဖြစ်တယ်။
- The a governing body of the high school has decided to set up multimedia classrooms. အထက်တန်းကျောင်း၏ အုပ်ချုပ်မှုအဖွဲ့သည် သင်ထောက် ကူ စာသင်ခန်းများ ဖွင့်ရန် ဆုံးဖြတ်လိုက်သည်။
- He had been the manager's favourite, and his sudden fall from grace surprised everyone. မန်နေဂျာက သူ့ကို မျက်နှာသာပေးနေရာက မျက်နှာမရ ဖြစ်သွားလို့ အများက အံ့သြသွားကြတယ်။
- She clearly suffers from delusions of grandeur (= thinks she is more important than she really is). မိန်းကလေးက သူ့ကိုယ်သူအထင်ကြီးတယ်။
- on/through the grapevine တစ်ဆင့်စကား
- I heard on/through the grapevine that Ko Ko is being promoted.. တစ်ဆင့်စကားကြားရတာကတော့ ကိုကိုတစ်ယောက် ရာထူးတက်တော့မယ်တဲ့။
- wriggle out of my grasp ကျွန်တော့် ဖမ်းဆွဲရာက ရုန်းထွက်သည်။
- I grabbed him but he wriggled out of my grasp. သူ့ကို ဖမ်းဆွဲရာ သူကရုန်းထွက်သွားသည်။
- Members of the team are confident that victory is within their grasp. အသင်းသားများသည် သူတို့အသင်းနိုင်မည်ဟု ယုံကြည်ထားကြသည်
- She has a good grasp of the subject. သူသည် ဤအကြောင်းအရာတွင် နှံ့စပ်မှုရှိသည်။
- Staff were invited to air their grievances (= express them) at a special meeting. အထူးအစည်းအဝေးတွင် မကျေနပ်ချက်များကို တင်ပြရန် ဝန်ထမ်းများကို ဖိတ်ခေါ်လိုက်သည်။
- He'd been harbouring/nursing a grievance against his boss for months. သူသည်အလုပ်ရှင်သူဌေးအား မကျေမနပ်ဖြစ်နေသည်မှာ လအတန်ကြာပေပြီ။
- He grinds his teeth when he's asleep. သူသည်အိပ်နေစဉ် သွားကြိတ်တတ်သည်။
- in the grip of disease and despair စိတ်ပျက်အားငယ်
- During the Second World War, people were in the grip of disease and despair. ဒုတိယကမ္ဘာစစ်အတွင်းက လူများရောဂါထူပြောမှုဒဏ် ခံရပြီး စိတ်ပျက်အားငယ်ရသည်။
- Stop moaning and groaning and get on with your work. ညည်းတွားမနေနဲ့၊ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်။
- he two groups are trying to find some common ground. အဖွဲ့နှစ်ဖွဲ့တို့သည် နှစ်ဦးနှစ်ဖက် အကျိုးတူကိစ္စကို ဖော်ထုတ်ရန် ကြိုးစားနေကြသည်။
- You're on dangerous ground (= saying something likely to cause anger) when you criticize his daughter.သူ့သမီးကို ဝေဖန်ရင်တော့ သူဒေါပွလိမ့်မယ်။
- I bear him no grudge.ကျွန်တော် သူ့အပေါ် အာဃာတ မထားပါဘူး။
- He has a grudge against me. သူကကျွန်တော့်ကို ရန်ငြိုးထားတယ်။
- He has harboured/nursed a grudge against me for years. သူ ကျွန်တော့်ကို ရန်ငြိုးထားလာတာ နှစ်အတော်ကြာပြီ။
- It's still under guarantee (= The guarantee is still valid). ဒီဟာက အာမခံသက်တမ်း အကျုံးဝင်နေသေးတယ်။
- My guess is that you won't hear from him again.ကျွန်တော့်အထင်တော့ ခင်ဗျားသူ့ ဆီကနောက်ထပ် ဘာသတင်းမျှ ကြားရမှာမဟုတ်ဘူး။
- He was the guest of honour (= the most important person invited to an event). ဒီပွဲမှာ သူဟာ ဂုဏ်ထူးဆောင်အထူးဧည့်သည်ပဲ။
- The market economy is the guiding principle of the government. ဈေးကွက်စီးပွားရေးသည် အစိုးရ၏ လက်စွဲအခြေခံမူဖြစ်သည်။
- He pleaded guilty to murder. သူသည် လူသတ်မှုတွင် အပြစ်ရှိကြောင်း ထွက်ဆိုသည်။
- The enemy camp was out of/within gunshot. ရန်သူစခန်းသည် ကျည်တစ်ပစ်အလွန်တွင်/ကျည်တစ်ပစ် အကွာအဝေးအတွင်း ရှိသည်။
- with gusto အားရပါးရ၊ စိတ်ပါဝင်စားလျက်
- They sang with gusto. သူတို့သည် အားရပါးရ သီချင်းဆိုကြသည်။
- He disagrees with her but doesn't have the guts to say so. သူသည် မိန်းကလေးနှင့် သဘောချင်းမတိုက်ဆိုင်သော်လည်း ဖွင့်ပြောရန်မဝံ့ပေ။
- It's all right to borrow money occasionally, but don't let it become a habit/make a habit of it. တစ်ခါတလေ သူများဆီကပိုက်ဆံချေးတာတော့ ချေးပေါ့၊ ဒါပေမဲ့ အကျင့်မလုပ်လေနဲ့၊
- I'm not in the habit of staying up late (= don't do it very often). ကျွန်တော် ညဉ့်နက်သန်းခေါင်အထိ (မအိပ်ဘဲ) နေလေ့မရှိပါ။
- I've got into the habit of turning on the TV, as soon as I get home. ကျွန်တော်က အိမ်ပြန်ရောက်တာနဲ့တီဗီဖွင့်တာ အကျင့်ဖြစ်နေပြီ။
- He's tried to give up smoking but just can't break/kick the habit. (သူဆေးလိပ် စသည်) ဖြတ်ဖို့ ကြိုးစားတယ်၊ ဒါပေမဲ့ (အကျင့်)ဖြတ်လို့မရဘူး။
- I make a habit of never lending money to strangers. ကျွန်တော်မျက်နှာစိမ်းကို ဘယ်တော့မှငွေချေးလေ့မရှိပါ။
- I'm trying to break the habitof staying up too late. မအိပ်ဘဲ ညဥ့်နက်သန်းခေါင်ထိနေတဲ့ အကျင့်ကိုဖျက်ဖို့ ကျွန်တော်ကြိုးစားနေတယ်။
- The poor family had to live in a house unfit for human habitation (= not clean or safe enough for people to live in).ဆင်းရဲသားမိသားစုမှာ သန့်ရှင်းလုံခြုံမှုမရှိသည့် အိမ်တွင်နေကြရသည်။
- At over 70, he's still hale and hearty. အသက် ၇ဝ ကျော်ပေမဲ့ သူဟာ ကျန်းမာပျော်ရွှင်လျက်ပဲ။
- Police said the explosion in the centre of London bore all the hallmarks of a terrorist attack. လန်ဒန်မြို့လယ် ဗုံးပေါက်ကွဲမှုမှာ အကြမ်းဖက်သူများ၏ လက်ချက်ဖြစ်နိုင်သည့် အထောက်အထားများရှိသည်ဟု ရဲကပြောသည်။
- Work came to a halt when the machine broke down. စက်ပျက်သွားသဖြင့် လုပ်ငန်းများ ရပ်ဆိုင်းကုန်သည်။
- Buckets of water were passed from hand to hand (= from one person to another) to put the fire out. မီးငြိမ်းသတ်ရန် ရေပုံးများကို လက်ဆင့်ကမ်းသယ်ကြသည်။
- He was on (his) hands and knees (crawling on the floor) looking for an earring. သူသည်ကြမ်းပေါ်တွင် လေးပက်ထောက်ကာ နားကပ်ကို ရှာသည်။
- Couples, strolled past holding hands. စုံတွဲများသည် လက်တွဲကာ ဘေးမှဖြတ်သွားကြသည်။
He killed the snake with his bare hands (= using only his hands). သူသည်မြွေကို ဘာလက်နက်မျှမပါဘဲ လက်ဖြင့်သတ်သည်။
- Let me give you a hand with these bags (= help you to carry them). ဒီအိတ်တွေ ကူ(ကူညီ)သယ်ပေးပါရစေ။
- The neighbours are always willing to lend a hand. အိမ်နီးချင်းများသည် ကူညီဖို့ အသင့်ရှိကြသည်။
- Several of his colleagues had a hand in his downfall. သူကျရှုံးမှုတွင် သူ့အပေါင်းအသင်းအချို့၏ပယောဂပါသည်။
- They were arrested for handling stolen goods. ခိုးရာပါ ပစ္စည်းများလက်ခံရောင်းဝယ်မှုဖြင့် သူတို့အဖမ်း ခံရသည်။
- His restraint paid off handsomely. ချုပ်တည်းသည်းခံနိုင်သဖြင့် သူ အကျိုးများစွာခံစားရသည်။
- I find his attitude veryhard to take (= difficult to accept). သူ့သဘောထားကို လက်ခံရန် ကျွန်တော် အခက်တွေ့ နေသည်။
- There are no hard and fast rules about this. ဒီကိစ္စမှာ စည်းမျဉ်းစည်းကမ်းသိပ်ပြီး မကျပ်ပါဘူး။
- I could hardly believe my eyes; she looked so different. သူကအတော့်ကို ပြောင်းလဲသွားလို့ ကျွန်တော့်မျက်စိကိုတောင် မယုံချင်သလိုပဲ။
- Hardly a day goes by without my thinking of her (= I think of her almost every day). ကျွန်တော်သူ့အကြောင်း မတွေးမိတဲ့ရက် မရှိသလောက်ပဲ။
- It's hardly surprising that she failed her exams when she did so little work. မည်မည်ရရ လုပ်မထားတော့ သူစာမေးပွဲကျတာ ဘာဆန်းသလဲ။
- He meant no harm (= did not intend to hurt or upset anyone). သူဟာ သူတစ်ပါးကို ဒုက္ခပေးမယ့်သူ မဟုတ်ပါ။
- A few late nights never did anyone any harm . ရက်အနည်းငယ် ညဉ့်နက်သန်းခေါင်အထိ (မအိပ်ဘဲ) နေတာ ဘယ်သူမှ ဘာမျှမဖြစ်ကြဘူး။
Don't worry, we'll make sure she comes to no harm. မပူပါနဲ့။ မိန်းကလေးအတွက် အန္တရာယ်မကျရောက်စေရပါဘူး။
- The treatment did him more harm than good. ဆေးကုလိုက်တာ မသက်သာဘဲ ပိုဆိုးလာတယ်။
- Harmful effects of smoking should be made public. ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးများကို အများသိအောင် လုပ်သင့်သည်။
- We were just having a bit of harmless fun. ကျွန်တော်တို့ သက်သက်ကျီစားနေကြတာပါ။
- He seems a harmless enough person to me. သူဟာ ကျွန်တော့်အတွက် ဘေးအန္တရာယ်ရှိပုံမရပါ။
- We are reaping the harvest of (= suffering as a result of) our past mistakes. ရင်ကမှားခဲ့တဲ့ အမှားအတွက် ကျွန်တော်တို့ ခံနေကြရတာပါ။
- I have some news for you-good news, I hastened to add. ခင်ဗျားကိုပြောစရာရှိတယ်။ သတင်းကောင်းပြောမှာပါဟု အလျင်အမြန် ဆက်ပြောလိုက်တယ်။
- You've got me there. I hadn't thought of that. ကျွန်တော်ညံ့သွားပြီ။ ဒါကိုမစဉ်းစားမိဘူး။
- These insects can wreak havoc on crops. ဒီပိုးတွေက သီးနှံတွေကို ဖျက်ဆီးနိုင်တယ်။
- She nodded her head in agreement. ရန်သူက ခေါင်းညိတ်ပြီး သဘောတူကြောင်းပြတယ်။
- The thought never entered my head. အဲဒီအတွေး ခေါင်းထဲဝင်မလာခဲ့ဘူး။
- She has no head for heights (= feel giddy and frightened in high places). သူက အမြင့်တက်လို့မရဘူး(ခေါင်းမူးတတ်/ကြောက် တတ်တယ်)။
- She has a splitting headache (= a very bad one). သူ ခေါင်းသိပ်ကိုက်နေတယ်။
- They are making little headway with the travel arrangements. သူတို့ခရီးသွားဖို့စီစဉ်တာ ထူးခြားတိုးတက်မှုမရှိဘူး။
- It was a chance to heal the wounds in the team (=to repair the damage that had been done). ဒါဟာအသင်းထဲမှာဖြစ်နေတဲ့ မကျေလည်မှု(အနာ)ကို ကုစားဖို့ အခွင့်အရေးပဲ။
- He returned with a heavy heart. သူသည် စိတ်လက်မချမ်းမသာနှင့် အိမ်ပြန်လာသည်။
- The story captured the hearts and minds of a generation. ဒီဇာတ်လမ်းက မျိုးဆက်တစ်ဆက်ရဲ့ ခံစားမှုနဲ့ စိတ်ပိုင်းဆိုင်ရာကို ဆွဲဆောင်မှုရှိတယ်။
- It's best to take heed of your doctor's advice. ဆရာဝန်ရဲ့ စကားကို လိုက်နာတာ အကောင်းဆုံးပဲ။
- I've warned him of the risk but he pays little heed (to what I say). ကြံနိုင်တဲ့အန္တ ရာယ်ကို ကျွန်တော်သတိပေးပါတယ်။ ဒါပေမဲ့ သူ အလေးမထားဘူး။
- The fire reached its height around 2 am. မီးရှိန်က မနက် ၂ နာရီမှာ အမြင့်ဆုံးပဲ။
- The victorious team receives a hero's welcome (such as is given to returning heroes). အောင်ပွဲရအသင်းကို သူရဲကောင်းများပမာ ကြိုဆိုသည်။
- She's gone into/come out of hiding. သူ ပုန်းခိုသည်/ပုန်းခိုရာမှ ထွက်လာသည်။
- She has friends in high places (=among people of power and influence). သူ့မှာ သြဇာတိက္ကမရှိတဲ့ မိတ်ဆွေတွေရှိတယ်။
- We think highly of (=have a high opinion of) Maha Bandoola. ကျွန်တော်တို့သည် မဟာဗန္ဓုလကို ကြည်ညိုလေးစားကြသည်။
- U Ba often speaks highly of (=praise) his son. ဦးဘသည် သူ့သားကို မကြာခဏ ချီးကျူးပြောဆိုသည်။
- We failed, and with (the benefit/wisdom of) hindsight I now see where we went wrong. ကျွန်တော်တို့ အရေးနိမ့်ခဲ့သည်။ ဖြစ်သွားပြီး ပြန်စဉ်းစား ကြည့်တော့မှ ကျွန်တော်တို့ ဘယ်နေရာမှာ မှားသွားတယ်ဆိုတာ မြင်တော့သည်။
- The manager does the hiring and firing (= employs and dismisses people). မန်နေဂျာသည် အလုပ်ခန့်ခြင်း၊ အလုပ်မှ ထုတ်ပစ်ခြင်းကိစ္စများကို ဆောင်ရွက်သည်။
- Can I hitch a lift (with you) to the station? ခင်ဗျာ့ကားနဲ့ ဘူတာရုံကို ကားကြုံလိုက်လို့ရမလား။
- The parents will be held responsible for their children's behaviour. သားသမီးမကောင်း မိဘခေါင်းပဲ။
- Sit down and make yourself at home! ထိုင်ပါဦး၊ အေးအေးဆေးဆေးနေပါ။ ကိုယ့်အိမ်လိုသဘောထားပါ။
- They urged him to do the honourable thing and resign, သူ့ကို သိက္ခာရှိရှိနဲ့ အလုပ်ကထွက်ဖို့ တိုက်တွန်းကြသည်။
- He had the audience hooting with laughter. သူ့ကို ပရိသတ်ဟားတိုက်ကြသည်။
- There is still a glimmer of hope မျှော်လင့်ချက် နည်းနည်း တော့ ရှိနေသေးတယ်။
- She has high hopes of winning (=is very confident about it). သူ နိုင်မယ်လို့ အပိုင်တွက်ထားတာ။
- They have high hopes for their children. သူတို့က သားသမီးတွေအပေါ် အတော်လေးမျှော်လင့်ထားကြတယ်။
- Most of the students are making good progress but Bo Bo seems a hopeless case. ကျောင်းသားအများစုကတော့ တိုးတက်မှုရှိပါတယ်။ ဘိုဘို တစ်ယောက်ကတော့မဟန်လှဘူး။
- She wanted to travel to broaden her horizons. အသိအမြင်ကျယ်ဖို့ သူခရီးထွက်ချင်တယ်။
- To her horror she saw him fall. သူလိမ့်ကျတာကို ကြည့်ပြီး မိန်းကလေး(အမျိုးသမီး) အထိတ်တလန့်ဖြစ်ရသည်။
- The college is playing host to a group of visiting Japanese scientists. ကောလိပ်က ဂျပန်သိပ္ပံပညာရှင် ဧည့်သည်များကို ဧည့်ခံပါမည်။
- This painting is too hot to handle. ဒီပန်းချီကားက ထင်ပေါ်ကျော်ကြားဈေးကြီးလို့ ခိုးယူထုခွဲဖို့ ခက်ခဲမယ်။
- We are paid by the hour. ကျွန်တော်တို့ လုပ်ခကို နာရီနဲ့တွက်ပြီး ရှင်းတယ်၊
- We waited for hours (a long time). ကျွန်တော့်ကို အချိန်အကြာကြီး စောင့်ခဲ့ကြတယ်၊
- We huddled together for warmth. နွေးထွေးသွားအောင် ကျွန်တော်တို့ လူချင်းပူးကပ် လိုက်ကြတယ်။
- We must allow for human error. လူ့သဘာဝဖြစ်တတ်တဲ့ အမှားကိုတော့ ထည့်တွက်ရလိမ့်မယ်။
- He had a good sense of humour,သူ့မှာ ဟာသဉာဏ်ရှိတယ်။
- Thousands are going hungry in that country because of the failure of the harvest. အဲဒီနိုင်ငံမှာ ကောက်ပဲသီးနှံတွေ မအောင်မြင်လို လူထောင်ပေါင်းများစွာ ငတ်ပြတ်နေကြတယ်။
- Crowded markets are a happy hunting ground for pickpockets. လူစည်ကားတဲ့ဈေးတွေဟာ ခါးပိုက်နှိုက်တွေ ကျက်စားတဲ့နေရာတွေပေါ့။
- She's always in a tearing hurry. မိန်းကလေးကြည့်ရတာ အမြဲ ပျာယာခတ်နေတယ်။
- I love all the hustle and bustle of the market. ဈေးတွင် ဆူဆူညံညံ လူစည်ကား သွားလာနေသည်ကို ကျွန်တော် နှစ်သက်သည်။
- Many of those arrested refused to identify themselves (=would not say who they were). အဖမ်းခံရတဲ့ လူအတော်များများက သူတို့ဘယ်သူ ဘယ်ဝါဆိုတာ မပြောချင်ကြဘူး။
- He is innocent; it was a case of mistaken identity (=the wrong person is arrested by mistake). သူ့မှာ အပြစ်မရှိပါ။ မှားယွင်းပြီးဖမ်းဆီးခြင်း ဖြစ်ပါသည်။
- I'll take off every Monday-do you get an idea (=understand)? ငါ တနင်္လာနေ့တိုင်း နားမယ်နော်။ သဘောပေါက်ရဲ့လား။
- So what if he was late. Who cares? သူနောက်ကျတော့ရော ဘာဖြစ်မှာလဲ၊ ဘာထူးမှာမို့လို့လဲ။
- She fell ill/was taken ill suddenly. ရုတ်တရက် သူ နေထိုင်မကောင်းဖြစ်သွားတယ်။
- They can ill afford the time or money for a holiday. အားလပ်ရက်အတွက် သူတို့ အချိန်ရော ငွေပါ မတတ်နိုင်ကြသလောက်ပါ။
- I have no illusions about my ability (=I know that I am not very able). ကျွန်တော် မတော်ဘူးဆိုတာ ကိုယ်ကိုယ်ကို သိပါတယ်။
- She's under the illusion that (=believes wrongly that) he loves her. အမျိုးသားက သူ့ကိုချစ်တယ်လို့ မိန်းကလေးက (မှား)ထင်နေတယ်။
- The house was built in imitation of a Roman villa. ရောမအိမ် ပုံစံအတုယူပြီး အိမ်ကိုဆောက်ထားခြင်းဖြစ်သည်။
- The bomb exploded on impact (= as soon as it hit something). ထိမိသည်နှင့် ဗုံးက ပေါက်ကွဲခြင်းဖြစ်သည်။
- They attached great importance to the project (=They considered it to be very important). စီမံကိန်းကို သူတို့သည် အထူးအလေးထားကြသည်။
- State your reasons in order of importance. ခင်ဗျားရဲ့ အကြောင်းပြချက်တွေကို အရေးကြီးမှုအစဉ် အတိုင်း ပြောပြပါ။
- I find it impossible to lie to her. သူ့ကို လိမ်ပြောဖို့က မလွယ်ပါ။
- What were your first impressions of the new headmaster? ကျောင်းအုပ်ကြီးအသစ်အပေါ် ခင်ဗျား အမြင်ဘယ်လို ရှိသလဲ။
- He gives the impression of being a hard worker. သူ့ကို အလုပ်ကြိုးစားသူတစ်ယောက်လို့ အများက မြင်အောင် သူက လုပ်တတ်တယ်။
- There is still room for improvement in your work. ခင်ဗျားရဲ့ အလုပ်ကို ဒါထက်ကောင်းအောင် လုပ်ဖို လိုသေးတယ်။
- On (an) impulse, I picked up the phone and rang my sister in Mandalay. စိတ်ထဲဆန္ဒပေါ်လာတာနဲ့ တယ်လီဖုန်းကို ကောက်ကိုင်ပြီး မန္တလေးကညီမဆီကို ကျွန်တော်ဖုန်းဆက်လိုက်တယ်။
- He escaped death by an inch. သူသေတော့မလို့ သီသီကလေး လွတ်သွားတယ်။
- The car missed us by inches. ကားက တိုက်တော့မလို့၊ ပွတ်ကာသီကာလေး လွတ်သွားတယ်။
- He did not show the slightest inclination to leave. သူ့ကြည့်ရတာ သွားမည့်(ပြန်မည့်) အရိပ်အယောင် မ တွေ့ရဘူး။
- The prisoner has been held incommunicado for more than a week. အကျဉ်းသားကို အပြင်လူနဲ့ အဆက်အသွယ်ဖြတ်ထားတာ တစ်ပတ်ကျော်ရှိပြီ။
- She's a woman of independent means (=with a private income that is large enough for her not to have to rely financially on anyone else). ဒီအမျိုးသမီးက သူ့ဝင်ငွေနဲ့သူ ရပ်တည်နိုင်တယ်။
- She gave no indication of having heard us. ကျွန်တော်တို့ပြောတာကို သူကြား တဲ့ပုံမတွေ့ရဘူး။
- There is every indication that the Asian monetary crisis is ending. အာရှငွေကြေးအကျပ်အတည်းက ပြီးဆုံးလွန်မြောက်တဲ့ လက္ခဏာတွေ တွေ့နေရတယ်။
- Much to my indignation, he sat down in my seat. ကျွန်တော့်ခုံနေရာမှာ သူလာထိုင်နေလို့ ကျွန်တော်စိတ်ဆိုးသွားတယ်။
- The use of computers is still in its infancy at some high schools. အချို့အထက်တန်းကျောင်းများတွင် ကွန်ပျူတာသုံးစွဲမှုမှာ ယခုမှ စတင်ခြင်း ဖြစ်သည်။
- He committed the crime under the influence of drugs. မူးယစ်ဆေးဝါး၏ အရှိန်ကြောင့် သူရာဇဝတ်မှုကျူးလွန်ခြင်း ဖြစ်သည်။
- The company seized/took the initiative in opening up super markets downtown. ထိုကုမ္ပဏီသည် မြို့လယ်တွင် ကုန်တိုက်ကြီးများကို စတင်တည်ထောင်သည့် ကုမ္ပဏီဖြစ်သည်။
- The youth side lost the initiative early on in the match. စောစောပိုင်းတွင် လူငယ်အသင်းက ဦးဆောင်ကစားနိုင်ခြင်း မရှိပေ။
- She did it on her own initiative (=without anyone telling her to do it).မိန်းကလေးက သူ့အစွမ်းအစ သူ့သဘောနဲ့သူလုပ်တာပါ။
- Don't try lifting that trunk or you'll do yourself an injury. အဲဒီသေတ္တာကြီးကို မဖို့ မကြိုးစားနဲ့၊ ထိခိုက်မိလိမ့်မယ်။
- She protested her innocence (=kept saying she was innocent).သူ့တွင် အပြစ်မရှိကြောင်း ထပ်ထပ်ခါခါတွင်တွင်ပြောသည်။
- I've been making (sone) inquiries (=trying to firid out) about it. ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်စုံစမ်းနေတယ်။
- Sometimes I think I'm going insane. တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကို ရူးနေပြီလား တွေးမိတယ်။ .
- This job is driving me insane. ဒီအလုပ်ကြောင့် ကျွန်တော် စိတ်ရှုပ်ရတယ်၊ ရူးလိမ့်မယ်။
- Police arrested the man for loitering with intent (=for apparently intending to commit a crime). ရဲက ထိုသူကို ပြစ်မှုကျူးလွန်ရန် ကြံစည်အားထုတ်မှုဖြင့် ဖမ်းလိုက်သည်။
- I came with the/every intention of staying, but circumstances have changed. ဒီမှာနေမယ်ဆိုပြီးတော့ လာခဲ့တာပဲ။ ဒါပေမဲ့ အခြေအနေက ပြောင်းသွားတယ်။
- I have no intention of coming (= do not intend to come) here again! ဒီကိုနောက်တစ်ကြိမ် ပြန်လာဖို့ မရည်ရွယ်ပါဘူး။
- The audience listened to the speech with interest. ပရိသတ်က မိန့်ခွန်းကို စိတ်ဝင်စားစွာ နားထောင်သည်။
- He has your best interests at heart (=is acting for your advantage). သူကခင်ဗျားရဲ့ အကျိုးအတွက် ဆောင်ရွက်ပေးနေတာပါ။
- The board of directors have decided what is in the best interests of shareholders. အစုရှင်များ၏ အကျိုးစီးပွားအတွက် အကောင်းဆုံး ဖြစ်အောင် ဒါရိုက်တာအဖွဲ့က ဆုံးဖြတ်လိုက်တာပါ။
- It would be in your interest (=to your tage) to go. သွားမယ်ဆိုရင် ခင်ဗျားအတွက် အကျိုးရှိမှာပါ။
- Buses to the airport leave at regular intervals. ဘတ်စ်ကားများသည် လေဆိပ်သို့ သတ်မှတ်သည့် အချိန် အပိုင်းအခြားအတိုင်း (၁၀ မိနစ်၊ ၁၅ မိနစ်ခြားစသည်)ထွက်သည်။
- I never give intervlews. ကျွန်တော်ဘယ်တော့မှ တွေ့ ဆုံမေးမြန်းတာကို လက်မခံဘူး။
- For some inexplicable reason he gave up a fantastic job. နားလည်ရ ရှင်းပြရခက်တဲ့ကိစ္စကြောင့် အလွန်ကောင်းတဲ့ အလုပ်ကို သူစွန့်လွှတ်လိုက်တယ်။
- Europe's foreign policy is inextricably linked to that of the US. ဥရောပ၏ နိုင်ငံခြားရေးဝါဒသည် အမေရိကန်၏ နိုင်ငံခြားရေးဝါဒနှင့် ခွဲမရအောင်ဆက်စပ်နေသည်။
- Keep me informed of any developments. ထူးခြားတာရှိရင် ကျွန်တော့်ကို အသိပေးပါ
- The artist found (his) inspiration in/drew (his) inspiration from the ancient palace scenery. နန်းတော်ဟောင်း၏ ရှုခင်းက ပန်းချီဆရာအတွက် စိတ်ကူးပေါ်စေသည်။
- Students are not normally allowed to take dictionaries into exams, but in this instance (= on this occasion) they were asked to do so. သာမန်အားဖြင့် ကျောင်းသားများကို စာမေးပွဲခန်းသို့ အဘိဓာန်ယူခွင့်မပြုပါ။ ယခုကိစ္စတွင် ခွင့်ပြုထားပါသည်။
- At his instigation a staff welfare fund was launched. သူတိုက်တွန်းချက်အရ ဝန်ထမ်းသက်သာရန်ပုံငွေ ရှာဖွေရန် ကိစ္စကို ဆောင်ရွက်ခဲ့ပါသည်။
- The questions were a real insult to our intelligence (=too easy) မေးခွန်းတွေက လွယ်လွန်းနေတယ်။
- National entrepreneurs are urged to carry out intensive farming not only for domestic self-sufficiency but also for export. ပြည်တွင်းဖူလုံရေး အတွက်သာမက ပြည်ပကိုပါ တင်ပို့ နိုင်ရန် သီးနှံအထွက်တိုးရေး ဆောင်ရွက်ကြဖို့ တိုင်းရင်းသား လုပ်ငန်းရှင်များကို တိုက်တွန်းထားသည်။
- As a matter of interest, (=I'd like to know) what time did the party finish? ပါတီပွဲ ဘယ်အချိန်ပြီးသွားလဲ သိပါရစေ။
- Just out of interest, how much did it cost? စိတ်ဝင်စားလို့မေးကြည့်တာပါ၊ ဒါဘယ်လောက်တဲ့လဲ
- Dreams are open to interpretation (=they can be explained in different ways). အိပ်မက်ကို အမျိုးမျိုး အဓိပ္ပာယ်ကောက်နိုင်သည်။
- Speaking through an interpreter, the visiting Minister said he had discussed a wide range of topics with the hosts. ဧည့်သည်ဝန်ကြီးက စကားပြန်မှတစ်ဆင့် အိမ်ရှင်များနှင့် ကိစ္စများစွာဆွေးနွေးခဲ့သည်။
- She spoke for 20 minutes without interruption. သူသည် မိနစ် ၂ဝ ကြာ မနားတမ်းပြောသွားသည်။
- We have been on intimate terms (=very close friends) for some time. ကျွန်တော်တို့ ရင်းရင်းနှီးနှီး ရှိခဲ့ကြတာ အတော်ကြာပြီ။
- That dispute has arisen due to the intractable problem of human greed. ထိုအငြင်းပွားမှုသည် ထိန်းရခက်သည့် လူ့ လောဘကြောင့် ပေါ်ပေါက်ခြင်းဖြစ်သည်။
- Our speaker today needs no introduction (=is already well known). ဒီနေ့ပြောကြားမယ့် ပုဂ္ဂိုလ်ကတော့ အများသိထားပြီး ဖြစ်ပါတယ်။ မိတ်ဆက်စရာ မလိုတော့ဘူး။
- A person's wealth is often in inverse proportion to their happiness (=the more money they have, the less happy they are).မကြာခဏဆိုသလို ချမ်းသာမှုနဲ့ ပျော်ရွှင်မှုဟာ တခြားစီ ဖြစ်တတ်တယ်။
- The matter is under investigation. ဒီကိစ္စကို စုံစမ်းစစ်ဆေးနေပါတယ်။
- You put me in an invidious position by asking me to comment on my collegue's work. ကျွန်တော့်အပေါင်းအသင်းရဲ့ လုပ်ရည်ကိုင်ရည်ကို ခင်ဗျားမေးတာ ကျွန်တော် အဖြေရခက်သွားတယ်။
- The article was an excellent piece of investigative journalism. ဒါဟာ စုံစမ်းမေးမြန်းပြီး ရေးသားရတဲ့ ဆောင်းပါးကောင်း တစ်ပုဒ်ပါ။
- Admission is by invitation only. ဖိတ်ကြားထားသူများကိုသာ ဝင်ခွင့်ပြုပါတယ်။
- It would be irresponsible to ignore the situation. အခြေအနေကို လျစ်လျူရှုရင် တာဝန်မဲ့ရာကျပါလိမ့်မယ်။
- Excessive drinking will cause irreparable damage/harm to your health.အရက်အလွန်အကျွံသောက်ရင် ခင်ဗျားရဲ့ ကျန်းမာရေးက ကုမရအောင် ဆိုးလိမ့်မယ်။
- They dance/jump/shout for joy (= because of feeling great joy). သူတို့ အရမ်းပျော်လို့ က/ခုန်/အော် ကြသည်။
- Judging from/To judge by past experience, he will be late. အတွေ့ အကြုံ အရ ပြောရရင် သူနောက်ကျလိမ့်မယ်။
- I'd like to reserve judgement (= to delay giving my opinion) on that question. ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့ရဲ့ သဘောထားကို မပြောချင်သေးဘူး။
- In my judgement the idea is sound. ကျွန်တော့်အမြင်ပြောရရင် ဒီစိတ်ကူးကောင်းပါတယ်။
- The court has still to pass judgement (= give a decision) in this case. ရုံးတော်က ဒီအမှုအတွက် စီရင်ချက်ချရဦးမယ်။
- He jumped to his feet as the boss came in. သူဌေးဝင်လာသဖြင့် သူသည် အမြန်ထလိုက်သည်။
- I bought these plates in a junk shop. ဒီပန်းကန်ပြားတွေကို အဟောင်းဆိုင်က ဝယ်လာတာ။
- He's trying to get a job. သူ (အလုပ်ရဖို့)/အလုပ်ရှာနေတယ်။
- His brother's lost his job. သူ့အစ်ကိုတော့ အလုပ်ပြုတ်သွားပြီ။
- I always get the jitters before exams. စာမေးပွဲ ဖြေတော့မယ်ဆိုရင် ကျွန်တော်အမြဲ စိတ်လှုပ်ရှား
- He certainly knows his job (=is very good at his job). သူက သူ့ အလုပ်ကို ကောင်းကောင်းကျွမ်းတယ်။
- He's been out of a job (=unemployed) for six months. သူ အလုပ်လက်မဲ့ဖြစ်နေတာ ခြောက်လရှိပြီ။
- I didn't mean that... I was only joking. ကျွန်တော် အတည်ပြောတာမဟုတ်ဘူး။ ကျီစားတာ သက်သက်ပါ။
- We broke our journey (= stopped for a short time) in Hong Kong. ကျွန်တော်တို့ ဟောင်ကောင်မှာ ခရီးတစ်ထောက် နားတယ်။
- Bye! Safe journey? (used when somebody is beginning a journey). လမ်းခရီးမှာ အန္တရာယ်ကင်း၊ ဖြောင့်ဖြူးပါစေ။
- I did it against my better judgement (=although I thought it was perhaps the wrong thirng to do). အဲဒါကို မှားမှန်းသိလျက်နဲ့ ကျွန်တော်လုပ်ခဲ့တာဖြစ်ပါတယ်။
- At this juncture, I would like to make an important announcement. အခု/ဒီနေရာမှာ ကျွန်တော်အရေးကြီးတဲ့ ကြေညာချက် တစ်ရပ် ကြေညာလိုပါတယ်။
- “Can I help you?" “No thanks, I'm just looking." ဘာအလိုရှိပါလဲရှင် / ခင်ဗျာ။ ရပါတယ်၊ ကျွန်တော်ကြည့်ရုံ သက်သက် ကြည့်နေတာပါ။
- I think she got her just deserts. (= what she deserved). ́မိန်းကလေးတော့ သူနဲ့ ထိုက်တန်တာကို ရသွားတယ်လို့ သဘောရတယ်။
- Throughout his life as a judge, there hasn't been a terrible miscarriage of justice (= a wrong legal decision). သူရဲ့တရားသူကြီးဘဝ တစ်လျှောက်မှာ ဆိုးဆိုးရွားရွား မှားယွင်းစီရင်ချက်ချတာမျိုး မရှိခဲ့ဖူးပါ။
- Well done! Keep up the good work/Keep it up! ကောင်းတယ်။ ဒီအတိုင်းဆက်လုပ်။
- The Minister delivered a keynote speech at the seminar. ဝန်ကြီးသည် ဆွေးနွေးပွဲ၏ အဓိကကျသည့် မိန့်ခွန်းကို မြွက်ကြားသည်။
- He has smoked since he was 16 and found it difficult to kick the habit (=stop). သူသည် ၁၆ နှစ်သားကတည်းက ဆေးလိပ်သောက်ခဲ့သဖြင့် ဆေးလိပ် (အကျင့်တစ်ခုခုကို) ဖြတ်ရခက်နေသည်။
- The child was dragged away, kicking and screaming. ကလေးငယ်သည် ကန်ကျောက်အော်ဟစ်လျက် တရွတ်တိုက်ပါသွားသည်။
- I didn't mean it. I was only kidding. တကယ်မဟုတ်ပါဘူး။ ကျီစယ်တာသက်သက်ပါ။
- We immediately realized that we were kindred spirits (= had similar tastes, feelirngs, etc). ကျွန်တော်တို့ အကြိုက်ချင်း၊ သဘောချင်းတူညီ တိုက်ဆိုင်တာ ချက်ချင်းသဘောပေါက်သွားတယ်။
- They sell all kinds of things. သူတို့ ပစ္စည်းစုံရောင်းတယ်။
- The library opened last week was the first of its kind in the village. လွန်ခဲ့သည့်အပတ်က ဖွင့်ခဲ့တဲ့စာကြည့်တိုက်ဟာ ဒီရွာမှာ ဒါပထမဆုံးပဲ။
- She gave me a knowing look when I mentioned Ko Ko's name. ကိုကိုရဲ့ အမည်ကိုပြောတော့မိန်းကလေးက ဘာကိုဆိုလိုတာ သိတဲ့အကြည့်နဲ့ ကြည့်တယ်။
- He has/shows a detailed knowledge of foreign investment. နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအကြောင်း သူအသေးစိတ်သိတယ်။
- She sent it without my knowledge. အဲဒါကို ကျွန်တော်မသိဘဲ ပို့လိုက်တာပါ။
- He denied all knowledge of the affair. ထိုကိစ္စကို သူ မသိပါဟု ငြင်းသည်။
- The complaint landed on the desk of the regional manager. တိုင်စာဟာ ဒေသဆိုင်ရာမန်နေဂျာရဲ့ စားပွဲပေါ်ရောက်သွားတယ်။
- They made landfall at dusk after three weeks at sea. ပင်လယ်ပြင်တွင် သုံးပတ်ကြာခဲ့ပြီး နေဝင်ချိန်မှာ သူတို့ ကမ်းကို စတင်မြင်တွေ့ ကြရတယ်။
- Because of engine trouble the plane håd to make an emergency landing. စက်ပျက်သဖြင့် လေယာဉ်ပျံကို အရေးပေါ်ဆင်းသက် လိုက်ရသည်။
- The two parties are trying their best to win a landslide victory. ပါတီနှစ်ဖွဲ့တို့သည် အပြတ်အသတ်အနိုင်ရရေးအတွက် အစွမ်းကုန် ကြိုးပမ်းနေကြသည်။
- He has a good command of the English language. သူအင်္ဂလိပ်စာ ကောင်းကောင်းကျွမ်းတယ်။
- The baby sat on my lap. ကလေးငယ်သည် ကျွန်တော့် ပေါင်ပေါ်မှာထိုင်သည်။
- He had fallen asleep with the book open in her lap. ပေါင်ပေါ်တွင် စာအုပ်ဖွင့်လျက် သူ အိပ်ပျော်သွားသည်။
- She has fully recovered after a considerable lapse of time. အချိန်အတန်ကြာပြီးနောက် သူကောင်းစွာနာလန်ထူလာသည်။
- She's in a lather about having to speak to such a large audience. ကြီးမားများပြားသည့် ပရိသတ်ရှေ့တွင် စကားပြောရမည်ကို တွေးပြီးမိန်းကလေး စိတ်လှုပ်ရှားနေသည်။
- As late as (= as recently as) the 1990s, tuberculosis was still a fatal illness. ၁၉၉ဝ ပြည့်လွန်နှစ်များအထိ အဆုတ်နာ ရောဂါကြောင့် လူအများသေဆုံးကြရသည်။
- He always makes me laugh. သူနဲ့ဆိုရင် ငါတော့ အမြဲရယ်နေရတာပဲ
- He burst out laughing (=suddenly started laughing). သူ ဝါးခနဲ ဟားတိုက်ရယ်ချလိုက်သည်။
- His first joke got the biggest laugh of the night. သူ့ရဲ့ ပထမဆုံး ပြက်လုံးက အဲဒီညအဖို့ ပွဲအကျဆုံးပဲ။
- I was angry at the time, but we had a good laugh about it (= found it amusing) afterwards. အဲဒီတုန်းက ကျွန်တော်စိတ်ဆိုးတယ်။ နောက်တော့ အဲဒါနဲ့ပတ်သက်ပြီး အတော်ရယ်ရပါတယ်။
- Stealing is against the law.သူတစ်ပါး၏ ပစ္စည်းကိုခိုးယူခြင်းသည် ဥပဒေနှင့် ငြိစွန်းသည်။
- I didn't know I was breaking the law (=doing something illegal). ဥပဒေနဲ့ငြိမှန်း ကျွန်တော်မသိခဲ့ဘူး။
- She acts as if she's above the law (=as if the law does not apply to her). သူ့အပြုအမူက ဥပဒေကသူ့ကို အရေးမယူနိုင်သလို၊ ဥပဒေရဲ့ အပေါ်စီးက သူရှိနေသလိုလို။
- We need to explain the dangers of smoking in layman's terms. ဆေးလိပ်သောက်ခြင်းရဲ့ အန္တ ရာယ်ကို လူအများနားလည် အောင် ရှင်းပြဖို့လိုပါတယ်။ so as to be easily understood.
- The prisoner began to lay his plans for his escape အကျဉ်းသားသည် သူ့လွတ်မြောက်ရေးအတွက် ကြံစည်သည်။
- He's too easily led. သူက အတော်လေးကို ယုံလွယ်တယ်။
- Don't let him lead you astray (= tempt you to do wrong). သူဆွဲဆောင်တိုင်း မပါ(လမ်းမှားစေ၊ လွဲမှားစေသည်)စေနဲ့။
- The evidence leads me to believe that she's lying. အထောက်အထားအရ သူလိမ်နေတယ်ဆိုတာ ကျွန်တော် သဘောပေါက်လာတယ်။
- The receptionist led the way to the meeting room. ဧည့်ကြိုမိန်းကလေးက (ဧည့်သည်များကို) အစည်းအဝေးခန်းသို့ ပို့ပေးသည်။
- The club thrived under his leadership. သူ၏ ခေါင်းဆောင်မှုဖြင့် အသင်းတိုးတက်ခဲ့သည်။
- As a vocalist, she is in a league of her own (=much better than others). သူဟာ သာလွန်ထူးချွန်တဲ့ အဆိုတော်တစ်ဦးဖြစ်တယ်။
- I'm not in her league (=she is much better than me). ကျွန်တော် သူ့ကိုမမီဘူး။
- A house like that is out of our league (=too expensive for us). ဒီအိမ်မျိုး ကျွန်တော်မကပ်နိုင်ဘူး (ဈေးသိပ်ကြီးတယ်)။
- I leapt to my feet (= stood up quickly). ကျွန်တော် အမြန်ထရပ်လိုက်သည်။
- They leapt into action immediately. သူတို့သည် ချက်ချင်း လုပ်ငန်း စကြသည်။
- She was quick to leap to my defence (=speak support of me). သူကချက်ချင်း ကျွန်တော့်ဘက်က ကာကွယ်ပြောဆိုသည်။
- How others see me is the least of my worries (=I have more important things to worry about). ကျွန်တော့်အပေါ် လူတွေဘယ်လိုမြင်တယ်ဆိုတာ အရေးမကြီးပါဘူး (ဒါထက်အရေးကြီးတာတွေ ရှိနေတယ်)။
- It is the least I can do to help (=I feel I should do more). ကျွန်တော် ဒီလောက်ပဲ ကူညီနိုင်မယ်။
- Leave it with me .... I'm sure I can sort it out. ဒီကိစ္စကျွန်တော့်တာဝန်ထားလိုက်ပါ၊ ကျွန်တော် ဖြေရှင်းနိုင်ပါတယ်။
- The station is on the/your left at the end of the road. ဒီလမ်းဆုံးပြီး ဘယ်ဘက်မှာ ဘူတာရုံရှိပါတယ်။
- He may take legal action against the accountants involved.ပတ်သက်နေတဲ့ စာရင်းကိုင်တွေကို သူ အမှုဖွင့်ကောင်း ဖွင့်လိမ့်မယ်။
- Legend has it that her career began in a círcus. ဆပ်ကပ်မှာ အလုပ်လုပ်ရာက သူ ဘဝစခဲ့တာလို့ ပြောကြတာပဲ။
- He was a legend in his own lifetime/a living legend.သူ့ဘဝသက်တမ်း တစ်လျှောက်မှာ သူဟာထင်ပေါ် ကျော်ကြားခဲ့တယ်။
- We'll be there in less than no time (= very soon). ကျွန်တော်တို့ မကြာခင် အဲဒီကိုရောက်လာမှာပါ။
- He's stubborn, and so is she, but to a lesser degree/extent (=not as much). သူ့လိုပဲ မိန်းကလေးကလည်း ခေါင်းမာတယ်။ ဒါပေမဲ့ သူ့လောက်တော့မဆိုးဘူး။
- The national selected took an early lead the club team drew level (=achieved the same score) အမျိုးသားလက်ရွေးစင်အသင်းက စောစောပိုင်းမှာ ဦးဆောင် ကစားပြီး နောက်တော့ ကလပ်အသင်းက သရေကျအောင် ကစားတယ်။
- Technically, both players are on a level (=of the same standard). အမှန်တကယ် ပြောရရင် ကစားသမားနှစ်ယောက်စလုံးဟာ လက်ရည်တူပါတယ်။
- They work in close liaison with the police. သူတို့သည် ရဲအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ကြသည်။
- The film takes considerable liberties with the novel on which it is based (=by changing many details). ရုပ်ရှင်သည် မူရင်း ဝတ္ထုနှင့်အတော်ကလေး ကွဲပြားမှုများ ရှိသည်။
- I took the liberty of borrowing your bike while you were away. ခင်ဗျားမရှိတုန်း ခင်ဗျားစက်ဘီးကို ကျွန်တော် ယူစီးမိပါတယ်။
- The body showed no signs of life. (ခန္ဓာကိုယ်) ကြည့်ရတာ အသက်ရှိတဲ့လက္ခဏာ မတွေ့ ရဘူး။
- He risked his life to save his daughter from the fire. သူသည် သူ့သမီးကို မီးထဲမှ သက်စွန့်ဆံဖျား ကယ်ခဲ့သည်။
- She is a life member of the club. သူသည် ရာသက်ပန် အသင်းဝင် ဖြစ်သည်။
- Getting food to the trapped miners is now a matter of life and death. ပိတ်မိနေသည့် သတ္တုတွင်းတူး အလုပ်သမားများထံ အစားအစာရောက်ရှိရေးသည် သေရေးရှင်ရေးကိစ္စ ဖြစ်သည်။
- That's life (=These things happen and must be expected and accepted)! လူ့ဘဝဆိုတာ ဒါမျိုးကြုံရမှာပဲ။
- I've lived here all my life. တစ်သက်လုံး ဒီမှာ နေလာတာပဲ။
- He left the village to start a new life in town. သူသည် မြို့တွင် အခြေချနေထိုင်ရန် တောရွာမှထွက်ခဲ့သည်။
- I'll give you a lift to the station. ကျွန်တော် ခင်ဗျားကို ကားနဲ့ဘူတာရုံကို လိုက်ပို့ပေးပါမယ်။
- She could just see by the light of the candle. ဖယောင်းတိုင်မီးရောင်နဲ့ သူမြင်နိုင်တယ်။
- Bring it into the light so I can see it. ငါမြင်နိုင်အောင် အလင်းရောင်ထဲကို ယူလာပါ။
- The little girl was as light as a feather. မိန်းကလေးဟာ တကယ့်ကိုပေါ့ပါးနေတာပဲ။
- He has so many likes and dislikes that it's impossible to please him. သူ ကြိုက်တာ မကြိုက်တာတွေက များတော့ သူ့အကြိုက် လိုက်ဖို့ မလွယ်ဘူး။
- It's more than likely that the thieves don't know how much it is worth. ဖြစ်နိုင်တာကတော့ သူခိုးတွေဟာ ဒီပစ္စည်းရဲ့တန်ဖိုးကို သိကြမှာ မဟုတ်ဘူး။
- These are the works that brought the artist into the limelight. ဒီလက်ရာတွေကြောင့် ပန်းချီဆရာ နာမည်ကြီးသွားတာပေါ့။
- The team performed to the limit of its capabilities. အသင်းသည် မီးကုန်ယမ်းကုန် (အစွမ်းကုန်) လက်စွမ်းပြခဲ့သည်။
- The children all stood in a line. ကလေးများ တန်းစီရပ်ကြသည်။
- If you hold the line, I'll see if she is available. ခင်ဗျား ဖုန်းကိုင် ထားမယ်ဆိုရင် သူ ရှိမရှိကြည့်ပေးမယ်။
- Just keep going in a straight line; you can't miss it. ဒီကနေ တည့်တည့်သာဆက်သွားပါ။ မလွဲနိုင်ပါဘူး။
- The police are taking a firm/hard line on drug pushers. ရဲကမူးယစ်ဆေးဝါးရောင်းသူများကို တင်းတင်းကျပ်ကျပ် အရေးယူဆောင်ရွက်နေသည်။
- This shop has a nice line in winter coats. ဒီဆိုင်မှာ အနွေးအင်္ကျီ အမျိုးအစားကောင်းတွေ ရနိုင်တယ်။
- Please move; you're right in my line of vision (= the direction I am looking in). ကျွန်တော့်ရှေ့က ကွယ်နေလို့ ကျေးဇူးပြုပြီး ရွှေ့ပေးပါ။
- I don't follow your line of reasoning , ခင်ဗျား ဆင်ခြင်တွေးတောပုံမျိုးကို ကျွန်တော်နားမလည်ဘူး
- The regiment was sent to fight in the front line. ရှေ့တန်းတွင် တိုက်ပွဲဝင်ရန် တပ်ရင်းကို စေလွှတ်လိုက်သည်။
- The company has gone into liquidation . ကုမ္ပဏီကို ဖျက်သိမ်းလိုက်ရသည်။
- Why won't you listen to reason ? အကျိုးသင့် အကြောင်းသင့် ပြောတာကို ဘာကြောင့် နားမထောင်တာလဲ။
- The phone call took a load off my mind. ဖုန်းဆက်လိုက်တာ ဝန်တစ်ခု ပေါ့သွားတယ်။
- It's not my book – I've got it on loan from the library. ဒါကျွန်တော့်စာအုပ် မဟုတ်ပါ၊ စာကြည့်တိုက်က ငှားလာတာပါ။
- May I have the loan of (=borrow) your bicycle? ခင်ဗျားရဲ့ စက်ဘီး ယူစီးပါရစေ။
- The film was made entirely on location in Japan. ဒီရုပ်ရှင်ကားကို ဂျပန်ပြည်မှာချည်းရိုက်ထားတာ။
- The hook had come/worked loose (from the wall). နံရံမှ ချိတ် ချောင်ထွက်လာသည်။
- Don't let that dog loose among the sheep. ' အဲဒီခွေးကို သိုးအုပ်ထဲမလွှတ်လိုက်နဲ့။
- The treasury is unwilling to loosen its grip on monetary policy. ဘဏ္ဍာရေးအဖွဲ့သည် ယင်း၏ငွေကြေးမူဝါဒ ချုပ်ကိုင်ထားမှုအား လက်မလွှတ်လိုပေ။
- You will lose nothing/You have nothing to lose by telling the truth. မှန်တာပြောလို့ ခင်ဗျား အရှုံးမရှိပါဘူး၊
- We made a loss on the deal. ဒီအရောင်းအဝယ် (အပေးအယူ) ကိစ္စမှာ ကျွန်တော်တို့ အရှုံးပေါ်တယ်။
- She didn't want to associate with the likes of me. မိန်းကလေးက ကျွန်တော်လိုလူစားမျိုးနဲ့ အပေါင်းအသင်း မလုပ်ချင်ဘူးလေ။
- In all likelihood (= very probably) the meeting will be cancelled. အစည်းအဝေး မလုပ်ဖြစ်ဖို့များတယ်။
- This technique is useful but it has its limitations. ဒီနည်းစနစ်က အသုံးတည့်ပါတယ်၊ ဒါပေမဲ့ အကန့်အသတ် (အားနည်းချက်)တွေရှိတယ်။
- I was talking to Ko Ko when the line suddenly went dead. ကိုကိုနဲ့ စကားပြောနေတုန်း ဖုန်းလိုင်းပြတ်သွားတယ်။
- She said little or nothing (=hardly anything) about her experience. မိန်းကလေးက သူ့အတွေ့ အကြုံကို မပြောသလောက်ပဲ။
- It was a loaded question and I preferred not to comment. စကားနှိုက်တဲ့မေးခွန်းမို့ ကျွန်တော်ရဲ့ ထင်မြင်ချက်ကို မပေးလိုက်ဘူး။
- She looked at her attacker with fear and loathing. မိန်းကလေးက ရန်မူသူကို ကြောက်ရွံ့မုန်းတီးစွာ ကြည့်သည်။
- There is no clinic in the locality. ဒီနားတစ်ဝိုက်မှာ ဆေးခန်းမရှိပါ။
- There is no logic to/in any of their claims. သူတို့တင်ပြချက်တွေဟာ ယုတ္တိမတန်ပါ။
- Nurses have to work long hours (= for more hours in the day than is usual). သူနာပြုများသည် အချိန်နာရီကြာမြင့်စွာ အလုပ်လုပ်ကြရသည်။
- This may take longer than we thought. ဒီကိစ္စက တို့ထင်တာထက် ပိုကြာကောင်းကြာနိုင်တယ်။
- How long have you been waiting? စောင့်နေတာ ဘယ်လောက်ကြာပြီလဲ။
- We'll be home before long (=soon). မကြာခင် အိမ်ပြန်ရောက်တော့မယ်။
- Here, have a look at this. ဒီမှာ ဒါကိုကြည့်ပါဦး။
- Take a look at these figures. ဒီကိန်းဂဏန်းတွေကို ကြည့်ပါဦး။
- It's going to rain today by the look of it (=judging by appearances). ကြည့်ရတာ ဒီနေ့ မိုးရွာမယ့်ပုံပဲ။
- I don't like the look of this guy (=I don't trust him, judging by his appearance). ဒီငနဲရဲ့ပုံကို ကျွန်တော်မကြိုက်ဘူး။
- After the First World War, the prospect of the recession loomed large in many countries. ပထမကမ္ဘာစစ်အပြီး နိုင်ငံအများ၌ စီးပွားရေး ကပ်ဆိုက်မည့် အခြေအနေ ပေါ်ပေါက်ခဲ့သည်။ loom အာရုံကို စိုးမိုးလျက်ရှိသည်။
- After marriage he lost interest in sports. လက်ထပ်ပြီးနောက် သူ အားကစားဘက်ကို စိတ်မဝင်စားတော့ပါ။
- I got rather lost to find the station. ဘူတာရုံကို မရှာတတ်ဘဲ ဖြစ်နေခဲ့တယ်။
- Three people lost their lives (= were killed) in the traffic accident. ယာဉ်တိုက်မှုတွင် လူ သုံးဦး သေဆုံးသည်။
- Some families lost everything (=all they owned) in the flood. ရေဘေးကြစဉ် မိသားစုအချို့ ပစ္စည်းအားလုံး ဆုံးရှုံးကြသည်။
- Her departure is a big loss to the school. သူထွက်သွားတာ ကျောင်းအတွက် တကယ့်ဆုံးရှုံးမှုပဲ။
- That's the lot! (=that includes everything) အဲဒါ အားလုံးပါတယ်။ အဲဒါအကုန်ပဲ။
- That's your lot! (= that's all you're getting) မင်းအတွက် ဒါအကုန်ပဲ။
- She was in love with him. မိန်းကကလေးက သူနဲ့ ကြိုက်ခဲ့ဖူးတယ်။
- They fell in love with each other. သူတို့ ချစ်ကြိုက်သွားကြတယ်။
- He's in love with his work. သူက သူ့အလုပ်ကို မြတ်နိုးတယ်။
- It was love at first sight (=they were attracted to each other the first time they met). သူတို့ မြင်မြင်ချင်း ချစ်မိကြတယ်။
- The dollar has fallen to an all-time low against the yen. ဂျပန်ယန်းငွေနှင့် ဖလှယ်ရာတွင် ဒေါ်လာဈေး အနိမ့်ဆုံး အဆင့်သို့ကျသွားခဲ့သည်။
- The island can only be reached at low tide. ထိုကျွန်းသို့ ဒီရေကျချိန်၌သာ သွားရောက်နိုင်သည်။
- He has always remained loyal to the club rules. သူသည်အသင်း၏ စည်းမျဉ်းကို အမြဲလေးစားသည်။
- You're out of luck. He's not here. ခင်ဗျားတော့ ကံဆိုးတာပဲ။ သူဒီမှာမရှိဘူး။
- They are a good team and we wish them luck in the final. သူတို့ဟာ အသင်းကောင်းတစ်သင်းပဲ။ ဖိုင်နယ်မှာ ဗိုလ်စွဲနိုင်ပါစေ။
- What a stroke of luck finding you here! ခင်ဗျားကို ဒီမှာလာတွေ့ တာ ကံကောင်းတာပဲ။
- It's sheer lunacy driving in this weather. ဒီရာသီမျိုးမှာ ကားမောင်းတာ မိုက်ကန်းတာပေါ့။
- Please turn, the radio down the noise is driving me mad! ရေဒီယိုအသံတိုးပေးပါ၊ ဆူလွန်းလို့ ဒေါသဖြစ်လာပြီ။
- The crowd went mad with excitement. ပရိသံတ်သည် အထူးပင် စိတ်လှုပ်ရှားသွားခဲ့သည်။
-
- She's madly in love with him. မိန်းကလေးက သူ့ကို အရူးအမူးချစ်နေတယ်။
- This soap works like magic — the stains just disappear. ဒီဆပ်ပြာက တကယ်စွမ်းတယ်၊ အစွန်းတွေကျွတ်သွားတာပဲ။
- The Titanic passenger liner struck an iceberg in the Atlantic on her maiden voyage in 1912 and sank with the loss of 1490 lives, တိုက်တန်းနစ်ခရီးသည်တင် သင်္ဘောကြီးဟာ ၁၉၁၂ ခုနှစ်က အတ္တလန္တိတ် သမုဒ္ဒရာအတွင်း ခရီးဦးမှာ ရေခဲတုံးကြီး တစ်ကုံး ကိုတိုက်မိခဲ့ရာ နစ်မြုပ်သွားပြီး လူ ၁၄၉၀ သေဆုံးခဲ့ကြသည်။
- This treatment is not available in the vast majority of hospitals. ဆေးရုံ အများစုမှာ ဒီကုသနည်းနဲ့ မကုသနိုင်ဘူး။
- We need to think of ways to make money. ကျွန်တော်တို့ ငွေရှာ ဖို့ နည်းလမ်းရှာဖို့လိုတယ်။
- He made a fortune on the stock market. စတော့ဈေးကွက်မှာ သူ ပွပေါက်တိုးခဲ့တာပေါ့။
- After all the delays, we were anxious to make up for lost time. နှောင့်နှေးမှုတွေ ကြုံပြီးတဲ့နောက် ကုန်သွားတဲ့အချိန်ကို ကာမိစေရန် ကျွန်တော်တို့ဆန္ဒပြင်းပြနေကြသည်။
- She tried to make a good impression on the interviewer, သူသည် တွေ့ ဆုံမေးမြန်းသူက သူ့ကို သဘောကျ အထင်ကြီးစေရန် ကြိုးစားသည်။
- I keep making the same mistakes. ကျွန်တော်ဟာ မှားပြီးတဲ့ အမှားကိုပဲ ထပ်ထပ်မှားနေတယ်။
- Don't make a habit of it. ဒါမျိုး၊ အကျင့် မလုပ်နဲ့။
- He was driving like a maniac. (=far too fast) သူက ကားကို အရမ်းကာရော မောင်းနေတာ။
- He certainly bears you no malice. သူဟာ ခင်ဗျားအပေါ် မုန်းတီးမှု မထားပါဘူး။
- He feels he has been much maligned by the press. သတင်းစာက သူမကောင်းကြောင်း သိပ်ပြီး ရေးတယ်လို့ သူထင်နေတယ်။
- Time marches on and we still have not made a decision. အချိန်သာ ကုန်သွားတယ်၊ ကျွန်တော်တို့မှာ ဘာမျှ မဆုံးဖြတ်ရသေးဘူး။
- He scribbled notes in the margin. သူသည် စာမျက်နှာ ဘေးသားကွက်လပ်တွင် မှတ်စုများရေးသည်။
- He won by a narrow margin. သူက ပွတ်ကာသိကာကလေး အနိုင်ရလိုက်တာပါ။
- Shops remained closed as a mark of respect for the dead man. ကွယ်လွန်သူကို ဂါရဝပြုသည့်အနေဖြင့် ဈေးဆိုင်များ ပိတ်ထားကြသည်။
- He was about six feet tall, with no distinguishing marks. သူ့ အရပ်က ခြောက်ပေလောက်မြင့်တယ်၊ အခြား ထင်ရှားတဲ့ အမှတ်အသားတော့ မရှိဘူး။
- She's married to Ko Ko. သူ ကိုကိုနဲ့ လက်ထပ်ထားတယ်။
- Mu Mu and Ko Ko are getting married on Sunday. မူမူနဲ့ ကိုကိုတို့ လာမယ့် တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်ကြမယ်။
- I was no match for him at tennis. တင်းနစ်ကစားရာမှာ ကျွန်တော် သူ့ကို ယှဉ်လို့မရဘူး။
- The teams were evenly matched. အသင်းတွေက တစ်သင်းနဲ့တစ်သင်း ညီကြပါတယ်။ (ဘယ်အသင်းမှ အသာကြီးမဟုတ်ပါ။)
- It was no easy matter getting him to change his mind. သူရဲ့ သဘောထား ပြောင်းအောင်လုပ်ဖို့ကတော့ မလွယ်တဲ့ ကိစ္စပဲ။
- And that is the crux of the matter (=the most important thing about the situation). အဲဒါဟာ ဒီကိစ္စရဲ့ အရေးအကြီးဆုံးအပိုင်းပဲ။
- I decided to take matters into my own hands (= deal with the situation myself). ပြဿနာကို ကျွန်တော်ကိုယ်တိုင် ကိုင်တွယ်ဖို့ ဆုံးဖြတ် လိုက်တယ်။
- Matters came to a head (=the situation became very difficult) with his resignation. သူ ရာထူးက နုတ်ထွက်သွားတော့ အခြေအနေက သိပ်ပြီး ခက်ခဲသွားတယ်။
- What's the matter with you today? (=Why are you behaving like this?) မင်းဒီနေ့ ဘာဖြစ်နေတာလဲ။
- What's the matter? Is there something wrong? ဘာဖြစ်လို့လဲ။ ဘာများမှားယွင်းနေသလဲ။
- Starting a business is no easy matter. လုပ်ငန်းတစ်ခု စပြီးလုပ်တယ်ဆိုတာ လွယ်တာမဟုတ်ဘူး။
- I won't let you do it — and that's the end of the matter (= I refuse to discuss it any further). မင်းကိုလုပ်ခွင့်မပြုဘူး။ ဒါစကားအကုန်ပဲ နောက်ထပ်မပြောဘူး။
- As long as you're happy, that's all that matters. မင်းပျော်တယ်ဆိုရင် ပြီးတာပဲ။ အဲဒါဟာအဓိက အရေး အကြီးဆုံးပဲ။
- Some people like the older version to the new one. It's a matter of taste. တချို့က အသစ်ထက်အဟောင်းကို ပိုနှစ်သက်ကြတယ်။ သူ့အကြိုက်နဲ့သူပဲ။
- She resigned over a matter of principle ကိုယ်ကျင့်သိက္ခာနဲ့ပတ်သက်ပြီး သူအလုပ်ကထွက်လိုက်တယ်။
- The government must deal with this as a matter of urgency. အစိုးရသည် ဤကိစ္စကို အရေးတကြီး ကိုင်တွယ်ရပေမည်။
- Just as a matter of interest (=because it is interesting, not because it is important), how much did you pay for it? စိတ်ဝင်စားလို့ မေးတာပါ။ အဲဒါဘယ်လောက်ပေးခဲ့ရသလဲ။
- The forest will take 100 years to reach maturity. သစ်တောတစ်ခုမှ သစ်ထုတ်ယူသုံးစွဲနိုင်ရန် နှစ်တစ်ရာမျှ ကြာသည်။
- You're meant to (=You are supposed to) pay before you go in. ခင်ဗျား အထဲဝင်မယ်ဆိုရင် ငွေကို အရင်ပေးရမယ်။
- He is a man of means (= a wealthy man). သူဟာ လူချမ်းသာတစ်ဦးပဲ။
- 'I only drink beer for medicinal purposes,' he said jokingly. “ကျွန်တော်က ဘီယာကို ဆေးအဖြစ်သောက်တာပါ” ဟု ဟာသလုပ်၍ ပြောသည်။
- She looks meek and mild but you should see her when she's angry. ́မိန်းကလေးက သိမ်မွေ့သူလို့ ထင်ရတယ်။ ဒါပေမဲ့ သူစိတ်ဆိုးလာရင် မြင်စေချင်တယ်။
- Now that you mention it, she did seem to be in a strange mood. ခင်ဗျားပြောလို့ ပြောရဦးမယ်၊ သူ့ စိတ်က ထူးဆန်းတယ်။
- He made no mention of her work. မိန်းကလေးရဲ့ ဆောင်ရွက်ချက်ကို သူထုတ်ဖော်မပြောဘူး။
- Benjamin deserves (a) special mention for all the help he gave us. ဘင်ဂျာမင် ပေးတဲ့အကူအညီနဲ့ ပတ်သက်ပြီး အထူးတလည် ဖော်ပြဖို့လိုမယ်။
- What's on the menu tonight? ဒီညအတွက် ဘာဟင်းလျာတွေရသလဲ။
- The prisoner begged for mercy. အကျဉ်းသားက သူ့အား သက်ညှာပါရန် အသနားခံသည်။
- The terrorists showed no mercy to their hostages. အကြမ်းဖက်သမားများက ဓားစာခံများကို ညှာတာခြင်းမရှိပါ။
- The troops are on a mercy mission (= a journey to help people) in a war zone. တပ်များသည် တိုက်ပွဲဒေသအတွင်းရှိ ပြည်သူများထံ သွားရောက် ကူညီနေသည်။
- The children have made an awful mess in the bathroom. ကလေးများသည် ရေချိုးခန်းတွင် အတော့်ကို ရှုပ်ဖွထားကြသည်။
- Does the name 'U Baw Ga' mean anything to you (=do you know who he is)? ခင်ဗျား ဦးဘောဂကို သိသလား။
- What do you mean? (= I don't understand what you are suggesting)." ခင်ဗျား ဘာကိုဆိုလိုတာလဲ။
- I know what you mean (= I understand and feel sympathy). ခင်ဗျားကို ကျွန်တော်နားလည် ကိုယ်ချင်းစာပါတယ်။
- You mean (= are you telling me) we have to start all over again? အစကပြန်လုပ်ရမယ်လို့ ခင်ဗျားပြောချင်တာလား။
- What did she mean by leaving so early (we did she do it)? ဘာကြောင့် သူအစောကြီး ထွက်သွားတာပါလိမ့်။
- He means what he says (= is not joking, exaggerating, etc). သူက အတည်ပြောနေတာ။
- What do you mean, you thought I wouldn't mind? (= of course I mind, and I'm very angry.) ကျွန်တော်စိတ်ဆိုးမှာ မဟုတ်ဘူးလို့ ခင်ဗျားထင်တယ် ဟုတ်လား။
- I see what you mean ( = I understand although I may not agree), but I still think it's wortf trying. ခင်ဗျားပြောတာကို ကျွန်တော်သဘောပေါက်ပါတယ်၊ ဒါပေမဲ့ ကြိုးစားကြည့်သင့်တယ်ထင်တယ်။
- What is meant by 'e-Education'? e-Education ဆိုတာဘာလဲ။
- The room was in a mess. အခန်းကတော့ ရှုပ်ပွနေတယ်။
- Don't laugh! I mean it (=I'm serious). မရယ်နဲ့၊ ကျွန်တော်အတည်ပြောနေတာ။
- He means trouble (= to cause trouble). သူ ပြဿနာ ရှာလိမ့်မယ်။
- She gave me a meaningful look. သူငါ့ကိုကြည့်တဲ့ အကြည့်က အဓိပ္ပာယ်ရှိတယ်။
- We needed to get to Taunggyi but we had no means of transport. ကျွန်တော်တို့ တောင်ကြီးအရောက်သွားရမယ်။ ဒါပေမဲ့ သွားဖို့ ယာဉ်၊ ရထားမရှိဘဲ ဖြစ်နေတယ်။
- I was never meant for the army (= did not have the qualities needed to become a soldier). ကျွန်တော် တပ်ထဲဝင်ဖို့ အဆင့်မမီ/အရည်အချင်းမရှိဘူး။
- He made a mental note of the address. သူသည် လိပ်စာကို စိတ်ထဲတွင် မှတ်ထားလိုက်သည်။
- I want to get the job on merit. ကျွန်တော် အလုပ်ကို ကိုယ့်ပင်ကိုအရည်အချင်းနဲ့ပဲ ရချင်ပါတယ်။
- We will consider each case on its (own) merits (without considering any other issues, feelings, etc.). ကိစ္စတစ်ခုချင်းစီကို ကျွန်တော်တို့ သီးခြားစဉ်းစားကြပါမည်။
- I left a message on your answering machine. ကျွန်တော် မှာစရာရှိတာကို ခင်ဗျားရဲ့ စက်ထဲမှာသွင်း ထားခဲ့တယ်။
- Can I take a message? ဘာပြောပေးရမလဲ၊ ဘာမှာပေးရမလဲ။
- The campaign is trying to get the message across to the young people that drugs are dangerous. ဒီလှုပ်ရှားမှုက မူးယစ်ဆေးဝါး အန္တရာယ်ကို လူငယ်တွေ သိရှိသဘောပေါက်အောင် ဆောင်ရွက် နေတာပါ။
- I could not have complete peace of mind before they returned. သူတို့ပြန်မလာမချင်း ကျွန်တော်စိတ်မအေးရဘူး။
- The minister said that costs should be kept to the minimum. ဝန်ကြီးက ကုန်ကျစရိတ်များကို တတ်နိုင်သမျှ လျှော့ချရန် မှာကြားသည်။
- Men are generally in the minority at parent- teacher meetings. မိဘ-ဆရာအသင်း စည်းဝေးပွဲတက်ရောက်သူများတွင် အမျိုးသားများမှာ အနည်းစုသာရှိတတ်ပါသည်။
- She remembered everything in minute detail/in the minutest detail(s).သူက အရာရာကို အသေးစိတ်သေသေချာချာ
- I'll be with you in a minute , Jenny. ဂျင်နီရေ ခဏလေးနော်၊ လာခဲ့မယ်။
- The company was sinking deeper and deeper into the mire (=getting further into a difficult situation). ကုမ္ပဏီမှာ ကြာလေ အခြေအနေဆိုးလေ ဖြစ်လာသည်။
- It's very quiet upstairs; they must be up to some mischief. အပေါ်ထပ်မှာ ငြိမ်လှချေလား။ သူတို့ တစ်ခုခု မဟုတ်တာ လုပ်နေတာပဲဖြစ်မယ်။
- I try to keep out of mischief. ကျွန်တော် မဟုတ်မဟတ် မလုပ်မိအောင်ရှောင်တယ်။
- A popular misconception (=a lot of people have it) is that plastic is a hazard to the environment. ပလတ်စတစ်များသည် ပတ်ဝန်းကျင် ညစ်ညမ်းစရာများ ဖြစ်သည်ဟု လူအများကမှားယွင်း ယူဆကြသည်။
- The secretary of the club was accused of gross misconduct (=very serious misconduct). ကလပ်၏ အတွင်းရေးမှူးကို အကျင့်သိက္ခာပျက်ပြားမှုဖြင့် စွပ်စွဲကြသည်။
- I managed to get home without (further) mishap. ကျွန်တော်သည် (နောက်ထပ်) ပြဿနာ တစ်စုံတစ်ရာ မဖြစ်ဘဲ အိမ်အရောက်ပြန်ခဲ့သည်။
- What you've written is open to misinterpretation (=could be misinterpreted). ခင်ဗျားရဲ့ အရေးအသားကို အဓိပ္ပာယ်ကောက်တာ လွဲနိုင်တယ်။
- "SuperMarket' was something of a misnomer ; it was no more than an ordinary store. Super Market လို့သာဆိုတာ တကယ်တော့ သာမန်စတိုး ဆိုင်လေးပါပဲ။
- She threw a plate at him and only narrowly missed, အမျိုးသမီးကသူ့ကို ပန်းကန်ပြားနဲ့ပေါက်တာ သီသီလေး လွဲသွားတယ်။
- It was an opportunity not to be missed. ဒါဟာ လက်မလွတ်သင့်တဲ့ အခွင့်အရေးပဲ။
- The offer of a week abroad with all expenses paid seemed too good to miss. နိုင်ငံခြားကို တစ်ပတ်ကြာစရိတ်ငြိမ်း သွားဖို့အခွင့်အရေးဟာ လက်မလွတ်ချင်စရာပဲ။
- They reported that their child had gone missing. သူတို့သည် သူတို့၏ ကလေး ပျောက်နေကြောင်း တိုင်ကြားသည်။
- Our dog has gone missing again. ကျွန်တော်တို့ ခွေးပျောက်သွားပြန်ပြီ။
- He was reported missing , presumed dead. သူပျောက်နေတယ်တဲ့၊ သေသွားပြီလို့ ထင်ရတာပဲ။
- You're missing the point (=failing to understand the main part) of what I'm saying. ငါပြောချင်တဲ့ အဓိကအချက်ကို မင်းသဘောမပေါက်ဘူး။
- He completely missed the point of my joke. ကျွန်တော်ရဲ့ဟာသကို သူလုံးဝ သဘောမပေါက်ဘူး။
- Don't worry, we all make mistakes. ဘယ်လိုမှ စိတ်ထဲမထားနဲ့၊ ကျွန်တော်တို့အားလုံး မှားတတ်ကြတာပဲ။
- You must try to learn from your mistakes. မိမိ အမှားတွေကနေ သင်ခန်းစာယူရမယ်။
- Don't try to mix business and/with pleasure. အလုပ်နဲ့ အပျော်အပါးကို မရောထွေးစေနဲ့။
- The famous American boxer was called up for military service အမေရိကန်လက်ဝှေ့ကျော်အား စစ်မှုထမ်းရန်ဆင့်ခေါ်သည်
- He had to do his military service. သူ စစ်မှုထမ်းရတယ်။
- He is bad/good mixer. သူဟာ လူတွေနဲ့ မရောတတ်ဘူး/ရောတတ်တယ်။
- I still have mixed feelings about going abroad (=I am not sure what to think). နိုင်ငံခြားသွားဖို့ကိစ္စ ကျွန်တော် မဝေခွဲတတ်ဘဲဖြစ်နေတယ်။
- The play was given a mixed reception by the critics (= some liked it, some did not). ဝေဖန်သူတွေထဲမှာ ပြဇာတ်ကို ကြိုက်သူရော မကြိုက်သူပါ ရှိနေတယ်။
- They're always moaning and groaning about how much they have to do. သူတို့ဟာ ကိုယ်လုပ်စရာရှိတာကို အမြဲညည်းတွားနေကြတယ်။
- The architect produced a scale model of the proposed shopping complex. ဗိသုကာသည် ကုန်တိုက်ကြီးဆောက်ရန် ပုံစံငယ် ထုတ်သည်။
- Sugar is not harmful to your teeth if it is taken in moderation (=in small quantities). သကြားကို နည်းနည်းပါးပါးစားပါက သင့်သွားကို အန္တရာယ်မဖြစ်ပါ။
- He is waiting for the right moment. သူ အခါကောင်းကို စောင့်နေတယ်။
- He thought for a moment before replying. စကားမပြန်ခင် သူခဏမျှစဉ်းစားသည်။
- I'll be back in a moment. အခုပဲ ပြန်လာခဲ့မယ်။
- We arrived not a moment too soon (almost too late).ကျွန်တော်တို့ ရောက်တာ သိပ်နောက်ကျတယ်။
- Moments later (= a very short time later), I heard a terrible crash. ခဏအကြာတွင် ကြောက်စရာကောင်းသည့် ကျကွဲသံ/တိုက်မိသံ ကြားရသည်။
- We're busy at the moment (= now). လောလောဆယ် ကျွန်တော်တို့အလုပ်များနေတယ်။
- At that very moment , the phone rang. ထိုအချိန်မှာပဲ တယ်လီဖုန်းလာသည်။
- The fight for narcotic drugs eradication has gathered momentum. မူးယစ်ဆေးဝါး ပပျောက်ရေး ဆောင်ရွက်ချက်များ အရှိန် ရလာပြီ။
- They began to lose momentum in the second half of the game. ပွဲဒုတိယပိုင်းတွင် သူတို့ အားလျော့လာခဲ့သည်။
- She's in a good mood today (= happy and friendly). မိန်းကလေး ဒီနေ့ စိတ်ကောင်းဝင်နေပါကလား။
- He's always in bad mood (="unhappy, or angry and impatient). သူကတော့ အမြဲမရွှင်မပျနဲ့ စိတ်တိုနေတာပဲ။
- He was in no mood for being polite to visitors. သူဟာဧည့်သည်တွေကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံဖို့ စိတ်မရှိဘူး။
- I'm just not in the mood for a party tonight.. ဒီညတော့ပါတီပွဲလုပ်ဖို့ ကျွန်တော် စိတ်မပါဘူး။
- He took out a handkerchief to mop his brow (= to remove the sweat). သူသည် နဖူးတွင်ချွေးသုတ်ရန် လက်ကိုင်ပဝါထုတ်သည်။
- The play was considered an affront to public morals. ထိုပြဇာတ်သည် ပြည်သူလူထု၏ ကိုယ်ကျင့်သိက္ခာကို ထိခိုက်စေသည်။
- There is room for no more than three cars.bဤနေရာမှာ ကား ၃ စီး ထက်ပို၍မထားနိုင်ပါ။
- Signing the forms is little more than (= only) a formality.nဒီပုံစံတွေမှာ လက်မှတ်ထိုးတာက လုပ်ရိုးလုပ်စဉ် သက်သက်ပါ။
- I'm more than happy (=extremely happy) to take you there in my car. ကျွန်တော့်ကားနဲ့ ခင်ဗျားကိုပို့ပေးဖို့ ကျွန်တော် တကယ် လိုလိုလားလား ရှိ ပါတယ်။
- I will torment you no more (= no longer). ခင်ဗျားကို ကျွန်တော် မနှောင့်ယှက်တော့ပါဘူး။
- See you tomorrow morning. မနက်ဖြန် မနက်မှတွေ့မယ်နော်။
- I prefer coffee in the morning. မနက်ပိုင်းမှာ ကော်ဖီသောက်ရတာကို နှစ်သက်တယ်။
- We got the news on the morning of the wedding. မင်္ဂလာဆောင်တဲ့နေ့ မနက်မှာ သတင်းကြားရတယ်။
- They were locked in mortal combat (=a fight that will only end with the death of one of them). သူတို့ သူသေကိုယ်သေ တိုက်ခိုက်နေကြသည်။
- His reputation suffered a mortal blow as a result of the scandal. ကျော်မကောင်းကြားမကောင်း ဖြစ်ပြီးနောက် သူ့ သိက္ခာ ဆိုးဆိုးရွားရွားကျ သွားသည်။
- Do not alight while the train is in motion (= moving). မီးရထား သွားနေစဉ် မဆင်းပါနှင့်။
- What is the motivation behind this sudden change? ဒီလို ရုတ်တရက် ပြောင်းလဲသွားတာ ဘယ်လိုအကြောင်းကြောင့်ပါလဲ။
- I have no ulterior motive in offering to help you. မင်းကိုငါ ကူညီမယ်လို့ ကမ်းလှမ်းတာရဲ့ နောက်ကွယ်မှာ ဘာမရိုးသားတဲ့အကြောင်းမျှ မရှိပါဘူး။
- Now there would be another mouth to feed for the poor family. ဆင်းရဲသားမိသားစုအတွက် ကျွေးမွေးစောင့်ရှောက်ရမည့် လူတစ်ယောက် တိုးပြန်ဦးတော့မည်။
- Some African countries find it difficult to support all the hungry mouths. အာဖရိကမှအချို့သော နိုင်ငံများမှာ ငတ်မွတ်ခေါင်းပါးသူ အားလုံးကို ပြုစုစောင့်ရှောက်ရွန်အတွက် အခက်တွေ့နေသည်။
- We moved house last week. လွန်ခဲ့သည့် အပတ်က ကျွန်တော်တို့ အိမ်ပြောင်းကြသည်။
- We were deeply moved by her plight. သူရဲ့ဆင်းရဲဒုက္ခကြောင့် ကျွန်ုပ်တို့ လွန်စွာမှ စိတ်ထိခိုက် ကြရသည်။
- Grown men were moved to tears at the horrific scenes. စက်ဆုပ်ထိတ်လန့်ဖွယ်မြင်ကွင်းများကြောင့် ယောက်ျား ရင့်မာကြီးများပင် မျက်ရည်ကျရသည်။
- Don't make a move! မလှုပ်နဲ့။
- She felt he was watching her every move. မိမိ၏ လှုပ်ရှားမှုမှန်သမျှကို သူကြည့်ရှုနေသည်ဟု အမျိုးသမီး၏စိတ်တွင် ခံစားမိသည်။
- There was so much traffic that we were an hour late. ယာဉ်သွားယာဉ်လာများသဖြင့် ကျွန်ုပ်တို့ တစ်နာရီနောက်ကျသွားသည်။
- I've got far too much to do. ကျွန်တော်လုပ်စရာတွေ များလွန်းနေတယ်။
- My new job is much the same as the old one. ကျွန်တော်ရဲ့ အလုပ်သစ်က အဟောင်း အတိုင်း တစ်ပုံစံ တည်းပဲ။
- Much to her surprise he came back the next day. နောက်တစ်နေ့တွင် သူပြန်ရောက်လာသဖြင့် အမျိုးသမီးမှာ လွန်စွာအံ့သြရသည်။
- Nan Saw's English is much the worst. နန်းစောရဲ့ အင်္ဂလိပ်စာကတော့ အညံ့ဆုံးပဲ။
- Can you start from the beginning again? I'm in a muddle. နောက်တစ်ကြိမ် အစကပြန်လုပ်ပေးနိုင်မလား၊ ကျွန်တော် ခေါင်းရှုပ်သွားပြီ။
- My papers are all in a muddle. ကျွန်တော်ရဲ့ စာရွက်စာတမ်းတွေ အားလုံးရှုပ်နေတယ်။
- He's as stubborn as a mule. သူဟာ တကယ့်ကို ခေါင်းမာတယ်။
- He has been charged with the attempted murder of his wife. ဇနီးသည်အား သတ်ရန်ကြံစည်ကြိုးပမ်းမှုဖြင့် သူ့ကိုစွဲချက် တင်သည်။
- What was the murder weapon? လူသတ်လက်နက်ကဘာလဲ။ (ဘာလက်နက်နဲ့ သတ်တာလဲ။)
- The play is a murder mystery. ပြဇာတ်မှာ လူသတ်မှုအကြောင်း လျှို့ဝှက်သည်းဖိုဇာတ်လမ်း ဖြစ်သည်။
- She gave him a murderous look (= a very angry one). မိန်းကလေးက ဒေါသအမျက်ဖြင့် သူ့ကို ကြည့်သည်။
- He paid the extra cost without a murmur (= without complaining at all). အပိုကုန်ကျစရိတ်ကို သူသည် မညည်းမညူဘဲ ထုတ်ပေးသည်။
- He didn't move a muscle (= stood completely still). သူသည် လုံးဝ ငြိမ်သက်စွာ ရပ်နေခဲ့သည်။
- It was a charming piece of music. သာယာနာပျော်ဖွယ် တီးလုံး/တေးသွားပဲ။
- Every week they get together to make music (= to play music or sing). သူတို့သည် အပတ်စဉ် ဝိုင်းဖွဲ့ သီဆိုတီးခတ်ကြသည်။
- Can you read music (= understand the signs in order to play or sing a piece of music)? ဂီတသင်္ကေတတွေကို ခင်ဗျားနားလည်သလား။
- She left the room with all the dignity she could muster. မိန်းကလေးသည် တတ်နိုင်သမျှ ဣန္ဒြေဆယ်ကာ အခန်းထဲမှ ထွက်ခွာသွားသည်။
- Their motives remain a mystery. သူတို့ရဲ့အကြံအစည်က လျှို့ဝှက်ဆန်းကြယ်ဖြစ်နေသည်။
- His past is shrouded in mystery (=One cannot find out the truth about it). သူ့ ရဲ့နောက်ကြောင်းကို မည်သူမျှမသိကြပါ။
- Contrary to popular myth, women are not worse drivers than men. အများထင်မြင်သလို အမျိုးသမီးများသည် အမျိုးသားများ ထက် ကားမောင်းမကြမ်းပါ။
- He first made his name as a writer of children's books. ကလေးစာပေများ ရေးသားရာမှ သူနာမည် ရလာခဲ့သည်။
- He's made quite a name for himself (= become famous). သူသည် ကျော်ကြားလာသည်။
- Everyone was there: Zawng Kaung, Zinte, Pau Pau, to name but a few (=giving only these as examples). အားလုံးလာကြတယ်။ ဇောင်းခေါင်၊ ဇင်းသဲ၊ ပေါင်ပေါင်တို့ စုံလို့ပဲ။
- They're engaged, but they haven't yet named the day (=chosen the date for their wedding). သူတို့ စေ့စပ်ပြီးကြပေမဲ့ မင်္ဂလာဆောင်မယ့် ရက်တော့ မသတ်မှတ်ရသေးဘူး။
- This college has a good name for foreign languages.ဒီကောလိပ်က နိုင်ငံခြားဘာသာ သင်ရာမှာ ထင်ပေါ်တယ်။
- Name your price. ခင်ဗျားလိုချင်တဲ့ ဈေးကိုပြောပါ။
- Her eyes narrowed (= almost closed) menacingly. ရန်လိုကာ သူ့မျက်လုံးများမှေးသွားသည်။
- Don't buy that shirt — it looks cheap and nasty. အဲဒီရှပ်အင်္ကျီကိုမဝယ်နဲ့။ အပေါစားပုံပေါက်ပြီး မသားနားဘူး။
- He turned nasty ( = became aggressive) when I refused to go with him. ကျွန်တော်က သူနဲ့လိုက်ဖို့ငြင်းတော့ သူရန်လိုလာတယ်။
- The decision was made in the national interest (=for the benefit of the nation). နိုင်ငံ့အကျိုးအတွက် ဆုံးဖြတ်ခြင်းဖြစ်သည်။
- He has dual nationality (= is a citizen of two countries). သူသည် နှစ်နိုင်ငံ၏ နိုင်ငံသားအဖြစ်ခံယူထားသည်။
- The lecturer is a native speaker of English. ကထိကသည် အင်္ဂလိပ်စကားကို မိခင်ဘာသာစကား အဖြစ်ပြောသူ ဖြစ်သည်။
- Myanmar is rich in natural resources. မြန်မာနိုင်ငံသည် သဘာဝသယံဇာတ ကြွယ်ဝသည်။
- My father and mother both died of natural causes (= not by violence, but normal, of old age). ကျွန်တော်၏ ဖခင်နှင့် မိခင်နှစ်ပါးစလုံး လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ကြသည်။
- It's only natural to worry about your children. သားသမီးများအတွက် ပူပင်တတ်တာ ဓမ္မတာပါပဲ။
- It's not in his nature to be unkind. သူဟာ မကြင်နာ မသနားတတ်တဲ့လူ မဟုတ်ဘူး။
- She's very sensitive by nature. နည်းနည်းမှအထိမခံ အတိမ်းအစောင်းမခံတာ သူ့စရိုက်ပဲ။
- We appealed to his better nature ( = his kindness). သနားကြင်နာဖို့ ကျွန်တော်တို့ သူ့ကို မေတ္တာရပ်ခံခဲ့ကြတယ်။
- The conflict is likely to be resolved in the near future. ပဋိပက္ခကို မကြာမီ ဖြေရှင်းနိုင်ဖွယ်ရှိပါတယ်။
- The exams are drawing near. စာမေးပွဲနီးလာပြီ။
- She was near to tears ( = almost crying). သူသည် ငိုတော့မလိုလိုဖြစ်သွားသည်။
- We came near to being killed. ကျွန်တော်တို့ အသတ်ခံရတော့မလို့။
- The project is nearing completion. စီမံကိန်းသည် လက်စသတ်ခါနီးနေပြီ။
- He was nearing the end of his life. သူသည် ကွယ်လွန်တော့မည့် အချိန်နီးကပ်လာခဲ့ပြီ။
- Mother's kitchen is neat and tidy. မေမေ၏ မီးဖိုခန်းမှာ သပ်ရပ်သန့်ရှင်းနေသည်။
- If necessary, you can contact me at home. လိုအပ်ပါက ကျွန်တော့်ကို ကျွန်တော့်အိမ်မှာ ဆက်သွယ်ပါ။
- Some people cannot even afford basic necessities such as food and clothing. အချို့မှာ အခြေခံလိုအပ်ချက်များဖြစ်သည့် စားရေးနှင့်ဝတ် ရေးကိုပင်မတတ်နိုင်ကြပါ။
- She craned (=stretched) her neck to get a better view. ပို၍ကောင်းစွာမြင်နိုင်ရန် သူသည် လည်ဆန်ကြည့်သည်။
- Somebody's going to break his neck (=injure himself) on these steps. ဒီလှေကားထစ်တွေနဲ့တော့ တစ်ယောက်ယောက် ချော်လဲဇက်ကျိုးမယ့်ပုံပဲ။
- They badly needed a change. သူတို့ အပြောင်းအလဲလုပ်ဖို့ သိပ်ပြီးလိုအပ်နေ တယ်။
- I hardly need to tell you (=you must already know) that the work is dangerous. ဒီအလုပ်က အန္တရာယ်များတာ ကျွန်တော်ခင်ဗျားကို ပြောဖို့လိုအပ်မယ်မထင်ဘူး။
- If she wants anything, she need only ask. သူတစ်ခုခုလိုအပ်တယ်ဆိုရင် ဖွင့်ပြီးသာပြောရုံပဲ။
- All you need to bring is a pen and a notebook. ခင်ဗျားယူလာဖို့လိုတာ ကလောင်တံနဲ့ မှတ်စုစာအုပ်သာပါပဲ။
- Need you have paid so much? ခင်ဗျား ဒီလောက်များများပေးလိုက်ဖို့ လိုလို့လား။
- There is no need for you to get up early tomorrow မနက်ဖြန် ခင်ဗျားစောစောထဖို့ မလိုဘူး။
- I had no need to open the letter - I knew what it would say. ဘာရေးထားမယ်ဆိုတာ သိထားတော့ စာကိုဖွင့်ဖောက်ဖို့ မလိုပါဘူး။
- I'm in need of some fresh air. ကျွန်တော် လေကောင်းလေသန့် ရှုဖို့လိုအပ်တယ်။
- She had no more need of me. အမျိုးသမီးက ကျွန်တော့်ကို မလိုအပ်တော့ဘူးလေ။
- The charity aims to provide assistance to people in need. လှူဒါန်းမှုသည်အကူအညီလိုအပ်သူများအား ကူညီထောက်ပံ့ရန်ရည်ရွယ်သည်။
- He helped me in my hour of need. ကျွန်တော် တကယ်လိုနေတဲ့အချိန်မှာ သူကူညီခဲ့တယ်။
- Will you do the needful (= do what is required)? or I'll do the needful. လိုအပ်တာကိုကူညီမှာလား။ လိုအပ်သမျှကို ကျွန်တော်ကူညီပါ့မယ်။
- His ill health had a negative effect on his business. သူ မကျန်းမာသဖြင့် သူ့လုပ်ငန်းကို ထိခိုက်ခဲ့သည်။
- Negative attitude will certainly lead one to one's downfall. အဆိုးမြင်သဘောထားလျှင် ဆုံးရှုံးမှု/ကျဆုံးမှုနှင့် ရင်ဆိုင်ရလိမ့်မည်။
- She answered in the negative (= said 'no'). မိန်းကလေးက ငြင်းသည်။
- The rent is a matter for negotiation between the landlord and the tenant. ငှားရမ်းခသည် အိမ်ရှင်နှင့် အိမ်ငှားတို့ ဆွေးနွေးရမည့် အချက် ဖြစ်သည်။
- A contract is prepared in negotiation with our clients. အလုပ်အပ်သူများနှင့် ဆွေးနွေးတိုင်ပင်ကာ သဘော့တူညီ ချက်ကို ပြုစုရေးသားသည်။
- The issue is still under negotiation. ကိစ္စကို စေ့စပ်ဆွေးနွေးဆဲ ရှိပါသည်။
- The price is generally open to negotiation. ဈေးနှုန်းနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးနိုင်ပါသည်။
- Our neighbours are very noisy. ကျွန်တော်တို့၏ အိမ်နီးချင်းများသည် လွန်စွာဆူညံသည်။
- Houses in the neighbourhood of Pyin Oo Lwin are very expensive. ပြင်ဦးလွင်မြို့ ဝန်းကျင်ရှိအိမ်များသည် လွန်စွာဈေးကြီးမြင့်သည်။
- Neither of them has/have a car. သူတို့တွင် တစ်ဦးမှာမှ ကားမရှိပါ။
- They produced two reports, neither of which contained any useful suggestions. သူတို့တင်တဲ့အစီရင်ခံစာ နှစ်ခုစလုံးမှာ ဘယ်ဟာမှ အသုံး တည့်မည့် အဆိုပြုချက်တစ်စုံတစ်ရာမပါရှိပါ။
- I need something to calm/steady my nerves. ကျွန်တော်စိတ်လှုပ်ရှားနေတာ တည်ငြိမ်အောင် လုပ်ဖို့ လိုနေတယ်။
- Everyone's nerves were on edge (=everyone felt tense). လူတိုင်း စိုးရိမ်နေကြသည်။
- I don't know how you have the nerve to show your face after what you said! ပြောခဲ့ဆိုခဲ့ပြီးမှ ခင်ဗျားမျက်နှာပြရဲတာ အံ့ရောဗျာ။
- I don't think you'd have the nerve to show your face here again. နောက်နောင်ခင်ဗျား ဒီမှာလာပြီး မျက်နှာပြရဲမှာမဟုတ်ပါဘူး။
- What a nerve! She borrowed my bike without asking! အတော် လွန်/ရဲတယ်။ ဘာမပြော ညာမပြောနဲ့ ကျွန်တော့် စက်ဘီးကို ငှားစီးတယ်။
- The net result is that small shopkeepers are being forced out of business. နောက်ဆုံးထွက်လာတဲ့အဖြေကတော့ အသေးစားဆိုင်ရှင်တွေလုပ်ငန်းပျက်ကုန်တာပဲ။
- That will never do (= is completely unacceptable). ဒါ လုံးဝလက်မခံနိုင်စရာပဲ။
- By the time the police arrived, the thief was a nervous wreck. ရဲရောက်လာသည့်အခါ သူခိုးမှာ ကြောက်ရွံ့ တုန်လှုပ်နေတော့သည်။
- He was of a nervous disposition. သူက စိတ်ပူတတ်တယ်။
- He bought a car for K 1.5 million and sold it for K 2 million a month later making a net profit of K 500,000. သူသည်ကားတစ်စီးကို ၁၅ သိန်းနှင့်ဝယ်ပြီး တစ်လအကြာ တွင် သိန်း ၂ဝ ဖြင့်ရောင်းချလိုက်ရာ အသားတင် ငါးသိန်း မြတ်သွားသည်။
- I didn't take my father's or my mother's side; I tried to remain neutral. ကျွန်တော်သည် ဖခင်ဘက်မှလည်းကောင်း၊ မိခင်ဘက်မှ လည်းကောင်း ဘက်မလိုက်ဘဲ ကြားနေရန်ကြိုးစားသည်။
- Never in all my life have I seen such a horrible thing. ဒီလောက်စက်ဆုပ်စရာကောင်းတာ ငါ့တစ်သက်မမြင်ဖူးဘူး။
- It's news to me (= I haven't heard about it before). မကြားစဖူးသတင်းထူးပဲ။ (အဲဒါကိုအရင်က မကြားမိဘူး။)
- She is always in the news (= Her activities are regularly reported in the press, on TV etc). သူ့ သတင်းတွေ အမြဲတွေ့နေရ၊ ဖတ်နေရတယ်။
- I saw it on the news. သတင်းထဲမှာ တွေ့လိုက်တယ်။
- The next-best thing is to see the manager. နောက်အကောင်းဆုံး နည်းလမ်းကတော့ မန်နေဂျာနဲ့ တွေ့ဖို့ပဲရှိတယ်။
- I got it for next to nothing in a sale. ဒါကို အလကားလိုလိုဈေးနဲ့ ဝယ်လာခဲ့တာ။
- The same noise was heard night after night(= every night). ညတိုင်းပဲ ဒီဆူညံသံကြားခဲ့ရတယ်။
- We're open during normal office/business hours. ကျွန်တော်တို့ ပုံမှန်ရုံးချိန်/ အလုပ်ချိန်မှာ ဖွင့်ပါတယ်။
- In/Under normal circumstances, I would say “yes”. ပုံမှန်အခြေအနေမျိုးမှာတော့ ကျွန်တော်ခေါင်းညိတ်မှာပါ။
- After hearing her talk on computers, I'm afraid I'm none the wiser. ကွန်ပျူတာအကြောင်း သူဟောပြောတာ နားထောင်ပြီး နောက် ကျွန်တော် ပိုပြီး သိလာခြင်း နားလည်လာခြင်းမရှိပါ။
- It's normal to feel tired after such a long trip. ဒီလောက်အဝေးကြီးသွားပြီးမှတော့ ပင်ပန်းမှာပေါ့။ ဖြစ်တတ်တာပဲ။
- The two countries agreed to normalize relations (=return to a normal, friendly relationship, for example, after a disagreement or war), နှစ်နိုင်ငံ ပုံမှန်ပြန်လည်ဆက်ဆံကြရန် သဘောတူကြသည်။
The taxi nosed its way back into the traffic. အငှားယာဉ်သည် ယာဉ်ကြောထဲသို့ ပြန် ဝင်သွားသည်။
- Shares in that country have taken a nosedive. ထိုနိုင်ငံတွင် ရှယ်ယာဈေးများ ထိုးကျလာသည်။
- With a few notable exceptions, everybody gave something. အချို့ကလွဲလို့ လူတိုင်းလူတိုင်း တစ်ခုခုတော့ပေးကြပါတယ်။
- Take note of what he says (=pay attention to it) သူပြောတာကို ဂရုစိုက် အလေးထားပါ။
- She sounded a note of caution in her speech. သူ့စကားထဲမှာ သတိပေးတဲ့ လေသံပါတယ်။
- Stop picking your nose! (=removing dirt from it with your finger). နှာခေါင်းထဲ နှိုက်မနေနဲ့။
- Please make a note of the dates. ရက်စွဲတွေကို မှတ်ထားပါ။
- He sat taking notes of everything that was said. ပြောသမျှကို သူထိုင်ပြီး လိုက်မှတ်သည်။
- She made a mental note (= decided that she must remember) to ask Ko Ko about it. ထိုကိစ္စနှင့်ပတ်သက်၍ ကိုကိုအားမေးရန် မိန်းကလေးသည် စိတ်တွင်တွေးမှတ်သည်။
- Nothing else matters to him apart from his job. သူ့အဖို့ကတော့ သူ့အလုပ်ကလွဲလို့ အခြားဘာမှအရေမကြီးဘူး
- Take no notice of what he says. သူပြောတာကို အမှတ်မထားပါနဲ့။
- It was San San who brought the problem to my notice (= told me about it). ဒီပြဿနာနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ပြောတဲ့သူက စန်းစန်း ပဲပေါ့။
- You must give one month's notice. ခင်ဗျား တစ်လကြိုတင် အသိပေးရမယ်။
- The shop is closed until further notice (= until you are told that it is open again). နောက်ထပ်မကြေညာမချင်း ဆိုင်ကိုပိတ်ထားသည်။
- All their efforts to beat the rival team have come to nought (= have not been successful). ပြိုင်ဘက်အသင်းကို အနိုင်ရရန် သူတို့၏ကြိုးပမ်းမှုများ မအောင်မမြင်ဖြစ်ရသည်။
- At first he played with the computer all the time, but the novelty soon wore off (=he grew bored with it). ပထမတော့ ကွန်ပျူတာနဲ့ပဲ သူတစ်ချိန်လုံး ဆော့ကစားခဲ့တာ၊ မကြာပါဘူး သူ ငြီးငွေ့သွားတယ်။
- From now on I'll be more careful. နောင်ကို ကျွန်တော်ပိုပြီး ဂရုစိုက်ပါမယ်။
- He'll be home by now. ဒီအချိန်ဆို သူအိမ်ပြန်ရောက်လောက်ပြီ။
- That's all for now. အခုတော့ ဒါလောက်ပဲ။
- He nudged his way through the crowd. သူသည် လူအုပ်အတွင်းမှ တိုးဝှေ့ဖြတ်သွားသည်။
- I don't want to be a nuisance so tell me if you want to be alone. ငါ့ကြောင့် အနှောင့်အယှက်မဖြစ်စေချင်ပါဘူး။ ကဲ-ပြော၊ ငါ ရှောင်ပေးရမလား။
- I hope you're not making a nuisance of yourself. ခင်ဗျား အနှောင့်အယှက်ပေးနေတာ မဟုတ်ပါဘူးနော်။
- It's a nuisance having to go back tomorrow. မနက်ဖြန် ပြန်သွားရမှာ စိတ်ရှုပ်လိုက်တာ။
- Tokens with even numbers are to draw money from this counter and with odd numbers from the next counter. စုံဂဏန်းပါသည့် တိုကင်များဖြင့် ဤကောင်တာမှလည်း ကောင်း၊ မဂဏန်းပါသည့်တိုကင်များဖြင့် ဘေးရှိကောင်တာမှ လည်းကောင်း ငွေထုတ်ရပါမည်။
- I'm sorry, I think you have the wrong number (=wrong telephone number). ခင်ဗျားဆက်တာ ဖုန်းနံပါတ်မှားနေပါတယ်။
- A number of (=some) problems have arisen. ပြဿနာ အနည်းငယ်တက်နေပြီ။
- I could give you any number of (=a lot of) reason for not going. ဘာကြောင့် မသွားသလဲဆိုတာ ငါ့မှာအကြောင်းအများကြီး ရှိတယ်။
- We are nine in number (= there are nine of us ) ကျွန်တော်တို့ ကိုးယောက်ရှိပါတယ်။
- She nursed her daughter back to health. သူ့သမီးပြန်လည်နေကောင်းအောင် ပြုစုပေးခဲ့သည်။
- Her youngest child is at nursery now. သူ့ရဲ့ကလေးအငယ်ဆုံးက အခု ကလေးထိန်းကျောင်းမှာပါ။
- That phone ringing all the time is driving me nuts! အဲဒီဖုန်း တစ်ချိန်လုံး မြည်နေတာ ငါစိတ်ရှုပ်လာပြီ။
- He's as nutty as a fruitcake (=completely crazy) သူ တကယ့်ကို ကြောင်တယ်၊ ပေါက်တယ်၊ ရူးတယ်။
- Before giving evidence, witnesses in court have to take the oath (=promise to tell the truth). သက်သေများသည် ရုံးတော်တွင်ထွက်ဆိုခြင်း မပြုမီ ကျမ်းသစ္စာကျိန်ဆိုရသည်။
- We usually make obeisance to our elders during the Thadingyut Festival. သီတင်းကျွတ်ကာလအတွင်း ကျွန်ုပ်တို့သည် လူကြီးသူမများကို ကန်တော့လေ့ရှိသည်။
- She left college with the object of going into business. သူသည်စီးပွားရေးလုပ် ရန်အတွက် ကောလိပ်မှထွက်သည်။
- You can't do that it would defeat the whole object of the exercise (=completely spoil your plan). ခင်ဗျားအဲဒါလုပ်လို့မဖြစ်ဘူး။ လုပ်ရင် ခင်ဗျားရဲ့ အစီအစဉ် လုံးဝပျက်လိမ့်မယ်။
- Mother raised an objection to our planned picnic coming Sunday. လာမည့် တနင်္ဂနွေနေ့တွင် ပျော်ပွဲစားထွက်မည့် ကျွန်တော် တို့၏ အစီအစဉ်ကို မေမေက ကန့်ကွက်သည်။
- I have no objection to him coming to stay. သူလာပြီးနေမယ်ဆိုတဲ့ကိစ္စကို ကျွန်တော် ကန့်ကွက်စရာ မရှိပါ။
- You must set realistic aims and objectives for yourself. လက်တွေ့ကျတဲ့ ရည်ရွယ်ချက် ရည်မှန်းချက်တွေကို ချမှတ်ရမယ်။
- We have a moral obligation to protect the environment. ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန်မှာ ကျွန်ုပ်တို့တွင် တာဝန်ရှိသည်။
- You are under no obligation to pay for goods which you did not order. ကိုယ်မှာယူခြင်းမရှိတဲ့ပစ္စည်းအတွက် ခင်ဗျားငွေပေးစရာမလိုပါဘူး။
- I felt obliged to ask them to dinner. သူတို့ကိုညစာစား ကြွရောက်ဖို့ ဖိတ်သင့်တယ်လို့ခံယူမိတယ်။
- Call me if you need any help-I'd be happy to oblige. အကူအညီလိုရင်ဖုန်းဆက်ပါ။ ကူညီဖို့အသင့်ပါ။
- I'm much obliged to you for helping us. ကျွန်တော်တို့ကို ကူညီတဲ့အတွက် ခင်ဗျားကို လွန်စွာမှ ကျေးဇူးတင်ရှိပါတယ်။
- The suspect is being kept under observation (= watched closely by the police). ရဲက မသင်္ကာသူကို စောင့်ကြည့်နေသည်။
- The patient was kept under observation all night. လူနာကို တစ်ညလုံး စောင့်ကြပ်ကြည့်ရှုသည်။
- She has outstanding powers of observation (= the abilitry to notice things around her). သူကပတ်ဝန်းကျင်ကို အကဲခတ်ရာမှာကျွမ်းတယ်။
- To the casual observer, the system appears confusing.အပေါ်ယံကြည့်သူအတွက်တော့ ဒီစနစ်က ရှုပ်ထွေးတယ်လို့ထင်ရတယ်။
- For obvious reasons, I'd prefer not to give my name.ကျွန်တော့်နာမည်ကို မပြောရင် ကောင်းမယ်။ ဘာကြောင့်လဲဆိုတာတော့ ရှင်းပါတယ်။
- I may be stating the obvious, but more money the project cannot survive. ကျွန်တော်ပြောတာ ရှင်းလောက်ပါတယ်။ ဒါပေမဲ့ နောက်ထပ် ငွေမရရင်တော့ စီမံကိန်းကရပ်တည်နိုင်မှာမဟုတ်ဘူး။
- I'll wear it if the occasion arises (=if I get a chance). အခွင့်အရေးကြုံရင် ကျွန်တော်ဒါကိုဝတ်ပါမယ်။
- I'm willing to go to court over this if the occasion arises (=if it becomes necessary), လိုအပ်ပါက ဒီကိစ္စကို ရုံးတင်ချင်တယ်။
- They have been seen together on two separate occasions. သူတို့ကို နှစ်နေရာမှာ အတူတွေ့ဖူးတယ်။
- Problems at work continued to occupy his mind for some time. အလုပ်ထဲက ပြဿနာတွေ သူ့ခေါင်းထဲအတန်ကြာ ဆက်ပြီး ဝင်နေတယ်။
- Oddly enough, we were just talking about the same thing. ထူးထူးဆန်းဆန်း ကျွန်တော်တို့ အကြောင်းအရာတစ်ခု တည်းအကြောင်းကို ပြောနေမိလျက်သား ဖြစ်နေတယ်။
- The odds are very much in our favour (=we are likely to succeed). ကျွန်တော်တို့ အောင်မြင်ဖို့အခြေအနေ ရှိနေတယ်။
- The odds are heavily against him (=he is not likely to succeed). သူအောင်မြင်ဖို့ အခွင့်အလမ်း သိပ်နည်းနေတယ်။
- The odds are that (=it is likely that) she'll win. သူ နိုင်ခြေ ရှိလောက်ပါတယ်။
- Against all (the) odds, she achieved her dream of becoming a vocalist. အတားအဆီး အခက်အခဲတွေကြားက သူမျှော်မှန်းတဲ့ အဆို တော်တစ်ဦးဖြစ်လာခဲ့တယ်။
- They are offering long/ short odds (=the winnings will be high/low because there is a high/low risk of losing) on the defending champion. လက်ရှိချန်ပီယံက နိုင်ချေ/ရှုံးချေရှိနေသဖြင့် ကြေးကိုတိုး/လျှော့သည်။
- Punishment is often light on a first offence (=the first time that somebody has been found guilty of a crime). ပထမဆုံးအကြိမ် ကျူးလွန်သည့် ပြစ်မှုဖြစ်ပါက ပြစ်ဒဏ် ကို လျှော့ပေါ့တတ်သည်။
- Murder is a capital offence (=one that may be punished by death) in many countries. နိုင်ငံအများတွင် လူသတ်မှုသည် သေဒဏ်ပေးလောက်သည့် ပြစ်မှုဖြစ်သည်။
- I'm sorry ----I meant no offence when I said that. တောင်းပန်ပါတယ်၊ ကျွန်တော် ထိခိုက်စေလိုတဲ့ သဘောနဲ့ ပြောခဲ့တာမဟုတ်ပါ။
- There's no need to take offence. စိတ်ဆိုးစရာမလိုပါဘူး။
- No one will take offence (=feel upset or insulted ) if you leave early. ခင်ဗျားစောစောပြန်လို့ ဘယ်သူကမှ မကျေမနပ်ဖြစ်/ အမှတ်ထားမှာ မဟုတ်ပါဘူး။
- The original price was K 30,000 but I'm open to offers (=willing to consider offers less than that). မူလသတ်မှတ်တဲ့နှုန်းကတော့ ကျပ်သုံးသောင်းပဲ။ ဒါပေမဲ့ ဒါထက်နည်းရင်လည်းစဉ်းစားပေးမှာပါ။
- The present Japanese government took office early this year.လက်ရှိဂျပန်နိုင်ငံအစိုးရသည် ယခုနှစ် နှစ်ဆန်းက တာဝန်ယူသည်။
- She was a woman grown old before her time (= who looked older than she was). အဲဒီအမျိုးသမီးဟာ အိုစာသွားတယ်။
- Things were different in the old days. ယခင်ကာလများက အခြေအနေသည် ယခုနှင့်မတူပါ။
- She gave me an old-fashioned look. သူကကျွန်တော့်ကို မနှစ်မြို့ /သဘောမကျသည့် အကြည့်ဖြင့် ကြည့်သည်။
- The government held out an olive branch to the armed groups offering them unity and peace. အစိုးရသည် လက်နက်ကိုင်အဖွဲ့ များအား ငြိမ်းချမ်းရေးကမ်းလှမ်းသည်။
- You have it on my word (=I promise it will happen, etc). ငါ ပြောတဲ့အတိုင်း အဲဒါဖြစ်ကိုဖြစ်မှာ။
- Only then did she realize the stress her husband was under. ထိုအခါမှပင် သူသည် သူ့ခင်ပွန်းကြုံနေရသည့် ဖိစီးမှုကို သဘောပေါက်လေသည်။
- The onus is on employers to follow health and safety laws. ကျန်းမာရေးနှင့်လုံခြုံရေး ဥပဒေတို့ကို လိုက်နာရန်မှာ အလုပ် ရှင်တို့၏ တာဝန်ဖြစ်သည်။
- The debate was thrown open to the audience. ပရိသတ်ကို အချေအတင်ပြောဆိုခွင့် ပေးလိုက်သည်။
- The race is still wide open (=anyone could win). ပြိုင်ပွဲက ဘယ်သူနိုင်မယ် မပြောနိုင်သေးဘူး။
- Which route is better remains an open question (=it is not decided). ဘယ်လမ်းကြောင်းက ပိုကောင်းသလဲဆိုတဲ့ကိစ္စ မဆုံးဖြတ်ရသေးဘူး။
- In an interview try to ask open questions (= to which the answer is not just 'yes' or 'no'). အင်တာဗျူးတွင် အကျယ်ချဲ့ ဖြေရသည့် မေးခွန်းမျိုး မေးဖို့ကြိုးစားပါ။
- Children need to play out in the open. ကလေးများသည် အပြင်ဘက် (လေဟာပြင်) တွင် ကစားဖို့လိုသည်။
- They intend to bring their complaints out into the open. သူတို့သည်မကျေနပ်ချက်များကို ဖွင့်ချရန် ရည်ရွယ်သည်။
- The country practises open-door policy. ထိုနိုင်ငံသည် တံခါးဖွင့်ဝါဒ ကျင့်သုံးသည်။
- Doctors performed an emergency operation. ဆရာဝန်များသည် အရေးပေါ်ခွဲစိတ်ခဲ့ကြသည်။
- The new airport will be fully operational by the end of the year. လေယာဉ်ကွင်းသစ်ကို နှစ်ကုန်လောက်တွင် ဖွင့်နိုင်လိမ့်မည်။
- In my opinion it's a very sound investment. ကျွန်တော့်အမြင်ကတော့ ဒါဟာအလွန်ကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှုပဲ။
- There is a difference of opinion (= people disagree) as to the merits of the plan. စီမံကိန်းကောင်းမွန်မှု ရှိမရှိနှင့်ပတ်သက်၍ သဘောကွဲနေကြသည်။
- Opinion is divided on the issue. ထိုကိစ္စနှင့်ပတ်သက်၍ သဘောကွဲနေသည်။
- Which is the better is a matter of opinion (= people have different opinions about it.) ဘယ်ဟာက ပိုကောင်းတယ်ဆိုတာနဲ့ပတ်သက်ပြီး တစ်ဦးနဲ့တစ်ဦး အကြိုက်ချင်းမတူကြပါ။
- Our company promotes equal opportunities for women (= women are given the same jobs, etc. as men). ကျွန်တော်တို့ ကုမ္ပဏီကအမျိုးသမီးများကို တန်းတူ အခွင့်အရေးပေးပါသည်။
- They intend to open the school at the earliest opportunity (= as soon as possible). သူတို့သည်ကျောင်းကို စောနိုင်သမျှစောစောဖွင့်ရန် ရည်ရွယ်သည်။
- Our views are diametrically opposed on this issue. ဤကိစ္စတွင် ကျွန်တော်တို့၏ အမြင်များမှာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။
- I have little/no option but to go (I have to go)ကျွန်တော် သွားကိုသွားရမယ်။
- The names are listed in alphabetical order. အမည်စာရင်းကို အက္ခရာစဉ်လိုက် ဖော်ပြထားသည်။
- I would like to place an order for ten copies of this book. ဒီစာအုပ် ဆယ်အုပ်မှာချင်ပါတယ်။
- The argument continued until the chairman called them to order (= ordered them to obey the formal rules of the meeting). သဘာပတိက အစည်းအဝေးစည်းကမ်းကို လိုက်နာဖို့ မပြောမချင်း သူတို့အငြင်းပွားနေခဲ့သည်။
- May I take your order? ဘာမှာ (ဘာယူ) မလဲခင်ဗျာ။ ဘာသုံးဆောင်မလဲ ခင်ဗျာ။
- This particular custom has its origins in Myanmar. ဒီဓလေ့ထုံးစံက မြန်မာနိုင်ငံက စတာပါ။
- I can't see you now- some other time maybe. လောလောဆယ် ခင်ဗျားနဲ့မတွေ့ နိုင်သေးဘူး။ နောက်များမှ တွေ့ ကောင်းတွေ့ ကြတာပေါ့။
- Out you go! (= Get out of the room.) ထွက်သွားစမ်းပါ။
- He's been out of work for six months. သူ အလုပ်လက်မဲ့ဖြစ်နေတာခြောက်လရှိပြီ။
- You're out of luck - she left ten minutes ago. ခင်ဗျားတော့ ကံခေတာပဲ၊ လွန်ခဲ့တဲ့ ဆယ်မိနစ်ကပဲ သူထွက်သွားတယ်။
- I watched the car until it was out of sight. ကျွန်တော်သည် ကားကို မြင်ကွင်းမှ ပျောက်သွားသည်အထိ ကြည့်ခဲ့သည်။
- The new tax provoked a public outcry in that country. ထိုနိုင်ငံတွင် အခွန်သစ်ကောက်သဖြင့် လူထု မကျေမနပ် ဖြစ်ကြသည်။
- Not to be outdone (= not wanting to let somebody else do better) she tried again. အရှုံးမပေးလိုသဖြင့် သူသည်နောက်တစ်ကြိမ် ကြိုးစားသည်။
- I'm not really the outdoor type (= 1 prefer indoor activities). အပြင်ထွက် လှုပ်ရှား သွားလာရတာကို ကျွန်တော် မနှစ်သက်ပါ။
- Come to the Shan State and enjoy the great outdoors. ရှမ်းပြည်နယ်ကို လာပြီးသဘာဝမြင်ကွင်းကိုခံစာ ကြည့်ပါ။
- We went on an outing to Tedim township. ကျွန်တော်တို့ တီးတိန်မြို့နယ်သို့ အလည်ထွက်ခဲ့သည်။
- Write down your incomings and outgoings. ခင်ဗျားရဲ့ဝင်ငွေနဲ့ သုံးငွေကို ရေးချပါ။
- The machine had outlived its usefulness (=was no longer useful). ဒီစက် သုံးမရတော့ပါ။
- Meeting her has changed his whole outlook on life. မိန်းကလေးနဲ့ တွေ့ပြီးတဲ့နောက် သူရဲ့ ဘဝအမြင် လုံးဝ ပြောင်းသွားတယ်။
- Most of the air crash victims were killed outright. လေယာဉ်ပျက်ကျရာတွင် ပါဝင်သူအများစုတို့မှာ ပွဲချင်းပြီး သေဆုံးခဲ့ကြသည်။
- They felt cut off from the outside world (= from other people and from other things that were happening). သူတို့သည် အပြင်လောကနှင့် အဆက်ပြတ်နေသည်ဟု ခံစားမိကြသည်။
- She has a lot of outside interests (= not connected with her work). မိန်းကလေးတွင် အလုပ်နှင့်မဆိုင်သည့် ဗာဟီရများ များနေသည်။
- They live on the outskirts of Yangon. သူတို့သည် ရန်ကုန်မြို့စွန်တွင်နေကြသည်။
- To all outward appearances (= As far as one can see from the outside) the child seems very happy at school. အပေါ်ယံကြည့်ရတာကတော့ ဒီကလေး ကျောင်းမှာ ပျော်ပုံရပါတယ်။
- The advantages far outweigh the disadvantages. အားသာမှုနှင့် အားနည်းဆုံးရှုံးမှုတွင် အားသာချက်က များစွာ ·အလေးသာပါသည်။
- I Open a window, it's like an oven (= very hot) in here! ဒီမှာ သိပ်ပြီးပူတာပဲ၊ ပြတင်းပေါက်တစ်ပေါက် ဖွင့်လိုက်ပါ။
- I was glad when it was over and done with. ကိစ္စပြီးသွားလို့ အတော်စိတ်ချမ်းသာရတယ်။
- Message understood. Over and out, သတင်းပို့ချက်ကိုနားလည်ပြီ။ စက်ပိတ်တော့။
- There were papers lying around all over the place. သတင်းစာတွေ နေရာအနှံ့ ပြန့်ကျဲနေသည်။
- A book like this is long overdue. ဒီစာအုပ်မျိုး ထွက်သင့်တာကြာပြီ။
- As the wedding day approached the whole family went into overdrive. မင်္ဂလာဆောင်ရက်နီးလာတာနဲ့ တစ်မိသားစုလုံး အလုပ် ရှုပ်ကုန်သည်။
- After a big earthquake, the hospitals were filled to overflowing (= with patients), မြေငလျင်အကြီးအကျယ်လှုပ်ပြီးသည်နှင့် ဆေးရုံများတွင် လူနာများ ပြည့်ကျပ်သွားသည်။
- We must be careful not to overstate the case. စကားကို ချဲ့ကားမပြောဖို့ သတိထားရမည်။
- The importance of a good education cannot be overstated. ကောင်းမွန်သော ပညာရေး၏ အရေးပါပုံကို အထူးပြောစရာ မလိုပါ။
- He tends to overstep the boundaries of good taste. သူက အရမ်း အကောင်းကြိုက်တတ်တာပဲ။
- Our original plan was overtaken events (= the situation changed very rapidly) and we had to make a new one. အခြေအနေ ရုတ်တရက်ပြောင်းသွား၍ ကျွန်တော်တို့၏ မူလ အစီအစဉ် ပြောင်းလိုက်ရသည်။
- For reasons of his own (= particular reasons that perhaps only he knew about), he refused to join the club. သူကလပ်မှာပါဝင်ရန်ကိစ္စကို သူ့အကြောင်းနှင့်သူ ငြင်းလိုက်သည်။
- The accident happened through no fault of her own. ထိခိုက်မှု (ယာဉ်တိုက်မှု) ဖြစ်တာ သူ့အပြစ်မဟုတ်ပါ။
- The painting has now been returned to its rightful owner. ပန်းချီကားကို သူ့ မူလပိုင်ရှင်သို့ ပြန်လည်ပေးအပ်သည်။
- He's now the proud owner of a famous jewellery shop in town. သူဟာ ဒီမြို့မှာ နာမည်ကြီးတဲ့ ရတနာဆိုင်ရဲ့ ပိုင်ရှင် ဖြစ်နေပြီလေ။
- We stayed overnight in Yangon after the meeting. အစည်းအဝေးအပြီးတွင် ကျွန်တော်တို့သည် ရန်ကုန်တွင် တစ်ညနေခဲ့သည်။
- The ball gathered pace as it rolled down the hill. ကုန်းပေါ်မှ လိမ့်ဆင်းသည် ဘောလုံးကလေးသည် မြန်၍လာသည်။
- Congestion frequently reduces traffic to walking pace. ကားလမ်းတွင် ယာဉ်များ များပြားလာပါက ယာဉ်သွာသည့်နှုန်းမှာ လူလမ်းလျှောက်သည့် နှုန်းမျှသာရှိသည်။
- I prefer the relaxed pace of life in the countury. ကျွန်တော်သည် ကျေးလက်ဒေသ၏ သက်သောင့် သက်သာဘဝကို နှစ်သက်သည်။
- Complaints against bus line ticket conductors gathered pace (= increased in number). ကားစပယ်ယာများကို မကျေနပ်၍တိုင်ကြားချက်များ တိုးပွားလာသည်။
- She paced up and down outside the room. မိန်းကလေးသည် အခန်းပြင်ပတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။
- The cabinet agrees on a package of measures to reduce the trade deficit. ဝန်ကြီးအဖွဲ့က ကုန်သွယ် ရေးလို ငွေ လျှော့ ချ ရန် ဆောင်ရွက်ရမည့် အစီအစဉ်များကို သဘောတူသည်။
- The show played to packed houses (= large audiences). ပြပွဲတင်ဆက်မှုကို ပရိသတ်များစွာက အားပေးသည်။
- Add K 30 for postage and packing, စာပို့ တံဆိပ်ခေါင်းနဲ့ ထုပ်ပိုးခကိုလည်း ထည့်တွက်ပါ။
- They have made a pact with each other not to speak about their differences in public. သူတို့သည် သူတို့၏သဘောထားကွဲလွဲချက်များကို အများရှေ့တွင် ထုတ်ဖော်မပြောရန် သဘောတူထားကြသည်။
- A newspaper usually carries sports/financial pages. ထိုသတင်းစာတစ်စောင်တွင် အားကစား/ငွေကြေးကဏ္ဍ စာမျက်နှာများ ပါလေ့ရှိသည်။
- She was clearly in a lot of pain. သူ့ကြည့်ရတာ ဝေဒနာကြီးစွာခံစားနေရတာ ပေါ်လွင်တယ်။
- You get more aches and pains as you get older. အသက်ကြီးလာတာနဲ့ ကိုက်တာခဲတာတွေ များလာတာပဲ။
- It pains me to see you like this. ခင်ဗျားကို ဒီအခြေအနေတွေ့ ရတာ ကျွန်တော် စိတ်မကောင်းဘူး။
- The woodwork has recently been given a coat of paint. သစ်သားထည်များကို ဆေးအသစ်တစ်လွှာသုတ်ထားသည်။
- Colleagues regard him as a safe pair of hands (= somebody who can be relied on to do a job well). သူ့အပေါင်းအသင်းများက သူ့ကို အားကိုးလောက်သူဟု လက်ခံထားကြသည်။
- He went/turned deathly pale at the news. သတင်းကိုကြားရသည်နှင့် သူ့မျက်နှာမကောင်းတော့ပါ။
- The ordeal left her looking pale and drawn. ဘေးအန္တရာယ် အကျပ်အတည်းနှင့် ကြုံတွေ့ ရပြီးနောက် မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်ကာ အားကုန်နွမ်းလျသွားသည်။
- A pall of smoke hung over the town. မီးခိုးများ မြို့ကိုဖုံးနေသည်။
- This court case could open a Pandora's box of similar claims. ဒီအမှုတွဲကို အစဖော်ပါက အလားတူကိစ္စများ ဆက်တိုက် ပေါ်ကာ ပြဿနာတက်ပေမည်။
- Office workers fled in panic as the fire took hold. မီးရှိန်မြင့်လာရာ ရုံးသူရုံးသားများ အလန့်တကြားပြေးကြသည်။
- There's no panic (= we do not need to rush), we've got plenty of time. လောစရာမလိုဘူး။ အချိန်အများကြီးရတယ်။
- I read about it in the paper. ဒီအကြောင်း သတင်းစာထဲမှာ ဖတ်လိုက်ရတယ်။
- The papers soon got hold of the story. ဤဇာတ်ကြောင်းကို သတင်းစာများသိသွားကြသည်။
- He's always making a parade of his wealth. သူချမ်းသာတဲ့အကြောင်း သူအမြဲ ထုတ်ဖော်ကြွားဝါနေတယ်။
- He wasn't the paragon of virtue she had expected.. သူဟာမိန်းကလေး မျှော်လင့်ထားသလို အကျင့်သိက္ခာ အလွန်ကောင်းသူ မဟုတ်ပါ။
- The road runs parallel with the canal. (or) The road and the canal run parallel to each other. ကားလမ်းနှင့်တူးမြောင်းသည် ဘေးချင်းယှဉ်လျက်ရှိသည်။
- This is an achievement without parallel in modern times. ယခုခေတ်သစ်ကာလမှာ ဒါဟာ ပြိုင်ဘက်မရှိတဲ့အောင်မြင်မှ တစ်ရပ်ဖြစ်တယ်။
- The accident left her paralysed from the waist 'down. ယာဉ်တိုက်မှုကြောင့် အမျိုးသမီးမှာ ခါးအောက်ပိုင်း လှုပ်မရတော့ပါ။
- This matter is of paramount importance. ဒီကိစ္စက အလွန်အရေးကြီးတဲ့ ကိစ္စဖြစ်တယ်။
- The place was, if you'll pardon the expression, a dump. ပြောရရင်တော့၊ ခွင့်လွှတ်ပါဗျာ ဒီနေရာကအမှိုက်ပုံပဲ။
- The work force has been pared to the bone (= reduced to the lowest possible level). အလုပ်သမားအင်အားကို မရှိမဖြစ်လူလောက်ပဲ ကျန်သည် အထိ လျှော့ချပစ်သည်။
- Jennifer was lying on the sofa doing nothing in particular. ဂျင်နီဖါသည် ဘာမျှမည်မည်ရရမလုပ်ဘဲ ဆိုဖာပေါ်တွင် လှဲနေသည်။
- Is there anything in particular you'd like for dinner. ညစာအတွက် ထွေထွေထူးထူး ဘာများ စားချင်ပါသလဲ။
- She directed the question at no one in particular. သူ့ရဲ့ မေးခွန်းက ဘယ်သူဘယ်ဝါကိုမျှ မရည်ရွယ်ပါ။
- The lecture was not particularly (= not very) interesting. ဟောပြောချက်က သိပ်ပြီးစိတ်ဝင်စားစရာ မကောင်းလှပါ။
- Funds are being raised to form a society for the blind and partially sighted (= people who can see very little). မျက်မမြင်နှင့် မျက်စိမှုန်သူများအသင်း တည်ထောင်ရန် ရန်ပုံငွေ စုဆောင်းနေသည်။
- Unemployment has now passed the three million mark in that country. ထိုနိုင်ငံတွင် အလုပ်လက်မဲ့ဦးရေ သုံးသန်းကျော်သွားပြီ။
- We grew more anxious with every passing day. တစ်ရက်ပြီးတစ်ရက် ကြာလာသည်နှင့် ကျွန်ုပ်တို့ ပို၍စိုးရိမ် ပူပန်လာသည်။
- We sang songs to pass the time. ကျွန်ုပ်တို့ သီချင်းများသီဆိုရင်း အချိန်ကုန်လွန်စေခဲ့သည်။
- His departure passed unnoticed. သူထွက်သွားတာကို သတိမပြုမိလိုက်ကြဘူး။
- The court waited in silence for the judge to pass sentence. တရားသူကြီး၏ စီရင်ချက်ကို ကြားနာရန်တရားရုံးအတွင်း တိတ်ဆိတ်နေသည်။
- It's not for me to pass judgement on your behaviour. ခင်ဗျားရဲ့အပြုအမူနဲ့ပတ်သက်ပြီး ကျွန်တော်အကောင်းအဆိုးပြောစရာမလိုပါ။
- The school has a 90% pass rate (= 90% of students pass their exams). ဒီကျောင်းက အောင်ချက် ရာနှုန်း ၉ဝ ရှိတယ်။
- She bears more than a passing resemblance to (= looks very like) your sister. ဒီမိန်းကလေးက ခင်ဗျားရဲ့ညီမနဲ့ အတော်တူတယ်။
- She flies into a passion if anyone even mentions his name. ကောင်ကလေးရဲ့ နာမည်ကို ဟမိတာနဲ့တောင် ဒီမိန်းကလေးက ဒေါသူပုန်ထတယ်။
- Let's forget about who was to blame-it's all past history. ဘယ်သူ့မှာအပြစ်ရှိသလဲဆိုတဲ့ကိစ္စ မေ့လိုက်ကြရအောင်၊ ဒါတွေအားလုံး ပြီးခဲ့ပါပြီ။
- Writing letters seems to be a thing of the past.. (ပေးစာ) စာရေးတဲ့အလုပ်က ခေတ်ကုန်သွားသည်ဟု ထင်ရသည်။
- It's quicker to cut and paste than to retype. ပြန်ရိုက်တာနဲ့စာရင် ဖြတ်ညှပ်ကပ်လုပ်တာက ပိုမြန်မယ်။
- She decided it was time to move on to pastures new (= a new job. place to live, etc.) အလုပ်သစ်၊ နေရာသစ် ပြောင်းသင့်ပြီဟု သူဆုံးဖြတ်လိုက်သည်။
- Have you tried patching things up with her? မိန်းကလေးနဲ့ ပြန်အဆင်ပြေဖို့ ကြိုးစားပြီးပြီလား။
- This company's profit-sharing scheme sets the pattern for others to follow. ဒီကုမ္ပဏီရဲ့ အမြတ်ခွဲဝေပုံက နမူနာယူဖို့ကောင်းတယ်။
- The woman spoke almost without pausing for breath. ဒီအမျိုးသမီးက အသက်တောင်မရှူဘဲ စကားပြောသွား သလိုပဲ။
- The rain fell without pause. မိုးက မနားတမ်းရွာခဲ့သည်။
- She paid no heed to our warning. ကျွန်တော်တို့ သတိပေးတာ သူ နားမထောင်ဘူး။
- We have 100 people on the payroll. ကျွန်တော်တို့မှာ ဝန်ထမ်း ၁ဝဝ ရှိတယ်။
- The negotiators are trying to make peace between the warring factions. စစ်ခင်းနေကြသည့် အဖွဲ့များ ငြိမ်းချမ်းရေးရစေရန် ဆွေးနွေးသူများလုံးပန်းနေကြသည်။
- A UN force has been sent to keep the peace (= to prevent people from fighting). တိုက်ပွဲများမဖြစ်စေရန် ကုလသမဂ္ဂတပ်ဖွဲ့ကိုစေလွှတ်သည်။
- The two communities live together in peace. လူမျိုးအုပ်စု နှစ်စုတို့သည် ငြိမ်းချမ်းစွာအတူနေထိုင်ကြသည်။
- The two neighbouring countries have been at peace for more than a century. အိမ်နီးချင်းနှစ်နိုင်ငံသည် နှစ်ပေါင်းတစ်ရာကျော် ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြသည်။
- I would work better if I had some peace and quiet. အေးအေးဆေးဆေးရှိရင် ကျွန်တော်အလုပ်ကောင်းကောင်း လုပ်နိုင်မှာပဲ။
- I need to check that she is all right, just for my own peace of mind (= so that I do not have to worry). သူ အဆင်ပြေမပြေ/နေကောင်းမကောင်း ကြည့်ဦးမှပဲ။ ဒါမှကျွန်တော် စိတ်အေးရမှာ။
- He just wants to be left in peace (= not to be disturbed). သူက အနှောင့်အယှက်မရှိ၊ အေးအေးနေချင်တာ။
- Traffic reaches its peak between 9 and 10 in the morning. မနက် ၉ နာရီမှ ၁ဝ နာရီကြားမှာ ကား အရှုပ်ဆုံးပဲ။
- After your marriage you'll face the peaks and troughs of married life. လက်ထပ်ပြီးရင် အိမ်ထောင်သည်ဘဝရဲ့ သုခ၊ ဒုက္ခတွေနဲ့ ကြုံရမှာပဲ။
- You look a bit peaky today. ဒီနေ့ ခင်ဗျား သိပ်မလန်းပါလား။
- Deborah took a quick peep at the last page. ဒီဘိုလသည် နောက်ဆုံးစာမျက်နှာကို တိတ်တခိုးအမြန် ကြည့်သည်။
- We did not hear a peep out of the baby all night. တစ်ညလုံး ကလေးဆီက ဘာသံမျှ မကြားခဲ့ရပါ။
- You can withdraw money from the account without penalty. ဒဏ်ကြေးပေးရန်မလိုဘဲ ငွေထုတ်ယူနိုင်ပါတယ်။
- He has a penchant for orange juice. သူက လိမ္မော်ရည်ကို အတော်ကြိုက်တယ်။
- The weather was less than perfect (= not very good at all). ရာသီဥတုက သိပ်မကောင်းဘူး။
- Well I'm sorry-but nobody's perfect (= used when somebody has criticized you). စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ ဘယ်သူမျှအမှားမကင်းနိုင်ကြပါဘူး။
- You know perfectly well what I mean. ကျွန်တော်ဆိုလိုတာ ခင်ဗျားကောင်းကောင်းသဘောပေါက်ပါတယ်။
- To be perfectly honest, I didn't want to go anyway. အမှန်တကယ်ပြောရရင် ကျွန်တော်ကသွားချင်တာ မဟုတ်ပါဘူး။
- An industrial zone was set up on the southern periphery of the town. မြို့၏တောင်ဘက်စွန်းတွင် စက်မှုဇုန်ကိုတည်ဆောက်ထားသည်။
- This offer is available for a limited period only. ဒီအခွင့်အရေးက သတ်မှတ်တဲ့ကာလအတွင်းပဲရမှာပါ။ .
- You can have it for a trial period (= in order to test it). ဒါကို စမ်းသပ်ကာလအတွင်းမှာ ခင်ဗျား သုံးကြည့်လို့ရပါတယ်။
- You must ask permission for all major expenditure. ကြီးမြင့်တဲ့အသုံးစရိတ်မှန်သမျှအတွက် ခင်ဗျား ခွင့်ပြုချက်တောင်းရမယ်။
- She took the car without permission. ခွင့်ပြုချက်မရဘဲ သူက ကားကိုယူသွားတယ်။
- I'll come tomorrow, weather permitting (if the weather is fine). ရာသီဥတုသာယာလျှင် ကျွန်တော်မနက်ဖြန်လာပါမယ်။
- We're all in a state of perpetual motion in this office (= we're always moving round or changing things). ဒီရုံးမှာ အပြောင်းအလဲတွေ အမြဲဖြစ်နေတယ်။
- The President made a personal appearance at the event. ထိုပွဲကို သမ္မတကြီး ကိုယ်တိုင် တက်ရောက်အားပေးသည်။
- The novel is written from personal experience. ဒီဝတ္ထုက ကိုယ်တွေ့ ကို အခြေခံရေးတာဖြစ်တယ်။
- We offer a personal service to all our customers. ကျွန်တော်တို့က ဖောက်သည် တစ်ဦးချင်းကို ဝန်ဆောင်မှု ပေးပါတယ်။
- Nothing personal (= I do not wish to offend you), but I do have to go now. ဘယ်လိုမှမအောက်မေ့ပါနဲ့၊ ကျွန်တော်အခုသွားမှဖြစ်မယ်။
- Try to see the issue from a different perspective. ပြဿနာကို ကွဲပြားတဲ့ရှုထောင့်က ကြိုးစားရှုမြင်ပါ။
- His experience abroad provides a wider perspective on the problem. သူရဲ့ ပြည်ပအတွေ့အကြုံက ပြဿနာကို ပိုပြီး အမြင် ကျယ်ကျယ် ရှုမြင်နိုင်တယ်။
- In the picture, the tree on the left is out of perspective. ပုံတွင်လက်ဝဲဘက်မှ သစ်ပင်သည် အနီးအဝေးသဘော မမှန်ပါ။
- Once he starts talking about soccer you can't stop him –it's his pet subject. သူဘောလုံးအကြောင်းပြောမိပြီဆိုရင် မဆုံးတော့ဘူး၊ ဘောလုံးက သူအကြိုက်ဆုံး အကြောင်းအရာပဲ။
- I asked her to play a tune on the piano. ကျွန်တော်သည် မိန်းကလေးကို စန္ဒရားဖြင့် တီးလုံးတစ်ပုဒ် တီးပြရန် မေတ္တာရပ်ခံသည်။
- The police are trying to build up a picture of what happened. ရဲကဖြစ်စဉ်ကို ပုံဖော်ကြည့်ကြသည်။
- We had our picture taken in front of the hotel. ဟိုတယ်ရှေ့တွင် ကျွန်ုပ်တို့ ဓာတ်ပုံရိုက်ကြသည်။
- She's taking a picture of the children. သူသည် ကလေးများကို ဓာတ်ပုံရိုက်နေသည်။
- We don't often go to the pictures. ကျွန်တော်တို့သည် ရုပ်ရှင် မကြာခဏ ကြည့်လေ့မရှိပါ။
- He took the clock to pieces . သူသည် နာရီကို တစ်စစီဖြုတ်သည်။
- The bridge was dismantled piece by piece . တံတားကို အဆင့်ဆင့်ဖြုတ်သည်။
- The vase broke/shattered into a thousand pieces. ပန်းအိုးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသည်။
- He made a pig of himself with cream (= ate too much). သူသည်ရေခဲမှုန့်ကို တဝ စားသည်။
- She piled the boxes one on top of the other. သူသည်သေတ္တာများကို တစ်ခုအပေါ်တစ်ခုဆင့်သည်။
- She is a pillar of strength in a crisis. အရေးကြုံလာပါက သူသည် အားထားရသူဖြစ်သည်။
- They all tried to pin the blame on someone else. သူတို့သည်မဆိုင်သူအပေါ် အပြစ်ပုံချရန်ကြိုးစားကြသည်။
- Do you want to go for a pint later? ပြီးရင် ဘီယာ သွားသောက်ကြမလား။
- He was pipped at/to the post for the top award. ပထမဆု ဆွတ်ခူးနိုင်ဖို့ဟာ သူ အနားကပ်ပြီးမှ အရေးနိမ့်သွားသည်။
- Each company was given ten minutes to make its pitch. ကုမ္ပဏီတစ်ခုကို ၎င်း၏ပစ္စည်းများ အကြောင်းရှင်းပြရန် ဆယ်မိနစ်စီ ခွင့်ပြုသည်။
- We could pitch our tent in that field. အဲဒီကွင်းထဲမှာ ကျွန်တော်တို့ ရွက်ဖျင်တဲထိုးလို့ရနိုင်တယ်။
- They pitched camp for the night near the river. မြစ်အနီးတွင် သူတို့ညအိပ် စခန်းချကြသည်။
- When he realized nobody was listening to him, he left the room in a fit of pique. သူ့စကားကို မည်သူမျှနားမထောင်သည်ကို သိသဖြင့်သူသည် မကျေမနပ်နှင့် အခန်းပြင်ထွက်သွားသည်။
- I took pity on her and lent her the money. ကျွန်တော်သည် သူ့ကို သနားပြီးငွေချေးလိုက်သည်။
- 'I've lost it.' 'What a pity'. အဲဒါကျွန်တော်ပျောက်သွားပြီ။ နှမြောစရာပဲ။
- Oh, that's a pity. စိတ်မကောင်းစရာပါပဲ။
- The town has many excellent eating places. ဒီမြို့မှာ စားသောက်ဆိုင် ကောင်းကောင်း ပေါတယ်။
- The paint was peeling off the wall in places. နံရံကဆေးတွေ ကွာနေတယ်။
- Excuse me, I seem to have lost my place. (in speech) ကျွန်တော်ပြောတာ ဘယ်ရောက်သွားပါလိမ့်။
- Come and sit here-I've saved you a place. ဒီမှာထိုင်ပါ။ ခင်ဗျားအတွက်ကျွန်တော် နေရာဦးထားတယ်။
- I don't want to lose my place in the line. တန်းစီထားတာ ကျွန်တော့်နေရာပျောက်သွားမှာစိုးတယ်။
- Would you like to change places with me ' so you can see better. ကောင်းကောင်းမြင်ရအောင် ကျွန်တော်နဲ့ နေရာချင်း လဲပါလား။
- My father believed that people should know their place (= behave according to their social position). ကျွန်တော့်ဖခင်က လူတွေဟာ ကိုယ့်အဆင့်နဲ့ လိုက်လျော ညီထွေ နေတတ်ရမယ်လို့ ခံယူတယ်။
- It's not your place (= your role) to give advice. အကြံပေးတာက မင်းရဲ့အလုပ်/အရာမဟုတ်ဘူး။
- Anecdotes have no place in (= are not acceptable in) an academic essay. ပညာရပ်ဆိုင်ရာ စာတမ်းများတွင် ပုံတိုပတ်စများ မထည့်သွင်းရပါ။
- She has won a place in the Olympic team. သူသည် အိုလံပစ်သို့သွားရောက်ယှဉ်ပြိုင်မည့်အသင်းတွင် ပါဝင်ခွင့်ရသည်။
- He lost his place in the first team. သူသည် ပထမတန်းအသင်းတွင် ပါဝင်ခွင့်လက်လွတ်ဆုံး ရှုံးသွားသည်။
- These streets are no place for a child to be out alone at night. ညဘက်၌ ဒီလမ်းများတွင် ကလေးများအဖော်မပါဘဲ မထွက်သင့်ပါ။
- What about dinner at my place? ငါ့အိမ်မှာ ညစာစားကြရင် မကောင်းဘူးလား။
- I'm fed up with sharing an apartment with my friend, so I'm looking for a place of my own. သူငယ်ချင်းနဲ့ တစ်ခန်းတည်း အတူနေရတာငြီးငွေ့ပြီ၊ ဒါကြောင့် တစ်ယောက်တည်း သီးသန့်နေဖို့ရှာနေတယ်။
- He made it plain that we should leave.. ကျွန်တော်တို့ပြန်သင့်ပြီဖြစ်ကြောင်း သူကရှင်းရှင်းပဲပြောသည်။
- The policemen were in plain clothes. ရဲများသည် အရပ်ဝတ်အဝတ်အစားများ ဝတ်ထားကြသည်။
- The minister said he had no plans to increase taxes. အခွန်တိုးကောက်ဖို့ အစီအစဉ်မရှိပါဟု ဝန်ကြီးက ပြောသည်။
- There has been a change of plan. မူလအစီအစဉ်များ ပြောင်းသွားသည်။
- We need to make plans for the future. ကျွန်ုပ်တို့သည် အနာဂတ်အတွက် စီစဉ်ရမည်။
- Let's hope everything will go according to plan. အစစအရာရာ စီစဉ်ထားတဲ့အတိုင်း ဖြစ်မယ်လို့ မျှော်လင့်ရတာပဲ။
- The architect is drawing up plans for the new offices. ဗိသုကာသည် ရုံးသစ်များဆောက်လုပ်ရန် ရေးဆွဲနေသည်။
- She broke her leg a month ago and it's still in plaster. လွန်ခဲ့သည့်တစ်လက သူ့ခြေထောက်ကျိုးသွားရာ ယခုထိ ကျောက်ပတ်တီးစည်းထားရသည်။
- His work won him plaudits from the critics. သူ့လက်ရာကို ဝေဖန်သူများက ချီးကျူးကြသည်။
- I decided it was safer to play dead. သေဟန်ဆောင်နေခြင်းက ဘေးကင်းသည်ဟု ကျွန်တော် ဆုံးဖြတ်လိုက်သည်။
- Personal feelings should not come into play when one makes business decisions. လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်လျှင်ကိုယ်ရေးကိုယ်တာကိစ္စများက မလွှမ်းမိုးသင့်ပါ။
- I was pleased to hear you've been promoted. ခင်ဗျားရာထူးတက်တယ်ကြားရလို့ ကျွန်တော် ဝမ်းသာပါတယ်။
- Pleased to meet you. သိကျွမ်းရတာဝမ်းသာပါတယ်။
- He reads the Junior Leader not only for pleasure but also for knowledge. သူသည်ဂျူနီယာလီဒါစာစောင်ကို အပျော်အတွက်သာမက ဗဟုသုတအတွက်ပါဖတ်သည်။
- He takes no pleasure in his work. သူသည် သူ့အလုပ်တွင် မပျော်ပါ။
- It gives me great pleasure to introduce our ITE guest speaker. ဟောပြောမည့် ဧည့်သည်နှင့် (ပရိသတ်ကို) မိတ်ဆက် ပေးရသည့်အတွက် အထူးပင်ဝမ်းမြောက်လှပါသည်။
- It's a pleasure to meet you. ခင်ဗျားကိုတွေ့ရတာဝမ်းသာပါတယ်။
- Thanks for doing that.' 'It's a pleasure.' “ခုလို ဆောင်ရွက်ပေးတာ ကျေးဇူးတင်ပါတယ်။” “ဟာ’ရပါတယ်။’
- Everyone is happier in times of plenty. ပြည့်စုံတဲ့အခါမျိုးမှာ လူတိုင်း စိတ်ချမ်းသာကြတာပါပဲ။
- We have food and drink in plenty. ကျွန်တော်တို့မှာ စားစရာသောက်စရာ အလျှံပယ်ပါပဲ။
- Management has given a pledge that there will be no job losses this year. စီမံခန့်ခွဲရေးအဖွဲ့က ယခုနှစ်တွင် အလုပ်နေရာများ လျှော့ချမည်မဟုတ်ဟု ကတိပေးထားသည်။
- The new committee holds its first plenary session this week. ကော်မတီသစ်သည် ယခုအပတ်အတွင်းပထမဆုံး မျက်နှာစုံညီအစည်းအဝေးကို ကျင်းပမည်။
- Flood victims were plucked to safety by a helicopter. ရေဘေးဒုက္ခသည်များကို လုံခြုံရာသို့ ရဟတ်ယာဉ်ဖြင့် ပို့ပေးသည်။
- The team's poor performance plumbed new depths last night when they lost 8-2. အသင်းသည် ကစားပုံညံ့သဖြင့် ယမန်နေ့ညက ၈-၂ ဖြင့်ရှုံးကာ အခြေမလှဖြစ်ရပြန်သည်။
- There was a flash of lightning and the house was plunged into darkness. မိုးကြိုးတစ်ချက်ပစ်ပြီးနောက် အိမ်မှာမှောင်ကျသွားသည်။
- I hope I'm not poaching on your territory (= doing something that is actually your responsibility). ခင်ဗျားရဲ့လုပ်ပိုင်ခွင့်တာဝန်ကို ကျွန်တော်ဝင်ရှုပ်ရာမရောက်ပါဘူးနော်။
- I take your point (= understand and accept what you are saying). ခင်ဗျားပြောတာကို ကျွန်တော်လက်ခံပါတယ်။
- He’s just saying that to prove a point (= to show his idea is right). သူဟာ သူ့အယူအဆ မှန်တဲ့အကြောင်း ပြချင်လို့ပြောခြင်းသာ ဖြစ်ပါတယ်။
- I wish he would get to the point (= say it quickly). လိုရင်းကိုပဲ သူ ပြောစေချင်တယ်။
- I'll come straight to the point: we need more money. ကျွန်တော် လိုရင်းကိုပဲပြောမယ်၊ ကျွန်တော်တို့ နောက်ထပ် ငွေလိုတယ်။
- Do you see my point (= understand)? ကျွန်တော် ဆိုလိုတာ ခင်ဗျားသဘောပေါက်ရဲ့လား။
- I think I missed the point (= did not understand). ကျွန်တော်တော့ သဘောမပေါက်ဘူး။
- 'He's been married before.' 'That's beside the point. ' (= not important) ‘အရင်က သူ လက်ထပ်ဖူးတယ်”။ “အဲဒါကအရေးမကြီးပါဘူး။
- I know it won't cost very much but that's not the point (= not the important thing). ဒီဟာက သိပ်အကုန်အကျမများဘူးဆိုတာ ငါသိတယ်။ ကုန်တာကျတာ အရေးမဟုတ်ပါဘူး။
- There's no point in getting angry. စိတ်ဆိုးစရာမဟုတ်ပါဘူး။
- I don't see the point of doing it all again. တစ်ခုလုံးပြန်လုပ်ရတဲ့ ရည်ရွယ်ချက်ကို နားမလည်ဘူး။
- Read the manual to see the programme's finer points (= small details). အစီအစဉ် အသေးစိတ်ကိုသိဖို့ လက်စွဲစာအုပ်ကိုဖတ်ပါ။
- The mountain climber was on the point of death when they found him. သူတို့တွေ့ တဲ့အချိန်မှာ တောင်တက်သမားက သေလုနီးပါးဖြစ်နေပြီ။
- We were on the point of giving up. ကျွန်တော်တို့ဟာ လက်လျှော့တော့မယ့် အဆင့်ရောက် သွားတယ်။
- At this point in time we just have to wait. ဒီအချိန်မှာ ကျွန်တော်တို့ စောင့်နေဖို့ပဲရှိတယ်။
- At this point I don't care what you decide to do. ဒီအခြေအနေမှာ ခင်ဗျားဘာပဲဆုံးဖြတ်ဆုံးဖြတ် ကျွန်တော် အရေးမစိုက်တော့ဘူး။
- A series of yellow arrows pointed the way to reception. အဝါရောင်မြားဦးများက ဧည့်ကြိုဌာနကို ညွှန်ပြတယ်။
- The man was shot dead at point blank range. ထိုသူမှာ အနီးကပ်ပြီး ပစ်သတ်ခံရခြင်း ဖြစ်သည်။
- Get out of the house or I'll call the police. အိမ်ထဲကထွက်ပါ၊ မဟုတ်ရင် ရဲ တိုင်လိုက်မယ်။
- Contrary to popular belief, women cause fewer road accidents than men. အများယုံကြည်ထားသလို မဟုတ်ဘဲ အမျိုးသမီးများသည် အမျိုးသားများလောက် ယာဉ်တိုက်မှုမများပါ။
- By popular demand, the tour has been extended by two weeks. အများ၏တောင်းဆိုချက်အရ အလည်အပတ်ခရီးစဉ်ကို နှစ်ပတ် ထပ်တိုးသည်။
- The ship spent four days in port. သင်္ဘောသည် ဆိပ်ကမ်းတွင် လေးရက်ကြာရပ်နားသည်။
- He was asked to join as a minister without portfolio. သူ့ကို ဌာနလက်ကိုင်မရှိ ဝန်ကြီးအဖြစ်ဆောင်ရွက်ရန် မေတ္တာရပ်ခံသည်။
- Pollution poses a serious threat to the environment. ညစ်ညမ်းမှုသည် ပတ်ဝန်းကျင်ကို အကြီးအကျယ်ခြိမ်းခြောက် လျက်ရှိသည်။
- The runners got into position on the startingline. အပြေးသမားများသည် တာထွက်စည်းပေါ်တွင် အသင့်နေရာယူထားကြသည်။
- Is everybody in position? အားလုံး နေရာယူပြီးကြပြီလား။
- I'm afraid I am not in a position (= I cannot) to help you. ကျွန်တော် မကူညီနိုင်တာ ဝမ်းနည်းပါတယ်။
- On the positive side, profits have increased. ကောင်းတဲ့အချက်ကတော့ ကျိုးအမြတ်တွေတက်လာ တာပါပဲ။
- The gang was caught in possession of stolen goods. ထိုလူဆိုးဂိုဏ်းကို ခိုးရာပါပစ္စည်းများ နှင့် ဖမ်းမိသည်။
- On her father's death, she came into possession of (received) a vast fortune. ဖခင်ကွယ်လွန်သည့်အခါ မိန်းကလေးသည် စည်းစိမ်ဥစ္စာ များစွာ ရရှိသည်။
- You cannot legally take possession of the property (= start using it after buying it) until three weeks after the contract is signed. သဘောတူညီချက်ကို လက်မှတ်ထိုးပြီး သုံးပတ်မပြည့်မချင်း ပစ္စည်းကို တရားဝင်သုံးစွဲခွင့်မရှိပါ။
- It is not beyond the bound of possibility that we'll all meet again one day. ကျွန်တော်တို့ တစ်နေ့ ပြန်မဆုံကြဘူးလို့ မပြောနိုင်ပါ။
- What had seemed impossible now seemed a distinct possibility. မဖြစ်နိုင်ဘူးထင်ခဲ့တာက ခုတော့တကယ်ဖြစ်နိုင်ဖို့ရှိလာတယ်။
- We did all that was humanly possible (= that humans could do) to save his life. သူ့အသက်ကို ကယ်တင်ရန် ကျွန်တော်တို့ တတ်နိုင်သမျှ အစွမ်းကုန် လုပ်ပေးပါတယ်။
- Would it be possible for me to leave a message for her? ကျွန်တော်ပြောစရာရှိတာ သူ့ကိုတစ်ဆင့်ပြောပေးပါလား။
- Try to avoid losing your temper if at all possible (= if you can). ဖြစ်နိုင်ရင် ဒေါသမဖြစ်အောင် ထိန်းပါ။
- I'll send the original by post. မူရင်းကို ကျွန်တော် စာတိုက်က ပို့လိုက်မယ်။
- Payment should be sent by return of post (= immediately).ငွေကို ချက်ချင်းပေးချေရပါမယ်။
- The aircraft and its crew were posted missing. လေယာဉ်နှင့် လေယာဉ်အမှုထမ်းများ ပျောက်ဆုံးနေကြောင်း ပြောကြားသည်။
- All prices include postage and packing. ဈေးနှုန်းတွင် စာပို့ ခ နှင့် ထုပ်ပိုးခ ကိုထည့်တွက်ထားသည်။
- The post-mortem examination revealed that the victim had been poisoned. အလောင်းခွဲစိတ် စစ်ဆေးချက်အရ သေသူမှာအဆိပ်ခတ် ခံရခြင်းဖြစ်သည်။
- You are welcome to eat with us, but you'll have to take pot luck.ကျွန်တော်တို့နဲ့ လာရောက်စားသောက်ဖို့ ဖိတ်ခေါ်ပါတယ်။ ဒါပေမဲ့ ရှိတာနဲ့ပဲစားရမှာနော်။ pot luck (n) ကြုံရာကျပန်း
- All children should be encouraged to realize their full potential. ကလေးများကို သူတို့ရဲ့အစွမ်းအစကို အပြည့်အဝ ထုတ်သုံး နိုင်အောင် အားပေးရမယ်။
- Somebody took a potshot at him as he drove past. သူ ကားဖြတ်မောင်းသွားတုန်း တစ်စုံတစ်ဦးက ရမ်းပြီး ပစ်တာ သူ့ကို ထိသွားတယ်။
- The team took a pounding (= were badly defeated). ထိုအသင်းမှာ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့သည်။
- Many Africans live below the poverty line. သွေးအာဖရိကတိုက်မှ လူအများမှာ မပြည့်မစုံ ဆင်းဆင်းရဲရဲ နေကြသည်။
- Many elderly people live in poverty. သက်ကြီးရွယ်အိုများမှာ ဆင်းရဲပင်ပန်းစွာနေကြရသည်။
- I will do everything in my power to help you. ကျွန်တော်ခင်ဗျားကို တတ်နိုင်သမျှ ကူညီပါ့မယ်။
- It is not within my power (= I am unable or not irn a position) to help you. ကျွန်တော်ခင်ဗျားကို ကူညီနိုင်စွမ်းမရှိပါ။
- She powered her way into the lead. သူသည် ခေါင်းဆောင်နေရာရောက်ရန် အားထုတ်ကြိုးပမ်းခဲ့သည်။
- He's determined to put his new ideas into practice. . သူသည်စိတ်ကူးကို လက်တွေ့ အဖြစ်ဖော်ဆောင်ရန် သန္နိဋ္ဌာန် ချလိုက်သည်။
- The idea would never work in practice. ဒီစိတ်ကူးက ဘယ်တော့မှ လက်တွေ့ ဖြစ်လာမှာ မဟုတ်ဘူး။
- It is standard practice to ask for their passport when they check in. တည်းခိုဖို့လာတဲ့ ဧည့်သည်တွေရဲ့ နိုင်ငံကူးလက်မှတ်တောင်း ကြည့်တာ ဟိုတယ်ရဲ့ လုပ်ရိုးလုပ်စဉ် စနစ်တစ်ခုပါ။
- Are such methods common practice in this country? ဒီနိုင်ငံမှာ ဒီ နည်းစနစ်မျိုးတွေ သုံးလေ့ရှိသလား။
- His teachers are full of praise for the progress he's making. သူ့တိုးတက်မှုကိုသူ့ဆရာများက အလွန်ပဲ ချီးကျူးကြသည်။
- He wrote an essay in praise of honesty. သူသည်ရိုးသားခြင်းကို ထောမနာပြုသည့် စာစီစာကုံးတစ်ပုဒ် ရေးသည်။
- His latest movie won high praise from the critics သူ၏နောက်ဆုံးထုတ်လုပ်လိုက်သည့် ရုပ်ရှင်ကားကို ဝေဖန်သူများက ချီးကျူးကြသည်။
- It is important to give praise where it is due (= praise people when they deserve it). ချီးကျူးထိုက်သူကို ချီးကျူးဖို့လိုပါသည်။
- We have nothing but praise for the way they handled the investigation. သူတို့၏ စုံစမ်းစစ်ဆေးပုံကို ကျွန်ုပ်တို့ ချီးကျူးရမည်သာ ဖြစ်သည်။
- They always sing his praises (praise him very highly). လူတွေက သူ့ကို အမြဲအမွှမ်းတင်တယ်။
- He arrived at that very moment, as if in answer to her prayer. မိန်းကလေး၏ ဆုတောင်းပြည့်သည့်အလား ထိုအချိန်မှာပင် သူရောက်ရှိလာသည်။
- Their prayers were answered and the child was found safe and well. သူတို့၏ ဆုတောင်းများပြည့်၀ပြီး ကလေ.ကို ဘေ. ၁. မသိရန် ပြန်တွေ့ကြသည်။
- You must take all reasonable precautions to protect yourself and your family. သင်ကိုယ်တိုင်အတွက်ရော သင့်မိသားစုအတွက်ပါ လုပ်သင့်သည့် ကြိုတင်ကာကွယ်မှုများပြုလုပ်ရမည်။
- I'll keep the letter as a precaution. ကြိုတင်ကာကွယ်သည့်အနေဖြင့် စာကိုကျွန်တော်သိမ်းထား ပါမည်။
- He was kept in hospital overnight as a precautionary measure. ကြိုတင်ကာကွယ်သည့်အနေဖြင့် သူ့ကိုဆေးရုံတွင်တစ်ည ထားသည်။
- The court passed a ruling that set a precedent for future cases. တရားရုံးတော်က နောက်နောင် ကိုးကားနိုင်မည့် စီရင်ချက် တစ်ရပ်ချမှတ်သည်။
- Gold and silver are precious metals. ရွှေနှင့်ငွေသည် အဖိုးတန်သတ္တုများဖြစ်ကြသည်။
- Look after my daughter – she is very precious to me. ကျွန်တော်ချစ်ခင်မြတ်နိုးရတဲ့ ကျွန်တော့်သမီးလေးကို စောင့်ရှောက်ပေးပါ။
- National solidarity at that time was on the edge of a/the precipice (= in danger of collapsing). ထိုစဉ်က တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးမှာ ပြိုကွဲမည့် အန္တရာယ်နှင့်ကြုံခဲ့ရသည်။
- The answer is 100 or 99.8 to be precise. တိတိကျကျပြောရလျှင် ၉၉ ဒသမ ၈ အဖြေသည် ၁၀၀၊ ဖြစ်သည်။
- We were just talking about her when, at that precise moment, she walked in. သူ့အကြောင်, ကျွန်တော်တို့ပြောနေစဉ်မှာပဲ သူဝင်လာတယ်။
- The crown is set with precious stones including diamonds and rubies. သရဖူကို အဖိုးတန် ကျောက်မျက်များ ဖြစ်သည့်စိန်၊ ပတ္တမြား စသည်တို့ဖြင့် စီခြယ်ထားသည်။
- It was predicted that inflation would continue to fall/rise. ငွေကြေးဖောင်းပွမှုနှုန်းကျမည်/တက်မည်ဟု ခန့်မှန်းထားခဲ့သည်။
- The government troops launched a preemptive attack/strike on the rebel stronghold. အစိုးရတပ်များက သူပုန်တို့၏အခိုင်အမာစခန်းကို လက်ဦးမှုယူကာ တိုက်ခိုက်သည်။
- I would prefer it if you didn't tell anyone. ခင်ဗျားဘယ်သူ့ကိုမျှ မပြောခဲ့ရင်တော့ အကောင်းဆုံးပဲ။
- A local firm is to be preferred (to one from outside the area). (ပြင်ပကုမ္ပဏီထက်) ဒေသခံကုမ္ပဏီကို လိုလားတယ်။
- He finds country life infinitely preferable to living in the city. မြို့ကြီးပြကြီးတွင် နေရသည်ထက် ကျေးလက်ဒေသတွင် နေရသည်ကို သူက အလွန်နှစ်သက်သည်။
- It's a matter of personal preference. ဒါကတော့ တစ်ဦးချင်းအကြိုက်နဲ့ဆိုင်ပါတယ်။
- Many people expressed a strong preference for the original plan. လူအများကတော့ မူလအစီအစဉ်ကိုပဲ သိပ်နှစ်သက်တယ်လို့ ပြောကြတယ်။
- Let's make a list of possible speakers, in order of preference. စကားပြောမည့်သူကို ဦးစားပေးအစီအစဉ်အတိုင်း စာရင်း လုပ်ကြရအောင်။
- He chose a clock in preference to a watch. လက်ပတ်နာရီအစား စားပွဲတင်နာရီကို သူရွေးချယ်လိုက်တယ်။
- Employees with large families get/receive preferential treatment when it comes to housing. နေစရာ အိမ်ရာချထားရာမှာ မိသားစုများတဲ့ ဝန်ထမ်း များကို ဦးစားပေးတယ်။
- Employees who have worked here for many years will be given preference in the allocation of housing. နေစရာအိမ်ချထားရာမှာ လုပ်သက်များသည့် ဝန်ထမ်းများကို ဦးစားပေးမည်။
- Some five-digit telephone numbers have been prefixed by 2 or 5. အချို့သောဂဏန်းငါးလုံးရှိသည့် ဖုန်းနံပါတ်များရှေ့မှ ၂ သို့မဟုတ် ၅ ထပ်ထည့်လိုက်သည်။
- We mustn't prejudge the issue. အဲဒီကိစ္စကို ကျိုးကြောင်းမသိဘဲ ကြိုတင်ဆုံးဖြတ်၍မဖြစ်ပါ။
- It is premature to talk about success at this stage. ဤအခြေအနေတွင် အောင်မြင်မှုအကြောင်း ပြောရန် စောပါသည်။
- Smoking is prohibited on the premises. ပရိဝုဏ် (အဆောက်အအုံတွင်းနှင့် ဝန်းကျင်) အတွင်း ဆေးလိပ် မသောက်ရ။
- The third book in the series is currently in preparation. တတိယစာအုပ်ကို ဆက်လက်ထုတ်ဝေရန် ပြင်ဆင်လျက်ရှိသည်။
- The boy had presence of mind to switch off the power at the mains. လူကလေးသည် ခေါင်းအေးအေးဖြင့် မိန်းခလုတ်ကို ပိတ်လိုက်သည်။
- This custom has survived to the present day. ဤဓလေ့သည် ယနေ့ထက်တိုင် ရှိနေသေးသည်။
- He liked my old typewriter so much, I made him a present of it (= gave it to him). ကျွန်တော်ရဲ့ လက်နှိပ်စက်အဟောင်းကို သူသိပ်ပြီးနှစ်သက် နေလို့ အပိုင်ပေးလိုက်သည်။
- Compile a list of club members, past and present. လူဟောင်းနဲ့ လက်ရှိကလပ်အသင်းဝင်တွေ့ ရဲ့ စာရင်း ပြုစုပါ။
- Members will be admitted on presentation of a membership card. အသင်းဝင်ကတ်ပြားပြမှ အသင်းသားများကို အတွင်းသို့ ဝင်ခွင့်ပေးပါမည်။
- The sales manager will give a présentation on the new products. အရောင်းမန်နေဂျာသည် ကုန်ပစ္စည်းသစ်များကို မိတ်ဆက်မည်။
- The story was reported in the press and on television. ထိုအကြောင်းကို သတင်းစာတွင်ရော၊ ရုပ်မြင်သံကြားတွင်ပါ ဖော်ပြကြသည်။
- The event is bound to attract wide press coverage (= it will be written about in many newspapers). ထိုအဖြစ်အပျက်ကို သတင်းစာများက သေချာပေါက် ဖော်ပြကြပါလိမ့်မည်။
- The bank had a bad press recently (= journalists have written unpleasant things about it). သတင်းစာများက ထိုဘဏ်ကိုမကြာမီက ပြစ်တင်ဝေဖန်ခဲ့သည်။
- If pressed, he will admit that he knew about the affair. သူ့ကိုဖိအားပေးလျှင် ယင်းကိစ္စနှင့်ပတ်သက်၍ သူသိကြောင်း ဝန်ခံလိမ့်မည်။
- I don't want to press the point, but you do owe me K 500. ထပ်ပြီးပြောရတာ မပြောချင်ပါဘူး၊ ဒါပေမဲ့ ခင်ဗျား ကျွန်တော့်ကို ငွေငါးရာပေးဖို့ရှိတယ်နော်။
- She is still pressing her claim for compensation. သူက သူလျော်ကြေးရဖို့ အလေးအနက် တောင်းနေတယ်။
- They were determined to press their case at the highest level. သူတို့သည် သူတို့ကိစ္စကို အမြင့်ဆုံးအဆင့်အထိ တင်ပြဖို့ သန္နိဌာန်ချလိုက်ကြသည်။
- You would be hard pressed to find a better secretary. အတွင်းရေးမှူး (လက်ထောက်)ကောင်း တစ်ယောက်ရဖို့ ခက်တယ်နော်။
- Teenagers may find it difficult to resist peer pressure. ဆယ်ကျော်သက်အရွယ်တွေဟာ သူတို့နဲ့ သက်တူရွယ်တူတွေ လုပ်တာတွေကို အရမ်းကိုလိုက်လုပ်ချင်ကြတယ်။
- Twelve passengers are missing, presumed dead. ခရီးသည် ၁၂ ဦးတို့ ပျောက်နေရာ၊ အသက်ရှင်ဖွယ်မရှိဟု ယူဆရသည်။
- Is he still abroad? 'I presume so.' “သူနိုင်ငံခြားမှာပဲလား” “ငါလည်း အဲဒီလိုပဲထင်တာပဲ”။
- Little is known of the youngest son; it is presumed that he died young. သားထွေးအကြောင်း သိပ်မသိရဘူး၊ ကြည့်ရတာငယ်ငယ်က ဆုံးသွားပုံပဲ။
- In English law, a person is presumed innocent until proved. အင်္ဂလိပ်ဥပဒေတွင် သက်သေမပြနိုင်မချင်း လူတစ်ဦးကို အပြစ်မရှိဟုယူဆထားသည်။
- She kept up the pretence that she still loved him. မိန်းကလေးသည် သူ့ကို ဆက်ပြီးချစ်ဟန်ဆောင်သည်။
- He left the party on the pretext of having work to do. အလုပ်လုပ်စရာရှိသည်ဟု အကြောင်းပြကာ သူသည်ပါတီပွဲမှ ထွက်ခွာသွားသည်။
- He came to see me on/under the pretext of wanting to borrow a book. စာအုပ်တစ်အုပ်ငှားရန် အကြောင်းပြကာ သူသည် ကျွန်တော့်ကို လာတွေ့သည်။
- She looks as pretty as a picture (= very pretty). မိန်းကလေ.သည် အရုပ်ကလေးလို အလွန်လှသည်။
- The bodies of the victims were not a pretty sight (= were shocking or unpleasant to look at). ဘေးဒုက္ခကြုံရသူတို့၏ အလောင်းများမှာ မြင်မကောင်းပါ။
- Eagles and hawks are birds of prey. လင်းယုန်နှင့် သိန်းငှက်တို့သည် အခြားသတ္တဝါများကို ဖမ်းယူစားသောက်သည့် ငှက်များဖြစ်ကြသည်။
- Ignorant people are easy prey for dishonest salesman အသိဉာဏ်နည်းသူတို့သည် မရိုးသားသည့် အရောင်းသမား များ၏ လှည့်ပတ်ခြင်းကိုခံရသည်။
- Can yougive me a price for the work (= tell me how much you will charge)? ဒီအလုပ်အတွက် ခင်ဗျားကို ဘယ်လောက်ပေးရမှာလဲ။
- I am only buying it if it's the right price (= a price that I think is reasonable). ကျွန်တော်က ဒီပစ္စည်းကို ဈေးတော်မှဝယ်မှာပါ။
- Children over five must pay (the) full price for the ticket. အသက် ငါးနှစ်အထက် ကလေးများသည် လက်မှတ်ခ အပြည့်ပေးရပါမည်။
- I take (a) pride in my work. ကျွန်တော်သည် ကျွန်တော်၏ အလုပ်ကို ဂုဏ်ယူသည်။
- Losing his job was a real blow to his pride. အလုပ်ပြုတ်သွားခြင်းသည် သူ့ ဂုဏ်သိက္ခာကို ထိခိုက်သည်။
- You can't tell that joke to her — she's much too prim and proper. အဲဒီဟာသကို သူ့သွားမပြောနဲ့၊ သူက သိပ်ရိုး သိပ်ဣန္ဒြေကြတာ။
- He's a prime suspect in the case. ထိုအမှုတွင် သူသည် အဓိက သံသယဝင်ခံရသူဖြစ်သည်။
- He was barely 30 and in the prime of (his) life. သူဟာအသက် ၃၀ ပင်မရှိတတ်သေးမီမှာ သူ့ဘဝရဲ့ အအောင်မြင်ဆုံးအချိန်ကိုရောက်ခဲ့တယ်။
- I bought this book for the princely sum of K 5,000. ငါဒီစာအုပ်ကို ငွေငါးထောင်ကြီးများတောင် ပေးဝယ်ခဲ့တာ
- I refuse to lie about it; it's against my principles. ဒီကိစ္စကျွန်တော်မူသားမပြောနိုင်ဘူး၊ ကျွန်တော့်ရဲ့ မူနဲ မကိုက်လို့ပါ။
- Stick to your principles and tell him you won't do it. ကိုယ့်ရဲ့မူနဲ့လုပ်ပါ၊ မလုပ်နိုင်ဘူးလို့ သူ့ကိုပြောလိုက်ပေါ့။
- He doesn't invest in livestock breeding on principles. ယုံကြည်ချက်အရ သူဟာမွေးမြူရေးလုပ်ငန်းမှာ အရင်းအနှီးမလုပ်ဘူး။
- This information must not be disclosed without prior written consent. စာဖြင့်ကြိုတင်ခွင့်ပြုချက်မရပါက ဤသတင်းကို ထုတ်ဖော် ရေးသားပြောဆိုခြင်း မပြုရ။
- He will be unable to attend because of a prior engagement. ကြိုတင်စီစဉ်ထားသည့် ကိစ္စရှိနေသဖြင့် သူ မတက်ရောက်နိုင်ပါ။
- Visits are by prior arrangement. ဧည့်သည်များကို ကြိုတင်စီစဉ်ပြီးမှ လက်ခံတွေ့ဆုံပါသည်။
- They have a prior claim to the property. သူတို့သည် ပစ္စည်းပိုင်ဆိုင်ခွင့်အတွက် ဦးစွာတင်ပြထားသည်။
- Financial security was high on his list of priorities. ဘဏ္ဍာရေးလုံခြုံမှုကိစ္စသည် သူ၏ ဦးစားပေးစာရင်းတွင် ထိပ်ဆုံး၌ ပါသည်။
- Club members will be given priority. ကလပ်အသင်းဝင်များကို ဦးစားပေးမည်။
- The search for a new vaccine will take priority over all other medical research. အခြားသောဆေးသုတေသန လုပ်ငန်းများထက် ကာကွယ် ဆေးဖော်ထုတ်ရေးကို ဦးစားပေးမည်။
- The robber was sent to prison for three years. ဓားပြကို ထောင်သုံးနှစ်ချလိုက်သည်။
- He was taken prisoner by rebels. သူပုန်များက သူ့ကို ဖမ်းသွားသည်။
- The car is in pristine condition. ကားသည် နဂိုမူလအခြေအနေအတိုင်း သစ်သစ်လွင်လွင် ရှိသည်။
- In those days, only a privileged few had the vote. ထိုအခါက အခွင့်ထူးခံ လူနည်းစုသာ မဲပေးခွင့်ရှိသည်။
- He handled the situation like an old pro. သူသည် ဝါရင့်ပုဂ္ဂိုလ်တစ်ဦးကဲ့သို့ အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့သည်။
- He is a famous golfer who has just turned pro. သူသည်ယခုမှ ကြေးစားဖြစ်လာသည့် နာမည်ကျော် ဂေါက်သီးသမားတစ်ဦး ဖြစ်လာသည်။
- A fall in the world economy is a strong probability in the present economic climate. မျက်မှောက်စီးပွားရေး အခြေအနေတွင် ကမ္ဘာ့စီးပွားရေး ကျဆင်းနိုင်ခြေ အတော်များနေသည်။
- The prisoner was put on probation. အကျဉ်းသားကို ခံဝန်ချုပ်ဖြင့်ထားသည်။
- They asked a lot of probing questions. သူတို့သည် နှိုက်နှိုက်ချွတ်ချွတ်မေးခွန်းများကို မေးသည်။
- We are in the process of selling our car. ကျွန်တော်တို့ကားကို ရောင်းချဖို့ လုပ်နေကြသည်။
- A phone call to the manager produced results (= achieved the desired effect). မန်နေဂျာကို ဖုန်းဆက်လိုက်မှ အဆင်ပြေသွားပါသည်။
- That model went out of production five years ago. အဲဒီပစ္စည်းပုံစံမျိုးကို လွန်ခဲ့သည့် ငါးနှစ်ကတည်းက မထုတ်လုပ်တော့ပါ။
- The new model will be in production by the end of the year. ပစ္စည်းပုံစံသစ်ကို ယခုနှစ်ကုန်တွင် စတင်ထုတ်ပါမည်။
- She takes interest in the caring profession (= that involve looking after people) ပြုစုစောင့်ရှောက်ရေး လုပ်ငန်းကို သူစိတ်ဝင်စားတယ်။
- If it's a legal matter you need to seek professional advice. ဥပဒေကြောင်းနှင့်ဆိုင်ရင် ဥပဒေ တတ်ကျွမ်းတဲ့လူရဲ့ အကြံဉာဏ်ကို ရယူဖို့လိုမယ်။
- I advised her to keep a low profile for the next few days (= not to attract attention). ခုတလော ထင်ထင်ပေါ်ပေါ်မနေဖို့ ကျွန်တော်သူ့ကို အကြံပေးလိုက်တယ်။
- They make a profit of ten kyats on every copy they sell. စာအုပ်တစ်အုပ်ရောင်းရတိုင်း တစ်ဆယ်အမြတ်ရတယ်။
- Net profit was up 16%. အသားတင်အမြတ်သည် ၁၆ ရာခိုင်နှုန်းတက်လာသည်။
- We need to present a progress report on the project. ကျွန်တော်တို့ စီမံကိန်းတိုးတက်မှုအစီရင်ခံစာ တင်သွင်းရမယ်။
- I'll see what I can do but I can't promise anything. ကျွန်တော်ဘာလုပ်ပေးနိုင်မလဲကြည့်မယ်၊ ကတိတော့မပေးနိုင်ဘူး။
- Her work shows great promise. သူ့အလုပ်က အောင်မြင်ဖို့အလားအလာ အများကြီးရှိတယ်။
- Their future was full of promise. သူတို့ရဲ့အနာဂတ်က အလားအလာကောင်းတယ်။
- It is a job with excellent promotion prospects. ဒီအလုပ်က တက်လမ်း အများကြီးရှိတယ်။
.- Can you provide any proof of identity? ခင်ဗျား ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ အထောက်အထား တစ်ခုခုပြနိုင်မလား။
- It is right and proper that parents take responsibility for their children's attendance at school. မိမိတို့၏သားသမီးများ ကျောင်းတက်မှန်ဖို့ မိဘများက တာဝန်ယူတာ မှန်ကန်သင့်လျော်ပါတယ်။
- I can't help with your applications: you will have to go through the proper channels. ခင်ဗျားလျှောက်လွှာကိစ္စကို ကျွန်တော်ကူညီလို့မရဘူး၊ လုပ်ထုံးလုပ်နည်းအတိုင်း အဆင့်ဆင့်သွားရမယ်။
- The room is very long in proportion to (= relative to) its width. အနံ(အကျယ်)နှင့် နှိုင်းစာလျှင် အခန်း၏ အလျားကရှည်လွန်းနေသည်။
- The head is out of proportion with the body. ခန္ဓာကိုယ်နှင့် ဦးခေါင်းသည် အချိုးအစားမကျ ဖြစ်နေသည်။
- In times of war, food shortage could reach crisis proportions. စစ်ဖြစ်ပွားချိန်တွင် ရိက္ခာရှားပါးမှုသည် ကြီးမားသည့် ပြဿနာ အဖြစ်ရောက်ရှိနိုင်သည်။
- It was proposed that the executive committee be elected for a period of two years. အမှုဆောင်အဖွဲ့ကို နှစ်နှစ်သက်တမ်း ရွေးချယ်ရန် အဆိုပြုခဲ့သည်။
- The fact that we won't have to pay transport costs makes it an attractive proposition for us. ကျွန်ုပ်တို့က ပို့ဆောင်စရိတ်များ ပေးရန်မလိုသည့် အချက်သည် ဆွဲဆောင်မှုရှိသည့် အဆိုပြုချက်ဖြစ်သည်။
- Trespassers will be prosecuted. ကျူးကျော်သူများကို တရားဥပဒေအရ အရေးယူမည်။
- A place in the semi-finals is in prospect (= likely to happen). ဆီမီးဖိုင်နယ်တက်ရန် အလားအလာရှိနေပါသည်။
- She was prostrate with grief after her son's death. သား ကွယ်လွန်ပြီးနောက် သူသည် အလွန်ပူဆွေးသောက ရောက်ခဲ့သည်။
- For months he was prostrated with grief. သူသည်လနှင့် ချီ၍ ပူဆွေးသောကရောက်ခဲ့သည်။
- In the past, some villages had to pay protection money to the insurgents. ယခင်ကအချို့ရွာများသည် သောင်းကျန်းသူများအား ဆက်ကြေးပေးရသည်။
- The country is enjoying a period of peace and prosperity. ယခုအခါနိုင်ငံသည် ငြိမ်းချမ်းကာစည်ပင်ဝပြောလျက်ရှိသည်။
- He asked to be put under police protection. သူ့အား ရဲအစောင့်အရှောက်ပေးရန် သူကတောင်းဆိုခဲ့သည်။
- Workers should wear full protective clothing. အလုပ်သမားများသည်လုပ်ငန်းခွင်အန္တရာယ်မှ ကာကွယ်ပေးသည့်ဝတ်စုံများဝတ်သင့်သည်။
- The company director resigned in protest at the decision. ဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် ကုမ္ပဏီ ဒါရိုက်တာသည် အလုပ်မှနုတ်ထွက်သွားသည်။
- She accepted the charge without protest. သူသည်စွပ်စွဲချက်ကို ကန့်ကွက်ခြင်းမရှိဘဲ လက်ခံ လိုက်သည်။
- She has always protested her innocence. သူ့တွင်အပြစ်မရှိကြောင်း သူအမြဲကာကွယ်ပြောဆိုသည်။
- Your achievements are something to be proud of. ခင်ဗျားရဲ့ အောင်မြင်မှုတွေဟာ ဂုဏ်ယူစရာတွေပါ။
- The car had been his proudest possession. သူ့ကားကို သူ သိပ်ပြီးဂုဏ်ယူခဲ့တာပေါ့။
- He felt he needed to prove his point (=show other people that he was right.) သူ မှန်ကန်ကြောင်း သက်သေပြဖို့လိုကြောင်း သူထင်မိသည်။
- Are you just doing this to prove a point? ကိုယ်မှန်ကြောင်းပြဖို့ ခင်ဗျား ဒါကိုသက်သက်လုပ်နေတာလား။
- What are you trying to prove? ခင်ဗျားဘာကိုသက်သေပြချင်တာလဲ။
- I certainly don't have anything to prove — my record speaks for itself.ကျွန်တော် ဘာမျှသက်သေပြစရာမလိုပါ၊ ကျွန်တော့် မှတ်တမ်းက ပြနေပါတယ်။
- You have proved yourself to be the prize winner. ဆုရထိုက်သူအဖြစ် ခင်ဗျား သက်သေထူနိုင်ခဲ့ပြီပဲ။
- He had already made provisions for (= planned for the financial future of) his wife and children before the accident. သူသည် မတော်တဆမှု မဖြစ်ခင်ကပင် သူ့ဇနီးနှင့်သားသမီးများ အတွက် ရှေ့ရေးကို စီစဉ်ပြီးဖြစ်သည်။
- You should make provisions for things going wrong. အမှားအယွင်း အဆင်မပြေ ဖြစ်နိုင်တာတွေအတွက် ခင်ဗျား ကြိုတင်ပြင်ဆင်သင့်တာတွေ ပြင်ဆင်ရမယ်။
- He agreed to their visit with the proviso that they should stay no longer than one week. တစ်ပတ်ထက်ကျော်၍ မနေပါဟူသော စည်းကမ်းချက်ဖြင့် သူသည် သူတို့၏ အလည်အပတ်ခရီးကို သဘောတူလိုက်သည်။
- He reacted violently only under provocation. သူ့ကို တမင်စမှသာ သူကပြင်းပြင်းထန်ထန် တုံ့ပြန်တာပါ။ provocation ရန်စခြင်း။ ဆွပေးခြင်း။ စခြင်း။
- She loses her temper at/on the slightest provocation. သူက နည်းနည်းလေး စတာနဲ့ စိတ်ဆိုးတတ်တယ်။
- In that area of the town, houses have been built in close proximity to each other. မြို့၏ထိုအပိုင်းတွင် အိမ်များကို တစ်အိမ်နှင့်တစ်အိမ် နီးနီးကပ်ကပ် ဆောက်ထားသည်။
- We bought a house in the proximity of (= near) the motorway. ကျွန်ုပ်တို့သည် ကားလမ်းမအနီးတွင် အိမ်တစ်လုံး ဝယ်လိုက်သည်။
- The actress tried to keep herself away from the prying eyes of the world's media. မင်းသမီးသည် ကမ္ဘာ့မီဒီယာ၏ အာရုံစိုက်မှုကို ဝေးဝေးရှောင်သည်။
- She writes under a pseudonym. သူသည် ကလောင်အမည်တစ်ခုဖြင့် စာရေးသည်။
- Victory in the last game gave them a psychological advantage over their opponents. နောက်ဆုံးကစားသည့်ပွဲတွင် အနိုင်ရထားသဖြင့် ၎င်းတို့အသင်း သည် ပြိုင်ဘက်အသင်းအပေါ် စိတ်ဓာတ်ရေးရာအရ သာသွားသည်။
- He established a library in the public interest (= useful to ordinary people). သူသည် အများပြည်သူအကျိုးငှာ စာကြည့်တိုက်တစ်ခု တည်ထောင်သည်။
- Public opinion was opposed to the war. အများပြည်သူတို့၏ဆန္ဒမှာ စစ်ကိုအလိုမရှိကြပါ။
- The media has a powerful influence on public opinion. မီဒီယာသည် အများပြည်သူတို့၏ ထင်မြင်ချက်အပေါ် ကြီးမားစွာ သြဇာလွှမ်းမိုးမှုရှိသည်။
- Details of the government report have not yet been made public. အစိုးရ၏အစီရင်ခံစာ အသေးစိတ်ကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။
- He spent much of his career in public office (working in the government). သူသည် ဝန်ထမ်းဘဝဖြင့် အတော်ကြာကြာ ကျင်လည်ခဲသည်။
- His face puckered, and he was ready to cry. သူသည် မျက်စိမျက်နှာပျက်ကာ ငိုတော့မလိုဖြစ်သွားသည်။
- Paupu pulled himself free and ran off. ပေါင်ပိုသည် လွတ်အောင်ရုန်းကာ ထွက်ပြေးသွားသည်။
- He took a long pull on his cigarette. သူသည် ဆေးလိပ်ကို အားရပါးရ ဖွာရှိုက်လိုက်သည်။
- His face had been beaten to a pulp (= very badly beaten). သူ့မျက်နှာမှာ ဆိုးဆိုးရွားရွား ထိုးကြိတ်ခံရသည်။
- The doctor took/felt my pulse. ဆရာဝန်က ကျွန်တော့်ကို သွေးခုန်နှုန်းစမ်းသည်။
- Fear sent her pulse racing (= made it beat very quickly). မိန်းကလေးမှာ ကြောက်ရွံ့သဖြင့် သွေးခုန်နှုန်း မြန်လာသည်။
- He was punching the air (=moving his fist quickly through the air) in triumph. သူသည် အောင်မြင်မှုရသဖြင့် အားပါးတရ လက်သီး လက်မောင်းမြှောက်သည်။
- He threw a punch at the thief. သူသည် သူခိုးကို လက်သီးနှင့် တစ်ချက်ထိုးသည်။
- There are calls for more punitive measures against people who drink and drive မူးပြီးမောင်းသူများအား ပိုမိုဒဏ်ခတ်အရေးယူရန် အများက တောင်းဆိုကြသည်။
- The occupying forces set up a puppet government. ကျူးကျော်သိမ်းပိုက်သည့်တပ်ဖွဲ့ များသည် ရုပ်သေးအစိုးရအဖွဲ့ တစ်ဖွဲ့ ကိုဖွဲ့စည်းသည်။
- He was seen making a purchase at the station bookstall. ဘူတာရုံစာအုပ်ဆိုင်တွင် သူစာအုပ်ဝယ်နေသည်ကိုတွေ့ခဲ့သည်။
- A meeting was called for the purpose of appointing a new treasurer. ဘဏ္ဍာရေးမှူးတစ်ဦး ခန့်ထားရန်ကိစ္စအတွက် အစည်းအဝေး ခေါ်ယူခဲ့သည်။
- The experiments serve no useful purpose (=are not useful). စမ်းသပ်ချက်များသည် အသုံးမဝင်ချေ။
- We have found a building that will serve our purpose. ကျွန်ုပ်တို့၏ လိုအပ်ချက်နှင့်ကိုက်ညီမည့် အဆောက်အအုံ တစ်ခုကို တွေ့ထားသည်။
- He has enormous confidence and strength of purpose. သူသည်မိမိကိုယ်ကိုကြီးမားသော ယုံကြည်မှုနှင့် ခိုင်မာသော သန္နိဌာန်ရှိသည်။
- Who controls/holds the purse-strings in your house? ခင်ဗျားတို့အိမ်မှာ ဘယ်သူကငွေရေးကြေးရေး ကိစ္စကို စီမံခန့်ခွဲ ပါသလဲ။
- The government tries to tighten the purse strings (=spend less). အစိုးရအဖွဲ့သည် အသုံးကိုလျှော့ချဖို့ ကြိုးစားနေသည်။
- The bank robbers drove away with two police cars in pursuit (=following). ဘဏ်ဓားပြများက ကားဖြင့်ထွက်ပြေးရာ ရဲကား နှစ်စီးက နောက်မှလိုက်သည်။
- There was a lot of pushing and shoving to get a good view of the finish. ပန်းဝင်သည်ကို မြင်နိုင်ရန်အတွက် တိုးဝှေ့ကြသည်။
- Try and push your way through the crowd. လူအုပ်ကိုဖြတ်ပြီး တိုးဝှေ့သွားပါ။
- The whole system can be operated at the push of a button (=very easily). စနစ်တစ်ရပ်လုံးကို အလွယ်တကူ စတင်နိုင်ပါသည်။
- His new job has put a great strain on him. သူ့အလုပ်သစ်သည် သူ့ကို စိတ်ရောကိုယ်ပါပင်ပန်းစေသည်။
- It's time you put a stop to this childish behaviour. ဒီလိုကလေးဆန်တဲ့အမူအရာမျိုးကို မင်းရပ်တန်းကရပ်သင့်ပြီ။
- They put pressure on him to resign. သူတို့သည်သူ့အားအလုပ်ထွက်ရန် အကျပ်ကိုင် ဖိအားပေးကြသည်။
- Put yourself in my position. What would you have done? ကျွန်တော့်နေရာမှာ ခင်ဗျားနေကြည့်ပါ။ ခင်ဗျား ဘာလုပ် လိုက်မလဲ။
- I tried to put the matter into perspective. ကျွန်တော်သည် ထိုကိစ္စကိုမှန်မှန်ကန်ကန် သုံးသပ်ရှုမြင်ရန် ကြိုးစားခဲ့ပါသည်။
- It is time to put their suggestion into pratice. ယခုအချိန်သည်၎င်းတို့၏အဆိုပြုချက်ကို လက်တွေ့ အကောင်အထည်ဖော်ရန် အချိန်ဖြစ်သည်။
- This new injury will put him out of action for several weeks. နောက်ထပ်ရသည့်ဒဏ်ရာကြောင့် ရက်သတ္တပတ်အတန်ကြာ .သူဘာမျှလုပ်နိုင်မည်မဟုတ်ပါ။
- Put simply we accept their offer or go bankrupt. ရှင်းရှင်းပြောရလျှင် ကမ်းလှမ်းချက်ကို လက်ခံလျှင်လက်ခံ၊ မဟုတ်ပါကလုပ်ငန်းပျက်ရုံသာ ရှိပါမည်။
- I was, to put it mildly, annoyed (=I was extremely angry). ကျွန်တော် အရမ်းကို စိတ်ဆိုးခဲ့တာ။ to put it midly (idm): used for saying that something is much more extreme than your words suggest; to say that a statement is actually an understatement and that the thing referred to is actually larger, more important, more serious, etc
- He was too trusting-or, to put it another way, he had no head for business. သူကသိပ်ပြီး အယုံလွယ်တာ၊ တစ်နည်းပြောရရင်တော့ သူလုပ်ငန်း မလုပ်တတ်ဘူး။
- The meat was — how shall I put it? — a little overdone. အသားက၊ အဲ.... ပြောရရင်တော့ နည်းနည်းတူးသွားတယ်။
- It's a great book, I couldn't put it down. တကယ်ကောင်းတဲ့ စာအုပ်ပဲ၊ ကျွန်တော်လက်ကကို မချနိုင်တော့ဘူး။
- She looks like she's put on weight. သူ့ကြည့်ရတာ ဝလာပုံပဲ။
- I don't think she was hurt. She was just putting it on. ငါထင်တာ သူတကယ်နာသွားတာမဟုတ်ဘူး၊ ဟန်ဆောင်နေတာ။
- The project was only a qualified success. စီမံကိန်းသည် အောင်မြင်မှု အပြည့်အဝမရှိချေ။
- Their quality of life improved dramatically when they moved to Mandalay. မန္တလေးကိုပြောင်းပြီးတဲ့နောက် သူတို့ဘဝ သိသိသာသာ အဆင့်မြင့်သွားတယ်။
- Ku Ku was in a quandary-should he go or shouldn't he? ကူကူသည် သွားသင့်မသွားသင့် ဝေခွဲမရဖြစ်နေသည်။
- A pencil is an item that is cheap to produce in large quantities. ခဲတံသည် စရိတ်ကျဉ်းကျဉ်းဖြင့် အများအပြား ထုတ်လုပ်နိုင်သည့် ပစ္စည်းဖြစ်သည်။
- The dog was kept in quarantine for six months. ရောဂါမကူးစက်စေရန် ခွေးကိုခြောက်လကြာ သီးသန့်ထားသည်။
- The news was greeted with approval in some quarters. အချို့အသိုင်းအဝိုင်းက ထိုသတင်းကိုထောက်ခံကြိုဆိုကြသည်။
- Many families were moved to more comfortable living quarters. မိသားစုအမြောက်အမြားအား ပိုမိုကောင်းမွန်သော နေရာ ထိုင်ခင်းများသို့ ပြောင်းရွှေ့ပေးလိုက်သည်။
- He sets off in quest of adventure. သူသည် စွန့်စားရန် ခရီးထွက်ခဲ့သည်။ quest ~ for sth ရှာဖွေခြင်း။
- The question arises as to whether or not he knew of the situation. အခြေအနေကို သူသိ-မသိဟူသည့် ပြဿနာ ပေါ်ပေါက်သည်။
- He put a question to the minister about the recent reforms. သူသည်မကြာမီက ပြုလုပ်သည့်ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ ဝန်ကြီးအား မေးမြန်းသည်။
- I hope the reporters don't ask any awkward questions. သတင်းထောက်များက ကတ်သီးကတ်သတ် မေးခွန်းတွေ မေးမယ်လို့ ကျွန်တော်မမျှော်လင့်ပါ။
- Which route is better remains an open question (=it is not decided). ဘယ်လမ်းကြောင်းက ပိုမိုကောင်းတယ်ဆိုတဲ့ ကိစ္စကို မဆုံးဖြတ်ရသေးပါ။
- His suitability for the job is open to question. သူသည် ထိုအလုပ်နှင့်သင့်တော်၏မသင့်တော်၏ ဆိုသည်မှာ သံသယရှိစရာပင်။
- Her honesty is beyond question. သူရဲ့ရိုးသားမှုကို သံသယဖြစ်စရာမလိုပါ။
- Her version of events was accepted without question. ဖြစ်စဉ်နှင့်ပတ်သတ်၍ သူ၏ပြောကြားချက်ကို သံသယ ကင်းစွာ လက်ခံခဲ့သည်။
- It is questionable whether this is a good way of solving the problem ဤနည်းသည် ပြဿနာဖြေရှင်းရန် ကောင်းသည့်နည်း ဟုတ် မဟုတ် ဆိုသည်မှာ စဉ်းစားစရာဖြစ်သည်။
- How long were you in the queue? ဘယ်လောက်ကြာအောင် တန်းစီခဲ့ရသလဲ။
- He fired three shots in quick succession. သူသည်သုံးချက်ဆင့်၍ အမြန်ပစ်သည်။
- Once again, his quick wits (=quick thinking) got him out of an awkward situation. သူ၏တင်္ခဏုပ္ပတ္တိဉာဏ်ကြောင့် အကျပ်အတည်းမှ သူနောက် တစ်ကြိမ် လွတ်မြောက်ခဲ့ပြန်သည်။
- He's quick study (=he learns quickly). သူကလေ့လာသင်ယူရာမှာ အတတ်မြန်တယ်။
- She crept downstairs (as) quiet as a mouse. မိန်းကလေးသည် အောက်ထပ်သို့ တိတ်တိတ်ကလေး ဆင်းလာသည်။
- She is a quietly-spoken woman. မိန်းကလေးသည် အေးအေးဆေးဆေး စကားပြောတတ်သည်။
- He's just trying to get rich quick. သူက နေ့ချင်းညချင်း ကြီးပွားချမ်းသာအောင်ကြိုးစားနေတယ်။
- We quickened our steps to a run. ကျွန်တော်တို့သည် အပြေးလေးအသော့နှင်ကြသည်။
- Be quiet! တိတ်တိတ်နေ။
- By a quirk of fate they had booked into the same hotel. တိုက်တိုက်ဆိုင်ဆိုင် သူတို့ဟာ ဟိုတယ်တစ်ခုတည်းမှာ တည်းခိုမိကြတယ်။
- I quite like opera. ကျွန်တော်အော်ပရာကို အတော်လေး နှစ်သက်ပါတယ်။
- I am quite happy to treat you here. ခင်ဗျားကို ဒီမှာပြုစုရတာ ကျွန်တော် တကယ်ပဲ သဘော ကျပါတယ်။
- Quite frankly, I don't blame you. တကယ့်ကို ပွင့်ပွင့်လင်းလင်းပြောရရင် ခင်ဗျားကို ကျွန်တော် အပြစ်မတင်ပါဘူး။
- Are you quite sure? ခင်ဗျား တကယ်သေချာရဲ့လား။
- Quite agree. ကျွန်တော် လုံးဝသဘောတူတယ်။
- The President was quoted in the press as saying that he disagreed with the decision. ဆုံးဖြတ်ချက်ကို သမ္မတကြီးက သဘောမတူ ကြောင်း သတင်းစာများက သမ္မတကြီးအား ကိုးကားဖော်ပြထားသည်။
- "It will all be gone tomorrow." "Can I quote you on that?" “မနက်ဖြန်ဆိုရင် ပြီးပြတ်ကုန်ပါပြီ” “ဒီစကားကို ခင်ဗျား ပြောတာပါ”လို့ ပြောလို့ရမလား။
- Don’t quote me on this (= this is not an official statement), but I think he is going to resign. တရားဝင်တော့မဟုတ်သေးဘူး၊ ဒါပေမဲ့ သူနုတ်ထွက်တော့မယ်ထင်ပါတယ်။
- The race is on (= has begun) to find a cure for this disease.. ဤရောဂါအတွက် ကုသဆေးဖော်ထုတ်နိုင်ရန် အပြိုင်အဆိုင် ကြိုးစားနေကြပြီ။
- There are people of mixed race in that country. ထိုနိုင်ငံတွင် လူမျိုးပေါင်းစုံရှိကြသည်။
- They have pledged to end racial discrimination in areas such as employment. သူတို့သည် အလုပ်အကိုင် ခန့်ထားရေးကဲ့သို့သော ကိစ္စများတွင် လူမျိုးရေးခွဲခြားမှုများ ရပ်တန့်ရန် ကတိပြုကြသည်။
- There was a high level of radiation in the area after the leak at the nuclear power plant. နျူကလီယားဓာတ်အားစက်ရုံတွင် ယိုစိမ့်မှုဖြစ်ပွားပြီးနောက် ထိုနေရာတစ်ဝိုက်တွင် ရေဒီယိုဓာတ်ကြွမှု မြင့်တက်ခဲ့သည်။
- They have radically different views. သူတို့၏ အမြင်များမှာ လုံးဝမတူကြပါ။
- He flies into a rage if you even mention the subject. အဲဒီ အကြောင်း မင်းပြောလိုက်ရုံနဲ့ သူဒေါသူပုန်ထလိမ့်မယ်။
- They were arrested during a dawn raid. အရုဏ်တက်၌ ရုတ်တရက် ဝင်ရောက်ရှာဖွေရာတွင် သူတို့ အဖမ်းခံရခြင်းဖြစ်သည်။
- It's pouring with rain (=raining very hard). မိုးသည်းထန်စွာ ရွာသွန်းနေသည်။
- It looks like rain (as if it is going to rain. မိုးရွာတော့မည့်ပုံပဲ။
- Don't tell her about the job until you know for sure —— we don't want to raise her hopes (=make her hope too much). သေသေချာချာမသိခင် အလုပ်အကြောင်း သူ့ကိုမပြောနဲ့ဦး၊ သူ့ကို သိပ်ပြီးအားတက်သရောကြီး မဖြစ်စေချင်သေးဘူး။
- A passer-by raised the alarm when he saw smoke pouring from the building. လမ်းသွားလမ်းလာတစ်ဦးသည် အဆောက်အအုံထဲမှ မီးခိုးများ ထွက်လာသဖြင့် အော်ဟစ်သတိပေးလိုက်သည်။
- I've never heard him even raise his voice (=speak louder because he was angry). သူဒေါသနဲ့ စကားကျယ်ကျယ်ပြောတာ ကျွန်တော် ဘယ်တုန်းးကမျှ မကြားဖူးဘူး။
- We are raising money for charity. ကျွန်တော်တို့ အလှူဒါနပြုရန် ရန်ပုံငွေရှာနေကြပါသည်။
- They set about raising an army to repulse the imperialists. သူတို့သည် နယ်ချဲ့ကိုတော်လှန်ရန် လက်နက်ကိုင် တပ်ဖွဲ့ တစ်ဖွဲ့ စတင်တည်ထောင်သည်။
- She's been raking it in since she started her new job. လုပ်ငန်းသစ် စတင်ပြီးတဲ့နောက် သူ ဝင်ငွေကောင်းနေတယ်။
- The hotel offers a wide range of facilities and services. ထိုဟိုတယ်သည် တည်းခိုသူများအား အသုံးအဆောင်ပစ္စည်းနှင့် ဝန်ဆောင်မှုမျိုးစုံပေးသည်။
- There will be an increase in the range of 0 to 3 per cent. သုညနှင့် သုံးရာခိုင် နှုန်းအတွင်း မြင့်တက်လာစရာရှိသည်။
- It's difficult to find a house in our price range (=that we can afford). ကျွန်တော်တို့ တတ်နိုင်တဲ့ငွေကြေးနဲ့ အိမ်တစ်လုံးတွေ့ဖို့ ခဲယဉ်းတယ်။
- This was outside the range of his experience. ဒီကိစ္စက သူ့အတွေ့အကြုံလောက်နဲ့ လိုက်မမီဘူး။
- He rose through the ranks to become managing director. သူဟာဦးဆောင်ညွှန်ကြားရေးမှူးဖြစ်ဖို့ အောက်ခြေကနေ အဆင့်ဆင့် တက်လာခဲ့တာပေါ့။
- He rose from the ranks (=from being an ordinary soldier) to become a warrant officer. သူဟာ တပ်သားဘဝက တက်လာပြီး အရာခံဗိုလ်ဖြစ် လာတာပါ။
- The unit consisted of five officers and 40 other ranks. တပ်ဖွဲ့တွင် အရာရှိငါးယောက်နှင့် အခြားအဆင့်(၄ဝ)ပါဝင်သည်။
- He is a painter of the first rank. သူဟာထိပ်တန်း ပန်းချီဆရာတစ်ဦးပါ။
- Britain is no longer in the front rank of world powers. ဗြိတိန်နိုင်ငံသည် ကမ္ဘာ့အင်အားကြီးနိုင်ငံများတွင် ထိပ်တန်း နေရာ၌မရှိတော့ပါ။
- The trees grew in serried ranks (= very closely together). သစ်ပင်များသည် တစ်ပင်နှင့်တစ်ပင် နီးကပ်စွာပေါက်နေ ကြသည်။
- At 50, he was forced to join the ranks of the unemployed. သူသည် အသက် ၅ဝ တွင် အလုပ်လက်မဲ့ဖြစ်ရသည်။
- On the rare occasions when they met he hardly even dared speak to her. တစ်ခါတစ်ရံ ဆုံကြစဉ်မှာပင် သူသည်မိန်းကလေးကို စကား မပြောရဲပါ။
- I come out in a rash (=a rash appears on my skin) if I eat chocolate. ကျွန်တော် ချောကလက်စားရင် အကွက်တွေပေါ်လာတယ်။
- Dams are opening at a/the rate of one every month. ဆည်များတစ်လတစ်ခုနှုန်းဖွင့်လှစ်လျက်ရှိသည်။
- He was conscious that he was talking rather too much. သူစကားပြောတာ လိုသည်ထက် ပိုလွန်းသွားသည်ကို သူသတိပြုမိသည်။
- We are on short rations (=allowed less than usual) until fresh supplies arrive. ပစ္စည်းများနောက်ထပ် မရောက်မီ ကျွန်တော်တို့ကို ခွဲတမ်း လျှော့ပေးနေတယ်။
- The ravages of time have spoilt her looks. လောကဓံတွေကြောင့် သူ့ရုပ်ရည်ကျသွားသည်။ ravage ဖျက်ဆီးမှုဒဏ်၊ ဒဏ်ရာ ဒဏ်ချက်
- There was just one small ray of hope. မျှော်လင့်ချက် အနည်းငယ်သာ ရှိတော့သည်။
- The village was razed to the ground. ထိုရွာသည် ပျက်စီးသွားသည်။
- The shot was well beyond the reach of the goalkeeper ကန်လိုက်သည့် ဘောလုံးကို ဂိုးသမားဘယ်လိုမှ မမီလိုက်ပါ။
- He lashed out angrily, hitting anyone within his reach. သူသည်စိတ်ဆိုးကာ တွေ့ သမျှမီသမျှလူကို လိုက်ရိုက်သည်။
- Such matters are beyond the reach of the law. ထိုကိစ္စမျိုးသည် ဥပဒေနှင့် ကိုင်တွယ်၍မရပါ။
- Victory is now out of her reach. သူ့အတွက် အောင်မြင်ဖို့ အလှမ်းဝေးချေပြီ။
- My immediate reaction was one of shock. ကျွန်တော် ရုတ်တရက် တုန်လှုပ်ချောက်ချားသွားသည်။
- There has been a mixed reaction to her appointment as director. သူ့ကို ညွှန်ကြားရေးမှူးခန့် လိုက်သည်ကို ကြိုက်သူရောမကြိုက်သူပါ ရှိကြသည်။
- “Shall we go?” “I'm ready when you are!? “သွားကြမလား” “ ခင်ဗျားအသင့်ဆိုရင် ကျွန်တော်လည်း သွားဖို့ အသင့်ပဲ”
- Keep your dictionary ready to hand. ခင်ဗျားရဲ့ အဘိဓာန်ကို အသင့်ဆောင်ထားပါ။
- This represents a reduction of 5% in real terms (=when price rises, etc have been allowed for).ငါးရာခိုင်နှုန်းလျှော့မှာက ဈေးနှုန်းတက်တာကိုပါ ထည့်တွက်ထားတာပါ။
- The dream/idea will soon become a reality (=exist in fact, not just in somebody's mind). သူ့စိတ်ကူး မကြာခင် အကောင်အထည်ပေါ်တော့မယ်။
- We try to help all students realize their full potential (=be as successful as they are able to be). ကျွန်တော်တို့ဟာ ကျောင်းသားများ သူ့ အစွမ်းရှိသမျှ အောင်မြင်မှုရအောင်ကူညီပေးပါတယ်။
- 'Did you enjoy the book?' 'Not really' ('no' or 'not' very much')."ခင်ဗျား စာအုပ်ကို ကြိုက်ရဲ့လား” “သိပ်ပြီးမကြိုက်ဘူး”
- In some countries terrorism is rearing its ugly head again. အချို့ နိုင်ငံများတွင် အကြမ်းဖက်မှု တစ်စခန်းက လာပြန်သည်။
- We have (good/no) reason to believe that he is lying. သူလိမ်ညာပြောနေတယ်ဆိုတာ ယုံကြည်လောက်တဲ့အကြောင်း ကျွန်တော်တို့မှာ ရှိတယ်/သူလိမ်ညာနေတယ်ဆိုတာကို ယုံကြည်နိုင်စရာ အကြောင်း ကျွန်တော်တို့မှာမရှိပါ။
- He was excused by reason of (=because of) his age. အသက်ကိုထောက်ထား၍ သူ့ကိုခွင့်လွှတ်လိုက်ပါသည်။
- I'll do anything within reason to earn a living. ကျွန်တော်ရဲ့အသက်မွှေးမှုအတွက် သင့်တင့်လျှောက်ပတ်တာ ဘာမဆိုလုပ်မှာပဲ။
- For reasons of security the door is always kept locked. လုံခြုံရေးအတွက် တံခါးကိုအမြဲ သော့ခတ်ထားပါသည်.
- We have every reason (=very good reasons) to feel optimistic. အကောင်းပဲဖြစ်လာမယ်လို့ ထင်ရတဲ့ အကြောင်းအရင်း ကောင်းကောင်း ကျွန်တော်တို့မှာရှိတယ်။
- Is the accused guilty beyond reasonable doubt? တရားခံမှာ အပြစ်တကယ်ရှိတာ သေချာရဲ့လား။
- There have been many changes in recent years. မကြာမီနှစ်များက ပြောင်းလဲမှုအများအပြား ဖြစ်ပွားခဲ့သည်။
- The goods will be dispatched on receipt of an order form. အမှာစာလက်ခံရရှိသည့်အခါ ပစ္စည်းများကို ပေးပို့ပါမည်။
- Are you in receipt of any state benefits? နိုင်ငံတော်ရဲ့ အထောက်အပံ့ တစ်စုံတစ်ရာကို ခင်ဗျားရရှိခံစားနေသလား။
- Delegates gave him a warm reception when he called for more spending on education. ပညာရေ.ကဏ္ဍတွင် ပိုမိုသုံးစွဲရန် သူ့တင်ပြချက်ကို ကိုယ်စားလှယ်များက လှိုက်လှဲစွာထောက်ခံကြိုဆိုကြသည်။
- In some countries, the economy is in a deep recession. အချို့နိုင်ငံများတွင် အကြီးအကျယ် စီးပွားရေးကပ်ဆိုက်နေသည်။
- His next opponent is a force to be reckoned with. နောက်ထပ်ရင်ဆိုင်ရမယ့် သူ့ပြိုင်ဘက်က လျှော့တွက်လို့ မရဘူး။
- He'll be famous one day. What do you reckon (=do you agree)? တစ်နေ့သူနာမည်ကြီးလိမ့်မယ်။ ကျွန်တော်ပြောတာ သဘောတူရဲ့လား။
- In the final reckoning truth is rewarded. နောက်ဆုံးမှာတော့ အမှန်တရားက အောင်ပွဲခံတာပဲ။
- It was recognized that this solution could only be temporary. ဤအဖြေသည် ယာယီမျှသာဖြစ်သည်ကို အများကလက်ခံကြသည်။
- He recoiled in horror at the sight of the corpse. အလောင်းကိုမြင်တွေ့ လိုက်ရာ သူသည် အလန့်တကြားတွန့်ဆုတ်မိသည်။
- I have no recollection of meeting her before. ကျွန်တော် မိန်းကလေးကို အရင်က တွေ့ဖူးလားဆိုတာ စဉ်းစားလို့ မရဘူး။
- To the best of my recollection (=if I remember correctly) I was not present at that meeting. ကျွန်တော်မှတ်မိသလောက်တော့ အဲဒီအစည်းအဝေးကို ကျွန်တော်မတက်ဘူး။
- The hotel's new restaurant comes highly recommended (=a lot of people have praised it). ဒီဟိုတယ်ရဲ့ စားသောက်ဆိုင်သစ် ကောင်းကြောင်း လူပြောများတယ်။
- I had the operation on the recommendation of my doctor. ဆရာဝန်ကပြောလို့ ကျွန်တော်ခွဲစိတ်ကုသခံလိုက်တယ်။
- It is strongly recommended that the machines should be checked every year. စက်များကို နှစ်စဉ် စစ်ဆေးရန် အကြံပေးထားသည်။
- She keeps a record of her expenses. မိန်းကလေးသည် သူ့အသုံးစရိတ်များကို မှတ်ထားသည်။
- She holds the world record for the 100 meters. သူက မီတာတစ်ရာမှာ ကမ္ဘာ့စံချိန်တင်ထားတယ်။
- There was a record number of candidates for the post. ထိုရာထူးအတွက် လျှောက်ထားသူမှာ အများဆုံးဖြစ်သည်။
- The airline has a good safety record. ထိုလေကြောင်းကုမ္ပဏီသည် လုံခြုံစိတ်ချရသည့်လေကြောင်း ဖြစ်သည်။
- He has a criminal record (=has previously been found guilty of committing a crime or crimes). သူသည် ယခင်က ရာဇဝတ်မှုကျူးလွန်ဖူးသူဖြစ်သည်။
- They managed to solve the dispute without recourse to a court of law. သူတို့သည် တရားရုံး၏ ဖျန်ဖြေမှုမပါဘဲ အငြင်းပွားမှုကို ဖြေရှင်းခဲ့ကြသည်။
- She is on the road to (=making progress towards) recovery. သူသည် နေမကောင်းရာမှ နာလန်ထလာသည်။
- The only redeeming feature of the job (=good thing about it) is the salary. လုပ်နဲ့ပတ်သက်ပြီး ကောင်းတာပြောစရာဆိုလို့ လစာ ကောင်းတာပဲရှိတယ်။
- She was reduced to tears by their criticisms. သူတို့၏ဝေဖန်မှုကြောင့် မိန်းကလေး မျက်ရည်ကျရသည်။
- He flatly refused to discuss the matter. ထိုကိစ္စကို ဆွေးနွေးရန် သူ အပြတ် ငြင်းလိုက်သည်။
- She paused on the edge, trying to regain her balance. မိမိကိုယ်ကို ထိန်းရန်အတွက် မိန်းကလေးသည် အစွန်းတွင် ကိုယ်ရှိန်သတ်လိုက်သည်။
- He did not regain consciousness (=wake up after being unconscious) for several days. သူဟာရက်အတန်ကြာ သတိပြန်လည်မလာဘူး။
- She is widely regarded as the spokesman of the team. သူ့ကိုအသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် အများက လက်ခံထားကြတယ်။
- He held her in high regard (=had a good opinion of her). သူက မိန်းကလေးကို တလေးတစားရှိတယ်။
- The weather was terrible but we carried on regardless. ရာသီဥတုဆိုးဝါးသော်လည်း ကျွန်တော်တို့ (မမှုဘဲ) ရှေ့ဆက်ခဲ့ကြသည်။
- The teacher called the register (= checked who was present at school). ဆရာ(ဆရာမ)သည် ကျောင်းခေါ်ချိန်ခေါ်သည်။
- She expressed regret at the decision. ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ စိတ်မကောင်းကြောင်းသူဖွင့်ဟ ပြောကြားသည်။
- If you don't do it now, you'll only regret it. ခင်ဗျားဒါကို အခုမလုပ်ရင် နောက်မှ နောင်တရလိမ့်မယ်။
- I have no regrets about leaving the job (=I do not feel sorry about it). အလုပ်က ထွက်လိုက်တဲ့အတွက်ကျွန်တော် နောင်တမရပါဘူး။
- He gave up teaching in 1999, much to the regret of his students. ၁၉၉၉ ခုနှစ်တွင် စာသင်ကြားမှုကို ရပ်လိုက်သဖြင့် သူ တပည့်များ စိတ်မကောင်းဖြစ်ကြရသည်။
- A light flashed at regular intervals. မီးရောင်တစ်ခုသည် မှန်မှန်လင်းလိုက်မှိတ်လိုက်ဖြစ်ပေါ် နေသည်။
- The equipment is checked on a regular basis. စက်ပစ္စည်းကို အချိန်မှန် စစ်ဆေးပါသည်။
- The lamp posts are placed at regular intervals. ဓာတ်မီးတိုင်များကို အကွာအဝေးညီမျှစွာစိုက်ထူထားသည်။
- Under the new regulations spending on office equipment will be strictly controlled. စည်းမျဉ်းသစ်အရ ရုံးအသုံးအဆောင် ဝယ်ယူသုံးစွဲသည့်ကိစ္စကို ကြပ်မတ်ထားသည်။
- The Fifth Buddhist Synod was convened in/during the reign of King Mindon. မင်းတုန်းမင်းကြီးလက်ထက်တွင် ပဉ္စမအကြိမ် သံဃာယနာတင်ခဲ့သည်။
- I have some comments to make in relation to (=concerning) this matter. ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်ပြောစရာအချို့ရှိတယ်။
- Its brain is small in relation to (=compared with) its body. (အဲဒီတိရစ္ဆာန်ရဲ)ဦးနှောက်က ခန္ဓာကိုယ်နဲ့နှိုင်းစာရင် သေးတယ်။
- He's called Brady too, but we are no relation (=not related). သူ့နာမည်ကလည်း (ကျွန်တော့်လိုပဲ) ဘရက်ဒီလို့ခေါ်တယ်၊ ဒါပေမဲ သူနဲ့ကျွန်တော် အမျိုးမတော်ပါဘူး။
- Your conclusion bears no relation to the rest of your essay. မင်းရဲ့စာစီစာကုံး နိဂုံးပိုင်းကကျန်တဲ့အပိုင်းတွေနဲ့ ဆက်စပ်မှု မရှိဘူး။
- He relaxed his grip on her arm. သူသည် မိန်းကလေး၏ လက်မောင်းအား ဆုပ်ကိုင်ထား ခြင်းကို လျှော့ပေးလိုက်သည်။
- Rescures worked in relays to save the trapped miners. ပိတ်မိနေသည့် သတ္တုတူးသမားများကို ကယ်တင်နိုင်ရန်အတွက် ကယ်ဆယ်ရေးအဖွဲ့များ အလှည့်ကျ အလုပ်လုပ်ကြသည်။
- The movie goes on general release next week. ထိုရုပ်ရှင်ကို နောက်တစ်ပတ်တွင် ရုံတင်တော့မည်။
- I am reliably informed (=told by somebody who knows the facts) that he's about to resign. သူ အလုပ်ထွက်တော့မယ့်အကြောင်း ခိုင်လုံတဲ့သတင်း ရထားတယ်။
- The study programme concentrates more on group work and places less reliance on (=depends less on) lectures. လေ့လာသင်ယူရေးအစီအစဉ်သည် ပို့ချချက်များကို လျှော့ကာ အဖွဲ့လိုက်လေ့လာမှုကို အလေးပေးထားသည်။
- I wouldn't place too much reliance on (=trust) on these figures. ကျွန်တော်သည် ဤကိန်းဂဏန်းများကို သိပ်ပြီးယုံကြည်အားထား လိမ့်မည်မဟုတ်။
- We all breathed a sigh of relief when he left. သူထွက်သွားသည်အခါမှ ကျွန်ုပ်တို့အားလုံး စိတ်သက်သာရာ ရသွားသည်။
- Much to my relief the car was not damaged. ကားမှာ ထိခိုက်ပျက်စီးမှု မရှိသဖြင့် ကျွန်တော် စိတ်သက်သာရာရသွားသည်။
- It's a great relief to find you here. ခင်ဗျားကိုဒီမှာ တွေ့လိုက်တော့မှပဲ စိတ်သက်သာသွားတယ်။
- He savoured the joke with relish. သူသည် ထိုဟာသကို မြိန်ရေရှက်ရေ ပြောပြသည်။
- The snow-capped mountain stood out in sharp relief against the blue sky. အပြာရောင်ကောင်းကင် နောက်ခံတွင် ဆီးနှင်းများဖုံးနေသည့် တောင်သည် ပေါ်လွင်လျက်ရှိသည်။
- He only came with great/with a marked reluctance. သူသည် စိတ်လက်မပါဘဲ လာခြင်းမျှသာ ဖြစ်သည်။
- It remains to be seen (it will only be known later) whether you are right. ခင်ဗျား မှန်သလား မမှန်ဘူးလား နောက်တော့ သိရမှာပေါ့။
- There remained one significant problem. အရေးကြီးတဲ့ ပြဿနာ တစ်ခုကျန်သေးတယ်။
- The accused was remanded in custody (=sent to prison until their trial). တရားခံကို အချုပ်ချထားသည်။
- He was remanded on bail (=allowed to go free until the trial after leaving a sum of money with the court).သူ့ကို အာမခံဖြင့် လွှတ်ထားသည်။
- The government has taken remedial action against unemployment. အလုပ်လက်မဲ့ လျော့ပါးရေးနှင့်ပတ်သက်၍ ကုစားရန် အစိုးရက အရေးယူဆောင်ရွက်သည်။
- As far as I can remember, this is the third time we've met. မှတ်မိသလောက်တော့ ကျွန်တော်တို့ဆုံကြတာ ဒါဟာ တတိယအကြိမ်ပဲ။
- It should be remembered that the majority of accidents happen in the home.မတော်တဆ ထိခိုက်မှုအများစုသည် နေအိမ်တွင် ဖြစ်တတ်သည်ကို သတိထားသင့်သည်။
- That (=what you have just said, done, etc.) reminds me, I must get some cash. (ခင်ဗျားပြောမှ၊ လုပ်တော့မှပဲ) ကျွန်တော်ငွေနည်းနည်းဆောင် ထားဖို့လိုတာ သတိထားမိတယ်။
- The incident served as a timely reminder of just how dangerous mountaineering can be. ထိုဖြစ်ရပ်က တောင်တက်ခြင်း၏ အန္တရာယ်ကြီးမားပုံကို အချိန်မီသတိပေးသည်။
- The patient has been in remission for the past six months. လွန်ခဲ့သည့် ခြောက်လအတွင်း လူနာသည် တိုးတက်မှု ရှိလာသည်။
- Such decisions are outside the remit of this committee. ယင်းသို့သော ဆုံးဖြတ်ချက်များသည် ဤကော်မတီ၏ လုပ်ပိုင်ခွင့်တွင် အကျုံးမဝင်ပါ။
- In future, staff recruitment will fall within the remit of the division manager. နောင်တွင် ဝန်ထမ်းအင်အား ဖြည့်တင်းရေးကိစ္စသည် ဌာနခွဲ မန်နေဂျာ၏ တာဝန်ဖြစ်ပါမည်။
- There is still a remote chance that they will find her alive. အမျိုးသမီးအား အသက်ရှင်လျက်တွေ့ရန် အခွင့်အလမ်း နည်းလှသည်။
- I don't have the remotest idea who did it. ဒါကိုဘယ်သူလုပ်မှန်း ကျွန်တော်နည်းနည်းမှ စဉ်းစားမရဘူး။
- It works by remote control. ထိုအရာသည် အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်မောင်းနှင်ဆောင်ရွက် ရသည်။
- It was payment for services rendered. ကူညီဆောင်ရွက်ပေးသည့်အတွက် ပေးချေခြင်းဖြစ်သည်။
- I took my bike in for repair. ကျွန်တော့်စက်ဘီးကို ပြင်ဆင်ရန် ယူလာခဲ့သည်။
- The building is in need of repair. အဆောက်အဦးက ပြုပြင်ဖို့လိုအပ်နေသည်။
- The car was damaged beyond repair (=it was too badly damaged to be repaired). ကားသည် ပြင်၍မရနိုင်အောင် ပျက်စီးသွားသည်။
- The hotel is currently under repair (=being repaired). ဟိုတယ်ကို ပြုပြင်နေသည်။
- Offenders should be forced to make reparation to the community. စည်းကမ်းဥပဒေဖောက်ဖျက်သူများကို လျော်ကြေးပေးခိုင်းသင့်သည်။
- Do say if I'm repeating myself (if I have already said this). ကျွန်တော့် စကားက ထပ်များနေသလား။
- She didn't want a repeat performance of what had happened the night before.သူသည် ဟိုတစ်ညက ဖြစ်ပုံမျိုး ထပ်၍မဖြစ်လိုပါ။
- The collapse of the company will have repercussions for the whole industry. ထိုကုမ္ပဏီပျက်သွားခြင်းသည် အလားတူလုပ်ငန်အားလုံးကို ဂယက်ရိုက်သွားလိမ့်မည်။
- I asked her what her name was but she made no reply. ကျွန်တော်က သူ့နာမည်ကိုမေးရာ သူကမဖြေပါ။
- (formal) I am writing in reply to your letter of 16 March. လူကြီးမင်း၏ မတ်လ ၁၆ ရက်နေ့က စာအတွက် ကျွန်တော် အကြောင်း ပြန်ကြားလိုက်ပါသည်။
- It was reported that several people had been arrested. လူအချို့အဖမ်းခံရသည်ဟု သိရသည်။
- The secretary made representations to the committee about the work done on the decisions of the previous meeting. ပြီးခဲ့သည့်အစည်းအဝေး၏ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ချက်များကို အတွင်းရေးမှူးက အဖွဲ့သို တင်ပြသည်။
- After one of their aircraft was shot down they took reprisals. မိမိတို့၏ လေယာဉ်တစ်စင်းပစ်ချခံရသဖြင့် သူတို့သည် လက်တုံ့ပြန်ကြသည်။ reprisal ရန်တုံ့နှင်းခြင်း၊ လက်တုံ့ပြန်ခြင်း
- They shot 10 hostages in reprisal for the assassination of their leader. သူတို့သည် မိမိတို့၏ ခေါင်းဆောင်အသတ်ခံရသဖြင့် ဓားစာခံ ၁၀ ဦးကို သတ်ပစ်လိုက်ကြသည်။
- Her manners are above/beyond reproach (=perfect). သူရဲ့အပြောအဆိုအပြုအမူတွေဟာ အပြစ်ဆိုဖွယ်ရာမရှိပါဘူး။
- His parents were artists of (some) repute (=having a very good reputation). သူ့မိဘများသည် ဂုဏ်သရေရှိ ပန်းချီပညာရှင်များဖြစ်ကြသည်။
- He was there at the request of his manager/at his manager's request (= because his manager had asked him to go).သူ့ရဲ့ မန်နေဂျာကခိုင်းလို. သူ အဲဒီကိုသွားတာပါ။
- Catalogues are available on request (=if one asks for them).အလိုရှိ၍ တောင်းလျှင် ကက်တလောက်များ ထုတ်ပေးပါမည်။
- These goods are surplus to requirements (=more than we need). ဒီပစ္စည်းတွေက ကျွန်တော်တို့အတွက် လိုတာထက်ပိုလျှံ
- 'Hamlet' is required reading (=must be read) for the course. ဤသင်တန်းအတွက် ဟမ်းမလက် ပြဇာတ်ကို ဖတ်ဖို့လိုပါသည်။
- A wealthy benefactor came to their rescue with a generous donation. ချမ်းသာကြွယ်ဝသည့် စေတနာရှင်တစ်ဦးက ရက်ရက်ရောရော လှူဒါန်းခြင်းဖြင့် သူတို့၏ အကျပ်အတည်းကို ဖြေရှင်းပေးသည်။
- She bears an uncanny resemblance ထူးထူးဆန်းဆန်းပဲ သူ့ရုပ်က နန္ဒာ နဲ့တူတယ်။
- The movie bears little resemblance to the original novel. ရုပ်ရှင်က မူရင်းဝတ္ထုနဲ့ တူတယ်ဆိုရုံမျှသာပဲ။
- They support the measures without reservation (=completely). သူတို့သည် အရေးယူဆောင်ရွက်ချက်များကို အပြည့်အဝ ထောက်ခံကြသည်။
- I decided to reserve (my) judgement until I knew all the facts. အချက်အလက် အားလုံးမသိမချင်း ဆုံးဖြတ်ချက်မချဘဲထားရန် စိတ်ပိုင်းဖြတ်လိုက်သည်။
- We keep funds in reserve for emergencies. အရေးပေါ်သုံးရန်အတွက် ရန်ပုံငွေကို အရံသင့်ထားသည်။
- Any contract should be treated with reserve until it has been checked. မစစ်ဆေးရသေးမီ သဘောတူညီချက်များကို ထောက်ခံ/ကန့်ကွက်ခြင်းမပြုဘဲ ထားသင့်သည်။
- he trusted him without reserve (=completely). မိန်းကလေး(အမျိုးသမီး)က သူ့ကို အပြည့်အဝယုံကြည်သည်။
- The management reserves the right to refuse admission. စီမံခန့်ခွဲရေးအဖွဲ့က ဝင်ခွင့်ကိုငြင်းဆိုနိုင်သည့် လုပ်ပိုင်ခွင့်ရှိသည်။
- The money is being kept in reserve for their retirement. အငြိမ်းစားယူလျှင်သုံးရန် ငွေကို စုဆောင်းလျက်ရှိသည်။
- 200 police officers are held in reserve. ရဲသား၂ဝဝ ကို အသင့်/အရံထားရှိသည်။
- All rights reserved (=nobody else can publish or copy this). ပုံနှိပ်ခွင့်၊ ကူးယူခွင့်မရှိ၊ တားမြစ်သည်။
- We agreed to pool our resources (= so that everybody contributes something). ကျွန်တော်တို့သည် စုပေါင်းထည့်ဝင်ကြရန် သဘောတူ သူကြသည်။
- They were not able to take up residence in their new home until the summer. နွေရာသီမရောက်မီ သူတို့သည်အိမ်သစ်တွင် စတင်နေထိုင်နိုင်ခြင်းမရှိခဲ့ကြပါ။
- He was charged with resisting arrest. ဖမ်းဆီးသည်ကို ခုခံမှုဖြင့် သူ့ကို တရားစွဲဆိုထားသည်။
- I finished the cake. I couldn't resist it. စားရင်းစားရင်း မထိန်းနိုင်တာနဲ့ ကျွန်တော်ကိတ်မုန့် တစ်ခုလုံး စားပစ်လိုက်တယ်။
- He has made a resolution to visit his relatives more often. သူသည် ဆွေမျိုးများထံ မကြာခဏသွားရောက် လည်ပတ်ရန် ဆုံးဖြတ်ထားသည်။
- Have you made any New Year's resolutions (=for example, to give up smoking from 1 January). နှစ်သစ်မှာ တစ်ခုခု (လုပ်ဖို့) ဆုံးဖြတ်ပြီးပြီလား။
- If we can't get the money in any other way, I suppose we could, as a last resort, sell the car. ဘယ်လိုမှငွေမရနိုင်တော့ဘူးဆိုရင်တော့ နောက်ဆုံးအဆင့်ကတော့ ကားကိုရောင်းရမှာပဲ။
- Myanmar is rich in natural resources. မြန်မာနိုင်ငံသည် သဘာဝသယံဇာတ ပေါကြွယ်ဝသည်။
- A two-minute silence was held as a mark of respect. အရိုအသေပြု/အလေးပြုသည့်အနေဖြင့် နှစ်မိနစ်ငြိမ်သက်စွာ နေကြသည်။
- Everyone has a right to be treated with respect. တလေးတစားဆက်ဆံသည်ကို လူတိုင်းခံယူခွင့်ရှိသည်။
- In this respect we are very fortunate. ဒီလိုစဉ်းစားကြည့်ရင်တော့ ကျွန်တော်တို့ အလွန်ကံကောင်းကြပါတယ်။
- In response to your inquiry about the qualifications for the post, they are stated in detail in today's paper. ခင်ဗျားမေးမြန်း စုံစမ်းထားတဲ့ အလုပ်အတွက်ပညာအရည် အချင်းသတ်မှတ်ချက်တွေကို ဒီနေ့ထုတ်သတင်းစာမှာ အသေးစိတ်ဖော်ပြထားပါတယ်။
- We sent out over 1000 letters but the response rate has been low (=few people replied). စာတစ်ထောင်ကျော်ဖြန့်လိုက်ပေမယ့် ပြန်ကြားစာရတဲ့နှုန်း (အကြောင်းပြန်တဲ့သူ) နည်းတယ်။
- The product was developed in response to customer demand. စားသုံးသူများ၏ တောင်းဆိုချက်အရ ကုန်ပစ္စည်းကိုတီထွင် ထုတ်လုပ်လိုက်ခြင်းဖြစ်သည်။
- The manufacturers disclaim all responsibility for damage caused by misuse. အသုံးမပြုတတ်၍ ပျက်စီးခြင်းအတွက်ပစ္စည်းထုတ်လုပ် သူများက တာဝန်မယူချေ။
- The administrative officer takes/assumes overall responsibility for personnel. - အုပ်ချုပ်ရေအရာရှိသည် ဝန်ထမ်းကိစ္စမှန်သမျှကို တာဝန်ယူထားသည်။
- I don't feel ready to take on new responsibilities. တာဝန်သစ်များယူရန်အတွက် ကျွန်တော်အဆင်သင့် မဖြစ်သေး၊ တာဝန်သစ်များကို ကျွန်တော်မယူနိုင်သေးပါ။
- I did it on my own responsibility (=without being told to and being willing to take the blame if it had gone wrong). ဒါကိုကျွန်တော် တာဝန်ယူခေါင်းခံပြီး လုပ် လိုက်တာပါ။
- The bank refuses to accept responsibility for the mistake. ထိုအမှားအတွက် ဘဏ်က တာဝန်မရှိဟုဆိုသည်။
- He feels a strong sense of responsibility for his employees. သူ့တွင်မိမိ၏ဝန်ထမ်းများအတွက် တာဝန်ယူသည့်စိတ်အပြည့် ရှိသည်။
- I think we have a moral responsibility to those countries in poverty. ဆင်းရဲသောနိုင်ငံများအား ကူညီရန်အတွက် ကျွန်ုပ်တို့တွင် တာဝန်ရှိသည်ဟု ကျွန်တော်ထင်သည်။
- She is mentally ill and cannot be held responsible for her actions. သူ့စိတ်ကပုံမှန်မဟုတ်လို့ သူ့လုပ်ရပ်တွေကို အပြစ်ပြော (တာဝန်ယူ/ခံခိုင်း) လို့ မဖြစ်ပါ။
- Her eyes rested on the piece of my hand. paper in သူ့ မျက်လုံးများက ကျွန်တော့်လက်ထဲက စာရွက်ကို စိုက်ကြည့်နေသည်။
- It rests with management to justify their actions. သူ့တို့လုပ်ရပ်များ တော်တည့်မှန်ကန်မှုရှိမရှိ ဆုံးဖြတ်ရေးသည် စီမံခန့်ခွဲရေးအဖွဲ့၏ တာဝန်ဖြစ်သည်။
- The museum is closed for restoration. ပြန်လည်ပြုပြင်ရန်အတွက် ပြတိုက်ကို ပိတ်ထားသည်။
- The building collapsed as a result of safety violations. ဘေးအန္တရာယ်ကင်းရှင်းရေး စည်းကမ်းချက်များကို မလိုက်နာခြင်းကြောင့် အဆောက်အအုံပြိုကျသည်။
- I was late, with the result that (=so that) I missed my train. ကျွန်တော်နောက်ကျသဖြင့် ရထားလွတ်သွားသည်။
- The new product is available at department stores and other retail outlets. ထိုပစ္စည်းသစ်ကို ကုန်တိုက်ကြီးများနှင့် လက်လီဆိုင်များတွင် ရနိုင်ပါသည်။
- After long illness he was asked to take early retirement (=retire before the usuall age). အချိန်ကြာမြင့်စွာ နေထိုင်မကောင်းဖြစ်ပြီးနောက် သူ့အား နားချိန်မတန်မီ အလုပ်မှနားခိုင်းလိုက်သည်။
- The end result (=the final one) of her hard work was a place at medical school. ကြိုးစားမှုကြောင့် နောက်ဆုံးတွင် ဆေးကျောင်းတက်ခွင့် ရသည်။
- He lives in retirement in Kalaw. အငြိမ်းစားယူပြီး သူသည်ကလောမြို့တွင် နေထိုင်လျက်ရှိသည်။
- We retraced our steps to the car and continued our journey. ကျွန်တော်တို့သည် ကားဆီသို့ ပြန်လျှောက်ပြီး ခရီးဆက်ခဲ့ကြသည်။
- The rebels are in retreat. သူပုန်များ ဆုတ်ခွာနေကြသည်။
- The course concentrates on methods of information retrieval. သင်တန်းတွင် သတင်းအချက်အလက်များပြန်လည်ထုတ်ယူနည်းစနစ်များ အကြောင်းအလေးထားသင်ကြားသည်။
- You can only retrieve the situation by apologizing. တောင်းပန်လိုက်မှ အခြေအနေကို ခင်ဗျား ပြန်ဆယ်နိုင်မယ်။
- Train services have returned to normal after the derailment. ရထားလမ်းချော်ပြီးနောက် ရထားများ ပုံမှန်ပြေးဆွဲလျက်ရှိသည်။
- I was told the news on my return home (=when I got back) (from abroad). (ပြည်ပမှ) ကျွန်တော် ပြန်ရောက်ချိန်တွင် ထိုအကြောင်းကို သိရသည်။
- Write your return address (=the address that a reply should be sent to) on the back of the envelope.) ပြန်ကြားရမယ့်လိပ်စာ ကိုစာအိတ်ကျောဘက်မှာ ရေးပါ။
- The report shows a high rate of return on capital. အကျိုးအမြတ်နှုန်းများမည်ဟု အစီအရင်ခံစာတွင်ဖော်ပြထားသည်။
- The US President is making a return visit to Moscow. (ရုရှားခေါင်းဆောင် အမေရိကန်သို့သွားရောက်ပြီးနောက်) အမေရိကန်သမ္မတကလည်း ရုရှားနိုင်ငံသို့ အပြန်အလှန် သွားရောက် လည်ပတ်မည်။
- He swore to take his revenge on/against their families. သူတို့မိသားစုများအား ကလဲ့စားချေရန် သူကကြုံးဝါးသည်။
- Although I expected to enjoy living in the country, in fact the reverse is true. ကျေးလက်တွင် နေထိုင်ဖို့မျှော်လင့်ခဲ့သော်လည်း စင်စစ်အားဖြင့် ကျေးလက်အစား မြို့မှာသာ ကျွန်တော် နှစ်သက်သည်။
- It wasn't easy to persuade her to come— quite the reverse. သူ့ကိုလာအောင်ဖျောင်းဖျရသည်မှာ လွယ်မည်ဟုထင်ခဲ့ရာ မလွယ်ပါ။
- Put the car in/into reverse. ကားကို နောက်ဆုတ်ပါ။
- The winners were announced in reverse order (=the person in the lowest place was announced first). ဆုရသူများစာရင်းကို အောက်ဆုံးအဆင့်မှစ၍ ကြေညာသည်။
- The terms of the contract are in review every six months. သဘောတူညီချက်ပါ စည်းကမ်းချက်များကို ခြောက်လ တစ်ကြိမ် ပြန်လည်ဆန်းစစ်ရသည်။
- Our selection procedures are currently under review. ကျွန်ုပ်တို့၏ ရွေးချယ်ရေးလုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်လျက်ရှိသည်။
- Your case is coming up for review in early May. ခင်ဗျားရဲ့ကိစ္စကို မေလဆန်းမှာ ပြန်လည်သုံးသပ်ဖို့ရှိတယ်။
- Among the public there is a revival of interest in performing arts these days. ယခုအခါမှာ လူတွေက ဆိုကရေးတီးကို ပြန်လည် စိတ်ဝင်စား လာကြသည်။
- The company is reaping the rewards of their investments. ကုမ္ပဏီသည် မိမိ၏ရင်းနှီးမြှုပ်နှံထားမှုအပေါ်မှ အကျိုးအမြတ်များရနေသည်။
- Winning the match was just reward for the effort the team had made. ပွဲတွင်အောင်မြင်မှုရရှိခြင်းသည် အသင်း၏အားထုတ်မှုမှ ထွက်ပေါ်လာသည့် မှန်ကန်သည့်ဆုလာဘ်ဖြစ်သည်။
- The boat rocked up and down in rhythm with the sea. လှေသည် ပင်လယ်ရေလှိုင်းတွင် နိမ့်တုံမြင့်တုံသွားနေသည်။
- Stop poking me in the rib! ငါ့ကို တံတောင်နဲ့မတွက်နဲ့။
- It was her richly deserved success. ဒီအောင်မြင်မှုက သူနဲ့ တကယ်ထိုက်တန်ပါတယ်။
- Her success was richly earned. သူဟာ မှန်မှန်ကန်ကန် အောင်မြင်မှုရခဲ့တယ်။
- After the ambush, the car was riddled with bullets. ချုံခိုတိုက်ခံရပြီးနောက် ကားမှာ ကျည်ဆံ အပေါက်များနှင့် ပြည့်သွားသည်။
- He gave me a ride on his motorbike. သူသည် သူ့မော်တော်ဆိုင်ကယ်ဖြင့် ကျွန်တော့်ကို တင်ခေါ်သည်။
- We went for a ride on our bikes. ကျွန်တော်တို့သည် စက်ဘီး(မော်တော်ဆိုင်ကယ်) လျှောက်စီးကြသည်။
- The company looks to be in for a bumpy ride (=a dfficult time) this year. ထိုကုမ္ပဏီသည် ယခုနှစ် အခက်ကြုံဖွယ်ရှိသည်။
- The bill had an easy/a rough ride (= passed easily/with difficulty) through the Lower House of Parliament. ထိုဥပဒေကို အောက်လွှတ်တော်က အလွယ်တကူအတည်ပြု ခဲ့သည်/အလွယ်တကူအတည်ပြုခဲ့ခြင်းမရှိချေ။
- Place the table at right angles/at a right angle to the wall. စားပွဲကို နံရံနဲ့ချိန်ပြီး ထောင့်မှန်ကျအောင်ထားပါ။
- I don't rightly know where he's gone. သူ ဘယ်သွားလဲ ကျွန်တော် အတိအကျ မသိပါ။
- If I remember rightly, there's a train at six o' clock. ကျွန်တော်မှတ်မိတာမှန်ရင်တော့ ရထားကခြောက်နာရီမှာ တစ်စင်းရှိတယ်။
- He's quite within his rights to demand an enquiry. စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ သူ့မှာတောင်းဆိုခွင့်ရှိတယ်။
- She sat upright, her body rigid with fear. စိုးထိတ်မှုကြောင့် ကိုယ်ကိုတောင့်ပြီး မတ်မတ် ထိုင်နေသည်။
- She left the stage with the applause ringing in her ears. လက်ခုပ်သြဘာသံများ နားတွင်ပဲ့တင်ထပ်လျက် သူသည် ဇာတ်ခုံပေါ်မှဆင်းခဲ့သည်။
- I'll give you a ring tomorrow. ကျွန်တော် ခင်ဗျားဆီကို မနက်ဖြန်ဖုန်းဆက်မယ်။
- Just ring for the nurse (=attract the nurse's attention by ringing a bell) if you need her. သူနာပြုဆရာမအကူအညီလိုရင် ဘဲလ်တီးခေါ်လိုက်ရုံပဲ။
- The story had a familiar ring to it (=as if I had heard it before). ဒီဇာတ်လမ်းကို ကျွန်တော် ကြားဖူးသလိုပဲ။
- By rights (=if justice were done) half the money should be mine. တရားနည်းလမ်းအရ ဆိုရင်တော့ ငွေတစ်ဝက်ကို ကျွန်တော် ပိုင်သင့်တယ်။
- Education is provided by the State as of right (=everyone has a right to it). လူတစ်ဦးချင်း၏ ရပိုင်ခွင့်အဖြစ် နိုင်ငံတော်ကပညာသင် ပေးခြင်းဖြစ်သည်။
- The property belongs to her by right. ဥပဒေအရ ပစ္စည်းကို သူပိုင်ဆိုင်သည်။
- He wouldn't apologise. He knew he was in the right (= had justice on his side). သူ့ဘက်ကမှန်နေသည်ကို သိသဖြင့် သူတောင်းပန်ခြင်း မပြုချေ။
- The flower-beds were a riot of colour. "ပန်းခင်းများမှာ အရောင်အသွေးစုံလှသည်။
- She ripped the letter open. သူသည် စာအိတ်ကို ဆွဲဖောက်လိုက်သည်။
- In some countries, there has been a sharp rise in the number of people out of work. နိုင်ငံအချို့တွင် အလုပ်လက်မဲ့ ဦးရေ တိုးတက်လာသည်။
- You need to study the rise and fall of Germany under Hitler. ဟစ်တလာလက်ထက် ဂျာမနီနိုင်ငံ တိုးတက်မှုနှင့်ကျဆုံးမှုကို လေ့လာသင့်သည်။
- He was determined to rise to the challenge. သူသည် စိန်ခေါ်မှုကို ရင်ဆိုင်ရန် သန္နိဋ္ဌာန်ချထားသည်။
- After the war, Japan has risen from the ashes. စစ်ကြီးအပြီးတွင် ဂျပန်နိုင်ငံသည် ပြာပုံအဆင့်မှ တိုးတက်လာခဲ့သည်။
- Luckily, my father rose to the occasion/challenge/task. ကံအားလျော်စွာ အခက်ကြုံခိုက်တွင် ကျွန်တော့်ဖခင်က ကူညီ ဖြေရှင်းပေးသည်။
- I'm prepared to take (=accept) that risk. ကျွန်တော် အဲဒါကို စွန့်စားဖို့ အသင့်ပဲ။
- The chemicals pose little risk (=are not dangerous) to human health. ထိုဓာတုပစ္စည်းများသည် ကျန်းမာရေးကို မထိခိုက်နိုင်ပါ။
- If the two nations go to war, innocent lives will. be put at risk. နှစ်နိုင်ငံစစ်မက်ဖြစ်ပွားကြပြီဆိုလျှင် အပြစ်မဲ့သူများ ဘေးဒုက္ခကြုံရလိမ့်မည်။
- Life as a fireman can be a risky business (=very dangerous) မီးသတ်သမား၏ ဘဝသည် အလွန်အန္တရာယ်များသည်။
- This latest design has no rivals (=it is easily the best design available). ယခုနောက်ဆုံးပေါ်ပုံစံဒီဇိုင်းသည် အကောင်းဆုံးဖြစ်နေသည်။
- They live just along/up/down this road. သူတို့သည် ဒီလမ်းတစ်လျှောက်/လမ်းထိပ်/လမ်းအဆုံးတွင် နေထိုင်ကြသည်။
- He was walking along the road when he was attacked. သူသည် လမ်းမအတိုင်း လျှောက်သွားစဉ် တိုက်ခိုက်သည်ကို ခံရခြင်းဖြစ်သည်။ .
- It takes about five hours by road (=by driving). ကားနဲ့သွားရင် ငါးနာရီလောက် ကြာမယ်။
- It would be better to transport the goods by rail rather than by road. ပစ္စည်းများကို ကားနဲ့ပို့သည် ထက် ရထားနဲ့ပို့လျှင် ပို၍ ကောင်းလိမ့်မည်။
- The boat rocked from side to side in the waves. ရေလှိုင်းအကြားတွင် လှေသည် ဘယ်ညာ လူးနေသည်။
- Who is in the leading role (=the most important one)? ဘယ်သူ ဦးဆောင်တာလဲ။
- He plays a key/central/major/vital/significant role in research. သုတေသနပိုင်းမှာ သူဟာ အဓိကကျသူ ဖြစ်တယ်။
- This table takes up too much room. ဒီစားပွဲက နေရာယူလွန်းတယ်။
- Can you make room on that shelf for more books? နောက်ထပ်စာအုပ်ထားလို့ရအောင် စာအုပ်စင်မှာ နေရာလုပ်ပေးပါလား။
There's room for improvement in your work(=It is not as good as it could be). မင်းရဲ့အလုပ်က ပိုကောင်းအောင် လုပ်ဖို့လိုသေးတယ်။
- There is no room for doubt (=The situation is quite clear). အခြေအနေက ရှင်းနေတာပဲ။
- The root of the problem is his relationship with his father. ပြဿနာရဲ့ အရင်းအမြစ်က သူနဲ့သူ့ဖခင်ရဲ့ ဆက်ဆံရေးပဲ။
- What lies at the root of this matter? ဒီကိစ္စရဲ့ အရင်းခံကဘာလဲ။
- He rose through the ranks to become managing director. သူဟာဦးဆောင်ညွှန်ကြားရေမှူးဖြစ်ဖို့ အောက်ခြေကနေ အဆင့်ဆင့်တက်လာခဲ့သူဖြစ်တယ်။
- Her spirits rose (=she felt happier) at the news. သတင်းကိုကြားရသဖြင့် သူ အားတက်လာသည်။
- She painted a rosy picture of their life together in Italy (=made it appear to be very good and perhaps better than it really was). အီတလီမှာ အတူနေခဲ့ကြရတဲ့ သူတို့ဘဝကို သူ(မ)က ပျော်စရာကောင်းသည့် ပုံစံမျိုးအဖြစ် ပြောပြသည်။
- You must learn that poem by rote. ခင်ဗျားအဲဒီကဗျာကို အလွတ်ကျက်ရမယ်။
- The police force in that country is rotten to the core (=completely corrupt). ထိုနိုင်ငံမှ ရဲအဖွဲ့သည် လုံးဝ အကျင့်ပျက်နေသည်။
- Have we enough cups to go round? ခွက်တွေ အလုံအလောက်ရှိရဲ့လား။
- The team was given a rousing reception by the fans. ပရိသတ်က အသင်းကို သောင်းသောင်းဖြဖြကြိုသည်။
- Make exercise a part of your daily routine. လေ့ကျင့်ခန်းကို နေ့စဉ်ပုံမှန် လုပ်ဖြစ်ပါစေ။
- We clean and repair the machines as a matter of routine. ကျွန်တော်တို့သည် စက်များကို ပုံမှန် ပြုပြင်သန့်ရှင်းပါသည်။
- We are in a row at the back of the room. ကျွန်တော်တို့သည် အခန်း၏နောက်ဘက်တွင် တစ်တန်းတည်း ထိုင်ကြသည်။
- He received K 50,000 in royalties. သူသည် မူပိုင်ခအဖြစ် ငွေငါးသောင်း လက်ခံရရှိသည်။
- I know I was stupid; you don't have to rub it in. ကျွန်တော်မဟုတ်မှန်း သိပါတယ်၊ ထပ်တလဲလဲပြော မနေပါနဲ့။
- The hotel is in the middle of nowhere and there lies the rub. We don't have a car. ဟိုတယ်က အတော်ဝေ:တော့ အခက်သားပဲ။ တို့မှာ ကားလည်းမရှိဘူး။
- The building was reduced to rubble by the explosion. ပေါက်ကွဲမှုကြောင့် အဆောက်အအုံပျက်စီးကာ အုတ်ခဲပုံဖြစ်သွားသည်။
- He never gets ruffled, even under pressure သူသည် အကျဉ်းအကျပ်နှင့်ကြုံရသော်မှ တုန်လှုပ်မှုမရှိပါ။
- My new shoes got ruined in the mud. နွံထဲနစ်သဖြင့် ကျွန်တော်၏ရှူးဖိနပ်အသစ် ညစ်ပတ်ပေကျံသွားသည်။
- The bank stepped in to save the company from financial ruin. ကုမ္ပဏီ၏ ဘဏ္ဍာရေးအကျပ်အတည်းကို ဘဏ်ကဖြေရှင်းပေးလိုက်သည်။
- It's against all rules and regulations. ထိုအရာသည် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီခြင်းမရှိပါ။
- There are no hard and fast rules for planning healthy meals. ကျန်းမာရေးနှင့်ကိုက်ညီသည့် အစားအစာများကို စီစဉ်ရာတွင် တိကျသည့်ပုံသေ စည်းမျဉ်းစည်းကမ်းမရှိပါ။
- He has broken the rules and will have to be disqualified. စည်းကမ်းဖောက်ဖျက်သဖြင့် သူ့ကိုပယ်ရလိမ့်မည်။
- I go to bed early as a rule. ကျွန်တော်သည် ပုံမှန်အားဖြင့် စောစော အိပ်ရာဝင်လေ့ ရှိသည်။
- As a general rule vegetable oils are better for you than animal fats. ယေဘုယျအားဖြင့် တိရစ္ဆာန်အဆီထက် ဟင်းရွက်ဆီက ခင်ဗျားနဲ့ ပိုသင့်တော်တယ်။
- Cold winters here are the exception rather than the rule (=are rare). ဒီမှာအလွန်အေးတဲ့ ဆောင်းရာသီကြုံခဲတယ်။
- She let her heart rule her head (=acted according to her emotions, rather than logical thoughts). မိန်းကလေးက ဦးခေါင်း(ဦးနှောက်)ထက် နှလုံးသား (ခံစားမှု)ကို ဦးစားပေးပြီးဆောင်ရွက်ခဲ့တယ်။
- I'm so hungry my stomach's rumbling. ကျွန်တော်ဗိုက်ဆာလွန်းလို့ ဗိုက်ထဲမှာ တဝိဠိမြည်နေပြီ။
- Rumor has it (=people say) that he was murdered. သူ အသတ်ခံရတာလို့ ပြောနေကြတာပဲ။
- It's widely rumoured that she's getting promoted. သူရာထူးတက်တော့မယ်လို့ အတော်များများ ပြောနေကြတယ်။
- The ship ran aground. သင်္ဘော သောင်တင်သွားသည်။
- After an accident, all the trains were running late (=were leaving later than planned). မတော်တဆမှုဖြစ်ပြီးနောက် ရထားအားလုံးနောက်ကျကုန်သည်။
- I ran my eyes over the page. ကျွန်တော်သည် စာမျက်နှာကို မျက်စိကစားကြည့်သည်။
- Programmes are running a few minutes behind schedule this evening. ယနေ့ညနေ အစီအစဉ်များ မိနစ်အနည်းငယ်စီ နောက်ကျနေသည်။
- Catching sight of her, he broke into a run. မိန်းကလေးကိုတွေ့ လိုက်တဲ့အခါ သူ အပြေးလိုက်သွားတယ်။
- The river ran dry (=stopped flowing) during the drought. မိုးခေါင်စဉ် မြစ်ရေ ခန်းခြောက်သွားသည်။
- Supplies are running low. ရိက္ခာပစ္စည်းများ နည်းလာနေသည်။
- We've run short of milk. ကျွန်တော်တို့ နွားနို့ နည်းနေပြီ။
- You've got your rival running scared. မင်းလုပ်တာ မင်းရဲ့ပြိုင်ဘက် ရွံ့သွားပြီ။
- He ran away from home at the age of thirteen. သူဟာ အသက်(၁၃)နှစ်မှာ အိမ်က ထွက်ပြေးသွားတယ်။
- When the new currency measures were announced there was a run on the bank (=a lot of people suddenly took their money out of the bank). ငွေစက္ကူနှင့်ပတ်သက်၍ အစီအစဉ်သစ်ကို ကြေညာလိုက်ရာ လူအတော်များများ သူတို့၏ငွေတွေကို ဘဏ်မှရုတ်တရက် အလျင်အမြန်ပြန်ထုတ်ကြသည်။
- 'I'll let you have the book back tomorrow. “စာအုပ်ကို မနက်ဖြန် ပြန်ပေးပါမယ်” "There's no rush.' “အရေးတကြီး အလျင်စလို မဟုတ်ပါဘူး”
- I can't stop — I'm in a rush. နေလို့မဖြစ်ဘူး၊ ကျွန်တော် အရေးတကြီး ဖြစ်နေတယ်။
- I gave up my job because I felt I was stuck in a rut အလုပ်ထဲမှာ ငြီးငွေ့တာနဲ့ ကျွန်တော် အလုပ်က ထွက်လိုက်တယ်။
- His parents made many sacrifices so that he could get a university education. သူတက္ကသိုလ်တက်ရောက်ပညာသင်နိုင်ရန် သူ့မိဘများမှာ များစွာအနစ်နာခံရသည်။
- It is said that he did not live to see his book published. သူသည် သူ့စာအုပ်ပုံနှိပ်ထုတ်ဝေသည်ကို မြင်မသွားရချေဟု ပြောကြသည်။
- The divorce left him sadder but wiser. ကွာရှင်းပြတ်စဲခြင်းမှ သူသင်ခန်းစာ အတွေ့ အကြုံ ရလိုက်သည်။
- It's a sad fact that many of those who die in road accidents are under 25. ကားတိုက်မှုများတွင် သေဆုံးသူအများစုမှာ အသက် (၂၅)နှစ် အောက် လူငယ်လူရွယ်များဖြစ်နေသည်မှာ စိတ်မကောင်းစရာပင်။
- It saddens me to see all their efforts wasted. သူတို့ရဲ့ကြိုးပမ်းမှုများ သဲထဲရေသွန်ဖြစ်သွားသည်ကို တွေ့ ရ၍ ကျွန်တော်စိတ်မကောင်းပါ။
- We watched the explosion from a safe distance. ပေါက်ကွဲမှုကို ကျွန်တော်တို့သည် အန္တရာယ်ကင်းရာအကွာ အဝေးမှ ကြည့်ခဲ့ကြသည်။
- A reward was offered for the animal's safe return. တိရစ္ဆာန်ကို ဘေးမသီရန်မခပြန်ပို့ပေးပါက ဆုငွေပေးမည်ဟု ကမ်းလှမ်းခဲ့သည်။
- The documents are in the safe keeping of our lawyers. စာရွက်စာတမ်းများကို ကျွန်တော်တို့၏ ရှေ့နေများက လုံခြုံစွာသိမ်းထားကြသည်။
- The missing child was found safe and well/safe and sound. ပျောက်နေသည့်ကလေးကို ဘေးမသီရန်မခဘဲပြန်တွေ့သည်။
- It's safe to assume that there will always be a demand for new software. ဆော့ဝဲအသစ်များအတွက် ဈေးကွက်အမြဲရှိနေမည်ဟု ယူဆလျှင် မှားမည်မထင်ပါ။
- It's a safe bet that the problem will get worse. ထိုပြဿနာသည် ကြီးထွားဆိုးဝါးလာမည်ဟု သေချာပေါက် ပြောနိုင်သည်။
- We can safely say/assume that he will accept the job. သူသည်ထိုအလုပ်ကို လက်ခံလိမ့်မည်ဟု ကျွန်တော်တို့ ပြောနိုင်ပါသည်။
- He was kept in custody for his own safety. သူ့လုံခြုံရေးအတွက် သူ့ကိုထိန်းထားခြင်းဖြစ်သည်။
- The committee tries to improve road safety. ကော်မတီသည် လမ်းအန္တရာယ်ကင်းရှင်းနိုင်ရေးအတွက် ကြိုးပမ်းသည်။
- The airline has an excellent safety record. ထိုလေကြောင်းလိုင်းသည် ဘေးအန္တရာယ်အကင်းဆုံး လေကြောင်းလိုင်းအဖြစ် စံချိန်တင်ထားသည်။
- She nodded sagely. သူသည် အမြော်အမြင်ကြီးစွာဖြင့် သဘောတူလိုက်သည်။
- Don't get married just for the sake of it. အိမ်ထောင်ပြုရန်သက်သက်အတွက် အိမ်ထောင်မပြုပါနှင့်။
- Let's suppose, for the sake of argument (= in order to have a discussion), that interest rates went up by 2%. (စတင်ဆွေးနွေးနိုင်ဖို့အတွက်) အတိုးနှုန်းမှာ ၂ ရာခိုင်နှုန်းတက်ခဲ့သည်ဟု ဆိုကြပါစို့။
- She's on a salary of K 15,000. သူ လစာ တစ်သောင်းခွဲရတယ်။
- I haven't made a sale all week. တစ်ပတ်လုံး ဈေးဦး မပေါက်သေးဘူး။
- The new model goes on sale next month. မိုဒယ်သစ်ကို ရှေ့လမှာ ဈေးကွက်တင်ရောင်းမယ်။
- They've put their house up for sale. သူတို့ အိမ်ကိုရောင်းဖို့ ကြေညာထားတယ်။
- He often buys goods at/in the sales. သူက လျှော့ဈေးနဲ့ ရောင်းတဲ့ပစ္စည်းတွေကို ဝယ်လေ့ရှိတယ်။
- The reporter noted down the salient points of the speech. သတင်းထောက်သည် မိန့်ခွန်မှ အရေးပါသည့် အချက်များကို ရေးမှတ်သည်။
- They all raised their glasses in salute. ဂုဏ်ပြုသည့်အနေဖြင့် သူတို့အားလုံးဖန်ခွက်များကို မြှောက်ကြသည်။
- This one works in exactly the same way as the other. ဒီတစ်ခုအလုပ်လုပ်ပုံက နောက်တစ်ခုနှင့် တစ်ပုံစံတည်းတူတယ်။
- They both said much the same thing. သူတို့နှစ်ဦးပြောကြတဲ့အရာက အတူတူလိုပါပဲ။
- We treat boys exactly the same as girls. ကျွန်ုပ်တို့သည် ယောက်ျားကလေး၊ မိန်းကလေး မခွဲခြားဘဲ အတူတူ ဆက်ဆံပါသည်။
- The company offers a free sample of shampoo. ကုမ္ပဏီက ခေါင်းလျှော်ရည် နမူနာများ လက်ဆောင်ပေးသည်။
- He tends to take sanguine view of problems involved. သူသည်ပေါ်လာသည့် ပြဿနာအရပ်ရပ်ကို အပြုသဘောဖြင့် ရှုမြင်တတ်သည်။
- The company is trying to improve customer satisfaction. ထိုကုမ္ပဏီသည် မိမိ၏ ဖောက်သည်များ ကျေနပ်မှုရှိအောင် ကြိုးစားလျက်ရှိသည်။
- There was saturation coverage (= so much that it was impossible to avoid it or add to it) of the event by the media. ထိုဖြစ်ရပ်နှင့်ပတ်သက်၍ မီဒီယာများက အပြည့်အစုံ ဖော်ပြကြသည်။
- For two days there was saturation bombing of the city (the whole city). ထိုမြို့တစ်မြို့လုံးကို နှစ်ရက်ကြာမျှ ဗုံးကြဲတိုက်ခိုက်သည်။
- He was savaged to death by a bear. ဝက်ဝံကသူ့ကို ရက်စက်စွာ ကိုက်သတ်လိုက်သည်။
- You saved my life ( = helped me a lot). ခင်ဗျား ကျွန်တော့်ကို အတော်များများ ကူညီလိုက်တာပါပဲဗျာ။
- Having said that (= despite what I have just said), I agree with your other point. ကျွန်တော်ဒီလိုပြောလိုက်ပေမယ့်လည်း ခင်ဗျားရဲ့တခြားအချက်တစ်ချက်ကိုတော့ သဘောတူပါတယ်။
- I said to myself (= thought), “That can’၊ be right!' ထိုဟာမမှန်နိုင်ဘူ.ဟု ကျွန်တော်စဉ်းစားမိသည်။
- Mary thinks I'm lazy — what do you say (= what is your opinion)? မေရီကတော့ ကျွန်တော့်ကို ပျင်းတယ်တဲ့။ ခင်ဗျားရော ဘယ်လိုသဘောရသလဲ။
- It's hard to say what caused the accident? ဘာ့ကြောင့်မတော်တဆမှုဖြစ်တယ်ဆိုတာ ပြောရခက်တယ်။
- “When will it be finished?? “ဘယ်တော့ပြီးမှာလဲ။” 'I couldn't say (= I don't know).' ‘ကျွန်တော်မသိဘူး။”
- Of couse, I'll help you. That goes without saying. ကျွန်တော်ခင်ဗျားကို ကူညီမှာပါ။ အသေအချာပါ။ (ပြောနေစရာ မလိုပါဘူ.)။
- 'More haste, less speed,' as the saying goes. အမြန်လိုအနှေးဖြစ် ဟူသော ဆိုရိုးစကားရှိသည်။
- In that country, there was violence on a grand scale, ထိုနိုင်ငံတွင် အကြမ်းဖက်မှုများ ကြီးမားသည်။
- It was impossible to comprehend the full scale ofthe disaster. ကပ်ဘေးအန္တ ရာယ်အကြောင်း အပြည့်အစုံသဘောပေါက် နားလည်ရန် မဖြစ်နိုင်ပါ။
- He has scaled the heights of his profession. သူ့အလုပ်မှာ သူ ထိပ်တန်းရောက်ခဲ့တယ်။
- I paid scant attention to what she was saying. သူပြောသည်ကို ကျွန်တော် သိပ်ပြီး အလေးမထားမိခဲ့ပါ။
- He behaved with scant regard/respect for my feelings. ကျွန်တော့် ခံစားချက်ကို သူ အလေးမထားခဲ့ပါ။
- You gave me a scare! (မင်းလုပ်တာ) လန့်သွားတာပဲ။
- I was scared to death (= very frightened). ငါ အတော်ကြောက်သွားတယ်။
- The thought of my exams next week scares me stiff (= makes me feel extremely frightened). ရှေ့အပတ်ဖြေရမယ့် စာမေးပွဲအကြောင်း တွေးမိရ ကျွန်တော် တကယ်ကြောက်တယ်။
- Let me suggest a possible scenario. ဖြစ်လာနိုင်ခြေကို ကျွန်တော်ပြောပါရစေ။
- The worst-case scenario ( = the worst possible thing that could happen) would be for the factory to be closed down. အဆိုးဝါးဆုံးဖြစ်နိုင်ခြေက စက်ရုံပိတ်လိုက်ရရုံထက်မပိုပါဘူး။'
- Fire-fighters were on the scene immediately. မီးသတ်သမားများသည် မီးလောင်ရာသို့ ချက်ချင်း ရောက်လာသည်။
- They went abroad for a change of scene (= to see and experience new surroundings). အသစ်အဆန်းများကို တွေ့မြင်ခံစားရန် သူတို့ပြည်ပသို့ သွားကြသည်။
- He grew a beard to put/throw reporters off the scent ( = to stop them following him). သူသည် သတင်းထောက်များ နောက်ယောင်ခံ မလိုက်နိုင်ရန် မုတ်ဆိတ်မွေးထားလိုက်သည်။
- The project was implemented ahead of/on/behind schedule. စီမံကိန်းကို သတ်မှတ်ချိန်ထက်စောစီးစွာ/သတ်မှတ်ချိန်အမီ/ သတ်မှတ်ချိန်ထက်နောက်ကျ၍ အကောင်အထည် ဖော်နိုင်ခဲ့သည်။
- We are working to a tight schedule ( = we have a lot of things to do in a short time). အချိန်ကနည်းပြီး အလုပ်တွေက များနေတယ်။
- Ben Ben wins a scholarship to study at the university. တက္ကသိုလ်တွင် ပညာသင်ရန် Ben Ben ပညာသင်ဆု ရသည်။
- He went to drama school on a scholarship. သူသည် ပညာသင်ဆုဖြင့် ပန်တျာကျောင်းတက်သည်။
- He left school when he was sixteen. သူသည် အသက် ၁၆ နှစ်တွင် ကျောင်းမှထွက်လိုက်သည်။
- He took a very scientific approach to management. သူသည်စီမံခန့်ခွဲရေးပိုင်းကို သိပ္ပံနည်းကျကျ ချဉ်းကပ်သည်။
- Her job offers very little scope for promotion. သူ့ရဲ့အလုပ်က ရာထူးတက်ဖို့ အခွင့်အရေးနည်းတယ်။
- First try to do something which is within your scope. မိမိနိုင်တဲ့အပိုင်းကို ဦးစွာကြိုးစားပါ။
- This subject liesbeyond the scope of our investigation. ဒီကိစ္စက ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုထက် နက်နဲတယ်။
- The final score was 4+3. တစ်ဘက်နဲ့ တစ်ဘက် ၄-၃ နဲ့ ပွဲပြီးသွားတယ်။
- You don't need to lie to me. I know the score. ငါ့ကို မဟုတ်တာပြောမနေနဲ့။ ငါ အားလုံးသိတယ်။
- Her fellow employees greeted her proposal with scorn. သူ့ရဲ့ အဆိုပြုချက်ကို သူ့လုပ်ဖော်ကိုင်ဖက်များက မနှစ်သက်ကြပါ။
- He scrambled to his feet as we came in. ကျွန်တော်တို့ ဝင်လာသည်နှင့် သူ ကပျာကယာ ထလိုက်သည်။
- He escaped without a scratch (= was not hurt at all). သူသည် ဘေးအန္တရာယ်မရှိဘဲ လွတ်မြောက်ခဲ့သည်။
- The carscreeched to a halt outside the hospital. ကားသည် ဆေးရုံ၏အပြင်ဘက်တွင် ရုတ်တရက်ထိုး ရပ်လိုက်သည်။
- She is a star of stage and screen (= plays a films/movies). သူဟာ သဘင်ပညာသည် ဖြစ်သလိုရုပ်ရှင်သရုပ်ဆောင်လည်း ဖြစ်တယ်။
- They scrimped and saved to give the children a good education. သားသမီးများ၏ ပညာရေးအတွက်သူတို့သည် ခြိုးခြံချွေတာခဲ့ကြရသည်။
- He has no scruples about buying stolen goods. သူက ခိုးရာပါပစ္စည်းဝယ်ရမှာကို လက်မတွန့်ဘူး၊ မကြောက်ဘူး။
- She is totally without scruple.သူဟာ ကိုယ်ကျင့်တရားလုံးဝကင်းမဲ့ တယ်။
- Education policy has come under close scrutiny recently. ပညာရေးမူဝါဒကို မကြာမီက စေ့စေ့စပ်စပ် စိစစ်ခဲ့တယ်။
- Scuffles broke out between the opposing teams. ပြိုင်ဘက်အသင်းနှစ်သင်းတို့ ထိုးကြကြိတ်ကြတယ်။
- Drug dealers are the scum of the earth ( = as the worse people there are). မူးယစ်ဆေးဝါးရောင်းဝယ်သူများသည် လူဆိုးလူယုတ်များ ဖြစ်သည်။
- The rain sent everyone scurrying for shelter. မိုးရွာလာသဖြင့် လူများ အပြေးအလွှား မိုးဝင်ခိုကြသည်။
- I'm all at sea with these new regulations. ဒီစည်းမျဉ်းသစ်တွေကို ကျွန်တော် နားမလည်နိုင်ဘူး။
- The tanker was foundering in heavy/rough/ mountainous seas. ပြင်းထန်သော ပင်လယ်ရေလှိုင်းတွင် ရေနံတင်သင်္ဘောအတွင်း ရေဝင်ကာနစ်မြုပ်စပြုသည်။
- The project has been given the government's seal of approval (= has been officially approved). အစိုးရက စီမံကိန်းကို အတည်ပြုလိုက်ပြီ။
- The discovery of new evidence sealed his fate (nothing could prevent what was going to happen to him). သက်သေအထောက်အထားအသစ်ကို ဖော်ထုတ်နိုင်သဖြင့် ဘဝရှေ့ရေးဘယ်လိုဖြစ်မယ်ဆိုတာ သေချာသွားပြီ။
- He went into the kitchen in search of (= looking for ) a drink. သောက်စရာတစ်ခုခု ရှာရန် သူမီးဖိုချောင်ထဲဝင်သွားသည်။
- The search is on ( = has begun ) for someone to fill the post. ထိုရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားရန် လူ ရှာနေသည်။
- I've searched high and low for those files but I can't find them anywhere. ထိုဖိုင်များကို နေရာအနှံ့ရှာသော်လည်း ဘယ်မှာမှ ရှာ မတွေ့ပါ။
- Strawberries are now in season (= available in large quantities). စထရော်ဘယ်ရီသီးများ လှိုင်လှိုင်ပေါ်နေပြီ။
- Fruit is more expensive/Hotels are cheaper out of season. သူ ရာသီမဟုတ်လျှင် သစ်သီးများဈေးကြီးသည်/ဟိုတယ် များတွင် ဈေးသက်သာသည်။
- The hotels are always full during the peak season (= when most people are on holiday). ရက်ရှည်အလုပ်ပိတ်ရက်ရာသီတွင် ဟိုတယ်များအမြဲလူပြည့်နေသည်။
- Please take a seat ( = sit down ). ထိုင်ပါ။
- As a swimmer she is second to none ( = nobody is a better swimmer than she is ). ရေကူးတွင် သူ့ကို ယှဉ်နိုင်သူမရှိပါ။
- The whole affair is still shrouded in secrecy. ဖြစ်ရပ်တစ်ခုလုံးမှာ လူမသိရဘဲလျှို့ဝှက်ချက်ဖြစ်နေသည်။
- He tried to keep it secret from his family. သူသည်ထိုကိစ္စကို သူ့မိသားစုမသိအောင် ဖုံးကွယ်ထားသည်။
- Can you keep a secret? ခင်ဗျား လျှို့ဝှက်ချက်တစ်ခုကို မပြောဘဲနေနိုင်သလား။
- He made no secret of his dislike for me ( = made it very clear ) .သူသည်ကျွန်တော့်အား မနှစ်သက်ပုံကို ထင်ရှားစွာပြသည်။
- Shall we let him in on (= tell him) the secret? သူ့ကို လျှို့ဝှက်ချက် အသိပေးရမလား။
- At last they were able to feel secure about the future. နောက်ဆုံးတွင် သူတို့သည်နောင်ရေးအတွက် စိတ်အေးသွားကြသည်။
- Job security (= the guarantee that you will keep your job) is rare among private businesses. ကိုယ်ပိုင်လုပ်ငန်းများတွင် အလုပ်တစ်ခုတည်မြဲရေးမှာ မရေရာပါ။
- His home and business are being held as security for the loan. ချေးငွေအတွက် သူ့အိမ်နှင့်လုပ်ငန်းကို အာမခံထားရသည်။
- The VIP visit took place amidst tight security ( = the use of many police ). အရေးကြီးပုဂ္ဂိုလ်၏ အလည်အပတ်ခရီးစဉ်အတွင်း လုံခြုံရေးကို တင်းကျပ်ထားသည်။
- Did you grow these vegetables from seed (= rather than from small plants)? ဒီဟင်းသီးဟင်းရွက်ပင်တွေကို အစေ့က နေစိုက်တာလား။
- The opera was the place to see and be seen ( = by other important or fashionable people ). အော်ပရာဇာတ်ပွဲသည် လူကုံထံများအတွက် အခြားသူများကို ကြည့်စရာနှင့် မိမိတို့ကိုယ်ကို ပြစရာနေရာဖြစ်သည်။
- Are you seeing anyone (having a romantic relationship with anyone)? မင်းတစ်ယောက်ယောက်နဲ့ ချစ်ကြိုက်နေသလား။
- They've been seeing a lot of each other (= spending a lot of time together) recently. မကြာမီက သူတို့သိပ်ပြီးတွဲကြတယ်။
- I don't think she saw the point of the story. ဇာတ်လမ်းအဖြစ်အပျက်ကို သူသဘောမပေါက်ဘူးလို့ ကျွန်တော်ထင်တယ်။
- Make Mu Mu see reason (= be sensible), will you? မူမူကို သဘောပေါက်အောင်လုပ်စမ်းပါ။
- Can't you see (that) he's taking advantage of you? ခင်ဗျားအပေါ်မှာအခွင့်ကောင်းယူနေတာ ခင်ဗျားသဘောမပေါက်ဘူးလား။
- I don't see that it matters what Taw Taw thinks. သော်သော် ဘာပဲထင်ထင်၊ အရေးမကြီးဘူးလို့ ကျွန်တော် ထင်တယ်။
- Can we go swimming?''I don't see why not (= yes, you can )." “ကျွန်တော်တို့ ရေကူးသွားချင်လို့ရနိုင်မလား” “သွားလေ”။
- Lack of money is the main problem,as I see it (in my opinion). ကျွန်တော့်အမြင်တော့ 'ငွေမရှိတာက အဓိကပြဿနာပဲ။
- 'Is he going to get better?' 'I don't know, we'll just have towait and see.' “သူ့သက်သာပါ့မလား” “မပြောနိုင်ဘူး၊ စောင့်ကြည့်ရုံပဲရှိတယ်”။
- We'll have tosee how it goes. ဘယ်လိုဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပဲ။
- 'Can I go to the party?' 'We'll see (= I'll decide later).' “ကျွန်တော်ပါတီပွဲသွားလို့ရနိုင်မလား” “နောက်မှပြောမယ်”
- I'll see what I can do to help. ကျွန်တော်ဘယ်လိုများ ကူညီနိုင်မလဲ ကြည့်ဦးမယ်။
- It didn't surprise her — she had seen it all before. ဒါမျိုးကြုံဖူးတော့ သူ့အတွက်အထူးအဆန်း မဖြစ်ဖူးပေါ့။
- May I see you home (= go with you as far as your house)? ကျွန်တော်ခင်ဗျားကို အိမ်လိုက်ပို့ပေးမယ်။
- My secretary will see you out (= show you the way out of the building.) ကျွန်တော့်စာရေးမက ခင်ဗျားကို အပြင်လိုက်ပို့ပေးပါ လိမ့်မယ်။
- This planted the seeds of doubt in my mind. ဒီဟာကျွန်တော့်ကို သံသယ ပွားစေတယ်။
- 'He'll be there, then? So it seems ( = people say so ). “ဒါဆိုရင်သူအဲဒီမှာ ရှိမှာပဲ” 'ပြောကြတာပဲ'
- She seized hold of my hand. သူက ကျွန်ုပ်၏လက်ကို ဖမ်းဆွဲသည်။
- He was seized by curiosity. သူသည် သိလိုသည့်စိတ် ပြင်းပြသွားသည်။
- Only a select few ( = a small number of people) have been invited to the wedding. မင်္ဂလာပွဲကို လူရွေးပြီး ဖိတ်ထားတာ။
- You'll soon be feeling your old self again { = feeling well or happy again). ခင်ဗျား ပြန်နေကောင်းသွားမှာပါ။
- He's not his usual happy self this morning. ဒီမနက် သူခါတိုင်းလို ရွှင်ရွှင်ပျပျ မရှိဘူး။
- The man later told police that he was acting in self-defence. ထိုသူက သူ့ကိုယ်သူ ခုခံ ကာကွယ်ခြင်းဖြစ်ကြောင်း ရဲကို နောက်မှပြောပြသည်။
- He was proud of the fact that he was a self- made man. ကိုယ့်ထူးကိုယ်ချွန်သမားတစ်ယောက်အဖြစ် သူ့ကိုယ်သူဂုဏ်ယူသည်။
- He sent me word to come. သူက ကျွန်တော့်အား `လာခဲ့ဖို့ မှာလိုက်သည်။
- She sent word (that) she could not come. မိန်းကလေးက မလာနိုင်ကြောင်း အကြောင်းကြားသည်။
- The punch sent him flying (= knocked him over). လက်သီးချက်ကြောင့် သူလဲကျသွားသည်။
- I think she's going senile. အသက်ကြီးလာလို့ သူ မေ့တတ်ပြီလို့ ကျွန်တော်ထင်တယ်။
- News of his arrest caused a sensation. သူကို ဖမ်းဆီးလိုက်သည့် သတင်းကြောင့် လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။
- I had the sense that he was worried about something. သူတစ်ခုခုကို စိုးရိမ်နေတယ်လို့ ကျွန်တော် ထင်မိတယ်။
- One of the most important things in a partner is a sense of humour (= the ability to find things funny or make people laugh). အဖော်တစ်ဦးအတွက် အရေးကြီးသည့် အချက် တစ်ချက်မှာ ဟာသဉာဏ်ရှိရန် ဖြစ်သည်။
- Can't you talk sense ( = say something sensible)? စဉ်းစဉ်းစားစား အဓိပ္ပာယ်ရှိရှိပြောစမ်းပါ။
- Are you out of your senses ? You'll be killed! ခင်ဗျား စိတ်မှကောင်းရဲ့လား။ သေသွားနိုင်တယ်။
- He waited for Nu Nu to come to her senses and return. နုနု အမှန်သဘောပေါက်ပြီး ပြန်လာမည်ကို သူစောင့်စားခဲ့သည်။
- He is a true friend, in every sense of the word { = in every possible way ). ဘယ်လိုပဲကြည့်ကြည့် သူဟာမိတ်ဆွေစစ် တစ်ယောက်ပါ။
- She must have taken leave of her senses. သူ စိတ်မမှန်တော့ဘူးနဲ့တူတယ်။
- In some senses (= in one or more ways) it doesn't matter any more. တစ်နည်းပြောရရင်လည်း ဒါကအရေးမကြီးတော့ပါဘူး။
- In some senses (= in one or more ways) the criticisms were justified. တစ်နည်းပြောမယ်ဆိုရင်လည်း အပြစ်တင်တာနည်းလမ်းကျတယ်။
- The judgepassed a sentence (= said what the punishment would be ). တရားသူကြီးက စီရင်ချက်ချလိုက်သည်။
- The prisoner has served ( = completed ) his sentence and will be released tomorrow. အကျဉ်းသားသည် ထောင်ဒဏ်စေ့ပြီဖြစ်၍ မနက်ဖြန် လွတ်မည်။
- The ring wasn't worth very much but it had great sentimental value. ထိုလက်စွပ်သည်ငွေကြေးအားဖြင့် တန်ဖိုးမများသော်လည်း တွယ်တာစရာပစ္စည်းဖြစ်သည်။
- He described the sequence of events leading up to the robbery. သူသည်ဓားပြမှုမဖြစ်မီ ဖြစ်ပျက်ပုံ အဆင့်ဆင့်ကို ပြောပြသည်။
- Number the pages in sequence . စာမျက်နှာများကို အစီအစဉ်အတိုင်း နံပါတ်ရေးထိုးပါ။
- The pages are out of sequence. စာမျက်နှာများ ရှေ့နောက်အစီအစဉ်မကျပါ။
- I'm deadly ( = extremely ) serious. ကျွန်တော်တကယ့်ကို အတည်ပြောနေတာပါ။
- These experiments serveno useful purpose. ဒီစမ်းသပ်ချက်များက ဘယ်လိုမှ အသုံးမတည့်ပါဘူး။
- How can we bestserve the needsof future generations? အနာဂတ်မျိုးဆက်သစ်များရဲ့ လိုအပ်ချက်တွေကို ကျွန်တော်တို့ ဘယ်လိုများ အကောင်းဆုံး ဖြည့်ဆည်းပေးကြမလဲ။
- We need to serve the interests of the country and the people. ကျွန်တော်တို့နိုင်ငံနဲ့လူမျိုးရဲ့ အကျိုးကို သယ်ပိုးရွက်ဆောင်ဖို့ လိုတယ်။
- He has served time(= been to prison ) before. သူ ထောင်ကျဖူးတယ်။
- Our main concern is to provide quality customer service. ဖောက်သည်ကို အကောင်းဆုံးဝန်ဆောင်မှုပေးရန်မှာ ကျွန်တော်တို့ အဓိကအလေးထားသည့်အရာပါ။
- We offer excellent after sales service on all our goods. ကျွန်တော်တို့ဆီက ဝယ်ယူသွားတဲ့ပစ္စည်းများအတွက် လိုအပ်တာတွေ အကောင်းဆုံး ဆောင်ရွက်ပေးပါတယ်။
- The committee met in closed session (= with nobody else present). ကော်မတီသည် သီးသန့်အစည်းအဝေး ကျင်းပသည်။
- This couldset a new fashion.ဒါက ဖက်ရှင်သစ်တစ်ခု ဖြစ်လာနိုင်တယ်။
- They set high standards of customer service. သူတို့ကဖောက်သည်တွေကို ဝန်ဆောင်မှုပေးရာမှာ ထိပ်ကပဲ။
- She set a new world record for the high jump. မိန်းကလေးသည် အမြင့်ခုန်တွင် ကမ္ဘာ့စံချိန်သစ် တင်လိုက်သည်။
- I rely on you to set a good example. ခင်ဗျား စံနမူနာပြနိုင်မယ်လို့ ကျွန်တော်ယုံပါတယ်။
- The team suffered a major setback when their best player was injured. အကောင်းဆုံးတစ်ယောက် ဒဏ်ရာရသွားသဖြင့် အသင်းမှာ ကြီးစွာ ထိခိုက်နစ်နာရသည်။
- It's time you settled your differences with your boss. မင်းရဲ့လူကြီးနဲ့ မကျေမလည်ဖြစ်နေတာတွေ ရှင်းပစ်ဖို့ အချိန်တန်ပြီ။
- The company has agreed to settle out of court (= come to an agreement without going to court ). ကုမ္ပဏီက တရားရုံးမရောက်ဘဲ ကိုယ့်နည်းနဲ့ကိုယ်ဖြေရှင်းဖို့ သဘောတူလိုက်တယ်။
- It's all settled - we're leaving on the nine o'clock plane. အားလုံးစီစဉ်ပြီးပြီ၊ ၉ နာရီလေယာဉ်နဲ့ ကျွန်တော်တို့ သွားကြမယ်။
- The employer and employees reached a settlement over a compromise. အလုပ်ရှင်နှင့် အလုပ်သမားများသည် အပေးအယူတစ်ခု ပြုလုပ်ရန် သဘောတူကြသည်။
- The temperature can reach 40° C in the shade. အရိပ်ထဲတွင် အပူချိန်သည် ၄၀ ဒီဂရီ စင်တီဂရိတ်ရှိ နိုင်သည်။
- The ship's sail cast a shadow on the water. သင်္ဘော၏ရွက်က ရေပြင်တွင် အရိပ်ထိုးသည်။
- He didn't want to cast a shadow on ( = spoil) their happiness. သူသည် သူတို့၏ ပျော်ရွှင်မှုကို ဖျက်ဆီးလိုခြင်းမရှိပါ။
- She knew beyond a shadow of a doubt (= with no doubt at all ) that he was lying. သူလိမ်နေသည်ကို မိန်းကလေးက ရှင်းရှင်းလင်းလင်း သိသည်။
- I always get the shakes before exams. စာမေးပွဲဖြေတော့မယ်ဆိုလျှင် ကျွန်တော်အမြဲ တုန်လှုပ်တယ်။
- What a shame they couldn't come. သူတို့ မလာနိုင်ကြဘူးနော်။
- Candles come in all shapes and sizes. ဖယောင်းတိုင်များသည် ပုံစံအရွယ်အစားအမျိုးမျိုးလာသည်။
- He heard a sharp intake of breath. သူသည် အသက်ရှူလိုက်သည့်အသံကို ကြားသည်။
- San San has a sharp tongue ( = she often speaks in a harsh or unkind way). စန်းစန်းက မညှာမတာပြောတတ်တယ်။
- Have you changed the sheets ( = put sheets on the bed)? အိပ်ရာခင်းတွေ လဲပြီးပြီလား။
- There are two restaurants on board the ship. သင်္ဘောပေါ်တွင် စားသောက်ဆိုင်နှစ်ဆိုင်ပါသည်။
- The sound of his voice sent shivers down her spine. သူ့အသံကို ကြားသဖြင့် မိန်းကလေးကျောချမ်းသွားသည်။
- She's in good shape ( = fit ) after months of training. လအတန်ကြာ လေ့ကျင့်ပြီးနောက် မိန်းကလေး ကျန်းမာကြံ့ခိုင်လာသည်။
- Her courage is a shining example to us all. မိန်းကလေး၏ သတ္တိမှာ ကျွန်ုပ်တို့ အတုယူလောက်ပါသည်။
- The news of his death came as a shock to us all. သူကွယ်လွန်ကြောင်းသိရသဖြင့် ကျွန်ုပ်တို့အားလုံး တုန်လှုပ်သွားရသည်။
- If you think the job will be easy, you're in for a shock. အဲဒီအလုပ်ကိုလွယ်မယ်ထင်ရင် ခင်ဗျား မောရလိမ့်မယ်။
- I was shocked to hear that he had resigned. သူအလုပ်ကထွက်သွားတယ်လို့ ကြားရတဲ့အခါ ကျွန်တော် အံ့ဩမိတယ်။
- The guards were ordered to shoot on sight anyone trying to escape (= to shoot them as soon as they saw them ). ထွက်ပြေးရန် ကြိုးစားသူမှန်သမျှကို တွေ့သည့်နေရာတွင် ပစ်ရန် အစောင့်များကို အမိန့်ပေးထားသည်။
- Three people were shot deadduring the robbery. ဓားပြတိုက်မှုအတွင်း လူသုံးဦး သေနတ်ထိမှန်သေဆုံးသည်။
- I'm going to do the /my stopping this afternoon. ဒီနေ့ နေ့လယ် ကျွန်တော် ဈေးဝယ်ထွက်မယ်။
- Life's too shortto sit around moping. ဘဝတွင် မှိုင်တွေနေဖို့ အချိန်မရှိပါ။
- They have run short of (= used most of their supply of ) fuel. သူတို့တွင် လောင်စာ(ဓာတ်ဆီ၊ဒီဇယ်ဆီစသည်) နည်းနေပြီ။
- I took a shortcut across the field to get to school. ကျွန်တော်သည် ကွင်းပြင်ကို ဖြတ်သည့် ဖြတ်လမ်းမှ ကျောင်းသို့သွားသည်။
- Just give it your best shot (= try as hard as you can ) and you'll be fine. အစွမ်းကုန်သာ ကြိုးစားလုပ်ပါ၊ ခင်ဗျားအဆင်ပြေလိမ့်မယ်။
- I should wait a little longer, if I were you. ကျွန်တော်သာခင်ဗျားဆိုရင် နည်းနည်းဆက်ပြီး စောင့်မှာပဲ။
- ‘I know it’s expensive but it will last for years.' "ဒီပစ္စည်း ဈေးကြီးတာမှန်တယ်၊ ဒါပေမဲ့ နှစ်ကြာကြာ ခံမယ်” 'I should hope so too.' “ကျွန်တော်လည်း အဲဒီလိုပဲထင်တယ်”
- He shouldered his way through the crowd and went after her. သူသည် လူအုပ်အတွင်းမှ တိုးဝင်ကာ မိန်းကလေးနောက်သို့ လိုက်သည်။
- When I asked him where his younger brother was he shrugged his shoulders. ကျွန်တော်က သူ့ညီဘယ်သွားလဲမေးရာ သူကပခုံးတွန့်ကာမသိကြောင်းပြသည်။
- The crowd was pushing and shoving. လူအုပ်ကြီး တိုးဝှေ့နေသည်။
- She's the star of the show! ဒီပွဲမှာ သူ့ကို လူကြိုက်များတယ်။
- She pretends to be interested in opera, but it's only for show.အော်ပရာဇာတ်ကို သူစိတ်ဝင်စားတယ်လို့ ဟန်ဆောင်တာ ပြရုပ်သက်သက်ပါ။
- The demand for steel is showing signs of slowing down. သံမဏိဝယ်လိုအား ကျဆင်းတဲ့ အရိပ်လက္ခဏာပြနေတယ်။
- His jacket was torn/ripped to shreds by the barbed wire. သူ့ရဲ့အပေါ်ဖုံးအင်္ကျီ သံဆူးကြိုးနဲ့ ငြိပြီး စုတ်ပြဲသွားတယ်။
- There is not a shred of evidence to support his claim. သူ့စကားကို ထောက်ခံမယ့် သက်သေသာဓက နည်းနည်းမှ မရှိဘူး
- His family background is shrouded in mystery. သူ့မိသားစုရဲ့ နောက်ကြောင်းကိုသိရခက်တယ်။
- I shudder to think how much this is all going to cost ( = I don't want to think about it because it is too unpleasant). ဒီဟာအားလုံး ငွေဘယ်လောက် ကုန်ကျမလဲ ကျွန်တော် မတွေးရဲဘူး။
- If you eat any more cake you'll make yourself sick. ခင်ဗျားကိတ်မုန့်တွေ ထပ်စားရင် နေမကောင်းဖြစ်လိမ့်မယ်။
- The city was under siege for eight months. ထိုမြို့မှာ ရှစ်လကြာ ဝိုင်းရံပိတ်ဆို့ခံခဲ့ရသည်။
- The rain shows no/little sign of stopping. မိုးက တိတ်မည့် အရိပ်အယောင် မပြပါ။
- All the signs are that things will get better. အားလုံးခြုံကြည့်ရတာ အခြေအနေကောင်းလာမှာပါ။
- In the library silence reigned ( = it was totally silent).စာကြည့်တိုက်အတွင်း လုံးဝငြိမ်သက်နေသည်။
- They listened to him in silence. သူတို့သည် သူပြောသည်ကို တိတ်ဆိတ်စွာနားထောင်သည်။
- The teacher's stern look reduced him to silence. ဆရာ၏ စူးရှခက်ထန်သော အကြည့်က သူ့အားဆွံ့အ သွားစေသည်။
- They tried to buy his silence (= pay him not to reveal a secret). သူတို့သည် ငွေနှင့်လာဘ်ထိုးပြီး သူ့အား နှုတ်ပိတ်ရန် ကြိုးစားသည်။
- There were several questions to ask but I kept/remained silent. မေးစရာမေးခွန်း အချို့ ရှိသော်လည်း ကျွန်တော် ဆိတ်ဆိတ်နေလိုက်သည်။
- I'm sick and tired of your moaning. မင်းညည်းညူနေတာ ငါ စိတ်ကုန်လာပြီ။
- There is a large window on either side of the front door. ရှေ့တံခါးမကြီး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ကြီးမားသော ပြတင်းပေါက် တစ်ပေါက်စီရှိသည်။
- The ship is rolling from side to side. သင်္ဘောသည် ဘယ်ညာလူးနေသည်။
- After the murder the place was placed under a virtual state of siege (= it was hard to get in or out). လူသတ်မှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ရာတစ်ဝိုက်ကို ဝင်ထွက်ခွင့်မပြုဘဲ ပိတ်ဆို့ထားသည်။
- We breathed a sigh of relief when it was over. ကိစ္စပြီးသွားမှ ကျွန်တော်တို့ သက်ချနိုင်ကြသည်။
- Hecaught sight of a car in the distance. သူသည် အဝေးတွင် ကားတစ်စင်းကို လှမ်းမြင်လိုက်သည်။
- There was no one in sight.တစ်ဦးတစ်ယောက်ကိုမျှ အရိပ်အယောင်မတွေ့ခဲ့ရပါ။
- She fainted at the sight of blood. သွေးတွေ မြင်တဲ့အခါ သူ သတိလစ်သွားတယ်။
- The end is in siglit ( = will happen soon ). မကြာမီ အဆုံးသတ်တော့မည်။
- Keep out of sight (= stay where you cannot be seen). မမြင်အောင် ပုန်းနေ။
- She never lets her daughter out of her sight (= always keeps her where she can see her).သူသည် သူ့သမီးကို မျက်စိအောက်က အပျောက်မခံပါ။
- The house was hidden from sight hehind some trees. အိမ်သည် သစ်ပင်များဖြင့် ကွယ်နေ၍ မမြင်ရပါ။
- The museum attempts to recreatethe sights and sounds of wartime Britain. ထိုပြတိုက်သည် စစ်အတွင်းက ဗြိတိန်နိုင်ငံကြုံခဲ့ရသည့် မြင်ကွင်းများနှင့် အသံများကို သရုပ်ဖော်ထားသည်။
- He has the deer in his sights now. သူ့ချိန်ကွက်ပစ်ကွင်းအတွင်းသို့ သမင်ရောက်နေပေပြီ။
- It was love at first sight ( = we fell in love the first time we saw each other ). ကျွန်တော်တို့ မြင်မြင်ချင်းချစ်မိခဲ့ကြတယ်။
- Heput his signature to the petition. ပန်ကြားလွှာတွင် သူ လက်မှတ်ရေးထိုးသည်။
- The gloomy weather shows no sign of improving. မွန်မှိုင်းသောရာသီဥတုသည် ကောင်းလာမည့် လက္ခဏာ မရှိပါ။
- Her work is showing some signs of improvement. မိန်းကလေးရဲ့အလုပ်လုပ်ပုံ တိုးတက်သည့် လက္ခဏာ တွေ့နေရသည်။
- If an interview is too easy, it's a sure sign that you haven't got the job. အင်တာဗျူးက သိပ်လွယ်ရင် အလုပ်မရဖို့ သေချာသလောက်ပဲ။
- There was no sign of life in the house ( = there seemed to be nobody there). အိမ်အတွင်း၌ လူရိပ်လူခြည်မတွေ့ရပါ။
- They finished their mealin total silence. သူတို့သည် စကားစမြည်ပြောဆိုခြင်းမရှိ တိတ်ဆိတ်စွာ စားသောက်ပြီးသွားကြသည်။
- There is a conspiracy of silence about what is happening ( = everyone has agreed not to discuss it). ထိုကိစ္စကို ပြောဆိုဆွေးနွေးခြင်းမပြုရန် အားလုံးသဘောတူကြသည်။
- As the curtain rose, the audience fell silent. ကန့်လန့်ကာဖွင့်လိုက်သည်နှင့် ပရိသတ်ငြိမ်သက်သွားသည်။
- Her skin was as smooth as silk. မိန်းကလေး၏ အသားအရေမှာ ပိုးသားပမာနူးညံ့သည်။
- That was a silly thing to do! ဒါဟာ မိုက်မဲတဲ့ လုပ်ရပ်ပဲ။
- She bears a striking similarity to her mother. သူက သူ့မိခင်နဲ့ အတော်တူတယ်။
- Give the necessary information but keep it simple လိုအပ်တဲ့သတင်းအချက်အလက်ကို ရိုးရိုးရှင်းရှင်းပေးပါ။
- I had to do it for the simple reason that ( = because) I couldn't trust anyone else.အကြောင်းကတော့ ဘယ်သူ့ကိုမျှ ယုံလို့မရလို့ ကျွန်တော် အဲဒါကို လုပ်ရတာပါ။
- For the sake of simplicity, let's divide the discussion into two parts. လွယ်ကူရှင်းလင်းဖို့အတွက် ဆွေးနွေးပွဲကို နှစ်ပိုင်းခွဲကြစို့။
- Fame is often simply a matter of being in the right place at the right time. နာမည်ကြီးရတာ သင့်တော်တဲ့ အခြေအနေနဲ့ အချိန်အခါတို့ရဲ့ တိုက်ဆိုင်မှုမျှသာဖြစ်တယ်။
- He was more sinned against than sinning ( = although he did wrong, other people treated him even worse). သူ့ရဲ့ မှားယွင်းမှုနဲ့ ဒဏ်ခတ်ခံရတာက မမျှပါ။
- The original building has long since (= long before now) been demolished. မူလအဆောက်အဦကို ဖြိုချခဲ့သည်မှာ ကြာပေပြီ။
- We eat rice every single day! ကျွန်ုပ်တို့သည် ထမင်းကို နေ့စဉ် စားသုံးသည်။
- She sank back into her seat, exhausted. မိန်းကလေးသည် မောပန်းနွမ်းနယ်၍ ထိုင်ခုံတွင် ထိုင်ချ လိုက်သည်။
- The builders were on site early this morning. အလုပ်သမားများသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ယနေ့မနက် စောစော ရောက်ကြသည်။
- You could get into a situation where you have to decide immediately. ကိစ္စကိုချက်ချင်းဆုံးဖြတ်ရမယ့် အခြေအနေမျိုးနဲ့ ခင်ဗျားကြုံတွေ့နိုင်တယ်။
- The number of people who fail each year is now in single figures. တစ်နှစ်တစ်နှစ် မအောင်မြင်သူအရေအတွက်မှာ ယခုအခါ (တစ်ဆယ်ပင်မပြည့်) ခု ဂဏန်းသာရှိသည်။
- If you want a job you'd better read the Situations Vacant in the paper. ခင်ဗျားအလုပ်လိုချင်ရင် အလုပ်လစ်လပ်ခြင်းကြော်ငြာ ကဏ္ဍကို ဖတ်သင့်တယ်။
- They don't have shoes in my size. သူတို့မှာ ကျွန်တော်နဲ့ တော်တဲ့ ဖိနပ်မရှိဘူး။
- The glass can be cut to size ( = cut to the exact measurement) for you. မှန်ကို သင့်စိတ်ကြိုက် အရွယ်အစား ဖြတ်ယူနိုင်ပါသည်။
- He drew a sketch map of the area to show us the way. ကျွန်တော်တို့အား လမ်းညွှန်ရန် သူသည် ထိုနေရာ၏ မြေပုံအကြမ်းကို ရေးဆွဲပြသည်။
- I skirted around the field and crossed the bridge. ကျွန်တော်သည် လယ်ကွင်းကို ပတ်သွားပြီး တံတားကို ဖြတ်သည်။
- Cut the flower stems on the slant. ပန်းပွင့်ရဲ့အရိုးတံကို စောင်းပြီးဖြတ်ပါ။
- We had to slash our way through the undergrowth with sticks. ကျွန်တော်တို့သည် တုတ်များဖြင့် ခြုံနွယ်များကိုရှင်းကာ ဖြတ်သန်းသွားရသည်။
- I haven't got time to spend hoursslaving over a hot stove ( = doing a lot of cooking ). မီးဖိုချောင်မှာချက်ပြုတ်နေဖို့ ကျွန်တော့်မှာအချိန်မရှိပါ။
- We sometimes sleep late at/on the weekends( = until late in the morning). ကျွန်တော်တို့သည် စနေ၊ တနင်္ဂနွေရက်များတွင် နေမြင့်အောင် အိပ်တတ်ကြသည်။
- I need to get some sleep. ကျွန်တော် နည်းနည်းလောက် အိပ်မှဖြစ်မယ်။
- I didn't get much sleep last night. ကျွန်တော်ညက ကောင်းကောင်း မအိပ်ရဘူး။
- Go to sleep – it's late. ညဉ့်နက်နေပြီ၊ အိပ်တော့။
- He cried out in his sleep. သူသည် အိပ်နေရင်း ယောင်ပြီး အော်သည်။
- Anxiety can be caused by lack of sleep. အိပ်ရေးပျက်မှုကြောင့် ပူပင်သောက ပွားစေနိုင်သည်။
- His talks nearly sent me to sleep (= it was boring ). သူဟောပြောနေတာ ကျွန်တော့်အတွက် ငြီးငွေ့စရာ ကောင်းသည်။
- I'll feel better after a good night's sleep. တစ်ညကောင်းကောင်း အိပ်လိုက်ရင် ကျွန်တော်နေကောင်း သွားမှာပါ။
- I've had a few sleepless nights recently. အခုတလော ကျွန်တော် မအိပ်ရတာ လေးငါး ည ရှိပြီ။
- He accidentally sliced through his finger. သူ့လက် မတော်တဆ ရှုမိသည်။
- He got depressed and began to let things slide ( = failed to give things the attention they needed). သူသည်စိတ်ဓာတ်ကျပြီး ကိစ္စဝိစ္စတွေကို လွှတ်ထားသည်။
- Rival factions held talks to prevent a slide into civil war. ပြည်တွင်းစစ်မဖြစ်ပွားရေးအတွက် ပြိုင်ဘက်အုပ်စုနှစ်ခုဆွေးနွေးကြသည်။
- During the war the economy was on the slide ( = getting worse ). စစ်ကာလအတွင်း စီးပွားရေး ဆိုးရွားကျဆင်းလာသည်။
- There was not the slightest hint of trouble. အန္တရာယ်ရှိတဲ့အရိပ်အယောင် တစ်စုံတစ်ရာ မရှိပါဘူး။
- She felt slighted because she hadn't been invited. သူ့ကို မဖိတ်သဖြင့် သူ ခံပြင်းခဲ့ရသည်။
- The child slipped from his grasp and ran off. ကလေးသည် သူ့လက်မှလွတ်ကာ ထွက်ပြေးသည်။
- That's three times he's beaten me - I must be slipping!သူ ငါ့ကိုနိုင်တာ သုံးကြိမ်ရှိပြီ၊ ငါလက်ရည်ကျလာတာဖြစ်ရမယ်။
- He began to slip into debt. သူသည် အကြွေးများတင်လာသည်။
- The patient has slipped into a coma. လူနာ မြောသွားပြီ။
- The animal had slipped free and escaped. တိရစ္ဆာန်သည် လွတ်ကာ ထွက်ပြေးသွားသည်။
- The town is built on a slope. မြို့ကို တောင်စောင်းတွင် တည်ထားသည်။
- The bus slowed to a halt. ဘတ်စ်ကားသည် အရှိန်လျော့ပြီး ရပ်သွားသည်။
- You ought to take it slowly until you feel fully fit again. ကောင်းကောင်းနေကောင်းတဲ့အထိ ခင်ဗျား အေးအေးဆေးဆေးပဲနေပါ။
- It was no small achievement getting her to agree to the deal. အပေးအယူကိစ္စကို သူသဘောတူလာအောင် လုပ်နိုင်တာဟာ နည်းတဲ့အောင်မြင်မှုမဟုတ်ဘူး။
- He was a victim of a smear campaign. သူသည် သူများ သွားပုပ်လေလွင့် ပြောခံရသည်။
- Dogs have a very good sense of smell. ခွေးများသည် အနံ့ခံ ကောင်းကြသည်။
- I'm going to wipe that smile off your face .(= make you stop thinking this is funny). ငါ့ကိုသရော်တဲ့ မင်းရဲ့မျက်ခွက်ကို ပြင်အောင်လုပ်ပြမယ်။
- Before he broke the habit he smoked more than 20 cigarettes a day, a heavy smoker indeed. ဆေးလိပ်မဖြတ်ခင်က သူတစ်နေ့ အလိပ်နှစ်ဆယ်ကျော် သောက်တယ်။ တကယ့်ကိုဆေးလိပ် သိပ်သောက်တဲ့လူပဲ။
- The interview went smoothly. အင်တာဗျူး ချောချောမောမောပြီးသွားသည်။
- The procession snaked its way through narrow streets. လမ်းကျဉ်းများအတိုင်း ကွေ့ကောက်ကာ စီတန်း လှည့်လည်သည်။
- All this publicity has had a snowball effect on the sales of their latest album. ယခုကဲ့သို့ ကြော်ငြာလိုက်ခြင်းကြောင့် သူတို့နောက်ဆုံး သီချင်းတိပ်ခွေ/ဓာတ်ပြား အရောင်းထိုးတက်သည်။
- The child snuggled up to her mother. ကလေးသည် မိခင်အနား တိုးဝှေ့နေသည်။
- He snuggled down under the bedclothes. သူသည် အိပ်ရာထဲတွင် စောင်ခြုံမှိန်းသည်။
- Would you be so kind as to (= please) lock the door when you leave? ခင်ဗျားသွားရင် တံခါး သော့ခတ်ခဲ့ပါနော်။
- The article was just so much ( = nothing but) nonsense. ဆောင်းပါးက ပေါက်တတ်ကရတွေ ရေးထားတယ်။
- There are only so many ( = only a limited number of) hours in a day. တစ်နေ့တစ်နေ့ သိပ်ပြီးမကြာလိုက်ဘူး။
- 'Is he coming?' 'I hope so."“သူလာမှာလား” “လာမယ်လို့ မျှော်လင့်ရတာပဲ”
- 'Did they mind?' I don't think so." “သူတို့စိတ်အနှောင့်အယှက်ဖြစ်သွားသလား” “သူတို့ အဲဒီလိုဖြစ်မယ်လို့ ကျွန်တော် မထင်ဘူး"
- I might be away next week. If so, I won't be able to see you. ရှေ့သီတင်းပတ်ထဲမှာ ကျွန်တော်ရှိချင်မှရှိမှာ။ အဲဒီလိုဆိုရင် ကျွန်တော်ခင်ဗျားနဲ့ တွေ့ နိုင်မှာ မဟုတ်ဘူးပေါ့။
- We are very busy - so much so that we won't be able to take time off this year. တို့တစ်တွေအလုပ်များတယ်၊ ဒါကြောင့်ဒီနှစ် တော့ အားလပ်ရက်ယူလို့ ရမှာမဟုတ်ဘူး။
- Sei Sei is going to help me, or so he says ( = that is what he says ). စိင်စိင် က ကျွန်တော့်ကိုကူမယ်တဲ့၊ သူ့အပြောပဲလေ။
- 'I'm not hungry.' 'Neither am I/I'm not very hungry either." “ကျွန်တော်မဆာဘူး”။ ‘ကျွန်တော်လည်းသိပ်မဆာဘူး”။
- Just as large companies are having to cut back. so small businesses are being forced to close. ကုမ္ပဏီကြီးတွေတောင် လျှော့ချနေရမှတော့ ကုမ္ပဏီငယ် တွေ ပိတ်ကြရတော့မှာပေါ့။
- You're soaked through! (= completely wet) ခင်ဗျား တစ်ကိုယ်လုံး ရွှဲစို့/ရွှဲနစ်နေပါလား။
- They are soaked to the skin. သူတို့ ရွှဲနစ်နေကြသည်။
- He was as sober as a judge (= completely sober). သူက တကယ်ကို တည်ကြည်တယ်။
- On sober reflection (= after some serious thought), I don't think I really need a car after all. သေချာစဉ်းစားကြည့်တော့ ကျွန်တော် ကားလိုမယ်မထင်ပါဘူး။
- Their daughter married into high society. သူတို့သမီးက လူကုံထံအသိုင်းအဝိုင်းကလူနဲ့လက်ထပ် လိုက်တယ်။
- He must be going soft in the head. သူ စိတ်မမှန်တော့ဘူး။
- It was so cold that the stream had frozen solid. အေးလွန်းသဖြင့် စမ်းချောင်းကလေး ခဲသွားသည်။
- The boiler uses solid fuel. ထိုဘွိုင်လာအိုးသည် လောင်စာခဲ အသုံးပြုရသည်။
- The home team were solid as a rock in defence. အိမ်ရှင်အသင်းက ခံစစ်အားကောင်းတယ်။
- After three years with the band he decided to go solo. တီးဝိုင်းအဖွဲ့နှင့် သုံးနှစ်တွဲပြီးနောက် သူသည် တစ်ကိုယ်တော် ဖျော်ဖြေရန် ဆုံးဖြတ်လိုက်သည်။
- He's in some kind of trouble. သူပြဿနာ တစ်ခုခု တက်နေပြီ။
- Somehow or other I must get a new job. တစ်နည်းမဟုတ်တစ်နည်း ငါ့အလုပ်တစ်ခုရမှဖြစ်မယ်။
- It couldn't have been me - it must have been someone else (= a different person). ကျွန်တော်မဖြစ်နိုင်ဘူး၊ တခြားတစ်ယောက်ယောက်ပဲဖြစ်ရမယ်။
- Should we call a doctor or someone? ကျွန်တော်တို့ ဆရာဝန်ဖြစ်ဖြစ်၊ တစ်ယောက်ယောက်ဖြစ်ဖြစ် ခေါ်ရင်ကောင်းမလား။
- He is a small time lawyer keen to be someone. သူဟာ သိပ်ပြီးထင်ပေါ်ချင်နေတဲ့ သာမန်ရှေ့နေလေး တစ်ယောက်ပဲ။
- Give me something to do. ကျွန်တော့်ကို တစ်ခုခုခိုင်းပါ။
- Don't just stand thcre. Do something! အဲဒီမှာ ရပ်မနေနဲ့။ တစ်ခုခု လုပ်ပါလား။
- We should finish by tomorrow.' 'That's something (a good thing ).anyway." “ကျွန်တော်တို့ မနက်ဖြန်လောက်ဆို ပြီးလောက်ကောင်းပါ တယ်” “ဒါလည်းကောင်းတာပဲ”
- She called at something after ten o'clock. ၂ဆယ်နာရီ ကျော်လောက်မှာ သူဖုန်းဆက်တယ်။
- It tastes like something like melon. ဒီအရသာက ဖရဲသီး အရသာ နဲ့တူတယ်။
- She found herself something of a (= to some degree a) celebrity. သူ့ကိုယ်သူ ထင်ပေါ်သူတစ်ဦး ဖြစ်လာသည်ကို သတိပြုမိသည်။
- The programme's something to do with (= in some way about) the environment. ဒီအစီအစဉ်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ နီးနွယ်နေတယ်။
- He gave her a wry look, something between amusement and regret. သူသည် သဘောကျမှုတစ်ဝက် စိတ်မကောင်းမှု တစ်ဝက်ဖြင့် မိန်းကလေးကို ခန့်တဲ့တဲ့ ကြည့်သည်။
- I've already looked there — it must be somewhere else အဲဒီနေရာကို ကျွန်တော်ကြည့်ပြီးပြီ (မရှိဘူး)။ အခြား တစ်နေရာရာမှာ ရှိလိမ့်မယ်။
- He went to school in Yangon or somewhere (I'm not sure where). သူကျောင်းတက်တာ ရန်ကုန်မှာလား၊ အခြားတစ်နေရာရာ မှာလားဆိုတာ အသေအချာတော့မသိဘူး။
- We need to find somewhere to (= a place to) live. ကျွန်တော်တို့နေစရာ တစ်နေရာရှာဖို့ လိုတယ်။
- Suddenly he burst into song (= started to sing). ရုတ်တရက်ပင် သူသည် သီချင်းဟစ်ဆိုလိုက်သည်။
- She sold the house soon after her husband died. သူ့ခင်ပွန်းဆုံး ပြီးမကြာခင် အိမ်ကို ရောင်းလိုက်သည်။
- We'll deliver the goods as soon as we can. ကျွန်တော်တို့ ကုန်ပစ္စည်းတွေကို အမြန်ဆုံး ပို့ပေးပါမယ်။
- Please send it as soon as possible. မြန်နိုင်သမျှ မြန်မြန်သာ အဲဒါကိုပို့ပေးပါ။
- The sooner we set off, the sooner we will arrive. ကျွန်တော်တို့ စောစောထွက်ကြရင် စောစောရောက်မှာပဲ။
- I didn't want to hear the sordid details of their relationship. သူတို့ရဲ့ အယုတ္တအနတ္တဆက်ဆံရေး အကြောင်းစုံကို ကျွန်တော် မကြားလိုခဲ့ပါ။
- I was sorely tempted to complain, but I didn't. ကျွန်တော် မကျေနပ်ချက်ကို ပြောလိုက်ချင်တာ၊ ဒါပေမဲ့ မပြောခဲ့ပါ။
- They said that the decision was made more in sorrow than in anger. ဒေါသကြောင့်ထက် ဝမ်းနည်းမှုကြောင့် ထိုဆုံးဖြတ်ချက်ကို ချခဲ့ခြင်း ဖြစ်ကြောင်းသူတို့ကပြောသည်။
- If you say you're sorry we'll forgive you. ခင်ဗျားက စိတ်မကောင်းပါဘူးလို့ပြောရင် (တောင်းပန်ရင်) ခင်ဗျားကို ကျွန်တော်တို့ ခွင့်လွှတ်မှာပါ။
- The business is in a sorry state. စီးပွားရေး လုပ်ငန်းမှာ အခြေအနေဆိုးနေသည်။
- There are all sorts of jobs you could do. ခင်ဗျားလုပ်နိုင်တဲ့ အလုပ်တွေ မျိုးစုံရှိပါတယ်။
- For dessert there's a fruit pie of some sort (= you are not sure what kind). အချိုပွဲအဖြစ် သစ်သီးမှုန့် တစ် မျိုးတော့ရှိတယ်။
- What sort of price do you want to pay? (= approximately how much). ခင်ဗျား ဘယ်ဈေး ပေးချင်သလဲ။
- What sort of time do you call this? (= I'm very angry that you have come so late). အခုဘယ်အချိန်ရှိပြီလဲ။ (လာတာ နောက်ကျတဲ့အတွက် ငါအရမ်းဒေါသဖြစ်တယ်။)
- It's our problem. We'll get it sorted. ဒါက တို့ပြဿနာပဲ။ တို့ ရှင်းရမယ်။
- It's time you got yourself sorted, ခင်ဗျား ပြဿနာကို ရှင်းပစ်ဖို့ကောင်းပြီ။
- He crept into the house trying not to make a sound. အသံမ ထွက်အောင် သတိထားပြီး သူသည် အိမ်ထဲဝင်သည်။
- They had a wonderful time by the sound of it. ကြားရတာတော့ သူတို့ အတော်ပျော်ခဲ့ကြပုံပဲ။
- They're consulting a lawyer? I don't like the sound of that. သူတို့ရှေ့နေနဲ့တိုင်ပင်နေကြတယ်ဟုတ်လား။ အဲဒီအချိုးကို ကျွန်တော် မကြိုက်ပါ။
- Penglam made it sound so easy. But it wasn't. ပိန်လမ့်က အဲဒါကို လွယ် သယောင်ယောင် ပြောတယ်။ တကယ်တော့မလွယ်ဘူး။
- You sounded just like your father when you said that. မင်းအဲဒီလိုပြောတာ မင်းအဖေ လေသံအတိုင်းပဲ။
- I hope I don't sound as if/as though I'm criticizing you. ကျွန်တော်ခင်ဗျားကို အပြစ်တင် နေသလို သဘောမရောက်ပါဘူးနော်။
- He has a sound grasp of the issues. သူက ဒီကိစ္စရပ်တွေကို နောကျေသူ ဖြစ်တယ်။
- We arrived home safe and sound. ကျွန်တော်တို့ ဘေးမသီရန်မခ အိမ်ရောက်တယ်။
- They will take soundings among the federation members. သူတို့သည် အဖွဲ့ချုပ်အဖွဲ့ဝင်များ၏ သဘောထားကို တီးခေါက်ကြည့်မည်။
- He lives to the south of (= further south than) the city. သူသည် မြို့၏ တောင်ဘက်တွင် နေသည်။
- That desk takes up too much space. အဲဒီခုံက နေရာအတော် ယူတယ်။
- There is very little storage space in the department. ထိုဌာနတွင် ပစ္စည်း သိုလှောင်ရန်နေရာ အလွန်နည်းသည်။
- Can we make space for an extra chair? နောက်ထပ်ကုလားထိုင် တစ်လုံးထားဖို့ နေရာရဦးမလား။
- It's a city with fine buildings and plenty of open space. ဒီမြို့ကြီးမှာ အဆောက်အအုံတွေက လှပြီး ကွင်းပြင်ကျယ် တွေလည်း များတယ်။
- Ten people died in the space of five days. ငါးရက် အတွင်းမှာ လူဆယ်ဦး ကွယ်လွန်သွားတယ်။
- They have achieved a lot in a short space of time. အချိန်တိုအတွင်းမှာ သူတို့ အတော် အောင်မြင်သွားပြီ။
- The project must be completed within a specific time span. သတ်မှတ်ချိန်အတွင်းမှာ စီမံကိန်းကို အပြီးလုပ်ရမယ်။
- Small children have a short attention span. ကလေးငယ်များတွင် အာရုံစူးစိုက်နိုင်သည့်အချိန် တိုသည်။
- Managers have a wide span of control. မန်နေဂျာများသည် ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ် ကွပ်ကဲ နိုင်ကြသည်။ (လုပ်ပိုင်ခွင့် ကျယ်သည်။)
- The horse set off at a spanking pace. မြင်းသည် ကဆုန်ပေါက် ပြေးထွက်သွားသည်။
- I'm afraid I haven't got any spare cash. စိတ်မကောင်းပါဘူး၊ ငါ့မှာ ငွေပိုမပါဘူး။
- He's studying music in his spare time. သူသည် အားလပ်ချိန်တွင် ဂီတကို လေ့လာနေသည်။
- No expense was spared in furnishing the new office. ရုံးသစ်ကို အတော်လေးအကုန်အကျခံပြီး ပရိဘောဂများဖြင့် ပြင်ဆင်ခင်းကျင်းသည်။
- The champion was in sparkling form. ဗိုလ်စွဲ သူသည် ပျော်ရွှင်မြူးကြွနေခဲ့သည်။
- My native village is no longer a sparsely populated area. ကျွန်တော့်ဇာတိကျေးရွာသည် ́ လူနေကျဲကျဲနေရာလေး မဟုတ်တော့ပါ။ (လူဦးရေများလာပြီ။)
- Dr Zumi was a guest speaker at the confeence. ဒေါက်တာဇူမီးသည် ကွန်ဖရင့်တွင် ဧည့်သည်တော် အဖြစ် ဟောပြော ခဲ့သည်။
- He is spearheading a campaign for a new stadium in the town. ဤမြို့တွင်အားကစားရုံသစ် ထူထောင်ရေးအတွက် သူသည် ဦးဆောင်လှုပ်ရှားနေသည်။
- French wine is on special offer this week. ဒီအပတ်မှာ ပြင်သစ်ဝိုင်အရက်ကို အထူးလျှော့ဈေးနှင့် ရောင်းမည်။
- 'I'd like your help tomorrow." "Can you be more specific (= tell me exactly what you want)?" “မနက်ဖြန် မင်းရဲ့ အကူအညီလိုတယ်” “မင်းဘာအကူအညီ လိုတာလဲ တိတိကျကျပြောပါ”
- The house has been built exactly to our specifications. ကျွန်ုပ်တို့လိုချင်သည့်အတိုင်း တိတိကျကျ ဤအိမ်ကို ဆောက်ထားသည်။
- The office was furnished to a high specification. ထိုရုံးကို အသေးစိတ်စီစဉ်ကာ ပရိဘောဂများဖြည့်ဆည်းသည်။
- She dismissed the newspaper reports as pure speculation. သတင်းစာ၏ ရေးသားချက်များမှာ မှန်းဆချက်သက်သက်မျှ ဖြစ်သည်ဟု ပြောကာသူက ပယ်ချသည်။
- I seemed to have lost the power of speech. ကျွန်တော် စကားပြောနိုင်စွမ်း မရှိသလိုဖြစ်သွားတယ်။
- The train began to pick up speed ( = go faster). မီးရထားသည် မြန်လာသည်။
- The car was gathering speed. ကားသည် အရှိန်မြှင့်ပြီး မောင်းလာသည်။
- She was overtaken by the speed of events (= things happened more quickly than she expected). ဖြစ်ရပ်များက သူ မှန်းသည်ထက် မြန်ဆန်စွာဖြစ်ပျက်သည်။
- The car flashed past them at speed (= fast). ကားတစ်စင်းသည် သူတို့အနားမှ လျင်မြန်စွာဖြတ်သွားသည်။
- There will be rain at first, with sunny spells later. ပထမ မိုးရွာကာ နောက်ပိုင်းတွင် နေသာမည်။
- I spent a brief spell on the Guardian Daily. ကျွန်တော်သည် ဂါဒီယန်သတင်းစာတွင် ခဏတာမျှ အလုပ်လုပ်ခဲ့သည်။
- I completely fell under her spell. ကျွန်တော်သည် သူ့ကိုအထူး စွဲလမ်းမိခဲ့သည်။
- This area was formerly within the sphere of influence of a major power. ယခင်က ထိုဒေသသည် အင်အားကြီးနိုင်ငံတစ်နိုင်ငံ၏ သြဇာအာဏာအောက်သို့ သက်ရောက်ခဲ့သည်။
- He was in high spirits after he learned that he had passed the exam with five distinctions. စာမေးပွဲကို ဂုဏ်ထူးငါးဘာသာဖြင့် အောင်မြင်ကြောင်း ကြားသိရပြီးနောက် သူ အလွန်ပျော်ရွှင် အားတက်သွားသည်။
- You must try and keep your spirits up (= stay cheerful). ကြိုစားပြီး ရွှင်ရွှင်ပျပျနေစမ်းပါဗျာ။
- My spirits sank at the prospect of starting all over again. ထိုလုပ်ငန်းကို အစမှပြန်လုပ်ရမည့်အရေးကြောင့် ကျွန်တော် စိတ်ဓာတ်ကျသွားသည်။
- Show a little fighting spirit. နည်းနည်းလောက် သတ္တိပြစမ်းပါ။
- We need more community spirit around here. ဒီမှာ အများကောင်းကျိုး ဆောင်ရွက်ချင်တဲ့ စိတ်ဓာတ် လိုနေတယ်။
- Ok, I'll try'. 'That's the spirit (= the right attitude).' “ကောင်းပြီ၊ ကျွန်တော်ကြိုးစားမယ်။” “အဲဒီစိတ်ဓာတ်မျိုးမှပေါ့ကွ”
- We're concerned about your spiritual welfare. ကျွန်တော်တို့ဟာ ခင်ဗျားရဲ့ စိတ်ချမ်းသာမှုကို စဉ်းစားပါတယ်။
- I'm sure he only said it out of spite. သူဒီစကားကို မလိုမုန်းထားနဲ့ပြောတာ သေချာပါတယ်။
- English has become the official language for business in spite of the fact that the population is largely Chinese. လူဦးရေအများစုမှာ တရုတ်များဖြစ်ပါ သော်လည်း အင်္ဂလိပ် စကားမှာ လုပ်ငန်းသုံးဖြစ်လာသည်။
- The hotel stands in splendid isolation, surrounded by moorland. ဟိုတယ်သည် ́မြေရိုင်းကွင်းများ ဝန်းရံလျက် တသီးတခြား ခံ့ခံ့ထည်ထည်ရှိသည်။
- The comments were only made in sports. ဝေဖန်မှတ်ချက်ပေးတာက ကျီစားတဲ့သဘောနဲ့ပါ။
- She stood rooted to the spot with fear (= unable to move). သူသည် ကြောက်လန့်ကာ နေရာတွင် မလှုပ်မရှားဘဲ ရပ်နေသည်။
- Road safety is once again in the spotlight. လမ်းအန္တ ရာယ်ကင်းရှင်းရေး အကြောင်း အာရုံစူးစိုက် လာကြပြန်သည်။
- The issue will come under the spotlight when the meeting resumes. အစည်းအဝေးပြန်စပါက ယင်းကိစ္စကို အလေးထား ဆွေးနွေးလိမ့်မည်။
- Something hit him and sent him sprawling to the ground. တစ်စုံတစ်ရာ ထိမှန်သဖြင့်သူသည် မြေကြီးပေါ်သို့ ခြေကားယား လက်ကားယားလဲကျသည်။
- I tripped and went sprawling. ကျွန်တော်သည် ခြေချော်ပြီး ခြေကားယား လက်ကားယား လဲကျသည်။
- She walked along with a spring in her step. မိန်းခလေးသည် ရွှင်မြူးစွာ လျှောက်သွားသည်။
- I was spurred into action by the letter. ကျွန်တော်သည် စာကြောင့် အားတက် လှုပ်ရှားသွားသည်။
- You'd better put on a spurt (= hurry up) if you want to finish that work today. အဲဒီအလုပ်ကို ဒီနေ့ပြီးချင်ရင် ခင်ဗျား မြန်မြန်လုပ်ဖို့လိုမယ်။
- He has lost his job and is living in squalor. သူ အလုပ်ပြုတ်ပြီး ဆင်းရဲနုံချာစွာ နေရသည်။
- It was like trying to square a circle. That is, it was impossible. လုပ်မရတာကို ကြိုးစားလုပ်တာနဲ့အတူတူပဲ။ ဆိုလိုတာကတော့ ဒါဟာမဖြစ်နိုင်ပါဘူး။
- It was a tight squeeze but we finally got everything into the case. ကျပ်သိပ်နေသော်လည်း နောက်ဆုံးတွင် သေတ္တာတွင်း အားလုံးဝင်ဆံ့သွားသည်။
- We're really feeling the squeeze since I lost my job. ကျွန်တော်အလုပ်ပြုတ်တဲ့အချိန်ကစပြီး ကျွန်တော်တို့ ကျပ်တည်းနေကြတယ်။
- She felt a sudden stab of pain in the chest. သူ့ရင်ဘတ်တွင် ရုတ်တရက် ထိုးအောင့်သွားသည်။
- He found the test difficult but made a good stab at it.. စမ်းသပ်ချက် (စာမေးပွဲ)မှာ ခက်ခဲသော်လည်း သူ ကောင်းစွာ ဖြေဆိုခဲ့သည်။
- We have 20 part-time members of staff. ကျွန်တော်တို့သည် အချိန်ပိုင်း ဝန်ထမ်း(၂၀)ခန့်ထားသည်။
- People tend to work hard at this stage of life. ဘဝရဲ့ ဒီအချိန်အရွယ်မှာ လူတွေဟာ အလုပ်ကြိုးစား လုပ်တတ်ကြတယ်။
- At one stage it looked as though they would win. အဆင့်တစ်ဆင့်မှာတော့ သူတို့နိုင်ခြေရှိခဲ့တယ်။
- The police are building up a picture of the accident stage by stage. မတော်တဆမှုဖြစ်ရပုံကို ရဲက အဆင့်ဆင့် ပုံဖော်ကြည့်သည်။
- She is a popular star of stage and screen (= theatre and cinema/movies). သူသည် ရုပ်ရှင်နှင့်ပြဇာတ်မှာ ထင်ပေါ်သူတစ်ဦး
- The dollar staged a recovery earlier today. ယနေ့စောစောပိုင်းတွင် ဒေါ်လာဈေးပြန်တက်လာသည်။
- After five years in retirement, he staged a comeback to international tennis. သူသည်ငါးနှစ်ကြာနားပြီး ကမ္ဘာ့တင်းနစ် အားကစား လောကသို့ ပြန်လည်ဝင်ရောက်လာသည်။
- The company is staggering under the weight of a $10m debt. ဒေါ်လာဆယ်သန်း ကြွေးတင်နေသဖြင့် ကုမ္ပဏီအခြေအနေ ယိမ်းယိုင်နေသည်။
- The children ran up/down the stairs. ကလေးများသည် လှေကားကို ပြေးတက်/ပြေးဆင်းသည်။
- He is standing at the botton/ top of stairs. သူသည် လှေကားခြေရင်း/လှေကား ထိပ်တွင် ရပ်နေသည်။
- That's him over there — I'd stake my life on it (= I am completely confident). ဟော ဟိုမှာသူပဲ၊ လုံးဝသေချာတယ်။
- Their marriage has gone stale. သူတို့ရဲ့ အိမ်ထောင်ရေး အဆင်မပြေကြဘူး။
- The project has the government's stamp of approval. စီမံကိန်းကို အစိုးရက သဘောတူလိုက်ပြီ။
- We had to carry the piano three flights of stairs. ကျွန်တော်တို့သည် စန္ဒရားကို လှေကားသုံးဆင့်အထိ' သယ်ယူရသည်။
- “What do you mean?" she asked, stalling for time. “ရှင်ဘာကိုဆိုလိုတာလဲ”ဟု သူက အချိန်ခဏဆိုင်းပြီးမှ မေး သည်။
- I tried stamping my feet to keep warm. ကျွန်တော်သည် နွေးနွေ.ထွေးထွေးရှိရန် ခြေကိုဆောင့်ကာ ဆောင့်ကာ မင်းကြည့်သည်။
- The boy stamped his foot in anger. လူကလေးသည် စိတ်ဆိုးကာ ခြေဆောင့်သည်။
- Stand still while I take your photo. ငါမင်းပုံကို ဓာတ်ပုံရိုက်နေတုန်း ငြိမ်ငြိမ်ရပ်နေပါ။
- ‘You're wrong about the date — it was 1968.' 'I stand corrected (= accept that I was wrong).' “ခင်ဗျားပြောတဲ့ ရက်စွဲမှားနေတယ်၊ ၁၉၆၈ ဖြစ်မယ်” “ကျွန်တော်မှားသွားတယ်”
- Where do you stand on private education? ပုဂ္ဂလိက ပညာရေးစနစ် ခင်ဗျားဘယ်လို သဘောရသလဲ။
- I can't stand his brother. သူ့အစ်ကို (ညီ) ကို ကျွန်တော် သဘောမကျဘူး။
- He's the sort of person who stands out in a crowd. သူက လူအုပ်ထဲမှာ သိသာထင်ရှားတဲ့ လူစားပဲ။
- You'll look taller if you stand up straight. ခင်ဗျားမတ်မတ်ရပ်ရင် အရပ်ရှည်တယ်လို့ ထင်ရလိမ့်မယ်။
- We must make a stand against further losses. နောက်ထပ် အရှုံးမပေါ်ရအောင် ကျွန်တော်တို့ ကြံ့ကြံ့ခံထားရမယ်။
- We aim to maintain high standards of customer care. ဖောက်သည်တွေ အဆင်ပြေအောင်လုပ်ပေးရာမှာ ကျွန်တော်တို့ လျော့ကျမသွားအောင် ထိန်းထားရမယ်။
- He failed to reach the required standard and did not qualify for the race. သူသည် လိုအပ်သည့် စံချိန်မမီသဖြင့် ပြေးပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်မရပါ။
- Her work is not up to standard (=of a .enough standard). သူ့ ရဲ့ လုပ်ဆောင်ချက်က အဆင့်မမီပါ။
- A number of Britain's beaches fail to meet European standards on cleanliness. ဗြိတိန်နိုင်ငံ၏ ကမ်းခြေအတော်များများသည် သန့်ရှင်းမှုတွင် ဥရောပစံချိန် မမီချေ။
- You'd better lower your standards if you want to find somewhere cheap to live. ဈေးသက်သာတဲ့နေရာမှာ နေချင်ရင်တော့ ခင်ဗျားရဲ့ စံနှုန်းတွေကို လျှော့ရမယ်။
- The equipment is slow and heavy by modern standards. လက်ရှိစံနှုန်းများအရဆိုပါက ဤစက်ပစ္စည်းသည်နှေးကွေးပြီး လေးလံသည်။
- It is standard practice to search visitors as they enter the building. အဆောက်အအုံအတွင်း ဝင်ရောက်သည့် ဧည့်သည်များအား ရှာဖွေခြင်းမှာ လုပ်ရိုးလုပ်စဉ်အလုပ်ဖြစ်သည်။
- He was put on standby for the flight to Singapore. စင်ကာပူခရီးစဉ်တွင် ခုံနေရာလွတ်ပါက သူ့ကိုလိုက်ပါ ခွင့်ပြုရန် လျာထားသည်။
- We have a standing invitation to visit them anytime. သူတို့ဆီ ကြိုက်တဲ့အချိန် သွားလည်ဖို့ ကျွန်တော်တို့အတွက် အမြဲတံခါးဖွင့်ထားတယ်။
- The security alert brought the airport to a standstill. လုံခြုံရေးအတွက် အချက်ပေးနှိုးဆော်လိုက်ရာ လေဆိပ် တစ်ခုလုံး လုပ်ငန်းများ ရပ်ဆိုင်းသွားသည်။
- We camped out under the stars. ကျွန်တော်တို့သည် ကြယ်ရောင်အောက်တွင် စခန်းချကြသည်။
- No one has yet been chosen for the starring role (= the main part). အဓိကဇာတ်ကောင်နေရာအတွက် လူမရွေးရသေးပါ။
- The group is being tipped for stardom (= people say they will be famous). ထိုအဖွဲ့ ရေပန်းစားကျော်ကြားမည်ဟု ထင်ကြေးပေးနေကြသည်။
- He now faces the stark reality of life in prison. ယခုတော့ အကျဉ်းသားဘဝ၏ ပကတိအခြေအနေကို သူ ရင်ဆိုင် ကြုံတွေ့နေရသည်။
- The good weather was in stark contrast to the storms of previous weeks. လွန်ခဲ့သည့် သီတင်းပတ်များက မုန်တိုင်းများ ကျရောက်ခဲ့သော်လည်း လက်ရှိရာသီဥတုမှာ သာယာသည်။
- It's time you started on your home work. မင်းရဲ့ အိမ်စာတွေ လုပ်ဖို့ ကောင်းပြီ။
- The best professional musicians start young. ထူးချွန်သောဂီတပညာရှင်ကြီးများသည် ဂီတလောကသို့ ငယ်စဉ်ကပင်ဝင်ရောက်ကြသည်။
- He started life as a teacher before turning to journalism. သူသည်သတင်းစာလောကသို့ မဝင်ရောက်မီ ကျောင်းဆရာအဖြစ် ဘဝကို စခဲ့သည်။
- The meeting got off to a good/ bad start ( = started well/badly). အစည်းအဝေးသည် အဆင်ပြေစွာ စတင်ခဲ့သည်/အဆင် ပြေစွာစတင်နိုင်ခြင်းမရှိခဲ့ချေ။
- The trip was a disaster from start to finish. ခရီးစဉ်မှာ အစမှအဆုံး လုံးဝအဆင်မပြေ ဖြစ်ခဲ့သည်။
- We've had problems (right) from the start. ကျွန်တော်တို့မှာ စလျှင်စချင်း ပြဿနာစုံနှင့်ကြုံရသည်။
- She's moving abroad to make a fresh start (= to begin a new life). သူသည် ဘဝသစ် ထူထောင်ရန် နိုင်ငံခြားသို့ပြောင်းရွှေ့မည်။
- It startled me to find her sitting in my office. ကျွန်တော့်ရုံးခန်းတွင် သူထိုင်နေသည်ကို တွေ့ရသဖြင့် ကျွန်တော် အလန့်တကြား ဖြစ်သွားသည်။
- They are on starvation wages (= extremely low wages). သူတို့ရသည့် လုပ်ခမှာ မငတ်ရေစာ လွန်စွာနည်းသည်။
- The building is in a bad state of repair (= needs to be repaired). အဆောက်အအုံကြီးမှာ အလွန်အမင်း ပြင်ဖို့လိုနေသည်။
- She was in a state of shock. သူ အံ့သြတုန်လှုပ်သွားသည်။
- You're not in a fit state to drive. ခင်ဗျား ကားမောင်းနိုင်တဲ့ အခြေအနေမှာမရှိဘူး။
- It was stated that standards at the hospital were improving. ထိုဆေးရုံ၏ အခြေအနေ အဆင့်အတန်း မြင့်လာသည်ဟု ဖော်ပြထားသည်။
- A government spokesman made a statement to the press. အစိုးရပြောရေးဆိုခွင့်ရှိသူသည် သတင်းစာဆရာများသို့ ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။
- The prime minister is expected to issue a statement. ဝန်ကြီးချုပ်သည် ကြေညာချက်တစ်ရပ် ထုတ်ပြန်မည်ဟု မျှော်လင့်ရသည်။
- Statistics show that far more people are able to ride a bicycle than drive a car. ကကားမောင်းတတ်သူထက် စက်ဘီးစီးတတ်သူက အရေအတွက်လွန်စွာ များပြားကြောင်း စာရင်းဇယားများတွင် ဖော်ပြထားသည်။
- The majority want to maintain the status quo. လူများစုက လက်ရှိအတိုင်း ဆက်သွားဖို့ လိုလားကြသည်။
- Corporal punishment was banned by statute in 1987. သေဒဏ်ချမှတ်ခြင်းကို ၁၉၈၇ ခုနှစ်က ဥပဒေအရ ပိတ်ပင်ခဲ့သည်။
- I'm staying late at the office tonight. ဒီည ကျွန်တော်ရုံးမှာ မိုးချုပ်မယ်။
- You've got school tomorrow. I don't want you staying up late. မနက်ဖြန်ကျောင်းသွားရမှာနော်။ ညဉ့်နက်အောင် မနေနဲ့။
- The Mandalay Palace receives a steady stream of visitors. မန္တ လေးနန်းတော်သို့ လေ့လာသူ ဧည့်သည်များ မှန်မှန်လာရောက်သည်။
- Such fine work requires a good eye and a steady hand. ဤသို့ ကောင်းမွန်သည့်လက်ရာဖန်တီးနိုင်ရန် မျက်စိ ကောင်းပြီး လက်ကလည်းငြိမ်ရပါမည်။
- He took a few deep breaths to steady his nerves. သူသည် တုန်လှုပ်မှုကို ငြိမ်စေရန် အသက်ပြင်းပြင်း ရှူသည်။
- In trading today the dollar held steady against the yen. ယနေ့ယန်းငွေနှင့် အရောင်းအဝယ်လုပ်ရာတွင် ဒေါ်လာဈေးတည်ငြိမ်သည်။
- I had my wallet stolen. ကျွန်တော်၏ ပိုက်ဆံအိတ် အနှိုက်ခံရသည်။
- They discussed ways of stemming the flow of smuggled drugs. သူတို့သည် ဆေးများမှောင်ခိုဝင်ရောက်မှုကို တားဆီးရန် နည်းလမ်းများကို ဆွေးနွေးကြသည်။
- He took a step towards the door. သူသည် တံခါးဆီသို့ တိုးသွားသည်။
- He turned around and retraced his steps (= went back the way he had come). သူသည်ပြန်လှည့်ကာ လာရာလမ်းအတိုင်းပြန်သည်။
- We are taking steps to prevent pollution. ကျွန်တော်တို့သည် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို တားဆီးရန် ဆောင်ရွက်နေကြသည်။
- This won't solve the problem but it's a step in the right direction. ဒါဟာပြဿနာကိုဖြေရှင်းနိုင်ခြင်းမရှိပေမယ့် မှန်ကန်တဲ့လုပ်ဆောင်ချက်ဖြစ်တယ်။
- This was a big step up (= to a better position) in his career. သူ့ အသက်မွေးမှုအလုပ်တွင် ဤသည်မှာ ကြီးမားသောတိုးတက်မှုဖြစ်သည်။
- I'll explain it to you step by step. ကျွန်တော်ခင်ဗျားကို ဒီကိစ္စ တစ်ဆင့်ပြီးတစ်ဆင့် ရှင်းပြပါမယ်။
- He has done sterling work on the finance committee. သူသည်ဘဏ္ဍာရေးကော်မတီတွင် ပြောင်မြောက်စွာစွမ်းဆောင်ခဲ့သည်။
- The police couldn't make the charges stick (= show them to be true). စွပ်စွဲချက်များကို ရဲက သက်သေမပြနိုင်ပါ။
- His friends called him Bala and the name has stuck (= has become the name that everyone calls him). သူ့သူငယ်ချင်းများက သူကိုဗလဟုခေါ်ရာမှ ထို အမည်တွင်သွားသည်။
- If you want to play an instrument well, you've got to stick at it. ခင်ဗျား တူရိယာတစ်ခုကို ကောင်းစွာတီးတတ်ချင်ပါက စိတ်ရှည်စွဲမြဲစွာတီးမှုတ်ရမယ်။
- He promised to help us and he stuck to his word (= he did as he had promised). ကျွန်တော်တို့ကို ကူညီမယ်လို့ပြောခဲ့ပြီး၊ ပြောတဲ့အတိုင်း လည်း (လုပ်) ကူညီခဲ့တယ်။
- The threat of punishment has only stiffened their resolve (= made them even more determined to do something). ဒဏ်ခတ်မယ်ခြိမ်းခြောက်မှပဲ သူတို့ရဲ့ ဆုံးဖြတ်ချက် ခိုင်မာသွားတော့တယ်။
- It's stifling in here — can we open a window?' မွန်းကျပ်နေတယ်၊ ပြတင်းပေါက်တစ်ပေါက် ဖွင့်လို့ဖြစ်မလား။
- Keep still while I brush your hair. မင်းရဲ့ခေါင်းက ဆံပင်ဖြီးပေးနေတုန်း ငြိမ်ငြိမ်နေပါ။
- The kids found it hard to stay still. ကလေးများမှာ ငြိမ်ငြိမ်မနေနိုင်ကြပါ။
- I Can't you sit still ? ငြိမ်ငြိမ်ကလေး ထိုင်နေကြပါလား။
- We stayed in a village where time has stood still ( = life has not changed for many years). ထူးခြားပြောင်းလဲမှုမရှိလှတဲ့ ရွာကလေးမှာ နေခဲ့ကြတယ်။
- He smiled at the girl, trying to take the sting out of his words (= trying to make the situation less painful or difficult). စကားမှားပြီး မထွက်မိအောင် ကြိုးစားရင်း သူသည် မိန်း ကလေးကို ပြုံးပြသည်။
- Whenever he's around, he always manages to stir up trouble. သူရှိနေရင် ပြဿနာ အမြဲလုပ်တယ်။
- We've got enough problems without you trying to stir things up. ခင်ဗျား ပြဿနာမလုပ်ဘဲနဲ့တောင် ကျွန်တော်တိုမှာ ပြဿနာတွေ များနေတယ်။
- Her resignation caused quite a stir. သူအလုပ်ထွက်လိုက်တာ အတော်လှုပ်လှုပ်ရွရွ ဖြစ်သွားတယ်။
- That particular model is not currently in stock. အဲဒီပုံစံမျိုး ပစ္စည်းက လော့လောဆယ် ရောင်းဖို့မရှိပါ။
- It's not a good idea to drink (= alcohol) on an empty stomach (= without having eaten anything). အစာမရှိဘဲ အရက်မသောက်သင့်ပါ
- She couldn't stomach any breakfast. မအီမသာဖြစ်နေသဖြင့် သူသည်နံနက်စာ စားလိုစိတ် မရှိပါ။
- In some countries the criminals were stoned to death ( = as a punishment). အချို့နိုင်ငံများတွင် ပြစ်မှုကျူးလွန်သူများကို ခဲဖြင့်ပေါက်သတ်ပြီး ပြစ်ဒဏ်ပေးခဲ့ကြသည်။
- She criticizes everyone and the trouble is, she doesn't know when to stop. သူက လူတကာကို ပြစ်တင်ဝေဖန်တတ်ပြီး ခက်တာက အတောမသတ်တော့ဘူး။
- There's nothing to stop you from accepting the offer. ကမ်းလှမ်းချက်ကို ခင်ဗျား လက်မခံနိုင်စရာအကြောင်း မရှိပါဘူး။
- There's no stopping us now ( = nothing can prevent us from achieving what we want to achieve). ကျွန်တော်တို့လိုချင်တာကို ရအောင်လုပ်မှာ၊ ဘာမှ တားလို့မရဘူး။
- People just don't stop to think about the consequences, လူတွေကဲ ဖြစ်လာမှာကို နည်းနည်းလေးမျှ မစဉ်းစားမိကြဘူး။
- We don't know what life holds in store for us. ကျွန်တော်တို့ ဘဝမှာ ဘာတွေဖြစ်လာမယ်ဆိုတာ ကျွန်တော် တို့ မသိကြပါ။
- A few minutes later the storm broke (= began). မိနစ်အနည်းငယ်အကြာတွင် မုန်တိုင်းစပြီးတိုက်ခတ်သည်။
- I think we're in for a storm (= going to have one). မုန်တိုင်းကျတော့မယ်လို့ ကျွန်တော်ထင်တယ်။
- Shall I tell you a story? ပုံပြင် ပြောပြရမလား။
- He read the children a story. သူသည် ကလေးများကို ပုံပြင်ဖတ်ပြသည်။
- It was many years before the full story was made public. ', နှစ်ပေါင်းများစွာ ကြာပြီးမှ အကြောင်းစုံသိရသည်။
- Many years later I returned to Africa but that's another story (= I am not going to talk about it now). နှစ်တွေအတော်ကြာတော့ ကျွန်တော် အာဖရိကတိုက်ကို ပြန်လာခဲ့တယ်။ ဒါပေမဲ့ အဲဒီအကြောင်းကို အခု မပြော သေးဘူး နောက်မှပြောမယ်။
- I'll come straight to the point your work isn't good ကျွန်တော် တဲ့တိုးရှင်းရှင်းပဲ ပြောမယ်။ ခင်ဗျား လုပ်တဲ့ အလုပ်က အဆင့်မမီဘူး။
- Are you playing straight with me? မင်းက ငါ့အပေါ် ရိုးရိုးသားသား လုပ်ရဲ့လား။
- I saw a boat sailing in a straight line. ကျွန်တော်သည် လှေတစ်စင်း ရှေ့တူရူသို့ တစ်ဖြောင့်တည်း ရွက်လွှင့်သွားသည်ကို တွေ့ခဲ့သည်။
- It's time for some straight talking. ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းပဲ ပြောဖို့ အချိန်တန်ပြီ။
- It was a straight choice between taking the job and staying out of work. အလုပ်ကိုလက်ခံမလား၊ အလုပ်လက်မဲ့ နေမလား၊ တစ်ခုကို ရွေးရမှာ၊ ရှင်းရှင်းလေးပဲ။
- Their marriage is under great strain at the moment. လောလောဆယ် သူတို့အိမ်ထောင်ရေး အဆင်မပြေဖြစ်နေတယ်။
- Relax, and let us take the strain ( = do things for you). အေးအေးနေပါ၊ ခင်ဗျားအတွက် လုပ်စရာရှိတာ ကျွန်တော်တို. လုပ်ပေးပါ့မယ်။
- You will learn to cope with stresses and strains of public life. ပြည်သူတို့ဘဝမှ ဖိစီးမှုနှင့် သောကများကို ဖြေရှင်းတတ်အောင် ခင်ဗျား လေ့လာရလိမ့်မယ်။
- The rope broke under the strain. ဝန်ကို မနိုင်သဖြင့် ကြိုးပြတ်သွားသည်။
- The ground here cannot take the strain of a large building. ဤနေရာရှိ မြေကြီးသည် ကြီးမားသည့် အဆောက်အအုံ၏ ဝန်ကို ခံနိုင်ရည်မရှိပါ။
- The cable has a 140kg breaking strain (= it will break when it is stretched or pulled by a force greater than this). ထိုသံကြိုးသည် ပေါင် ၁၄ဝ ဝန်ကိုသာ နိုင်ပါသည်။
- There was something strange about her eyes. သူ့ရဲ့မျက်လုံးတွေက တစ်ခုခု ထူးဆန်းသလိုပဲ။
- Strange to say, I don't enjoy television. ပြောရမှာ' ခပ်ဆန်းဆန်းပဲ၊ ကျွန်တော် တီဗီမကြိုက်ဘူး။
- There was a complete stranger sitting at my desk. ကျွန်တော့်စားပွဲမှာ ကျွန်တော် လုံးဝမသိတဲ့ လူစိမ်းတစ်ဦး ထိုင်နေခဲ့တယ်။
- They got on well together although they were total strangers. သူတို့ဟာ တစိမ်းပြင်ပြင်ဖြစ်သော်လည်း အဆင်ပြေကြသည်။
- A man was killed by a stray bullet. ချော်ထွက်လာသည့် ကျည်ဆံထိ၍ လူတစ်ယောက် သေဆုံးသည်။
- I've had a steady stream of visitors. ကျွန်တော့်ထံသို့ ဧည့်သည်များ တစ်ဦးပြီးတစ်ဦး ဆက်တိုက်လာသည်။
- He is used to being recognized in the street. လူထုအတွင်း အများက သူ့ကိုသိကြတာ သူ့အတွက် အဆန်းမဟုတ်ပါ။
My office is at street level (= on the ground floor) ကျွန်တော့်ရုံးခန်းက မြေညီထပ်မှာပါ။
- In some countries, it's not safe to walk the streets at night. အချို့နိုင်ငံများတွင် ညဘက်၌ လမ်းထွက်လျှောက်ရသည်မလုံခြုံပါ။
- She has a remarkable inner strength. သူ့တွင် ထူးခြားသော စိတ်ဓာတ်အင်အားရှိသည်။
- You have shown great strength of character. ကြီးမားတဲ့ အရည်အချင်းကို ခင်ဗျား ပြလိုက်တာပဲ။
- The team will be back at full strength (=with all the best players) for the next match. နောက်တစ်ပွဲအတွက် အသင်းမှာ အင်အားအပြည့် ပြန်လည် ကစားနိုင်လိမ့်မယ်။
- The supporters turned out in strength ( = in large numbers). ထောက်ခံသူများ အများအပြား ထွက်လာသည်။
- These cuts have left the local police force under strength (with fewer members than it needs). ဤသို့ အင်အားလျှော့ချခြင်းကြောင့် ဒေသခံရဲအဖွဲ့တွင် အားလျော့သွားသည်။
- Things can easily go wrong when people are under stress. လူဆိုသည်မှာ သောကဖိစီးမှု များလာပါက အလွယ်တကူ မှားတတ်ကြသည်။
- She lays great stress on punctuality. အချိန်မှန်မှုကို သူအလေးထားသည်။
- It must be stressed that this disease is very rare. အထူးပြောချင်တာကတော့ ဒီရောဂါမျိုးက အတော်အဖြစ်နည်းတယ်။
- The play's plot stretches credulity to the limit. ပြဇာတ်၏ ဇာတ်ကြောင်းသည် အပြည့်အဝယုံစား၍ မရပုံကို ဖော်ညွှန်းသည်။
- She used to read for hours at a stretch (= without stopping). သူက နာရီပေါင်းများစွာ မနားတမ်း စာဖတ်လေ့ရှိတယ်။
- He told me in the strictest confidence (= on the understanding that I would tell nobody else). ကျွန်တော် ပြန်ပြောမည်မဟုတ်ဟူသော ယုံကြည်ချက်ဖြင့် သူသည် ကျွန်တော့်ကို ပြောပြသည်။
- I was gaining on the other runners with every stride. ကျွန်တော်သည် ပြိုင်ဘက်များကို တစ်လှမ်းချင်း ကျော်သည်။
- We're making great strides in the search for a cure. ကုသနည်းတစ်နည်းကို ရှာဖွေရာတွင် ကျွန်တော်တို့ အတော် ခရီးရောက်လျက်ရှိသည်။
- It suddenly struck me how we could improve the situation. အခြေအနေကောင်းမွန်အောင် ဆောင်ရွက်နိုင်မည့် စိတ်ကူးတစ်ခု ဖျတ်ခနဲ တွေးမိသည်။
- It strikes me that nobody is really in favour of the changes. အပြောင်းအလဲလုပ်ရန် မည်သူမျှအမှန်တကယ် ဆန္ဒမရှိကြသည်ကို ကျွန်တော် သဘောပေါက်သည်။
In some countries transport workers threaten to go on strike. အချို့နိုင်ငံများတွင် ပို့ဆောင်ရေးအလုပ်သမားများသည် သပိတ်မှောက်မည်ဟု ခြိမ်းခြောက်တတ်ကြသည်။
- Pilots of a major airline have voted to take strike action. လေကြောင်းကုမ္ပဏီကြီးတစ်ခုမှ လေယာဉ်မှူးများသည် သပိတ်မှောက်ရန် ဆုံးဖြတ်ကြသည်။
- In striking contrast to their brothers, the girls are both intelligent and charming. ထူးထူးခြားခြား သူတို့အစ်ကိုတွေနဲ မတူတာကတော့ မိန်းကလေးများဟာ ဉာဏ်ရည်မြင့်ပြီး ချောမောကြတယ်။
- He stood there stripped to the waist ( = the upper part of his body was bare). အပေါ်ပိုင်း ဗလာဖြင့် သူရပ်နေသည်။
- He was stripped naked and left in a cell. သူ့ကို အကျဉ်းခန်းကလေးတွင် ကိုယ်တုံးလုံးဖြင့်ထားသည်။
- It was a stroke of luck that I found you here. ဒီမှာ ခင်ဗျားကိုတွေ့ရတာ ကျွန်တော် ကံကောင်းတာပေါ့။
- He never does a stroke (of work) ( = never does any work). သူဟာ အလုပ်ကို တစ်ချက်မျှ လုပ်ဖော်မရဘူး။
- The train left on the stroke of three (= at three o'clock exactly). သုံးနာရီတိတိတွင် ရထားထွက်သည်။
- How did she manage to struggle free? သူ ဘယ်လိုများ လွတ်အောင် လုပ်ခဲ့တာပါလိမ့်။
- She can be as stubborn as a mule. သူက တစ်ခါတစ်ရံ သိပ်ပြီး ခေါင်းမာတတ်တယ်။
- This drawer keeps getting stuck. ဒီအံဆွဲက ကျပ်ကျပ်နေတုန်းပဲ။
- They sell stationery and stuff (like that). သူတို့က စာရေးကိရိယာတို့ ဘာတို့ ရောင်းတယ်။
- I like reading and stuff. ကျွန်တော်က စာဖတ်တာတို့ဘာတို့ နှစ်သက်တယ်။
- The band did some great stuff on their first album. အဲဒီတေးဂီတအဖွဲ့ရဲ့ ပထမဆုံးဓာတ်ပြားဟာ အတော်ပေါက်တယ်။
- I don't believe in all that stuff about ghosts. တစ္ဆေအကြောင်းနဲ့ ပတ်သက်တာတွေ ကျွန်တော်မယုံဘူး။
- My nose is stuffed up (= blocked because of illness). ကျွန်တော် နှာခေါင်းပိတ်နေတယ်။
- All the drawers were stuffed full of letters and papers. အံဆွဲအားလုံး စာတွေ၊ စက္ကူတွေနဲ့ ပြည့်ကျပ်နေတယ်။
- Pu Pu was stumped for words (= unable to answer). ပူပူမှာ ပြန်ပြီး အဖြေရခက်သွားသည်။
- Don't you ever pull a stunt like that again. ၂ ခင်ဗျား ဒါမျိုး နောက် ဘယ်တော့မှ မလုပ်နဲ့။
- Please follow house style ( = the rules of spell. ing, etc. used by a particular publishing company).ဒီ (သတင်းစာ၊ပုံနှိပ်)တိုက်ရဲ့ လုပ်နေကျအတိုင်းလုပ်ပါ။
- I wish you'd change the subject (= talk about something else). တခြားအကြောင်းပြောပါလား။
- How did we get onto the subject of marriage? ကျွန်တော်တို့စက စကားက ဘယ်လိုလုပ်ပြီး လက်ထပ်တဲ့ကိစ္စ ရောက်သွားတာလဲ။
- We seem to have got off the subject we're meant to be discussing. ကျွန်တော်တို့ ဆွေးနွေးရမယ့်ကိစ္စနဲ့ မဆိုင်တဲ့ကိစ္စ ရောက်သွားသလိုပဲ။
- Climate change is still very much a subject for debate. ရာသီဥတုပြောင်းလဲမှုကို ယခုထိ ဆွေးနွေးနေရတုန်းပဲ။
- All parties will have the opportunities to make submissions relating to this case. သက်ဆိုင်တဲ့အဖွဲ့များက ဒီကိစ္စနဲ့ ပတ်သက်ပြီး တင်ပြခွင့်ရှိလိမ့်မယ်။
- It was malicious gossip without substance. ဒါဟာ အနှစ်သာရမရှိ မလိုတမာစိတ်နဲ့ အဖျင်းစကားပဲ။
- The commission's report gives substance to these allegations. ကော်မရှင်၏ အစီရင်ခံစာသည် ဤစွပ်စွဲချက်များအတွက် အထောက်အထား ခိုင်မာစေသည်။
- Love and guilt form the substance of his new book. သူ၏စာအုပ်သစ်တွင် အချစ်နှင့်အပြစ်ကို အဓိက ဖော်ညွှန်းထားသည်။
- I agree with what she said in substance though not with every detail. အသေးစိတ်သဘောအရ မဟုတ်ပေမယ့် အနှစ်သာရအားဖြင့် သူပြောတာ ကျွန်တော် သဘောတူတယ်။
- The course teaches you theory but there's no substitute for practical experience. သင်တန်းက ခင်ဗျားကို စာတွေ့ပဲသင်ပေးမှာ၊ ဒါပေမဲ့ လက်တွေ့ ကိုတော့ အစားထိုးလို့မရဘူး။
- The local bus service was a poor substitute for their car. သူတို့ ကိုယ်ပိုင်ကားနဲ့စာရင်တော့ ဘတ်စ်ကားက မရှိသုံး သုံးရတဲ့ သဘောပဲပေါ့။
- I didn't have much success in finding a job. ကျွန်တော် အလုပ်ရှာတာ မအောင်မြင်ပါဘူး။
- Confidence is the key to success. မိမိကိုယ်ကိုယုံကြည်မှုသည် အောင်မြင်မှု၏ သော့ချက်ဖြစ်သည်။
- I tired to discuss it with her but only succeeded in making her angry (= I failed and did the opposite of what I intended). ဒီကိစ္စ သူနဲ့ဆွေးနွေးဖို့ ကြိုးစားတာ အခြေအနေ ပိုတောင် ဆိုးတယ်။
- Their plan will meet with little success. သူတို့ရဲ့ အစီအစဉ်က သိပ်အောင်မြင်မှာ မဟုတ်ဘူး။
- He was determined to make a success of the business. သူက လုပ်ငန်းအောင်မြင်အောင် ကြိုးစားမယ်ဆိုပြီး သန္နိဌာန်ချလိုက်တယ်။
- She has won the award for the third year in succession. သူက သုံးနှစ်ဆက်တိုက် ဆုရထားတာ။
- The gunman fired three times in rapid succession. သေနတ်သမားက သုံးချက်ဆက်တိုက် အမြန်ပစ်ခတ်သည်။
- There is no such thing as a free lunch. နေ့လယ်စာ အလကား ကျွေးတာမျိုး မရှိပါ။
- The knot was fastened in such a way that it was impossible to undo. ပြန်ဖြေလို့မရအောင် အထုံးထုံးထားသည်။
- A solution immediately suggested itself to me (= I immediately thought of a solution). ကျွန်တော် အဖြေတစ်ခုကို ရုတ်တရက် စဉ်းစားမိသည်။
- It has been suggested that bright children take their exams early. ဉာဏ်ကောင်းသော ကျောင်းသားများကို စာမေးပွဲ စောစော စစ်ပေးရန် အကြံပြုထားသည်။
- Can I make a suggestion? ကျွန်တော်တစ်ခု အကြံပြုပါရစေ။
- Do you have any suggestions? ဘာများ အကြံပြုချင်ကြပါသလဲ။
- We are open to suggestions (= willing to listen to ideas from other people). အကြံပြုချက် သဘောထားများကိုလည်း ကြိုဆိုပါသည်။
- We need to get there by four. Any suggestions? ဘာများ အကြံပြုချင်ကြသလဲ။ ကျွန်တော်တို့ လေးနာရီ နောက်ဆုံးထားပြီး အရောက်သွားဖို့ လိုမယ်။ ဘာများ အကြံပြုချင်ကြသလဲ?
- It would be suicidal to risk going out in this weather. ဒီရာသီဥတုမျိုးမှာ စွန့်ပြီးသွားမယ်ဆိုရင် ကိုယ့်ဒုက္ခကိုယ်ရှာသလိုဖြစ်မယ်။
- If you want to go by bus, that suits me fine. ခင်ဗျား ဘတ်စ်ကားနဲ့သွားမယ်ဆိုရင် ကျွန်တော့်အတွက် အဆင်ပြေပါတယ်။
- It suits me to start work at a later time. နောက်ကျပြီး အလုပ်စမယ်ဆိုရင် ကျွန်တော့်အတွက် အဆင်ပြေပါတယ်။
- We're going away in the summer. နွေရာသီမှာ ကျွန်တော်တို့ ခရီးထွက်ကြမယ်။
- We sat in the sun. ကျွန်တော်တို့သည် နေရောင်အောက်တွင် ထိုင်ကြသည်။
- Every evening at sunset the flag is lowered. ညနေ နေဝင်ချိန်တွင် အလံချသည်။
- The drug should only be used under medical supervision. ဤဆေးကို ဆရာဝန်၏ ကြပ်မတ်မှုဖြင့်သာ သုံးသင့်သည်။
- We plan to publish the Sunday colour supplements in the near future. ကျွန်ုပ်တို့သည် တနင်္ဂနွေအချပ်ပိုစာစောင်ကို အရောင်ဖြင့် မကြာမီထုတ်ဝေရန်စီစဉ်သည်။
- Safety deposit boxes are available at a supplen ငွေပေးပါက အာမခံသေတ္တာများ သုံးနိုင်ပါသည်။
A transport plane carrying food and medical supplies for flood victims has landed. ရေဘေးဒုက္ခသည်များအတွက် ရိက္ခာနှင့်ဆေးဝါးပစ္စည်းများ သယ်ဆောင်လာသည့် ပို့ဆောင်ရေး လေယာဉ်တစ်စင်း ဆိုက်ရောက်လာပြီ။
- These measures are strongly supported by environmental groups. ပတ်ဝန်းကျင်ထိန်သိမ်းရေးအဖွဲ့များက ဤဆောင်ရွက်ချက်များကို အလေးအနက်ထောက်ခံကြသည်။
- Only a few people spoke in support of the proposal လူအနည်းငယ်ကသာ အဆိုပြုချက်ကို ထောက်ခံပြောဆိုသည်။
- Local businesses have provided financial support. ဒေသခံစီးပွားရေးလုပ်ငန်းများက ငွေကြေးထောက်ပံ့သည်။
- Challenges lie ahead, I suppose. ထို စိန်ခေါ်မူတွေ ရှေ့မှာရှိနေတယ် ထင်တယ်။
- There is no reason to suppose she's lying. သူလိမ်မယ်လို့ ထင်မြင်ယူဆစရာ အကြောင်းမရှိပါ။
- I could take you in the car, I suppose (= but I don't really want to). ကျွန်တော်ခင်ဗျားကို ကားနဲ့ခေါ်သွားလို့တော့ ရပါတယ်။ (သိပ်ပြီးခေါ်ချင်သည့် သဘောမရှိသော အဓိပ္ပာယ်ဆောင်သည်။)
- It is an event she reigns supreme. ဒီအားကစားမှာတော့ သူက ထိပ်ဆုံးမှာပဲ။
- The commander urges his men to make the supreme sacrifice (= die for what you believe in) for the national cause. တပ်မှူးက သူ့လူများအား အမျိုးသားရေးအတွက် မိမိအသက်ကိုပင်စွန့်ရန် တိုက်တွန်းသည်။
- Is that Len Len over there? I'm not sure." “ဟိုမှာ လင်လင်မဟုတ်လား” “မပြောတတ်ဘူး”။
- I'm not sure whether I should tell you this. ဒီကိစ္စခင်ဗျားကို ပြောသင့်မပြောသင့် ကျွန်တော်မသေမချာ ဖြစ်နေတယ်။
- Ask me if you're not sure how to do it. ဘယ်လိုလုပ်ရမယ် ဆိုတာမသေချာရင် ကျွန်တော့်ကို မေးပါ။
- It's a sure sign of economic recovery. ဒါဟာ စီးပွားရေးပြန်ကောင်းမယ့် သေချာပေါက် လက္ခဏာပဲ။
- One thing is for sure it's not going to be easy. သေချာတာတစ်ခုကတော့ ဒီကိစ္စ လွယ်မှာမဟုတ်ဘူး။
- It is a broad leaf with a large surface area. ဒီသစ်ရွက်က ဗျက်ကြီးပြီး မျက်နှာပြင်ကျယ်တယ်။
- Its success has surpassed all expectations. အောင်မြင်မှုသည် မျှော်မှန်းသည်ထက်ပိုသည်။
- Her cooking was always good, but this time she had surpassed herself (= done better than her own high standards). သူချက်တဲ့ဟင်းက အမြဲကောင်းတယ်။ ဒါပေမဲ့ ခုတစ်ခါ ပိုပြီးတော့ ကောင်းနေတယ်။
- Wheat was in surplus this year. ဒီနှစ် ဂျုံထွက်နှုန်း ပိုလျှံတယ်။
- The balance of payment was in surplus last year (= the value of exports was greater than the value of imports). ယမန်နှစ်က ငွေပေးငွေယူရှင်းတမ်းသည် ပိုငွေပြသည်/ သွင်းကုန်တန်ဖိုးထက် ပို့ကုန်တန်ဖိုးများသည်။ (in surplus ၏ ဆန့်ကျင်ဘက်အဖြစ် in deficit ဟု သုံးနိုင်သည်)။
- These items are surplus to requirements (= not needed). ဤပစ္စည်းများမှာ မလိုပါ။
- It comes as no surprise to learn that they broke their promises. သူတို့ ကတိဖောက်ဖျက်တယ်လို့ သိရတာ မဆန်းပါဘူး။
- Her letter came as a complete surprise. သူ့စာ လုံးဝမမျှော်လင့်ဘဲ ရောက်လာတယ်။
- There are lots of surprises in store for visitors to the gallery. ဧည့်သည်များအတွက် ပြပွဲတွင် အထူးအဆန်းများ တွေ့ရပါမည်။
- She looked up in surprise. သူက တအံ့တသြဖြင့် မော်ကြည့်သည်။
- He gasped with surprise at her strength. မိန်းကလေး၏ စွမ်းအားကို သူအံ့သြသွားသည်။
- Much to my surprise, I passed. ကျွန်တော်အောင်တာ ကျွန်တော် အတော့်ကို့အံ့သြတယ်။
- To everyone's surprise, the plan succeeded. အစီအစဉ်အောင်မြင်သဖြင့် အားလုံးအံ့သြကြသည်။
- Don't be surprised if I pretend not to recognize you. ခင်ဗျားကို ကျွန်တော် မသိဟန်ဆောင်ရင် မအံ့သြနဲ့။
- 'Will she cancel the party?' 'I wouldn't be surprised.' “ပါတီပွဲကို သူဖျက်လေမလား” “ဖျက်ရင်လည်း ကျွန်တော် မအံ့ဩပါဘူး"
- Not surprisingly on such a fine weather, everyone wants to go out for a walk. ဒီလိုသာယာတဲ့ ရာသီမျိုးမှာ ဘယ်သူမဆို လမ်းထွက် လျှောက်ချင်ကြတာပဲပေါ့။ အဆန်းမဟုတ်ဘူး။
- The armed group offered (an) unconditional surrender. လက်နက်ကိုင်အဖွဲ့သည် ခြွင်းချက်မရှိ လက်နက်ချမည် ဖြစ်ကြောင်း ကမ်းလှမ်းသည်။
- That man is the prime suspect in the case. ဒီအမှုမှာ အဲဒီလူဟာ အဓိက မသင်္ကာရတဲ့သူပဲ။
- Don't keep us in suspense. Tell us what happened! တို့ကိုရင်တုန်အောင် မလုပ်နဲ့။ ဘာဖြစ်တာလဲ ပြောစမ်း။
- He was arrested on suspicion of murder. လူသတ်မှုတွင် မသင်္ကာမှုဖြင့် သူ့ကိုဖမ်းသည်။
- I have a sneaking suspicion that she's not telling the truth. သူအမှန်အတိုင်းမပြောဘူးဆိုတာ ကျွန်တော် နည်းနည်း သံသယ ဖြစ်မိတယ်။
- She died in suspicious circumstances. သူသေတာ ရိုးရိုးသားသားမဟုတ်ဘူး၊ သံသယဖြစ်စရာပဲ။
- She swallowed hard and told him the bad news. မိန်းကလေးသည် ရင်မှာတစ်ဆို့စွာဖြင့်သတင်းဆိုးကို သူ့အားပြောပြသည်။
- I found her excuse very hard to swallow. သူရဲ့ အကြောင်းပြချက်ကို ကျွန်တော် ယုံရမှာအတော် ခက်သည်။
- He told her a pack of lies, but she swallowed it whole. သူ့စကားများမှာ မုသားအပြည့်ဖြစ်သော်လည်း မိန်းကလေး က အားလုံးကိုယုံသည်။
- You're going to have to swallow your pride and ask for your job back. မာန မထားဘဲ ခင်ဗျားအလုပ်ကို ပြန်တောင်းရလိမ့်မယ်။
- We spent the evening at the club swapping stories (= telling each other stories) about our travels. ကျွန်တော်တို့သည် ကလပ်တွင် တစ်ညနေလုံး ကျွန်တော် တို့၏ ခရီးသွားအတွေ့ အကြုံကို ပြန်ပြောကြသည်။
- He was quick to exploit those who fell under his sway. သူက သူ့သြဇာအောက် ရောက်လာသူတွေ အပေါ် အမြတ်ထုတ်ရာမှာ လက်မနှေးဘူး။
- I could have sworn (= I am sure) I heard the phone ring. သေချာတယ်။ ဖုန်းမြည်တဲ့အသံ ကျွန်တော်ကြားတယ်။
- She completed the routine without even working up a sweat. သူသည် လုပ်နေကျအလုပ်ကို မပင်မပန်း အေးအေးဆေးဆေး ပြီးစီးအောင်လုပ်သည်။
- He breaks out in a sweat just at the thought of flying. လေယာဉ်စီးရေးကို စဉ်းစားရုံဖြင့် သူချွေးပြန်ပြီး ကြောက်သည်။
- She achieved success by the sweat of her brow (= by working very hard). သူသည် အထူးကြိုးစားခြင်းဖြင့် အောင်မြင်မှုရခဲ့သည်။
- He was sweating buckets. (= a lot). သူကိုယ်တွင် ချွေးများရွှဲနေသည်။
- Good night. Sweet dreams. ကောင်းသောညပါ (ပြန်တော့မယ်နော်)။ အိပ်လို့ပျော်ပါစေ။ (အိပ်မက်လှလှမက်ပါစေ။)
- It was sweet of them to offer to help. ကူညီမယ်လို့ ကမ်းလှမ်းတာကိုက သူတို့သဘောကောင်းတာပဲ။
- Let's go for a swim. ရေကူးသွားကြရအောင်။
- The girl took a swipe at him with her umbrella. မိန်းကလေးက သူ့ကိုထီးနှင့် လှမ်းရိုက်သည်။
- He used the interview to take a swipe at his critics. သူသည်တွေ့ ဆုံမေးမြန်းခန်းတွင် သူ့အားဝေဖန်သူများကို ထိုးနှက်တိုက်ခိုက်သည်။
- That was in the days before electricity was available at the flick of a switch. ခလုတ်တစ်ချက်နှိပ်ရုံဖြင့် လျှပ်စစ်မီးလင်းသည့် ခေတ်မတိုင်မီက ဖြစ်ရပ်ဖြစ်သည်။
- I'm here if you need a sympathetic ear (= somebody to talk to about your problems). ခင်ဗျားပြောချင်တာတွေကို ကျွန်တော်နားထောင်ပါ့မယ်။
- I have no sympathy for Hong Kee, it's all her own fault. ကျွန်တော် ဟုန်းကီးကို မသနားဘူး။ အဲဒါအားလုံး သူ့အပြစ်ပဲ။
- He works out a systematic approach to solving the problem. သူသည် ပြဿနာ' ဖြေရှင်းနိုင်မည့် စနစ်ကျသည့် နည်းလမ်းကို ရှာကြံသည်။
- The housewife set the table (= to put the plates, knives, etc. on it for a meal). အိမ်ရှင်မသည် ထမင်းပွဲပြင်သည်။
- The maid cleared the table (= take away the dirty plates, etc. at the end of a meal). အိမ်ဖော်သည် ထမင်းပွဲသိမ်းသည်။
- It was a brave decision to change tack in the middle of the project. စီမံကိန်းတစ်ဝက်တစ်ပျက်မှာ နည်းလမ်းကိုပြောင်းတာ ရဲရင့်တဲ့ ဆုံးဖြတ်ချက်ပဲ။
- When threats failed, she decided to try/take a different tack. ခြိမ်းခြောက်သည့်နည်း မအောင်မြင်သဖြင့် သူသည် နည်းလမ်းကို ပြောင်းရန်ဆုံးဖြတ်လိုက်သည်။
- The police have put a tail on him. ရဲက သူ့ကို နောက်ယောင်ခံလိုက်နေသည်။
- The storms took the lives of 50 people. မုန်တိုင်းများကြောင့် လူ ၅၀ သေဆုံးသွားသည်။
- The state has taken control of the company. ထိုကုမ္ပဏီကို နိုင်ငံတော်က သိမ်းလိုက်သည်။
- Why should I take the blame for somebody else's mistakes? သူတစ်ပါးရဲ့ အမှားအတွက် ကျွန်တော်က ဘာလို့ ခေါင်းခံရမှာလဲ။
- If you take my advice, you will have nothing more to do with him, ကျွန်တော်ပေးတဲ့အကြံလက်ခံမယ်ဆိုရင်တော့ ခင်ဗျား သူနဲ့နောင် မဆက်ဆံဖို့ ပြောချင်တယ်။
- Can the ropes take the strain (= not break)? ဒီကြိုးတွေက ခံနိုင်(ခိုင်)ပါ့မလား။
- Of course I didn't do it! What do you take me for (= what sort of person do you think I am)? ငါမလုပ်ရပါဘူး။ လူကို ဘယ်လိုလူစား အောက်မေ့လို့လဲ။
- Don't take offence (= be offended) at what I said. ကျွန်တော်ပြောတာ ဘယ်လိုမှ သဘောမထား(စိတ်မဆိုး)ပါနဲ့။
- It takes about half an hour to get to the airport. လေဆိပ်ကိုရောက်ဖို့ နာရီဝက်လောက်ကြာမယ်။
- It'll take time ( = take a long time) for her to recover from the illness. သူ ပြန်နေကောင်းဖို့ အတော်ကြာလိမ့်မယ်။
- I need a shower — I won't take long. ငါရေချိုးဦးမယ်။ မကြာပါဘူး။
- They made a takeover bid for the company. သူတို သည် ကုမ္ပဏီရှယ်ယာများကိုဝယ်ကာ ကုမ္ပဏီကိုပိုင်ဖို့ကြိုးစားသည်။
- The team's tale of woe continued on Saturday (= they lost another match). အဲဒီအသင်းဟာ စနေနေ့က နောက်တစ်ပွဲထပ်ရှုံးပြန်တယ်။
- Her experiences provide a cautionary take (= a warning) for us all. သူ့ရဲ့အတွေ့အကြုံက တို့အားလုံးကို သတိပေးလိုက်တာပဲ။
- The central committee is organizing a talent competition/contest/show (= in which people perform, to show how well they can sing, dance, etc.) ဗဟိုကော်မတီက စွမ်းရည်ပြိုင်ပွဲတစ်ရပ်ကျင်းပဖို့ စီစဉ်နေတယ်။
- Kung Kung and King King aren't talking to each other right now (= they refused to speak to each other because they have argued). ကူန်ကူန်နဲ့ကင်ကင်တို့ လောလောဆယ် မခေါ်ကြဘူး။
- What are you talking about? (= used when you are surprised annoyed and/or worried by something that somebody has just said). မင်း ဘာတွေ လျှောက်ပြောနေတာလဲ။
- See if you can talk some sense into him (=persuade him to be sensible). မင်း သူ့ကို ဖျောင်းဖျလို့ ရ မရ ကြည့်ပါဦး။
- His albums are available on tape and CD. သူ့ရဲ့သီချင်းတွေ တိပ်ခွေနဲ့ရော စီဒီနဲ့ပါထွက်နေပါပြီ။
- Doors and windows are an easy target for burglars. တံခါးပေါက်နှင့် ပြတင်းပေါက်များသည် ဖောက်ထွင်း သူများ အလွယ်တကူ ဝင်ရောက်တတ်သည့် နေရာများဖြစ်သည်။
- Our boss is a hard taskmaster. တို့ရဲ့ အလုပ်ရှင်က အလုပ်အရမ်းခိုင်းတယ်။
- It was his first taste of live theatre. ဒါဟာ လူကိုယ်တိုင် တင်ဆက်တဲ့ပွဲကို သူ ပထမဆုံး ကြည့်ရခြင်းပဲ။
- This drink tastes like sherry, ဤယမကာသည် ရှယ်ရီနှင့် (အရသာ) ဆင်တူသည်။
- He thought of profits before/after tax. အခွန်မဆောင်မီ/ဆောင်ပြီးရရှိမည့် အကျိုးအမြတ်ကို သူတွေးကြည့်သည်။
- The problem is currently taxing the brains of the board of directors (= making them think very hard). ထိုပြဿနာသည် ဒါရိုက်တာအဖွဲ့အား လောလောဆယ် ခေါင်းခဲစေသည်။
- We'd better take a taxi. ငါတို့ (တက်စီငှား)အငှားယာဉ်နဲ့ သွားသင့်တယ်။
- I came home by taxi. ကျွန်တော်အိမ်ကို အငှားယာဉ်နဲ့ ပြန်ခဲ့တယ်။
- The traffic accident taught me a lesson I'll never forget. ယာဉ်တိုက်မူက ကျွန်တော့်ကို မမေ့နိုင်လောက်တဲ့ သင်ခန်းစာ တစ်ခုပေးလိုက်တယ်။
- She left the room in tears (= crying). သူသည် ငိုပြီး အခန်းအပြင် ထွက်သွားသည်။
- He suddenly burst into tears (= began to cry). သူသည် ရုတ်တရက် ငိုချလိုက်သည်။
- This story will move you to tears (= make you cry). ဒီဇာတ်လမ်းက ခင်ဗျားကို မျက်ရည်ကျသွားစေမယ်။
- The story brought a tear to her eye (= made her cry). ဇာတ်လမ်းက သူ့ကို မျက်ရည်ကျစေသည်။
- Most of the audience was on the verge of tears. ပရိသတ်အများစု မျက်ရည်စိုနေကြသည်။
- I was close to tears as I told them the news. ကျွန်တော်သည် သူတို့ကို သတင်းပြောပြရင်း မျက်ရည် လည်လာသည်။
- Desperately she fought back the tears (= tried not to cry). မိန်းကလေးသည် မျက်ရည်မကျအောင် အတော်ထိန်းခဲ့ရသည်။
- The article is full of technical terms. ဆောင်းပါးသည် ပညာရပ်ဆိုင်ရာ အသုံးအနှုန်းများနှင့် ပြည့်နေသည်။
- It is still technically possible for them to win (= but it seems unlikely). ပြောရရင်တော့ သူတို့ နိုင်ခြေရှိပါသေးတယ် (သို့သော်သိပ် မဖြစ်နိုင်)။
- In those days recording sound was not technically possible. ထိုစဉ်အခါက အသံသွင်းရေးမှာ နည်းပညာပိုင်းအရ မဖြစ်နိုင်ပါ။
- It was teeming with rain. မိုးတွေ သည်းထန်စွာ ရွာနေခဲ့တယ်။
- You can reserve seats over the telephone. ထိုင်ခုံနေရာကို ဖုန်းနဲ့ဆက်ပြီး ကြိုဝယ်လို့ရတယ်။
- I need to make a telephone call. ကျွန်တော် ဖုန်းဆက်ဖို့ လိုတယ်။
- We don't do much in the evenings except watch television. တီဗီကြည့်တာကလွဲလို့ ညနေပိုင်းမှာ လုပ်စရာမရှိပါဘူး။
- I can't tell you how happy I am. ငါ ဘယ်လောက်ပျော်တယ်ဆိုတာ ဘယ်လိုပြောရမယ် မသိတော့ဘူး။
- Children must do as they are told. ကလေးများသည် သွန်သင်သည့်အတိုင်း လိုက်နာကြရမည်။
- I think he's happy. It is hard to tell. သူပျော်မယ်လို့ ကျွန်တော်ထင်တယ်။ အတိအကျပြောဖို့တော့ ခက်ပါတယ်။
- It was hard to tell the difference between the two versions. အဆိုနှစ်ခု၏ ကွဲပြားချက်ကို ပြောရခက်သည်။
- She broke the plates in a fit of temper. မိန်းကလေးသည် စိတ်ဆိုးပြီး ပန်းကန်ပြားများကို ခွဲပစ်သည်။
- She's a dreamer and a romantic by temperament. သူ့ပင်ကိုစရိုက်အရ သူဟာ စိတ်ကူးယဉ်တတ်သူ ဖြစ်တယ်။
- Keep the wine at room temperature. ဝိုင်ကို သာမန် အခန်းအပူချိန်မှာပဲ ထားပါ။
- The nurse took the patient's temperature. သူနာပြုသည် လူနာ၏ အပူချိန်ကို တိုင်းသည်။
- Does he have a temperature (=is it higher than normal, because of illness)? သူ ကိုယ်ပူနေသလား။
- She's running a temperature (=it is higher than normal). သူ ကိုယ်ပူနေတယ်။
- I couldn't resist the temptation to open the letter. စာကို ဖွင့်ဖောက်ချင်တဲ့ စိတ်ကို ကျွန်တော် ထိန်းလို့မရပါ။
- Peopletend to think that the problem will never affect them. ပြဿနာက မိမိတို့ကို ဘယ်တော့မှ ထိခိုက်မည်မဟုတ်ဟု လူတွေက ထင်တတ်ကြသည်။
- What he needs now is a lot of tender loving care (=sympathctic treatment). လောလောဆယ် သူလိုအပ်နေတာက နူးညံ့တဲ့ချစ်ခြင်းမေတ္တာ။
- She shouldn't be having to deal with lems like this at such a tender age. ဒီလောက် နုနယ်တဲ့အရွယ်မှာ မိန်းကလေးအနေနဲ့ ဒီပြဿနာမျိုးကို ရင်ဆိုင်ဖြေရှင်းဖို့ မသင့်ပါ။
- Cleaning and laundry services have been put out to tender (=companies have been asked to make offers to supply these services). အဝတ်လျှော်ဖွတ်လုပ်ငန်း လုပ်ဖို့ တင်ဒါခေါ်ထားသည်။
- He has tendered his resignation to the manager. သူသည် မန်နေဂျာထံ နုတ်ထွက်စာ တင်ထားသည်။
- It's nearly the end of term. သင်တန်း ကာလပြီးဆုံးခါနီးပြီ။
- It happened during the president's first term of /in office. သမ္မတ၏ ပထမသက်တမ်းအတွင်း ထိုကိစ္စဖြစ်ပျက်ခဲ့သည်။
- He faces a maximum prison / jail term of 25 years. ထောင်ဒဏ် အများဆုံး ၂၅ နှစ်အထိ သူ ကျနိုင်တယ်။
- The industry is in terminal decline. လုပ်ငန်းမှာ ပျက်လုနီးနီး အခြေယိုင်လျက်ရှိသည်။
- There are the terms and conditions of your employment. ခင်ဗျားကို အလုပ်ခန့်ရာမှာ စည်းကမ်းသတ်မှတ်ချက်များ ရှိတယ်။
- We wish to protest in the strongest possible terms (=to say we are very angry). ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်လိုပါသည်။
- I'm on first-name terms with my boss now (=we call each other by our first names). အခုဆိုရင် ကျွန်တော်နဲ့ ကျွန်တော့်အလုပ်ရှင် အတော့်ကို ရင်းနှီးနေကြပြီ။ (အင်္ဂလိပ်၊ အမေရိကန်တို့သည် အလွန်ရင်းနှီးပါက အချင်းချင်း ပထမအမည်ကိုသာ ခေါ်ဝေါ်ကြသည်။) (Jarnes Baker ဆိုပါက James ဟု ခေါ်ခြင်း)။
- This type of work is uncharted territory for us. ဒီအလုပ်မျိုးက ကျွန်တော်တို့အတွက် စိမ်းနေတယ်။
- Children fled from the fire in terror. ကလေးများသည် ကြောက်လန့်ကာ မီးလောင်ရာမှ ထွက် ပြေးကြသည်။
- She lives in terror of (=is constantly afraid of) losing her job. သူသည် အလုပ်ပြုတ်မည်ကို စိုးရွံ့နေသည်။
- Death holds no terror for (=does not frighten or worry) me. ကျွန်တော်သည် သေခြင်းတရားကို မမှုပါ။
- Thanks a lot for lending me the money. ငွေချေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
- Many thanks for your support. ကူညီထောက်ပံ့တဲ့အတွက်/ထောက်ခံတဲ့အတွက် ခင်ဗျားကို ကျေးဇူးတင်ပါတယ်။
- Thank you very much for sending the photos. ဓာတ်ပုံတွေ ပို့ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
- How often do you go to the theatre? ခင်ဗျား ကဇာတ်ရုံကို တစ်ပတ်ဘယ်နှခါ (သို့မဟုတ်) တစ်လ ဘယ်နှခါသွားကြည့်သလဲ။
- The stories are all variations on the theme of unhappy marriage. ဇာတ်လမ်းအားလုံးသည် အိမ်ထောင်ရေး မပြေလည်မှ သဘောကိုပဲ ဖွဲ့ထားကြသည်။
- I saw them at Christmas but haven't heard a thing since then. ခရစ္စမတ်တုန်းက တွေ့ပြီးကတည်းက သူတို့အကြောင်း ဘာမျှ မကြားရတော့ပါ။
- Your room will be ready next week but you can stay with as until then. ခင်ဗျားရဲ့ အခန်းက နောက်တစ်ပတ်မှာ အသင့်ဖြစ်မယ်၊ အဲဒီအချိန်ထိ ကျွန်တော်တို့နဲ့ နေနိုင်ပါတယ်။
- There once was a poor farmer who had three တစ်ခါတုန်းက ဆင်းရဲတဲ့ လယ်သမားကြီးတစ်ဦးမှာ သား သုံးယောက်ရှိလေသည်။
- There it is -just behind the chair. ဟော၊ ဟိုမှာ၊ ကုလားထိုင်နောက်မှာ တွေ့ပြီ။
- “Have you seen my pen?" “Yes, it's over there.' “ကျွန်တော့်ဖောင်တိန် တွေ့မိလား” “တွေ့တယ်၊ ဟိုမှာလေ”
- Can I get there and back in a day. အဲဒီကို နေ့ချင်းပြန် သွားနိုင်မလား။
- I took one look at the car and offered to buy it there and then / then and there (= immediately). ကျွန်တော် ကားကိုတစ်ချက်ကြည့်ပြီး ချက်ချင်းပဲ ဝယ်မယ် ပြောလိုက်တယ်။
- There you are! I've been looking for you everywhere. ခင်ဗျားက ဒီမှာကို။ ကျွန်တော်ရှာတာ နှံ့နေပြီ။
- There goes the last bus (= we've just missed it). သွားပါပြီ။ နောက်ဆုံးဘတ်စ်ကား ထွက်သွားပြီ။
- There goes the phone ( = it's ringing). ဖုန်းမြည်နေတယ်။ ဖုန်းလာနေတယ်။
- There goes my career! ( = my career is ruined). ငါ့ အသက်မွေးဝမ်းကျောင်း အလုပ်တော့ သွားပါပြီ။
- He is as thin as a rake ( = very thin). သူ တော်တော်ပိန်တယ်။
- Ignore what he said it doesn't mean a thing. သူပြောတာ အလေးမထားနဲ့။ ပေါက်ကရ ပြောတာပါ။
- "Why did you tell her our secret?" "I did no such thing". “မိန်းကလေးကို ဘာကြောင့် တို ့ရဲ့ လျှို့ဝှက်ချက် ပြောလိုက် တာလဲ”။ “ဟာ- ကျွန်တော် မပြောပါဘူး"။
- Let's forget the whole thing ( = everything). အားလုံးကို မေ့လိုက်ကြရအောင်။
- Hi Jue Jue! How are things.? ဂျူးဂျူး၊ အခြေအနေ အစစ အရာရာ ဘယ်လိုလဲ။
- As things stand at present, he seems certain to win. လက်ရှိအခြေအနေအရတော့ သူနိုင်မှာ သေချာတယ်။
- All things considered (= considering all the difficulties or problems), she's done very well. အခြေအနေအားလုံးကို ခြုံကြည့်ပါက သူလုပ်တာ အတော် ကောင်းပါတယ်။
- It was once thought that the sun travelled around the earth. နေက ကမ္ဘာကိုလှည့်ပတ်သည်ဟု တစ်ချိန်က ထင်ခဲ့ကြသည်။
- "Will we make it in time?" "I think so." ကျွန်တော်တို့ အချိန်မိပြီး/ရောက်ပါ့မလား။ ပြီး/ရောက်မယ် ထင်တယ်။
- "Is he any good?" "I don't think so." “သူက ကောင်းရဲ့လား (သင့်ရဲ့လား)"။ “ကျွန်တော်တော့ မထင်ဘူး"။
- I can't tell you now-I'll have to think about it. ခုမပြောနိုင်သေးဘူး၊ စဉ်းစားဦးမယ်။
- If I'm late home, my mother always thinks the worst. ကျွန်တော် အိမ်ပြန်နောက်ကျရင် အမေက အရမ်းစိတ်ပူတာပဲ။
- You need to think big (=aim to achieve a lot). ရည်မှန်းချက် ကြီးမားရမယ်။
- Do you think you could open the window? ကျေးဇူးပြုပြီး ပြတင်းပေါက် ဖွင့်ပေးနိုင်မလား။
- The book is written in the third person. စာအုပ်ကို ဘေးလူ(ကြားလူ) တစ်ယောက်အမြင်ဖြင့် ရေးထားသည်။
- Digging is thirsty work (= makes you thirsty). မြေတူးခြင်းသည် ရေငတ်သည့်အလုပ် ဖြစ်သည်။
- Do it this minute (= now). ဒါကို အခုချက်ချင်းလုပ်ပါ။
- He never comes to see me these days (= now as compared with the past). သူ ကျွန်တော့်ဆီ ခုတလော မလာဘူး။
- The very thought of it makes me feel sick. ဒီဟာကို စဉ်းစားကြည့်ရုံနဲ့တောင် အော်ဂလီဆန်တယ်။
- I've just had a thought (= an idea). ကျွန်တော် စိတ်ကူး/အကြံတစ်ခု ရတယ်။
- "Why don't you try the other key?" "That's a thought" “နောက်သော့တစ်ချောင်းနဲ့ စမ်းကြည့်ပါလား။" “ဟုတ်ပါ့ဗျာ။”
- Spare a thought for those without enough to eat this winter. ဆောင်းတွင်းမှာ စားစရာ လုံလုံလောက်လောက် မရှိတဲ့ သူတွေအတွက်လည်း ထည့်သွင်းစဉ်းစားပါဦး။
- I lost the thread of the argument (= I could no longer follow it). ဆွေးနွေးတာတွေကို ကျွန်တော် လိုက်မမီ/နားမလည်တော့ဘူး။
- It took me a long time to thread my way through the crowd. ပရိသတ်ကြားက ဖြတ်သွားခဲ့တာ အချိန် အတော်ကြာသွားတယ်။
- She is prepared to carry out her threat to resign. မိန်းကလေးသည် အလုပ်က နုတ်ထွက်မည်ဟု ပြောထားသည့်အတိုင်း လုပ်ရန်အသင့်ရှိသည်။
- These farmlands are under threat from the expanding human settlements. ဤလယ်မြေများသည် လူနေအိမ်ခြေများ တိုးချဲ့လာမှုကြောင့် အခြေပျက်ရမည့်ကိန်း ဆိုက်နေသည်။
- Drug abuse poses a major threat to the fabric of our society. မူးယစ်ဆေးဝါး အလွဲသုံးမှုသည် ကျွန်ုပ်တို့၏ လူ့အဖွဲ့ အစည်းအတွက် ကြီးမားသည့် အန္တရာယ်ဖြစ်သည်။
- She felt as though she was on the threshold of a new life. ဘဝသစ်တစ်ခုကို စတင်ရမည့်အခြေအနေ ရောက်နေသည်ဟု သူခံစားမိသည်။
- It gave me a big thrill to meet my favourite author in person. ကျွန်တော်အနှစ်သက်ဆုံး စာရေးဆရာနဲ့ တေ့တေ့ဆိုင်ဆိုင် တွေ့ရမှာမို့ ကျွန်တော် ပျော်သွားတယ်။
- Bagan was very powerful when King Anawrahta was on the throne. အနော်ရထာဘုရင် စိုးစံစဉ် ပုဂံနိုင်ငံသည် အင်အား တောင့်တင်းသည်။
- He drove along at full throttle (= as fast as possible). သူသည် ကားကို အမြန်ဆုံးမောင်းသွားသည်။
- I tried to call you but I couldn't get through. ကျွန်တော်ခင်ဗျားကို ဖုန်းဆက်ဖို့ကြိုးစားတာ ဆက်လို့မရဘူး။
- Their proposals were given the thumbs down. သူတို့၏ အဆိုပြုချက်များ ပယ်ချခံရသည်။
- In some countries, there is a rising tide of crime. အချို့နိုင်ငံများတွင် ရာဇဝတ်မှုများ ပိုမိုဖြစ်ပွားလျက်ရှိသည်။
- I went into the office for an hour to tie up any loose ends (= finish remaining small jobs). ကျွန်တော်သည် တစ်နာရီခန့် ရုံးခန်းထဲဝင်ကာ လက်ကျန် အလုပ်ကိစ္စများကို ရှင်းသည်။
- The seating is arranged in tiers. ထိုင်ခုံများကို အဆင့်ဆင့်စီကာ နေရာချထားသည်။
- He kept a tight grip on her arm. သူသည် မိန်းကလေး၏ လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
- With six of us in the car it was a tight squeeze. ကျွန်တော်တို့ ခြောက်ယောက်ဆိုတော့ ကားထဲမှာ အတော်ကျပ်တယ်။
- The hot conditions may tilt the balance in favour of the Kenyan runners. ရာသီဥတုပူသဖြင့် ကင်ညာအပြေးသမားများအတွက် တစ်ပန်းသာဖွယ်ရှိသည်။
- Perceptions change over time (= as time passes). အမြင်သဘောထားများသည် အချိန်ကာလ ကြာမြင့်သည်နှင့် ပြောင်းလဲတတ်သည်။
- Can she tell the time yet (= say what time it is by looking at a clock)? သူ နာရီမကြည့်တတ်သေးဘူးလား။
- My watch keeps perfect time (= always shows the correct time). ကျွန်တော့်နာရီက အချိန်တကယ်မှန်တယ်။
- This time tomorrow I'll be in Japan. မနက်ဖြန် ဒီအချိန်လောက်ဆိုရင် ကျွန်တော် ဂျပန် ရောက် နေပြီ။
- The plane larided at 6 o'clock local time, လေယာဉ်သည် ဒေသစံတော်ချိန် ၆ နာရီတွင် ဆင်း/ ဆိုက်သည်။
- The train arrived right on time (= at exactly the correct time). ရထားသည် အချိန်မှန် ဆိုက်လာသည်။
- By the time you get there the meeting will be over. ခင်ဗျားရောက်သွားတဲ့အချိန်မှာ အစည်းအဝေးကပြီးလောက်ပြီ။
- You'll feel differently about it when the time comes (= when it happens). တကယ်ဖြစ်တဲ့အချိန်မှာ ဒီအတွက် ခင်ဗျားတစ်မျိုးခံစားရမှာပါ။
- She doesn't have much free/spare time, သူ့မှာ အချိန်ပို (အားချိန်) သိပ်မရှိဘူး။
- It takes time to make changes in the law. ဥပဒေကို ပြင်ဖို့ဆိုတာ အချိန်ကြာတယ်။
- Time's up - have you worked out the answer yet? အချိန်စေ့သွားပြီ၊ အဖြေရကြပြီလား။
- He never takes time off (=time spent not working). သူက အလုပ်ကို ဘယ်တော့မှ မနားဘူး။
- I can probably make the time to see them. ကျွန်တော် သူ့တို့နဲ့တွေ့ဖို့ အချိန်ရတန်ကောင်းပါရဲ့။
- We have no time to lose (=we must hurry). ငါတို့မှာ အချိန်မရှိဘူး။ မြန်မြန်လုပ်မှဖြစ်မယ်။
- Jane has worked here for some time (=for a fairly long period of time). ဂျိန်းဟာ ဒီမှာ အလုပ်လုပ်တာ အတော်ကြာပြီ။
- His injuries will take a long time to heal. သူ့ဒဏ်ရာတွေ ပျောက်ဖို့ အတော်ကြာမယ်။
- The early morning is the best time of day. မနက်စောစောဟာတစ်နေ့တာရဲ့ အကောင်းဆုံးအချိန်။
- I lived in Japan for a time. ကျွန်တော် ဂျပန်မှာ ခဏနေခဲ့ဖူးတယ်။
- His parents died a long time ago. သူ့မိဘတွေ ဆုံးတာကြာပြီ။
- At one time (= at a period of time in the past). Ko Ko was my best friend. အရင်တုန်းကတော့ ကိုကိုဟာ ငါ့ရဲ့ အကောင်းဆုံးမိတ်ဆွေပါ။
- The movie is set at the time of the Russian revolution. ရုပ်ရှင်မှာ ရုရှားတော်လှန်ရေးကာလကို ဇာတ်အိမ်တည်ထားသည်။
- Times have changed since Grandma was young. ဘွားဘွား ငယ်စဉ်ကနဲ့ ယခု အခြေအနေတွေ ပြောင်းလဲသွားပြီ။
- Next time you're here let's have lunch together. နောက်တစ်ကြိမ် ခင်ဗျား ဒီကိုရောက်ရင် ကျွန်တော်တို နေ့လယ်စာအတူစားရအောင်။
- He's determined to pass this time. သူဟာဒီတစ်ကြိမ်အောင်ရစေမယ်လို့ သန္နိဋ္ဌာန်ချထားတယ်။
- How many times (= how often) do I have to tell you not to do that? ဒါကို မလုပ်ပါနဲ့ဆိုတာ ငါမင်းကို ဘယ်နှခါ ပြောရမှာလဲ။
- I remember one time (=once) we had to abandon our car in the snow. တစ်ခါက ကျွန်တော်တို့ကားကို နှင်းတွေထဲ ထားခဲ့ရတာ ကျွန်တော် သတိရတယ်။
- Did you have a good time in Spain? စပိန်မှာ ပျော်ခဲ့ရဲ့လား။
- She completed the 500 metres in record time {= faster than any previous runner). မိန်းကလေးဟာ မိတာငါးရာကို စံချိန်တင်ပြေးခဲ့တယ်။
- The house is in tip-top condition. အိမ်သည် အကောင်းဆုံး အခြေအနေတွင် ရှိသည်။
- They were cold, hungry and tired out (=very tired). သူတို့သည် အအေးဒဏ်၊ ဆာလောင်မှုဒဏ်ကို ခံရသည့် အပြင် လွန်စွာ ပင်ပန်းနေကြသည်။
- I'm sick and tired of all the arguments. အပြန်အလှန် ငြင်းကြခုန်ကြသည်ကို ကျွန်တော် အတော် ငြီးငွေ့နေပြီ။
- The committee drank a toast to the new project. ကော်မတီသည် စီမံကိန်းသစ် အောင်မြင်ရေးအတွက် ဆု တောင်းကြသည်။
- The exams start a week today (=one week from now). နောက်တစ်ပတ်ကြာလျှင် စာမေးပွဲများ စတော့မည်။
- Can you touch your toes? (= by bending over while keeping your legs straight) (ဒူးမကွေးဘဲ)ခင်ဗျားလက်နဲ့ ခြေချောင်းတွေ ထိနိုင်သလား။
- Stay close together - I don't want anyone to get lost. လူမကွဲစေနဲ့၊ အတူနေကြ။
- Taken together, these factors are highly significant. ခြုံငုံပြီးစဉ်းစားပါက ဤအချက်များသည် လွန်စွာအရေးပါသည်။
- He has more money than the rest of us put together. ငါတို့အားလုံးမှာရှိတဲ့ ငွေစုစုပေါင်းထက် ပိုများတယ်။
- I need to go to the toilet (= use the toilet). ကျွန်တော် ရေအိမ်(သန့်စင်ခန်း) သွားချင်တယ်။
- Please accept this small gift as a token of our gratitude. ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ပေးတဲ့ ဒီလက်ဆောင်ကလေးကို လက်ခံပေးပါ။
- The official death toll in the earthquake has now reached 300. `ငလျင်ဘေးကြောင့် သေဆုံးသူ တရားဝင် အရေအတွက်သည် သုံးရာရှိသွားပြီ။
- I'll see you the day after tomorrow. ကျွန်တော်ခင်ဗျားကို သန်ဘက်ခါတွေ့မယ်။
- They came down on him like a ton of bricks (= criticized him very severely). သူတို့သည် သူ့အား ပယ်ပယ်နယ်နယ် ပြစ်တင်ဝေဖန် ကြသည်။
- Don't speak to me in that tone of voice (= in that unpleasant or critical way). အဲဒီလေးသံမျိုးနဲ့ ငါ့ကိုမပြောနဲ့။
- It's very rude to stick our tongue out at people. လူတွေကို ရှာထုတ်ပြတာ ရိုင်းတယ်။
- She's none too (= not very) clever. သူဟာ သိပ်ပြီး မပါးနပ်ဘူး။
- Some of them carried the guns which were the tools of their trade (= the things they needed to do their job). အချို့မှာ အလုပ်သဘောအရ သေနတ်များ ကိုင်ဆောင်ခဲ့ကြသည်။
- She answered through clenched teeth (= opening her mouth only a little because of anger). မိန်းကလေးသည် အံကြိတ်လျက် ပြန်ဖြေ/ပြောသည်။
- We have a lot of things to do, but packing is at the top of the list. တို့လုပ်စရာတွေအများကြီးရှိတယ်။ ဒါပေမဲ့ ထုပ်ပိုးရမယ့် အလုပ်ကတော့ ထိပ်ဆုံးကပဲ။
- The main topic of conversation was Tom's new girlfriend. စကားဝိုင်းရဲ့ အဓိကအကြောင်းအရာကတော့ တွမ်ရဲ့ချစ်သူ အသစ်အကြောင်းပဲ။
- The rain was coming down in torrents. မိုးတွေ ဒလဟော ရွာနေခဲ့သည်။
- I couldn't sleep but kept tossing and turning in bed all night. တစ်ညလုံး ဘယ်လူးညာလှိမ့်နဲ့ အိပ်မပျော်ခဲ့ဘူး။
- Let's toss a coin. ကဲ ခေါင်းပန်း လှန်ကြည့်ရအောင်။
- The repairs came to over K 1,000 in total ပြင်ဆင်စရိတ် စုစုပေါင်း ငွေတစ်ထောင် ကျတယ်။
- All this information is readily available at the touch of a button (= by simply pressing a button). ခလုတ်တစ်ချက်နှိပ်ရုံဖြင့် သတင်းအချက်အလက် အားလုံး အသင့်ရနိုင်တယ်။
- I spent the morning putting the finishing touches to the report. ကျွန်တော် အစီရင်ခံစာကို အချောသပ်ရင်း တစ်မနက်အချိန် ကုန်ခဲ့တယ်။
- It's about time nations started to get tough with terrorists. နိုင်ငံအားလုံးက အကြမ်းဖက်သမားများကို ပြတ်ပြတ် သားသား နှိပ်ကွပ်ရမည့်အချိန် ရောက်ပါပြီ။
- He plays the tough guy in the movie. သူသည် ရုပ်ရှင်ဇာတ်ကားတွင် လူကြမ်းနေရာမှပါဝင် သရုပ်ဆောင်သည်။
- We were given a guided tour (= by somebody who knows about the place) of the palace. ခရီးသွားလမ်းညွှန်က ကျွန်တော်တို့အား နန်းတော်တွင်း လိုက်ပြသည်။
- The band is on tour in France. တီးဝိုင်းအဖွဲ့သည် ပြင်သစ်နိုင်ငံတွင် လှည့်လည်လျက်ရှိသည်။
- He is back home after completing a tour of duty for three years in a foreign country. သူသည် နိုင်ငံခြားတိုင်းပြည်တစ်ခုတွင် သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ပြီး ပြန်ရောက်လာသည်။
- I did briefly toy with the idea of living in Japan. ကျွန်တော်သည် ဂျပန်တွင်နေဖို့ ခဏစိတ်ကူးကြည့်မိသည်။
- Police searched the area but found no trace of the escaped prisoners. ရဲက ပတ်ဝန်းကျင်တစ်ဝိုက်ကို ရှာဖွေသော်လည်း လွတ်မြောက် သွားသည့် အကျဉ်းသားများကို အစအနမျှပင် မတွေ့ပါ။
- Years of living in England had eliminated all. trace of his American accent. အင်္ဂလန်တွင် နှစ်နှင့်ချီကာ အနေကြာလာသဖြင့် သူ၏ အမေရိကန် လေယူလေသိမ်း ပျောက်သွားသည်။
- The ship had vanished without (a) trace. သင်္ဘောသည် လုံးဝ အစအနပျောက်သွားသည်။
- Police are on the track of (= searching for) the thieves. ရဲက သူခိုးများကို လိုက်ရှာနေသည်။
- The horse stopped dead in its tracks and refused to move. မြင်းသည်ပြေးလမ်းတွင် ရုတ်တရက်ထိုးရပ်သွားပြီး ဆက်မသွားတော့ချေ။
- He spent six weeks in traction after he broke his leg. သူသည်ခြေကျိုးသွားသဖြင့် ခြောက်လကြာ ကုသမှုခံယူခဲ့ရသည်။
- I wouldn't mind trading places with him for a day. သူနဲ့ နေရာချင်း တစ်ရက် လဲပေးရမှာ ကျွန်တော်အပန်း မကြီးပါဘူး။ (တစ်ရက်လောက်နေရာချင်းလဲချင်တယ်။)
- They broke with tradition (= did things differently) and got married quietly, သူတို့သည် အစဉ်အလာအတိုင်း မဟုတ်ဘဲ တိုးတိုး တိတ်တိတ် လက်ထပ်လိုက်ကြသည်။
- By tradition, children play tricks on April 1. ကလေးများသည် ဧပြီ တစ်ရက်နေ့တွင် နောက်ကြ စကြသည်မှာ အစဉ်အလာဖြစ်သည်။
- It's traditional in Myanmar to pay respects to elders during Thadingyut lighting festival. မြန်မာနိုင်ငံတွင်၊ သီတင်းကျွတ်မီးထွန်းပွဲတော်ကာလတွင် သက်ကြီးရွယ်အိုများအား ကန်တော့ကြသည်မှာ ထုံးတမ်းစဉ်လာ ဖြစ်သည်။
- They were stuck in traffic and missed their flight. သူတို့သည် ယာဉ်ကြောပိတ်ဆို့သဖြင့် စီးမည့်လေယာဉ် လွတ်သွားသည်။
- We were stuck in a traffic jam. ကျွန်တော်တို့သည် ယာဉ်ကြောတွင် ပိတ်မိနေခဲ့ကြသည်။
- Goods may be damaged or lost in transit. လမ်းခရီး အကူးအပြောင်းတွင် ပစ္စည်းများပျက်စီးပျောက်ရှတတ်သည်။
- I have only read Tolstoy in translation. ကျွန်တော်ဟာ တော်လ်စတွိုင်းဝတ္ထုကို ဘာသာပြန်ကိုပဲ ဖတ်ဖူးတာပါ။
- It is inexpensive to travel on /by public transport (= by train, bus, etc.) အများပြည်သူစီး ယာဉ်ရထားများသည် ဈေးသက်သာသည်။
- His bike is his only means of transport. သူ့မှာ သွားရေးလာရေးအတွက် စက်ဘီးသာရှိသည်။
- She had set a trap for him and he had walked straight into it. သူသည်မိန်းကလေးဆင်ထားသည့် ထောင်ချောက်(ဆင်) အတွင်းသို့ တည့်တည့်ကြီးဝင်သွားသည်။
- When I finished college I went travelling for one month (= spent time visiting different places). ကျွန်တော်ကျောင်းပြီးသည်နှင့် တစ်လကြာခရီးထွက်လည်သည်။
- Let's go out for lunch — my treat (= I will pay). နေ့လယ်စာထွက်စားရအောင်။ ကျွန်တော်ကျွေးမယ်။
- She will stand trial/go on trial for fraud. သူ့ကိုလိမ်လည်မှုဖြင့် ရုံးတင်မည်။
- The men were arrested but not brought to trial. ထိုလူများကို ဖမ်းဆီးသော်လည်း ရုံးတင်ခြင်းမပြုပါ။
- He agreed to employ me for a trial period.. သူသည် ကျွန်တော့်အား အချိန်အတိုင်းအတာ တစ်ခုအထိ အစမ်းခန့်ရန် သဘောတူသည်။
- The system was introduced on a trial basis for one month. ထိုစနစ်ကို တစ်လကြာ အစမ်းကျင့်သုံးသည်။
- Children learn to use computer programmes by trial and error. ကလေးများသည် ကွန်ပျူတာကို လက်တွေ့ စမ်းရင်းမှားလျှင် ပြင်သည့်နည်းဖြင့် တတ်မြောက်သည်။
- Salai is always playing tricks on his sister. ဆလိုင်းသည် သူ့ညီမလေးအား အမြဲ ကြည်စယ်နောက်ပြောင်သည်။
- It was a trick question (= one to which the answer seems easy by actually is not). ဒါဟာ လှည့်ထားတဲ့ မေးခွန်းပဲ။
- One of the problems of old age is that your. memory can start to play tricks on you. အသက်ကြီးလာပါက ကြုံရမည့်ဒုက္ခတစ်ခုမှာ မေ့တတ်ခြင်း ဖြစ်သည်။
- Is there somebody standing there or is it a trick of the light? ဟိုမှာတစ်စုံတစ်ယောက်ရပ်နေတာလား၊ အမြင်မှားတာလားပဲ။
- It's all done using trick photography. ၎င်းကို ဓာတ်ပုံ/ကင်မရာလှည့်စားမှုများဖြင့် လုပ်ထားသည်။
- The trick is to pick the animal up by the back of its neck. အဓိကသော့ချက်မှာ တိရစ္ဆာန်ကိုကောက်ယူရာတွင် ၎င်း၏ ဂုတ်ကိုဖမ်းကိုင်ရသည်။
- He'll try every trick in the book to stop you from winning. သူက မင်းကိုမနိုင်ရအောင် နည်းမျိုးစုံနဲ့ ကြိုးစားလိမ့်မယ်။
- Getting it to fit exactly is a tricky business. ဤအရာကို အံဝင်ခွင်ကျဖြစ်အောင် လုပ်ရန်မှာခက်ခဲသည်။
- He keeps in trim by running every day. သူသည်ကျန်းမာသန်စွမ်းရန် နေ့စဉ်ပြေးသည်။
- The football team needs to get in trim coming season. လာမည့်ဘောလုံးရာသီအတွက် အသင်းကို ကောင်းကောင်းကြံ့ခိုင်အောင် လုပ်ထားရမည်။
- We went on a trip to the mountain. ကျွန်တော်တို့သည် တောင်ပေါ်သို့ ခရီးထွက်ကြသည်။
- They took a trip down the river. သူတို့သည် မြစ်ကိုစုန်ကာ ခရီးထွက်ကြသည်။
- The winning team returned home in triumph. အနိုင်ရသောအသင်းသည် ပျော်ရွှင်ကာအိမ်ပြန်လာသည်။
- The girl broke into a trot and disappeared around the corner. မိန်းကလေးသည် ခပ်သွက်သွက် လျှောက်လှမ်းသွားပြီး လမ်းထောင့်ချိုး၌ ပျောက်ကွယ်သွားသည်။
- The trouble with you is you don't really want to work. ခင်ဗျားမှာ ခက်နေတာက အလုပ်ကို တကယ်လုပ်ချင်စိတ် မရှိတာပဲ။
- Her trouble is she's incapable of making a decision. သူ ရဲ့ အခက်အခဲက ဆုံးဖြတ်ချက်ကို မချနိုင်ခြင်းပဲ။
- The trouble is (= what is difficult is) there aren't any trains at that time. ခက်တာက အဲဒီအချိန်မှာ ရထားမရှိဘူး။
- The only trouble is that we won't be here then. တစ်ခုတည်းသော အခက်အခဲကတော့ အဲဒီအချိန်မှာ ငါတို့က ဒီမှာ ရှိမှာမဟုတ်ဘူး။
- The company ran into trouble early on, when a major order was cancelled. အဓိက ကုန်ပစ္စည်းအော်ဒါတစ်ခု ပျက်သွားတာနဲ ကုမ္ပဏီဟာ စောစောစီးစီး အကျပ်တွေ့တော့တယ်။
- A yachtsman got into trouble off the coast and had to be rescued. ရွက်လှေပြိုင်ပွဲဝင်သူတစ်ဦး ကမ်းလွန်တွင် ပြဿနာအခက်အခဲ့တွေ့သဖြင့် ကယ်ဆယ်လိုက်ရသည်။
- If I don't get this finished in time, I'll be in trouble. ဒါကို အချိန်မီမပြီးရင် ကျွန်တော်တော့ မလွယ်ဘူး။
- My brother was always getting me into trouble with my parents. ကျွန်တော့်ညီက ကျွန်တော့်ကို မိဘတွေနဲ့ ပြဿနာ တက်အောင် အမြဲလုပ်နေတယ်။
- He's in trouble with the police. သူဟာ ရဲနဲ့ ပြဿနာတက်နေတယ်။
- I don't want to put you to a lot of trouble. ကျွန်တော် ခင်ဗျားကို ဒုက္ခ/အနှောင့်အယှက်မပေးလိုပါဘူး။
- I'll get it if you like, that will save you the trouble of going out. ခင်ဗျားဆန္ဒရှိရင် အဲဒါကို ကျွန်တော်ယူလာပေးပါမယ်။ ခင်ဗျား အပြင်မထွက်ရတော့ဘူးပေါ့။
- She went to a lot of trouble to find the book for me. ကျွန်တော့်အတွက် စာအုပ်ကို သူ အတော်လေး ဒုက္ခခံ ကြိုးစာ ရှာပေတယ်။
- Nothing is ever too much trouble for her (= she's always ready to help). သူဟာ ကူညီရမှာ ဘယ်တော့မှ ဝန်မလေးဘူး။
- I can call back later. It's no trouble (= I don't mind). ကိစ္စမရှိပါဘူး၊ ကျွန်တော်ပြန်ခေါ်ပါမယ်။ (ဖုန်းဆက်ပါ့မယ်)
- There have been peaks and troughs in the long-term trend of unemployment. ရှည်လျားတဲ့ ကာလအတွင်းမှာ အလုပ်လက်မဲ့ အတက်အကျတွေရှိခဲ့တယ်။
- I was still in short trousers (= still only a boy) at the time. အဲဒီတုန်းက ကျွန်တော်ဟာ ကလေးပဲရှိသေးတယ်။
- Indicate whether the following statements are true or false. အောက်ပါဖော်ပြချက်များကို အမှန်/အမှားမှတ်သားပြပါ။
- Unfortunately, these findings do not hold true (= are not valid) for women and children. ဤတွေ့ ရှိချက်များသည် အမျိုးသမီးများနှင့် ကလေးများ အတွက်ကား ခိုင်လုံမှုမရှိပါ။ (မှန်ကန်ခြင်းမရှိ။)
- The novel is based on a true story. 'ဤဝတ္ထုသည် ဖြစ်ရပ်မှန်ပေါ်တွင် အခြေပြုထားသည်။
- His excuse just doesn't ring (= sound) true.သူ့ရဲ့ ဆင်ခြေက ခိုင်လုံမှုမရှိပါ။ (မှန်ကန်ပုံမရှိပါ။)
- The music is dull and uninspiring, and the same is true of the acting. တေးသီချင်းက ပျင်းစရာကောင်း၊ အားရစရာမရှိသလို သရုပ်ဆောင်မှုကလည်း အလားတူပင်ဖြစ်သည်။
- He is true to his word (= does what he promises to do) သူသည် သူ့စကားအတိုင်း လုပ်သည်။
- Winning the medal was like a dream come true. သူဆုတံဆိပ်ရရှိခြင်းမှာ စိတ်ကူးယဉ်အိပ်မက် အကောင်အထည်ပေါ်လာခြင်း ဖြစ်သည်။
- Well, really and truly, things weren't quite how she described them. တကယ်စင်စစ်မှာတော့ အစစအရာရာဟာ သူပြောပြ သလောက် မဟုတ်ကြပါဘူး။
- It has taken years to earn their trust. သူတို့ရဲ့ ယုံကြည်မှုကို ရရှိရန် အချိန်အတော်ယူခဲ့ရတယ်။
- If you put your trust in me, I will not let you ခင်ဗျား ကျွန်တော့်ကို ယုံကြည်ရင် ကျွန်တော် ခင်ဗျားကို စိတ်ပျက်အောင် မလုပ်ပါဘူး။
- She will not betray your trust (= do something that you have asked her not to do). ခင်ဗျားမလုပ်စေချင်တာကို မိန်းကလေးလုပ်မှာ မဟုတ်ဘူး။ (ခင်ဗျားအယုံအကြည်မဲ့အောင် သူလုပ်မှာမဟုတ်ပါဘူး။)
- He was appointed to a position of trust (= a job involving a lot of responsibility, because people trust him). လူထုက ယုံကြည်ကိုးစားသဖြင့် သူ့အား တာဝန်ကြီးသည့် ရာထူးနေရာတွင် ခန့်ထားလိုက်သည်။
- He set up a trust for his children. သူသည် ကလေးများအတွက် သီးသန့်ငွေ,တည် ပေးလိုက်သည်။
- The money will be held in trust till she is 18. မိန်းကလေးအသက် ၁၈-နှစ်ပြည့်သည်အထိ ငွေကိုအဖွဲ့ အစည်းတစ်ခုခုက တရားဝင်ထိန်းသိမ်းပေးထားမည်။
- Do you think she's telling the truth? သူ အမှန်ပြောနေတယ်လို့ ခင်ဗျားထင်သလား။
- The truth (of the matter) is we can't afford to keep all the staff on. အခြေအနေမှန်ကို ပြောရရင် ဝန်းထမ်းအားလုံး ဆက်ခန့် ထားဖို့ မတတ်နိုင်တော့ဘူး။
- I don't think you are telling me the whole truth about what happened. ဖြစ်ရပ်နဲ့ပတ်သက်ပြီး ခင်ဗျား ကျွန်တော့်ကို ဟုတ်တိုင်း မှန်ရာ အပြည့်အဝ မပြောဘူးလို့ထင်တယ်။
- There is not a grain of truth in what she says. မိန်းကလေးပြောတာ တစ်ခုမှ မမှန်ဘူး။
- She tried her best to solve the problem. မိန်းကလေးသည် ပြဿနာကိုဖြေရှင်းရန် အစွမ်းကုန်ကြိုးစား သည်။
- Just try your hardest. အစွမ်းကုန်သာကြိုးစားပါ။
- I doubt they'll be able to help but it's worth a try (= worth asking them). သူတို့ ကူညီမယ်မထင်ဘူး။ ဒါပေမဲ့ အကူအညီ တောင်းကြည့်တာ မမှားပါဘူး။
- They decided to make another try at reaching a settlement. ပြေလည်မှုရရေးအတွက် နောက်တစ်ကြိမ်ကြိုးစားရန် သူတို့ ဆုံးဖြတ်သည်။
- The jockey took a nasty tumble at the third fence. ပြိုင်မြင်းစီးသူ(ဂျော်ကီ)သည် တတိယ အတားအဆီး အရောက်တွင် ရုတ်တရက် ကျွမ်းပစ် ကျသွားသည်။
- Share prices took a sharp tumble following news of the merger. ကုမ္ပဏီပေါင်းစည်းမည့် သတင်းထွက်ပေါ်ပြီးနောက် ရှယ်ယာ ဈေးများ ထိုးကျသွားသည်။
- The commercial song was sung to the tune of "Mann-taung-yeik-kho". ကြော်ငြာသီချင်းကို မန်းတောင်ရိပ်ခို တေးသွားဖြင့် သီဆိုလိုက်သည်။
- His statement threw the court into turmoil. သူ့ထွက်ချက်ကြောင့် တရားရုံးတစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။
- Her mind was in (a) turmoil. သူ့စိတ်မှာ ယောက်ယက်ခတ်နေသည်။
- He has decided to turn professional. သူသည် (အပျော်တမ်းအဆင့်မှ) ကြေးစားအဖြစ်သို့ ကူးပြောင်းရန် ဆုံးဖြတ်လိုက်သည်။
- Make a Left/right turn into 43rd Street, ဘယ်/ညာကွေ့ပြီး ၄၃-လမ်းထဲသို့ ဝင်လိုက်ပါ။
- His health has taken a turn for the worse (= suddenly got worse). သူ့ကျန်းမာရေးမှာ ရုတ်တရက် ပိုဆိုးလာတယ်။
- What's on TV tonight? ဒီည တိဗီမှာ ဘာလာမလဲ။
- They go there twice a week/ month/year. သူတို့အဲဒီကို တစ်ပတ်/တစ်လ/တစ်နှစ် နှစ်ကြိမ် သွားကြတယ်။
- It was hard to see him clearly in the twilight. မိုးချုပ်စအချိန်တွင် သူ့ကို သဲသဲကွဲကွဲ မမြင်ရပါ။
- We went for a walk along the beach at twilight. နေဝင်ဆည်းဆာအချိန်တွင် ကမ်းခြေတစ်လျှောက် ကျွန်တော်တို့ လမ်းလျှောက်ထွက်သည်။
- They live in the twilight zone on the fringes of society. သူတို့သည် လူ့အသိုင်းအဝိုင်းတွင် သိုသိုသိပ်သိပ် နေကြသည်။
- He twisted and turned to avoid being caught. သူသည်အဖမ်းမခံရအောင် ရှောင်ပတ် ထွက်ပြေးသည်။
- The road twists and turns along the coast. ကားလမ်းသည် ကမ်းရိုးတန်းအတိုင်း ကွေ့ကောက် သွားသည်။
- The telephone cable has got twisted (= wound around itself). ဖုန်းကြိုးသည် ရစ်ပတ်လိမ်နေသည်။
- The disappearance of a vital witness added a new twist to the case. အဓိကသက်သေတစ်ဦး ပျောက်ကွယ်သွားသဖြင့် အမှုမှာ ပိုရှုပ်လာသည်။
- By a curious twist of fate we met again only a week or so later. ထူးထူးဆန်းဆန်း(ကြံကြံဖန်ဖန်) တစ်ပတ်ခန့်အကြာတွင် ကျွန်တော်တို့ ပြန်ဆုံကြသည်။
- The car followed the twists and turns of the mountain road. ကားသည် တောင်ပေါ်လမ်းအတိုင်း မြွေလိမ်မြွေကောက် မောင်းသွားသည်။
- She's not my type (= not the kind of person I am usually attracted to). ဒီမိန်းကလေးက ကျွန်တော်နှစ်သက်မြတ်နိုးတဲ့ အစားထဲက မဟုတ်ဘူး။
- Has that report been typed up yet? အဲဒီအစီရင်ခံစာကို လက်နှိပ်စက် ရိုက်ပြီးပြီလား။
- She must have some ulterior motive for being nice to me — what does she really want?ငါ့အပေါ်ကောင်းနေတာ သူ့မှာ အကြံအစည်တစ်ခုခုတော့ ရှိမယ်၊ သူဘာများလိုချင်လို့ပါလိမ့်။
- 'This is crazy,' she told herself for the umpteenth time (= she had done it many times before). “ရူးတာပဲ”ဟု သူ့ကိုယ်သူ တတွတ်တွတ်ပြောသည်။ <
- This practice has remained unaltered for centuries. ဤအလေ့အကျင့်သည် ရာစုနှစ်များစွာ မပြောင်းမလဲ တည်ရှိနေသည်။
- Many questions about the crime remain unanswered. ထိုရာဇဝတ်မှုနှင့် ပတ်သက်သည့် မေးခွန်း(ပြဿနာ)များကို ဖြေရှင်းနိုင်ခြင်း မရှိသေးချေ။
- The soldiers were trained in unarmed combat. စစ်သားများကို လက်နက်မဲ့ တိုက်ခိုက်နည်း လေ့ကျင့်ပေးခဲ့သည်။
- The minister was unavailable for comment. ယင်းပြဿနာနှင့် ပတ်သက်၍ ဝန်ကြီးကို ဆက်သွယ်မေးမြန်း ခွင့် မရပါ။ (ဆက်သွယ်၍ မရ)
- The camera had caught her unawares. သူ့အလစ်တွင် သူ့ကိုဓာတ်ပုံ ရိုက်သွားသည်။
- The announcement took me unawares. ကြေညာချက်ကြောင့် ကျွန်တော်ထိတ်လန့်အံ့သြသွားသည်။
- They will be putting their unbeaten record to the test next Saturday. သူတို့သည် ရှုံးပွဲမရှိသေးသည့် စံချိန်ကိုစနေနေ့တွင် စမ်းသပ်ခံကြမည်။
- It's unbelievable that (= very shocking) they have permitted this risky project to go ahead. အောင်မြင်ဖို့ခက်ခဲတဲ့ ဒီစီမံကိန်းကို ခွင့်ပြုတာ အတော်လေး မယုံနိုင်စရာပဲ။
- She could not allow such a claim to go unchallenged. ဤသို့သောတောင်းဆိုမှုကို မမေးမြန်းမစစ်ဆေးဘဲ သူခွင့်မပြုနိုင်ပါ။
- The party is sailing in uncharted waters (= a situation it has not been in before). ပါတီသည် မကြုံစဖူးအခြေအနေသို့ ဦးတည်နေသည်။
- I was moving into uncharted territory (= a completely new experience) with this relationship. ဤဆက်သွယ်မှုဖြင့် ကျွန်တော်သည် မိမိ မကျွမ်းသည့် နယ်ပယ်သို့ ဝင်ခဲ့သည်။
- The rise in violent crime must not go unchecked. အကြမ်းဖက်ရာဇဝတ်မှုများ တိုးပွားနေမှုကို မတားဆီး၍ မဖြစ်ပါ။
- The plant will soon choke ponds and water- ways if left unchecked. ရှင်းလင်းခြင်းမပြုပါက ဤအပင်သည် ရေကန်များနှင့် ရေကြောင်းသွားလာမှုကိုပါ ပိတ်ဆို့လိမ့်မည်။
- I remain unconvinced of the need for change. အပြောင်းအလဲလုပ်ဖို့မလိုဟု ကျွန်တော် ယုံကြည်ထားဆဲ ဖြစ်သည်။
- I was nearly trampled underfoot by the crowd of people rushing for the door. တံခါးပေါက်ဆီ အလုအယက်ထွက်နေတဲ့ လူအုပ်က ကျွန်တော့်ကို နင်းမိတော့မလို ဖြစ်သွားတယ်။
- He went underground to avoid arrest. သူသည် အဖမ်းမခံရရန်အတွက် တောခိုသွားသည်။
- Nurses complain of being overworked and underpaid. သူနာပြုများသည် အလုပ်ပိုလုပ်ကြရပြီး၊ လုပ်ခနည်းသည်ဟု မကျေမနပ် ပြောကြသည်။
- It is understood that the band are working on their next album. ဂီတအဖွဲ့သည် နောက်ဓာတ်ပြား ထုတ်ဖို့ကြိုးစားနေသည်ဟု ယူဆရသည်။
- We finally came to an understanding about the working hours for each week. နောက်ဆုံးတွင် ကျွန်ုပ်တို့သည် တစ်ပတ်လုပ်ရမည့် အလုပ်ချိန်နှင့်ပတ်သက်၍ သဘောတူနားလည်မှုရကြသည်။
- 'These figures are a bit disappointing'. “That’s got to be understatement of the year. “ဒီကိန်းဂဏန်းတွေက စိတ်ပျက်စရာ ကောင်းလိုက်တာ” “အဲဒါ ဒီနှစ်အတွက် လျှော့လျှော့ပေါ့ပေါ့ပြထားတာဖြစ်တယ်”။
- The disease often remains undetected for many years. ဤရောဂါသည် တစ်ခါတစ်ရံ နှစ်ပေါင်းများစွာ ငုပ်နေတတ်သည်။
- You must be prepared to give the job your undivided attention. ခင်ဗျားရဲ့ အလုပ်ထဲကို အပြည့်အဝ အာရုံစိုက်ဖို့ ပြင်ထားရမယ်။
- Her blouse has come undone. သူ့ဘလောက်စ်အင်္ကျီ ကြယ်သီးပြုတ်နေသည်။
- He got undressed in a small cubicle next to the pool. သူသည် ကန်ဘေးရှိ အခန်းကျဉ်းတွင် အဝတ်ချွတ်သည်။
- He appeared at the window in a state of undress. သူသည်ပြတင်းပေါက်တွင် အဝတ်ဗလာဖြင့် ပေါ်လာသည်။
- She began to get undressed (= remove her clothes). သူသည် အဝတ်အစားချွတ်သည်။
- Declare all unearned income. (အတိုးစသည့်) အလုပ်မလုပ်ဘဲ ရရှိသည့် ဝင်ငွေအားလုံးကို ကြေညာပါ။
- She was given the unenviable task of informing the losers. မည်သူမျှ မလုပ်ချင်သောအလုပ်ဖြစ်သည့် ရှုံးနိမ့်သူများအား အကြောင်းကြားရသည့် အလုပ်ကိုသူ့အားခိုင်းသည်။
- The documentary presents him in a very unfavourable light. မှတ်တမ်းတင် (ရုပ်ရှင်/ဗီဒီယို)တွင် သူ့အား အဆိုးမြင်ဖြင့် တင်ပြထားသည်။
- Indiscriminate felling of trees can have unforeseeable consequences for the environment. စည်းကမ်းမဲ့သစ်ပင်ခုတ်လှဲခြင်းသည် ပတ်ဝန်းကျင်အား မခန့်မှန်းနိုင်သော အကျိုးဆက်များဖြစ်နိုင်သည်။
- You're putting me in a most unfortunate position. ခင်ဗျားဟာ ကျွန်တော့်ကို အခြေအနေဆိုး ရောက်အောင် လုပ်နေတယ်။
- The public are warned against the use of environmentally unfriendly products (= that harm the environment). ပတ်ဝန်းကျင်ထိခိုက်စေမည့် ပစ္စည်းများမသုံးရန် ပြည်သူများအား သတိပေးထားသည်။
- It was something I'd let out in an unguarded monment. အဲဒါကို ကျွန်တော် အမှတ်တမဲ့ ပြောလိုက်မိခြင်းဖြစ်ပါသည်။
- The hat is part of the school uniform. ကျောင်းဝတ်စုံတွင် ဦးထုပ်လည်းပါသည်။
- What's the unit cost? တစ်ခုချင်း တန်ဖိုးက ဘယ်လောက်ပါလဲ။
- Local resident groups have united in opposition to the proposal. ဒေသခံအဖွဲ့များက အဆိုပြုချက်ကို တညီတညွတ်တည်း ကန့်ကွက်ကြသည်။
- Both their children are at university. သူတို့ သားသမီးနှစ်ယောက်စလုံး တက္ကသိုလ်တက်နေကြတယ်။
- He's hoping to go to university next year. သူဟာ လာမည့်နှစ်မှာ တက္ကသိုလ်တက်ဖို့ မျှော်လင့်ထားတယ်။
- He was trying, for some unknown reason to court the stars. ဘာကြောင့်လဲမသိဘူး၊ ကောင်းကင်က ကြယ်တွေကို သူ ရေတွက်နေတယ်။
- It was not unknown for people to have waited several hours (= it happened sometimes). တစ်ခါတစ်ရံ လူတွေဟာ နာရီအတန်ကြာ စောင့်ဆိုင်းကြရတယ်။
- He promised that the murder would not go unpunished. သူက လူသတ်မှု (တရားခံ)ကို မိအောင်ဖော်ထုတ်မည်ဟု ကတိပေးသည်။
- It is unrealistic to expect them to be able to solve the problem immediately. ပြဿနာကို သူတို့ ချက်ချင်းဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ရန် မဖြစ်နိုင်ပါ။
- It would be unreasonable to expect somebody to come at such short notice. အချိန်တိုအတွင်း တစ်ယောက်ယောက်ရောက်လာဖို မျှော်လင့်ခြင်းမှာ ယုတ္တိမရှိ သဘာဝမကျပါ။
- Considerable number of crimes go unrecorded. မှုခင်းအတော်များများကို မှတ်တမ်း မတင်ဘဲထားသည်။
- Real talent often goes unrewarded. တကယ်အရည်အချင်းရှိသော်လည်း အောင်မြင်မှုမရရှိတတ်ချေ။
- She is still a little unsteady on her feet after the operation. သူသည်ခွဲစိတ်ခံပြီး နောက် မိမိကိုယ်ကို ကောင်းစွာ မထိန်း နိုင် (မရပ်နိုင်)သေးပါ။
- The time has come to think the unthinkable (= consider possibilities that used to be unacceptable). မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တာတွေကို စဉ်းစားရမယ့် အချိန် ရောက်နေပြီ။ လွမ်းရ
- He continued working up until his death. သူဟာ ကွယ်လွန်ချိန်အထိ အနားမယူဘဲ အလုပ်လုပ်ခဲ့တယ်။
- The street is full of traffic from morning till night. ထိုလမ်းမှာ မိုးလင်းမှ မိုးချုပ်ထိ အသွားအလာများသည်။
- She met a tragic and untimely death at 25. အသက် ၂၅ နှစ်အရွယ်မှာ အချိန်မတန်သေးဘဲ မိန်းကလေး ကွယ်လွန်သွားသည်မှာ ကြေကွဲဖွယ်ကောင်းလှသည်။
- To the untrained eye, the two products look remarkably similar. သာမန်မျက်စိနဲ့ကြည့်ပါက (ကြည့်နေကျမဟုတ်ပါက) ထိုပစ္စည်းနှစ်ခုမှာ အတော်ကို ဆင်တူကြသည်။
- Sales are well up on last year. ယမန်နှစ်ကထက် ရောင်းအား အထူးမြင့်လာသည်။
- They've moved up north. သူတို့မြောက်ပိုင်းသို့ ပြောင်းသွားကြသည်။
- He's up and about again after his illness. သူသည်နေမကောင်းရာမှ (အခုတော့) လှုပ်ရှားသွားလာ
- I could tell something was up by the looks on their faces. သူတို့မျက်နှာတွေကြည့်လိုက်တာနဲ့ တစ်ခုခုထူးနေပြီ (ဖြစ်နေပြီ)လို့ ပြောနိုင်တာပေါ့။
- What's up with him? He looks furious. သူ ဘာဖြစ်နေလဲ။ ဒေါသဖြစ်နေပုံရတယ်။
- I'm sure he's up to no good (= doing something bad). သေချာတယ်၊ သူမဟုတ်တာ တစ်ခုခုလုပ်နေပြီ။
- He upped and left without telling anyone.. ဘာမပြောညာမပြောနဲ့ သူ ထပြန်သွားတယ်။
- These thoughts were uppermost in my mind. ဒါတွေကိုပဲ ကျွန်တော် အဓိကတွေးနေမိခဲ့တယ်။
- The room was in (an) uproar. အခန်းမှာ ဆူညံနေသည်။
- It upsets me to think of her all alone in that big house. အဲဒီအိမ်ကြီးမှာ သူအထီးကျန်ဖြစ်နေတာကို စဉ်းစားပြီး ကျွန်တော် စိတ်မချမ်းမြေ့ ဖြစ်ရတယ်။
- The law is in urgent need of reform. ထိုဥပဒေကို ပြင်ဆင်ရန် အရေးတကြီးလိုနေပြီ။
- Can't you see he's just using you for his own ends? သူ့အကျိုး (ရည်ရွယ်ချက်) အတွက် သူခင်ဗျားကို အသုံးချနေတာ မသိဘူးလား။
- The chapel was built in the 12th century and is still in use. ဘုရားရှိခိုးကျောင်းကို ၁၂-ရာစုက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုတိုင်သုံးနေသည်။
- The library is for the use of members only. စာကြည့်တိုက်သည် အသင်းသားများအတွက်သာဖြစ်သည်။
- I found the job tiring at first but I soon got used to it. အလုပ်က ပထမတော့ ပင်ပန်းတယ်၊ ဒါပေမဲ့ မကြာမီ ကျင့်သားရသွားတယ်။
- Your knowledge of Japanese may come in useful (= be useful in a particular situation). ခင်ဗျား ဂျပန်လိုတတ်ထားတာ တစ်ချိန်မှာအသုံးဝင်ကောင်း ဝင်လာမှာပါ။
- He did his utmost. သူသည် အစွမ်းကုန် ဆောင်ရွက်ခဲ့သည်။
- She did not utter a word during lunch (= said nothing). နေ့လယ်စာ စားနေစဉ် သူသည် နှုတ်ဆိတ်နေခဲ့သည်။
- The winner will receive a prize to the value of K 3,000. အနိုင်ရရှိသူသည် ငွေကျပ်သုံးထောင် တန်ဖိုးရှိသည့် ဆုကို လက်ခံရရှိပါမည်။
- The introduction of television is of great value to the public. ရုပ်မြင်သံကြားပေါ်လာခြင်းသည် လူတို့အတွက် များစွာ အကျိုးဖြစ်သည်။
- The young have a completely different set of values and expectations. လူငယ်များတွင် လုံးဝကွဲပြားခြားနားသည့် ယုံကြည်ချက်၊ မျှော်လင့်ချက်များ ရှိကြသည်။
- The company is proud to be in the vanguard of scientific progress. ထိုကုမ္ပဏီသည် သိပ္ပံပညာတိုးတက်မှုတွင် ထိပ်တန်းမှာ ရှိသဖြင့် ဂုဏ်ယူဝင့်ကြွားလျက်ရှိသည်။
- He seems to have vanished without trace. သူသည် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားသည်။
- He has been variously described as a hero, a genius and a bully. သူ့ကို သူရဲကောင်းအဖြစ်လည်းကောင်း၊ ထက်မြက်ထူး ချွန်သူအဖြစ်လည်းကောင်း, ဗိုလ်ကျသူအဖြစ်လည်းကောင်း အမျိုးမျိုး ပြောကြသည်။
- New techniques were introduced with varying degrees of success. နည်းသစ်များကို စမ်းသပ်ကြည့်ရာ အောင်မြင်မှုအတိုင်းအတာ ကွဲပြားခြားနားကြသည်။
- At dusk bats appear in vast numbers. မိုးချုပ်လျှင် လင်းနို့ များစွာ ထွက်လာကြသည်။
- It would be better to draw a veil over what happened next (= not talk about it). နောက်ဘာဆက်ဖြစ်မည်ကို မပြောလျှင် ပိုကောင်းပေမည်။
- She conducted a personal vendetta against me. သူသည် ကျွန်တော့်ကို အငြိုးထားသည်။
- Has the jury reached a verdict? ဂျူရီအဖွဲ့ က စီရင်ချက်ချလိုက်ပြီလား။
- The jury returned a verdict (= gave a verdict) of guilty / not guilty.mired by blog ဂျူရီအဖွဲ့က အပြစ်ရှိကြောင်း/မရှိကြောင်း ဆုံးဖြတ်ချက်ချသည်။
- He might be phoning her at this very moment. အခုလောလောဆယ်မှာ ကောင်မလေးဆီကို သူဖုန်းဆက် ချင်ဆက်နေမှာ။
- That's the very thing I need. ကျွန်တော်လိုချင်တာ အဲဒါမှ အဲဒါပဲပေါ့။
- Crowds gathered in the vicinity of Red Square. ရင်ပြင်နီ တစ်ဝိုက်တွင် လူအုပ်ကြီး စုဝေးခဲ့သည်။
- There is no hospital in the immediate vicinity. ဒီအနီးအနားမှာ ဆေးရုံမရှိပါ။
- She's a fashion victim (= wears the newest fashions even if they do not suit her). သူဟာ လိုက်၏ မလိုက်၏ မကြည့်ဘဲ ဖက်ရှင်အသစ်အဆန်း ဆိုလျှင် အကုန်ဝတ်တယ်။
- The movie will be released on video in June. အဲဒီရုပ်ရှင်ကို ဇွန်လထဲမှာ ဗီဒီယိုခွေထုတ်မယ်။
- We take the view that it would be wrong to interfere. ဝင်စွက်လျှင် မှားမည်ဟု ကျွန်ုပ်တို့သဘောရသည်။
- In my view it was a waste of time. ကျွန်တော့်အမြင်ကတော့. အဲဒါဟာ အချိန်ဖြုန်းတာပဲ။
- The lake soon came into view. ရေကန်ကို မကြာမီ စပြီးမြင်ရသည်။
- The sun disappeared from view. နေသည် မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
- She was certainly no paragon of virtue. သူဟာ ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်ပါ။
- The plan has the virtue of simplicity. အစီအစဉ်သည် ရိုးရှင်းသည့် အားသာချက်ရှိသည်။
- They could see no virtue in discussing it further. ထိုအရာကို ဆက်လက်ဆွေးနွေးခြင်းသည် အကျိုးမရှိကြောင်း သူတို့နားလည်သဘောပေါက်ကြသည်။
- Cats have good night vision. ကြောင်များသည် အမှောင်ထဲတွင် ကောင်းစွာမြင်နိုင်ကြသည်။
- Reading is of vital importance in language learning. စာဖတ်ခြင်းသည် ဘာသာစကားလေ့လာရာတွင် လွန်စွာ အရေးပါသည်။
- Education is vitally important for the country's future. ပညာရေးသည် နိုင်ငံ့အနာဂတ်အတွက် အထူးအရေးကြီးသည်။
- Long hair is no longer in vogue among the youth now. ယခုအခါ ဆံပင်ရှည်ထားခြင်းသည် လူငယ်များအကြား ခေတ်မစားတော့ပါ။
- Please raise/lower your voice. ကျေးဇူးပြု၍ ခင်ဗျားရဲ့အသံကို မြှင့်ပါ/နှိမ့်ပါ။ (ကျယ်ကျယ်/ တိုးတိုးပြောပါ)။
- Keep your voice down (= speak quietly). တိုးတိုးပြောပါ။
- When did his voice break (= become deep like a man)? သူဘယ်တုန်းက အသံပြောင်းသွားတာလဲ။ (အပျို/လူပျို ပေါက်ဖြစ်စ အချိန်၌ အသံပြောင်းလဲသွားခြင်းကို ဆိုလိုသည်။)
- He was suffering from the flu and had lost his voice (= could not speak). သူ တုပ်ကွေးမိပြီး အသံဝင်သွားတယ်။
- I She was in a good voice (= singing well) at the concert last night. ညက တေးဂီတဖျော်ဖြေပွဲမှာ သူ သီချင်းဆိုတာကောင်းတယ်။
- They left entirely of their own volition (=because they wanted to). သူတို့ဟာ ကိုယ့်သဘောနဲ့ကိုယ် ထွက်သွားခဲ့တယ်။
- Everyone is ready to pay voluntary contributions into a fund to look after the aged. ဘိုးဘွားများ စောင့်ရှောက်ရေး ရန်ပုံငွေအတွက် လူတိုင်းက စေတနာအလျောက် ထည့်ဝင်ရန် အသင့်ရှိကြသည်။
- She works there on a voluntary basis. သူဟာ လုပ်ခမယူဘဲ(လုပ်အားပေးအနေနဲ)လုပ်နေတာပါ။
- The chairperson has the casting/deciding vote. သဘာပတိသည် အဖွဲ့ဝင်များအတွင်း ကန့်ကွက်သူနှင့် ထောက်ခံသူ မဲတူနေပါက တစ်ဖက်ဖက်မှ မဲပေး ဆုံးဖြတ်ခွင့် ရှိသည်။
- Over 60% of members voted in favour of (= for) the motion. အဖွဲ့ဝင် (၆ဝ)ရာခိုင်နှုန်းကျော်တို့က အဆိုကို ထောက်ခံသည်။
- Nuns take a vow of chastity. သီလရှင်များသည် ဗြဟ္မစရိယကျင့်ရန် သန္နိဋ္ဌာန်ထားကြသည်။
- The Titanic sank on its maiden voyage (=first journey). တိုင်တန်းနစ်သင်္ဘောကြီးသည် ပထမဦးဆုံး ခရီးစဉ်တွင် နစ်မြုပ်သွားသည်။
- She was paralyzed from the waist down (=in the area below her waist). သူသည် အောက်ပိုင်း သေသွားသည်။
- The workmen were stripped to the waist (=wearing no clothes on the top half of their bodies). အလုပ်သမားများသည် အင်္ကျီ ဝတ်မထားကြပါ။
- You'll have to wait your turn (=wait until your turn comes). " ခင်ဗျားရဲ့ အလှည့်ကို စောင့်ရပါမည်။
- I waited my chance and slipped out when no one was looking. ကျွန်တော်သည် အခွင့်ကောင်းကိုစောင့်ကာ လူအလစ်တွင် ထွက်လာခဲ့သည်။
- There are no places available right now but I'll put you on a waiting list. လောလောဆယ်တော့ ရာထူးနေရာလွတ် မရှိဘူး။ ဒါပေမဲ့ (လိုအပ်လျှင်ခင်ဗျားကို) လျာထားပေးမယ်။
- She had just woken from a deep sleep. သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရာမှ နိုးလာခါစ ဖြစ်သည်။
- The school is within easy walking distance of the train station. ကျောင်းသည် ဘူတာရုံမှ လမ်းလျှောက်သွားလျှင်ရသည့် အကွာအဝေးတွင်ရှိသည်။
- Let's go for a walk. လမ်းလျှောက် သွားကြရအောင်။
- It's easy to be distracted and let your attention wander. အာရုံပြောင်းကာ စိတ်ကိုလွှတ်ထားဖို့ လွယ်ကူသည်။
- She let her gaze wander. သူသည် ငေးချင်ရာငေးနေသည်။
- All I want is the truth.ကျွန်တော်လိုချင်တာက အမှန်တရားပဲ။
- The last thing I wanted was to upset you. ကျွန်တော်ခင်ဗျား စိတ်ပျက်အောင် ဘယ်တော့မှ မလုပ်လိုပါ။
- You can come too, if you want. ဆန္ဒရှိရင် ခင်ဗျားလည်းလာနိုင်ပါတယ်။
- In poor nations, there are many families living in want. ဆင်းရဲသည့်နိုင်ငံများတွင် မိသားစုများစွာတို့သည် ချို့တဲ့စွာနေကြရသည်။
- In 1939, France declared war on Germany. ၁၉၃၉ ခုနှစ်တွင် ပြင်သစ်က ဂျာမနီကို စစ်ကြေညာသည်။
- A government does not want to go to war (= start a war) unless all other alternatives have failed. ရှောင်ရန်နည်းလမ်းရှိနေပါက အစိုးရတိုင်းသည် စစ်မဖြစ်ချင်ကြချေ။
- From 1939 to 1945, most of the nations were at war. ၁၉၃၉ ခုမှ ၁၉၄၅ ခုနှစ်အတွင်း နိုင်ငံအများစုသည် စစ်ဖြစ်နေကြသည်။
- In the Middle Ages, England waged war on France. အလယ်ခေတ်အတွင်းက အင်္ဂလန်သည် ပြင်သစ်ကို စစ်ဆင်နွှဲခဲ့သည်။
- The government has declared war on drug dealers. အစိုးရသည် မူးယစ်ဆေ.ဝါး ရောင်းဝယ်သူများကို နှိမ်နင်းမည်ဟု ကြေညာထားသည်။
- It's nice and warm in here. ဒီအခန်းထဲမှာ နွေးနွေးထွေးထွေး ရှိပါတယ်။
- The children jumped up and down to keep warm. ကလေးများသည် နွေးထွေးရန် ခုန်နေကြသည်။
- Wrap up warm before you go outside. အပြင်မထွက်မီ နွေးထွေးအောင်လုပ်သွား။
- Doctors issued a warning against eating any fish caught in the river. ဆရာဝန်များက ထိုမြစ်ထဲမှ ဖမ်းမိသည့်ငါးများကို မစားရန် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
- The old bridge collapsed without (any) warning. တံတားအိုကြီး ရုတ်တရက် ပြိုကျသွားသည်။
- Let me give a word of warning. တစ်ခု သတိပေးပါရစေ။
- She had ignored the warning signs of trouble ahead. သူဟာ ရှေ့မှာ ကြုံရမည့်အန္တရာယ်နဲ့ပတ်သက်ပြီး သတိပေးတာကို လျစ်လျူရှုခဲ့တယ်။
- They issued a warrant for his arrest. သူ့အားဖမ်းရန် ဝရမ်းထုတ်လိုက်သည်။
- Is the car still under warranty? ကားတွက် ပြင်ဆင်လဲလှယ်ခွင့်ရှိသေးရဲ့လား။ (အာမခံ သက်တမ်း ကျန်သေးရဲ့လား။)
- The police will need to keep a wary eye on this area of town (= watch it carefully, in case there is trouble). မြို့ရဲ့ ဒီတစ်ဝိုက်ကို ရဲက သတိထား စောင့်ကြည့်ဖို့လိုမယ်။
- I just have a quick wash before dinner. ကျွန်တော် ညစာမစားမီ ခပ်သွက်သွက် ကိုယ်လက်သန့်စင် လိုက်ဦးမယ်။
- Your shirt 's in the wash (= being washed or waiting to be washed). ခင်ဗျာ ရဲ့ အင်္ကျီကို လျှော်နေတယ်။
- You do the washing and I'll do the cooking, OK? ခင်ဗျားက အဝတ်လျှော်၊ ကျွန်တော်က ထမင်းချက်မယ်။ ဟုတ်ပြီနော်။
- Would you hang the washing out (hang it outside to dry)? လျှော်ထားတဲ့ အဝတ်တွေ အပြင်မှာ ထုတ်လှမ်းပါလား။
- Half of the posts will be lost through natural wastage. အလုပ်မှ နားသူ၊ ပြောင်းသူ စသည်တို့ကြောင့် ရာထူးနေရာ တစ်ဝက်ခန့် လစ်လပ်လိမ့်မည်။
- She wasted no time in rejecting the offer (=she rejected it immediately). မိန်းကလေးက ကမ်းလှမ်းချက်ကို ချက်ချင်း ငြင်းပယ် လိုက်တယ်။
- The police have mounted a watch outside the hotel. ရဲက ဟိုတယ်၏ အပြင်ဘက်ဝန်းကျင်ကို စောင့်ကြည့်နေသည်။
- I keep watch (= watch and warn you) while you go through his papers. မင်းသူစာရွက်စာတမ်းတွေ ကြည့်နေတုန်း ငါလှူကြည့်ပေးမယ်။
- The government is keeping a close watch on how the situation develops. အခြေအနေ ဘယ်လိုဖြစ်မလဲဆိုသည်ကို အစိုးရက အာရုံစူးစိုက်လေ့လာသည်။
- I'm on first watch. ကျွန်တော် ပထမ စောင့်ရမယ်။ (အစောင့်တာဝန်)
- I go on watch in an hour. နောက်တစ်နာရီကြာရင် ကျွန်တော် စောင့်ရမယ်။
- This species is found in coastal waters around the Indian Ocean. ဤမျိုးစိတ် (အမျိုးအစား)ကို အိန္ဒိယသမုဒ္ဒရာတစ်ဝိုက် ကမ်းရိုးတန်းရေပြင်တွင် တွေ့ရသည်။
- Guilt and horror flooded her in waves. အပြစ်ရှိမှုနှင့် ကြောက်ရွံ့မှုတို့က မိန်းကလေးအား လွှမ်းမိုးသည်။
- My mother was crying as I waved her goodbye. (or) My mother was crying as I waved goodbye to her. ကျွန်တော်က ခွဲခွာခါနီး နှုတ်ဆက်တော့ မေမေခမျာ ငိုနေသည်။
- I told you we should have done it my way! ကျွန်တော့်နည်းအတိုင်းလုပ်ဖို့ ကျွန်တော် ပြောသားပဲ။
- I generally get what I want one way or another (=by some means). ကျွန်တော် လိုချင်တာကို တစ်နည်းနည်းနဲ့ ရလေ့ရှိတယ်။
- That's no way to speak to your mother. အမေကို မင်းအဲဒီလို ပြောစရာမလိုဘူး။
- It's not what you say, it's the way that you say it. မင်းပြောတဲ့စကားက အဓိကမဟုတ်ဘူး။ မင်းရဲ့ပြောပုံကို ပြောတာ။
- It is not his way to admit that he has made a mistake. သူက အမှားကို ဝန်မခံတတ်ဘူး။
- Don't worry, if she seems quiet-it's just her way. သူငြိမ်နေပုံကို စိတ်မပူပါနဲ့၊ အဲဒါ သူ့စရိုက်ပဲ။
- We went the long way round. ကျွန်တော်တို. အဝေးမှ ပတ်သွားခဲ့သည်။
- Get out of my way! I'm in a hurry. လမ်းဖယ်ပေးစမ်းပါ။ အရေးကြီး (အရင်လို)လို့။
- Make sure that sign's the right way up. ဟိုလမ်းညွှန်အမှတ်အသားက သေချာပါတယ်နော်။
- The area's mining industry still has a way to go to full maturity. ထိုဒေသ၏ သတ္တုလုပ်ငန်းသည် အောင်မြင်ဖြစ်ထွန်းရန် အတော်လိုသေးသည်။ '
- You came all this way to see us? တို့နဲ့တွေ့ဖို့ မင်းတို့ ဒီလောက် ခရီးဝေးက လာခဲ့ရသလား။
- It's been quite a day, one way and another (= several reasons). ခြုံကြည့်ပါက ဒီနေ့အခြေအနေ သိပ်ကောင်းတယ်။
- The economy's in a bad way. စီးပွားရေး အခြေအနေ မကောင်းပါ။
- I don't know how we're going to manage, the way things are. လက်ရှိအခြေအနေအရ တို့ ဘယ်လို စခန်းသွားရမယ်ဆိုတာမသိဘူး။
- Will you be able to make your own way to the airport (= get there without help, a ride, etc.)? လေဆိပ်ကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားနိုင်မလား။
- She finished the race way ahead of other runners. သူသည် အခြားသူများကို အပြတ်ကျော်တက်ပြီး ပန်းဝင်သည်။
- The price is way above what we can afford.. ဈေးနှုန်းက တတ်နိုင်တာထက် များလွန်းနေတယ်။
- They live way out in the suburbs. သူတိုမြို့ ဆင်ခြေဖုံး အဝေးကြီးမှာနေကြတယ်။
- She smiled weakly at them. မိန်းကလေးသည် သူတို့ကို နွမ်းနယ်စွာ ပြုံးပြသည်။
- He thought that crying was a sign of weakness. ငိုကြွေးခြင်းသည် ပျော့ညံ့မှုကိုပြသည်ဟု သူထင်သည်။
- It's important to know your own strengths and weaknesses.မိမိ၏ အားသာချက်၊အားနည်းချက်ကို သိဖို့အရေးကြီးသည်။
- The new manager brings a great wealth of experience to the job. မန်နေဂျာသစ်သည် လုပ်ငန်းအတွေ့ အကြုံ များစွာရှိသည်။
- The police still haven't found the murder weapon. ရဲတို့သည် လူသတ်လက်နက်ကို ရှာဖွေ၍ မရသေးပါ။
- He was charged with carrying an offensive weapon. ရန်မှုနိုင်သည့် လက်နက်ကိုင်ဆောင်မှုဖြင့် သူ့ကို စွဲချက်တင်ထားသည်။
- We'll have the party outside, weather permitting (=if it doesn t rain). မိုးမရွာပါက ပါတီပွဲကို ကျွန်တော်တို့ အိမ်အပြင်မှာ လုပ်မယ်။
- She refuses to resign, intending to weather the storm (= wait until the situation improves again). အခြေအနေပြန်ကောင်းလာသည်အထိ စောင့်ရန် ရည်ရွယ်ပြီး သူသည် နုတ်ထွက်ရန် ငြင်းသည်။
- All her friends could hear wedding bells (= they thought she would soon get married). သူငယ်ချင်းများက မိန်းကလေး လက်ထပ်တော့မည်ဟု ထင်ကြသည်။
- I don't want to drive a wedge between the two of you (= to make you start disliking each other). မင်းတို့နှစ်ဦးရဲ့ ခင်မင်မှု ပျက်ပြားအောင် ငါမလုပ်လိုပါဘူး။
- They welcomed the new volunteers with open arms (= with enthusiasm). သူတို့သည် စေတနာ့ဝန်ထမ်း ဆောင်ရွက်မည့်သူများကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။
- They live in town during the week and go to the country for the weekend. သူတို့သည် (တနင်္လာမှ သောကြာ) သီတင်းပတ်အတွင်း မြို့၌နေကာ၊ (စနေ၊ တနင်္ဂနွေ) သီတင်းပတ်ကုန်ရက်များတွင် ကျေးလက်သို့ သွားကြသည်။
- I never have the time to go out in the week. ကျွန်တော်သည် (တနင်္လာမှသောကြာ) သိတင်းပတ်အတွင်း အပြင်ထွက်ချိန် မရပါ။
- It happened on the weekend of 28 and 29 September. သီတင်းပတ်အကုန် (စနေ၊ တနင်္ဂနွေ) ဖြစ်တဲ့ စက်တင်ဘာ (၂၈)နှင့် (၂၉)ရက်မှာ ဒီကိစ္စဖြစ်ခဲ့တာပါ။
- The office is closed on the weekend. (British English) The office is closed at the weekend. ( American English) စနေ တနင်္ဂနွေမှာ ရုံးပိတ်တယ်။
- I could have wept thinking about what I'd missed. လွတ်သွားတဲ့ကိစ္စကိုတွေးပြီး ကျွန်တော် ငိုတောင်ငိုလိုက်ချင်တယ်။
- These cases weigh a ton (= are very heavy). ဤဘူးများသည် အလွန်လေးလွန်းသည်။
- It is about 76 kilos in weight. ဤအရာသည် ၇၆ ကီလိုခန့် လေးသည်။
- She is trying to lose weight (= become less heavy and less fat). မိန်းကလေးဟာ ဝမလာအောင် ကြိုးစားနေတယ်။
- He's put on/gained weight (= become heavier and fatter) since he gave up smoking. `သူဟာ ဆေးလိပ်ဖြတ်လိုက်ပြီးတဲ့နောက် ဝလာတယ်။
- No more for me, I have to watch my weight. တော်လောက်ပါပြီ၊ ကျွန်တော် ဝမလာအောင် သတိထား နေရတယ်။
- He staggered a little under the weight of his backpack. ကျောပိုးအိတ် အလေးချိန်ကြောင့် သူအနည်းငယ် ယိမ်းထိုးလမ်းလျှောက်သွားသည်။
- The news was certainly a weight off my mind (= I did not have to wory about it any more). ဒီသတင်းကြောင့် ငါ့ရဲ့သောကတွေ ပျောက်သွားတယ်။ (စိတ်သက်သာရာရသွားတယ်)။
- Finally telling the truth was a great weight off my shoulders. နောက်ဆုံး အမှန်အတိုင်း ပြောလိုက်လို့ ဝန်ထုပ်ကြီးတစ်ခု ပေါ့သွားတယ်။
- The many letters of support added weight to the campaign. ထောက်ခံစာများသည် စည်းရုံးလှုပ်ရှားမှုအတွက် များစွာ အထောက်အပံ့ဖြစ်သည်။
- The chairman has now offered to lend his weight to the project.သဘာပတိက စီမံကိန်းဖြစ်မြောက်ရေးဘက်မှ ထောက်ခံ မည်ဟု ကမ်းလှမ်းသည်။
- Your opinion carries weight with the boss. မင်းရဲ့ထင်မြင်ချက်ကို အလုပ်ရှင်က အလေးထားတယ်။
- How can you ignore the sheer weight of medical opinion. ဆေးမှတ်ချက်ရဲ့ အရေးပါမှုကို ခင်ဗျားလျစ်လျူရှုလို့ ဘယ်ရမလဲ။
- The fine weather made a welcome change. ရာသီဥတုသာယာသဖြင့် အခြေအနေမှာ ကောင်းသွားသည်။
- Our neighbours made us welcome as soon as we arrived. ကျွန်တော်တို့ ရောက်သွားသည်နှင့် အိမ်နီးချင်းများက ဖော်ရွေစွာ ကြိုဆိုကြသည်။
- It's an awful job. If you want it, you're welcome to it. အဲဒီအလုပ်ကစိတ်ညစ်စရာကြီး။ မင်းကြိုက်တယ်ဆိုရင် လုပ်ပေါ့။
- Thank you for your warm welcome. ခုလို နွေးထွေးစွာကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။
- The winners were given an enthusiastic welcome when they arrived home. အောင်နိုင်သူများ နေရပ်ပြန်ရောက်လာရာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။
- This new project deserves a warm welcome. ဤစီမံကိန်းသစ်ကို လက်ခံကြိုဆိုသင့်ပါသည်။
- The proposal was given a cautious welcome by the majority of the members. အဖွဲ့ဝင်အများစုက အဆိုပြုချက်ကို သတိဖြင့် ချင့်ချိန်ပြီး လက်ခံသည်။
- They would rather work than live on welfare. သူတို့သည် ထောက်ပံ့ကြေးဖြင့် နေထိုင်စားသောက်ရ သည်ထက် အလုပ်လုပ်လိုကြသည်။
- Well done! (= expressing admiration for what somebody has done) ကောင်းတယ်ဟေ့။
- His new business is not going well. သူ့ရဲ့လုပ်ငန်းသစ်က အဆင်မပြေလှဘူး။
- People speak well of (= spoke with approval of) him. လူတွေက သူ့ကို အကောင်းပြောကြတယ်။
- She took it very well (= did not react too badly), all things considered. ခြုံကြည့်ရင် သူ့အခြေအနေ (တုန့်ပြန်မှု)က မဆိုးပါဘူး။
- The National Museum is well worth a visit. အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာသင့်သည်။
- He liked her well enough (= to a reasonable degree) but he wasn't going to make a close friend of her. သူသည် မိန်းကလေးကို သဘောကျသင့်သလောက် သဘောကျသော်လည်း ရင်းနှီးလိုခြင်းမရှိပါ။
- It may well be that the train is delayed. ရထာ. နောက်ကျတာ ဖြစ်နိုင်တယ်။
- I can't very well leave now, ငါ အခုသွားလို့ မဖြစ်ဘူး။
- I couldn't very well refuse to help them, could !? ကျွန်တော် သူတို့ကို မကူညီလို့ ကောင်းပါ့မလား။
- “What are we doing here?" “You may well ask (= I don't really know either"). “ကျွန်တော်တို့ ဒီမှာဘာလုပ်နေကြတာလဲ" “ခင်ဗျားမေးလည်း မေးစရာပဲ၊ ကျွန်တော်လည်း မသိဘူး"။
- Get well soon! (for example, on a card) မြန်မြန်နေကောင်းပါစေ။
- It seems that all is not well at home. အိမ်မှာ အခြေအနေ ကောင်းပုံမရဘူး။
- All's well that ends well (= used something has ended happily, even though you thought it might not). မထင်ဘဲနဲ့ အဆင်ပြေပြီးပြတ်သွားတယ်။
- Oh, very well, then, if you insist. ခင်ဗျားက ဒီလောက်ထိ ပြောနေ/တိုက်တွန်းနေမှတော့ ကောင်းပြီလေ (လုပ်တာပေါ့၊သွားတာပေါ့ ...အစရှိသဖြင့်)။
- Seino wended his way home through the wet streets. စိန်နိုးသည် စိုစွတ်နေသည့် လမ်းများကို ဖြည်းဖြည်း ဖြတ်လျှောက်လျက် အိမ်သို့ပြန်သည်။
- He lives to the west of (= further west than) the town. သူသည် မြို့၏အနောက်ဘက်တွင် နေထိုင်သည်။
- You'll get wet (= in the rain) if you go out now. ခင်ဗျား အခု အပြင်ထွက်ရင် မိုးစိုမှာပေါ့။
- We were all soakig wet(= extremely wet). ကျွန်တော်တို့မှာ ရွှဲရွှဲစိုနေခဲ့သည်။
- My shirt was wet through (completely wet). ကျွန်တော်၏ ရှပ်အင်္ကျီတစ်ထည်လုံး ရွှဲနစ်သွားသည်။
- It's wet outside. အပြင်မှာ မို.ရွာနေတယ်။
- "I asked her to marry me." “ငါ့ကို လက်ထပ်ပါလို့ပြောလိုက်တယ်” "You what?" “မင်း ဘာပြောလိုက်တယ်”
- Coconut noodles! Whatever next ? အုန်နို့ခေါက်ဆွဲတဲ့လား။ နောက်ကော။
- One of the boys was pushing the other along in a little box on wheels. ကောင်လေးတစ်ယောက်သည် .ဘီးတပ်သေတ္တာငယ် အတွင်းမှ နောက်တစ်ယောက်ကို တွန်းပေးနေခဲ့သည်။
- This is the first time I've sat behind the wheel since the accident. ယာဉ်တိုက်မှုဖြစ်ပြီးတဲ့နောက် ဒါဟာ ကျွန်တော်ပထမဆုံး ကားပြန်မောင်းခြင်းပဲ။
- A car swept past with Ta Ta at the wheel. တားတားသည် ကားတစ်စင်းကို မောင်းပြီးဖြတ်သွားသည်။
- Do you want to take the wheel (= drive) now? ခင်ဗျာ (ကား) မောင်း တော့မလား။
- It was Deborah's idea. I merely set the wheels in motion (= started the process). ဒါဟာဒီဘိုလရဲ့အကြံပါ။ ကျွန်တော်က လုပ်ငန်းစလုပ်ရုံပဲ။
- He's been confined to a wheelchair since the accident. ယာဉ်တိုက်မှုဖြစ်ပြီးနောက် သူသည် ဘီးတပ်ကုလားထိုင်ကိုပဲ အားထားရတော့သည်။
- He comes from Malawi, wherever that may be (= I don’t know where it is). သူက မာလာဝီနိုင်ငံက။ အဲဒီနိုင်ငံက ဘယ်မှာရှိမှန်းတော့ မသိဘူး ။
- The book will whet your appetite for more of her work. ဒီစာအုပ်ကို ဖတ်ရင် ခင်ဗျား သူ့ရဲ့အခြားစာအုပ်တွေကို လည်း ဖတ်ချင်လာပါလိမ့်မယ်။
- He seemed undecided whether to go or stay. သူသည် သွားရ ကောင်းမလား၊ နေရကောင်းမလား ဝေခွဲရခက်နေသည်။ ဝေခွဲမရဖြစ်နေသည်။
- I'm going whether you like it or not. ခင်ဗျား ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျွန်တော် သွားမှာပဲ။
- Whether or not we are successful, we can be sure that we did our best. အောင်မြင်တာမအောင်မြင်တာထား၊ တို့အစွမ်းကုန်ကြို စားတာတော့ သေချာတယ်။
- Your claim ought to succeed, in which case the damages will be substantial. ခင်ဗျားရဲ့ တောင်းဆိုချက် အောင်မြင်မှဖြစ်မယ်၊ မဟုတ်ရင် အများကြီးနစ်နာမယ်။
- The situation is an awkward one, whichever way you look at it. ခင်ဗျားဘယ်ကိုပဲကြည့်ကြည့် အခြေအနေက ကိုးရိုးကားရား ဖြစ်နေတယ်။
- I'll be back in a little while (= a short time). ကျွန်တော် ခဏကြာရင် ပြန်လာခဲ့မယ်။
- They chatted for a while. သူတို့ ဏတာ အလ္လာပသလ္လာပ ပြောကြတယ်။
- I haven't seen him for quite a while (= a fairly long time). ကျွန်တော် သူနဲ့မတွေ့ရတာ အတော်ကြာသွားပြီ။
- They walked back together, talking all the while (= all the time). သူတို့သည် စကားတပြောပြောဖြင့် လမ်းလျှောက်ပြန် လာကြသည်။
- We bought the house on a whim. ကျွန်တော်တို့ ကြံကြံဖန်ဖန် စိတ်ကူးပေါက်ပြီး အဲဒီအိမ်ကို ဝယ်လိုက်မိတာ။
- My duties seem to change daily at the whim of the boss. ကျွန်တော်ရဲ့ အလုပ်ရှင် စိတ်ကူးရရင် ရသလို ကျွန်တော်ရဲ့ အလုပ်တာဝန်တွေက နေ့တိုင်းပြောင်းနေတယ်။
- She hires and fires people at whim. သူ စိတ်လိုရင် လိုသလို၊ မလိုရင် မလိုသလို လူတွေကို အလုပ်ခန့်လိုက် ဖြုတ်လိုက်လုပ်တယ်။
- He is a speaker who can really whip up a crowd. သူဟာပရိသတ်ကို ဆွဲဆောင်စကားပြောနိုင်သူဖြစ်တယ်။
- Her mind was in a whirl (= in a state of confusion or excitement). သူ့ စိတ်တွေ ထွေနေတယ်။
- It is easy to get caught up in the social whirl. လူမှုကိစ္စများနှင့် အလုပ်များရန်မှာ လွယ်ကူသည်။
- It was whispered that he would soon die and he did. သူကွယ်လွန်တော့မည်ဟု တီးတိုးပြောဆိုနေကြပြီးနောက် တကယ်ပဲကွယ်လွန်သွားသည်။
- They spoke in whispers. သူတို့ လေသံတိုးတိုးဖြင့် ပြောဆိုခဲ့ကြသည်။
- The referee finally blew the whistle to stop the game. ဒိုင်လူကြီးသည် ပွဲရပ်ရန် ခရာမှုတ်လိုက်သည်။
- She went white as a sheet when she heard the news. သူသည် သတင်းကိုကြားရသည့်အခါ မျက်နှာတွင်သွေး မရှိသလို ဖြူဖတ်ဖြူယော် ဖြစ်သွားသည်။
- He was once the great white hope of Myanmar soccer. တစ်ချိန်က မြန်မာ့ဘောလုံးလောကမှာ သူ့ကို မျှော်လင့် ချက်ကြီးကြီး ထားခဲ့တာပေါ့။
- Let's forget the whole thing. ဒီကိစ္စတစ်ခုလုံးကို မေ့လိုက်ကြပါစို့။
- 'I would like you to go.' 'Why me?' “ငါကတော့မင်းကို သွားစေချင်တယ်”၊ “ဘာ့ကြောင့် ကျွန်တော့်ကိုမှ ခိုင်းရတာလဲ”။
- 'Let's eat out.' 'Why not? “အပြင်ထွက်စားကြမယ်” “စားကြတာပေါ့”။
- The new super market has a wide rangel choice/variety of goods. ဆူပါမတ်ကက်သစ်တွင် ပစ္စည်းအစုံရှိသည်။
- It's the best job in the whole wide world. တစ်ကမ္ဘာလုံးမှာ ဒီအလုပ် အကောင်းဆုံးပဲ။
- We are talking about education in its widest sense. ကျွန်တော်ကို ပညာရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန် ပြောနေကြတာပါ။
- The door was wide open. တံခါးပေါက် ပွင့်နေခဲ့သည်။
- Let your imagination run wild and be creative. မင်ရဲ့ စိတ်ကူးတွေကို လွှတ်ပေးပြီ တီထွင်ကြံဆစမ်းပါ။
- The plants grow wild along the banks of rivers. မြစ်ကမ်းတစ်လျှောက်အပင်များ အလေ့ကျပေါက်သည်။
- In spite of what happened, he never lost the will to live. ဘာတွေပဲဖြစ်ခဲ့စေကာမူ သူသည် အသက်ရှင်ရပ်တည်ရေးကို စိတ်မလျှော့ချေ။
- They are trying to win support for their proposals. သူတို့သည် သူတို့၏အဆိုပြုချက်အတွက် ထောက်ခံမှုရရန် ကြိုးစားနေကြသည်။
- The trees were swaying in the wind. သစ်ပင်များသည် လေထဲတွင် ယိမ်းနွဲ့နေကြသည်။
- A gust of wind blew my hat off. လေပြင်းတစ်ချက်တိုက်လိုက်သဖြင့် ကျွန်တော်၏ ဦးထုပ်လွင့်သွားသည်။
- The river winds its way between the meadows. မြစ်သည်မြက်ခင်းပြင်များကြားမှ ကွေ့ကောက်စီးဆင်းသည်။
- The govemment imposed a windfall tax (= a tax on profits to be paid once only, not every year) on some industries. အစိုးရက အချို့ စက်မှုလုပ်ငန်းများအား သီးသန့် အမြတ် ခွန်ကောက်သည်။
- I saw the dress I wanted in the window. ကျွန်မလိုချင်တဲ့ အဝတ် (ဆိုင်မှာ) ပြထားတာ တွေ့ ခဲ့တယ်။
- Television is a sort of window on the world. ရုပ်မြင်သံကြားသည် ကမ္ဘာ့အခြေအနေအရပ်ရပ်ကို ရှုမြင်နိုင်သည့် ပြတင်းပေါက် တစ်ခုဖြစ်သည်။
- We now have a small window of opportunity in which to make our views known. ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အမြင်များကို သိရှိစေရန် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းတစ်ရပ် ရှိနေပြီ။
- A solitary seagull winged its way across the bay. ဖော်မဲ့ စင်ရော်ငှက် တစ်ကောင်သည် ပင်လယ်အော်ကို ဖြတ်၍ ပျံသန်းသွားသည်။
- An application form will be winning its way To you soon. ခင်ဗျားဆီကို လျှောက်လွှာတစ်စောင် မကြာမီရောက်လာလိမ့်မယ်။
- The design is very good. We could be onto a winner (= we may do or produce something successful). ပုံစံဒီဇိုင်းက သိပ်ကောင်းတယ်၊ ကျွန်တော်တို့ ပေါက်နိုင် တယ်/အောင်မြင်နိုင်တယ်။
- I question the wisdom of giving a child so much money. ကလေးတစ်ယောက်ကို ငွေဒီလောက် များများပေးတာ သင့်ရဲ့လားလို့ ကျွန်တော်သံသယဖြစ်မိတယ်။
- I'm older and wiser after ten years in the business. လုပ်ငန်းကို ဆယ်နှစ်လုပ်ပြီးတဲ့နောက် ကျွန်တော် ရင့်ကျက်ကာ စဉ်းစားဆုံးဖြတ်တတ်လာတယ်။
- It was very wise to leave when you did. ခင်ဗျားထွက်သွားတဲ့အချိန်ဟာ တကယ့်ကို ထွက်သင့်တဲ့ အချိန်ပဲ။
- 'Where's he now?' “သူဘယ်မှာလဲ” 'I only wish I knew!' “ကျွန်တော်သိရင်အကောင်းသား" (မသိဘူးဆိုသည့်သဘောပင်။)
- I'd rather not talk now.' “ကျွန်တော်အခု ဘာမှမပြောချင်ဘူး” (Just) as you wish.' “ခင်ဗျားသဘောပဲ”။
- We wish them both well in their retirement. သူတို့နှစ်ဦး အနားယူတဲ့အချိန်မှာ အဆင်ပြေကြပါစေလို့ ဆန္ဒပြုပါတယ်။
- He had no wish to start a fight. ပဋိပက္ခ/ရန်ဖြစ်ရန် သူ ဆန္ဒ မရှိပါ။
- She married against her parents' wishes. မိန်းကလေးဟာ မိဘတွေ သဘောမတူဘဲ လက်ထပ် လိုက်တယ်။
- The prince's wish came true. မင်းသားကလေး၏ ဆန္ဒ ပြည့်ဝသွားသည်။
- We all send our best wishes for the future. အနာဂတ်တွင် အဆင်ပြေစေရန် ကျွန်တော်တို့အားလုံးက ဆန္ဒပြုကြသည်။
- She paused and gathered her wits. မိန်းကလေးသည် ခေတ္တဆိုင်းကာ အကြံထုတ်သည်။
- The drug was withdrawn from sale after a number of people suffered serious side effects. လူ အချို့ မလိုလားအပ်သည့် ဆိုးကျိုးများခံစားရပြီးနောက် ထိုဆေးကို ရောင်းချခွင့်ပိတ်လိုက်သည်။
- He got withdrawal symptoms after giving up smoking. သူသည် ဆေးလိပ်ဖြတ်ပြီးနောက် ယင်း၏ အကျိုးဆက် လက္ခဏာများပေါ်လာသည်။
- The ambulance arrived within minutes of the call being made. အကြောင်းကြားပြီး မိနစ်ပိုင်းအတွင်း လူနာတင်ယာဉ် ရောက်လာသည်။
- Two major earthquakes occurred within the space of a year. တစ်နှစ်ကာလအတွင်း ငလျင်ကြီးနှစ်ကြိမ် လှုပ်ခဲ့သည်
- Is it within walking distance? လမ်းလျှောက်သွားရင်ရတဲ့ အကွာအဝေးမှာရှိသလား။
- If there's none left we'll have to do without. ဘာမှမကျန်တော့ရင်လည်း ဖြစ်သလိုလုပ်ကြတာပေါ့။
- I'm sure we'll manage without. မရှိရင်လည်း မရှိသလို ဖြစ်အောင် လုပ်နိုင်မှာပါ။
- I don't wonder you're tired. You've had a busy day. ခင်ဗျားပင်ပန်းတာ ကျွန်တော် မအံ့ဩဘူး။ တစ်နေ့လုံး အလုပ်များနေခဲ့တာကိုး။
- She gazed down in wonder at the city spread below her. အောက်တွင်ပြန် ကျဲတည်ရှိနေသည့် မြို့ကြီးကို မိန်း ကလေးက တအံ့တသြငေးမောကြည့်သည်။
- He is a true friend in all senses of the word. ဘယ်လိုပဲ အဓိပ္ပာယ်ဖွင့်ဖွင့် သူဟာ မိတ်ကောင်းဆွေ ကောင်း တစ်ယောက်ပါ။
- Tell me what happened in your own words. ဘာဖြစ်ခဲ့တာလဲ ပြန်ပြောစမ်းပါ။
- He couldn't find the words to thank her enough. သူသည်မိန်းကလေးကို ကျေးဇူးတင်ကြောင်း ပြောပြရန် စကား ရှာမရ ဖြစ်သည်။ (ဘယ်လိုကျေးဇူးတင်ရမှန်းမသိ။)
- Words fail me (= I cannot express how I feel). ဘယ်လိုပြောရမှန်း မသိတော့ဘူး။
- Have a word with Mu Mu and see what she thinks. မူမူနဲ့စကားပြောကြည့်ပြီး သူ့သဘောကို မေးကြည့်ပါ။
- A word of warning: read the instructions very carefully. သတိပေးချက်-ညွှန်ကြားချက်များကို သေသေချာချာ ဂရုစိုက် ဖတ်ပါ။
- She left without a word (without saying anything). သူသည် မပြောမဆိုထွက်သွားသည်။
- He is a man of few words (= who doesn't talk very much). သူ စကား နည်းတယ်။
- Remember —not a word to (= don't tell) Mu Mu about any of this. ဒီကိစ္စနဲ့ပတ်သက်ပြီး မူမူကို မပြောနဲ့နော်။ မှတ်ထား။
- He never breathed a word of this to me. သူ ဒီကိစ္စကို တစ်ခွန်းမှ ကျွန်တော့်ကို မပြောဘူး။
- I give you my word that this won't happen again. ဒါမျိုးနောက်ထပ် မဖြစ်စေရပါဘူးလို့ ကျွန်တော် ကတိ ပေးပါတယ်။
- I give you my word of honour (= my sincere promise) that I'll return this book coming Sunday. ဒီစာအုပ်ကို လာမည့်တနင်္ဂနွေနေ့ ပြန်ပေးမယ်လို့ ကျွန်တော်ကတိပေးပါတယ်။
- We only have his word for it that the cheque is in the post. ချက်လက်မှတ်ကို ပို့လိုက်ပြီဆိုတဲ့ သူ့ရဲ့ စကားကိုပဲ ကျွန်တော်တို့ သိထားတယ်။ (သူ့အပြောအရတော့ ချက်လက် မှတ်ကို ပို့လိုက်ပြီတဲ့။)
- I want to remind you to keep your word (= do what you promised). ခင်ဗျားရဲ့စကားတည်ပါစေလို့ ကျွန်တော် ခင်ဗျားကို သတိပေးချင်တယ်။
- He promised to help and was as good as his word (= did what he promised). သူက ကူညီမယ်လို့ ကတိပေးခဲ့ပြီး၊ ကတိအတိုင်း ကူညီတယ်။
- He's man of his word (= he does what he promises). သူကပေးထားတဲ့ ကတိ တည်သူဖြစ်တယ်။
- I trust her not to go back on her word (= break her promise). သူဟာ သူ့ရဲ့ ကတိစကားကို ဖျက်မှာမဟုတ်ဘူးလို့ ကျွန်တော်ယုံတယ်။
- I can't prove it --- you'll have to take my word for it (= believe me). ကျွန်တော် သက်သေတော့ မပြနိုင်ဘူး။ ကျွန်တော့်စကားကိုယုံပါ။
- She sent word that she would be late. မိန်းကလေးက သူ နောက်ကျမယ့် အကြောင်း ပြောတယ်။
- If word gets out about the affair, he will have to resign. ဒီကိစ္စပေါက်ကြားသွားရင် သူအလုပ်က နုတ်ထွက်ရလိမ့်မယ်။
- Word has it that she's quitting. သူ အလုပ်ထွက်တော့မယ်လို့ သတင်းထွက်နေတယ်။
- The word is they've split up. သူတို့ ကွဲသွားကြပြီလို့ ပြောနေကြတယ်။
- He likes to spread the word about the importance of healthy eating. ကျန်းမာရေးနှင့်ကိုက်ညီအောင် စားတတ်ဖို့ အရေးကြီးကြောင်း လူတွေသိအောင် သူကပြောပြချင်တယ်။
- Angry is not the word for it-I was furious. စိတ်ဆိုးတာလို့ပြောလို့မရဘူး၊ ကျွန်တော်အရမ်းကိုဒေါသ ဖြစ်တာ။
- He worked his way to the top of his profession. သူရဲ့ အလုပ်မှာ မှန်မှန်ကြိုးစားပြီး ထိပ်တန်းရောက် ခဲ့တယ်။
- He started work as a security guard. လုံခြုံရေးအစောင့်အဖြစ် သူ အလုပ်စလုပ်ခဲ့တယ်။
- What line of work are you in? ခင်ဗျားဘယ်လုပ်ငန်းမျိုးမှာ လုပ်နေလဲ။ (ခင်ဗျားရဲ့ လုပ် ငန်းအမျိုးအစားကဘာလဲ)။
- His success was due to sheer hard work. သူဟာ ကြိုးစားလို့အောင်မြင်မှု ရခဲ့တာဖြစ်တယ်။
- We started work on the project in 1998. ကျွန်ုပ်တို့သည် စီမံကိန်းကို ၁၉၉၈ ခုနှစ်တွင် စတင်ခဲ့ ခြင်းဖြစ်သည်။
- She set them to work painting the fence. မိန်းကလေးက သူတို့ကို ခြံစည်းရိုးကို ဆေးသုတ်ခိုင်းသည်။
- The factory is instructed to improve the poor working conditions. ထိုကုမ္ပဏီအား လုပ်ငန်းခွင်အခြေအနေ ညံ့ဖျင်းမှုကို ပြုပြင်ရန် ညွှန်ကြားထားသည်။
- I have a good working relationship with my boss. ငါနဲ့ ငါ့အလုပ်ကလူကြီးနဲ့ အလုပ်လုပ်ရာမှာ ဆက်ဆံရေး ပြေပြစ်တယ်။(အလုပ်လုပ်ရတာ ကောင်းတယ်။)
- Many people take interest in the natural world (= animals, plants, minerals, etc.) တိရစ္ဆာန်၊ သစ်ပင်၊ တွင်းထွက်သတ္တု စသည့်သဘာဝလောကကို လူအများ စိတ်ဝင်စားကြသည်။
- They have little contact with the outside world (= people and places that are not part of their normal life). သူတို့ဟာ ပြင်ပလောကက လူတွေနဲ့ထိတွေ့မှု နည်းတာ။ (အိမ်နီးချင်း သို့မဟုတ် အလုပ်သဘောအရ ပတ်သက်သူမျာနှင့်သာ ဆက်ဆံမှုရှိသည်။)
- He's too young to understand the ways of the world. သူကငယ်သေးတော့ လောကအကြောင်း၊ လူတွေအကြောင်းမသိသေးဘူး။
- The eyes of the world are on the President. လူထုက သမ္မတကြီးကို အာရုံစိုက်နေကြတယ်။
- Don't rush — we've got all the time in the world. မလောပါနဲ့၊ ကျွန်တော်တို့မှာ အချိန်အများကြီးရှိပါတယ်။
- You look as if you haven't got a care in the world! ခင်ဗျားကို ကြည့်ရတာ အပူအပင် လုံးဝရှိပုံမရဘူး။
- Where have you been? I've been worried sick (= extremely worried). ခင်ဗျားဘယ်သွားနေတာလဲ၊ ကျွန်တော့်မှာတော့ အရမ်းစိတ်ပူသွားတာပဲ။
- Try not to get worried. ပူပင်သောက မဖြစ်ပါနဲ့။
- Don't worry. We have plenty of time. မပူပါနဲ့။ ကျွန်တော်တို့မှာ အချိန်အများကြီးရပါတယ်။
- He's worried himself sick (= become extremely anxious) about his daughter.သူဟာ သူ့သမီးအတွက် အတော်သောကများနေတယ်။
- It's a worrying time for us all. ကျွန်တော်တို့ အားလုံးအတွက် သောကရောက်ရတဲ့ အချိန်ပဲ။
- The interview was much worse than he had expected. အင်တာဗျူးက သူမှန်းထားတာထက် အခြေအနေဆိုးတယ်။
- Never mind — it could be worse (= although the situation is bad, it is not as bad as it might have been). ကိစ္စမရှိပါဘူး။ ထင်သလောက်မဆိုးပါဘူး။။
- It was by far the worst speech he had ever သူပြောခဲ့သမျှထဲမှာတော့ အညံ့ဆုံး မိန့်ခွန်းပဲ။
- When they did not hear from her, they feared the worst. မိန်းကလေးထံမှ သတင်းမကြားရသည့်အခါ သူတို့ အလွန်အမင်း စိုးရိမ်သွားခဲ့ကြသည်။
- The worst of it is that I can't even be sure if they received my letter. ဆိုးတာကကျွန်တော့်စာကိုသူတို့ရလား မရလား မသိတာပဲ။
- He is always optimistic even when things are at their worst. အဆိုးဆုံးအခြေအနေမှာတောင် သူကအမြဲအကောင်းမြင်တယ်။
- This idea is well worth considering. ဒီအယူအဆကို စဉ်းစားသင့်တယ်။
- The job involves a lot of hard work but it's worth it. အလုပ်ကအတော်အားထုတ်ရမယ်၊ ဒါပေမဲ့ အားထုတ်ရ ကျိုးနှပ်မှာပါ။
- The trip was expensive but it was worth every penny. ဒီခရီးက အကုန်အကျများတာမှန်တယ်။ ဒါပေမဲ့ တန်ပါတယ်။
- He'll do the job if you make it worth his while (= pay him well). သူ့ကိုခင်ဗျား ထိုက်ထိုက်တန်တန်ပိုက်ဆံပေးရင် သူလုပ်’ မှာပါ။
- A number of the report's findings are worthy of note. အစီရင်ခံစာမှာပါတဲ့ တွေ့ ရှိချက်အချို့ဟာ မှတ်သားသင့်တယ်။
- Would you mind leaving us alone for a few minutes? (ပြောစရာရှိလို့) တို့ကို ခဏလောက် ရှောင်ပေးပါလား။
- Would you like a sandwich? အသားညှပ်မုန့်စားပါဦးလား။
- I wouldn't have any more to drink, if I were you. ကျွန်တော်သာ ခင်ဗျားဆိုရင် ထပ်ပြီးသောက်မှာမဟုတ်ဘူး။ (ထပ်ပြီးမသောက်စေချင်သည့်သဘောဖြင့် ပြောခြင်းဖြစ်သည်။)
- Seeing him again opened up old wounds. သူနဲ့ပြန်တွေ့ တော့ အနာဟောင်းတွေ ပြန်ပေါ်လာတယ်။
- She told them to wrap warm/warmly. မိန်းကလေးက သူတို့ကို နွေးနွေးထွေးထွေး နေကြဖို့ ပြောတယ်။
- He was determined to wreak vengeance on those who had betrayed him. သူ့ကို သစ္စာဖောက်သူများကို လက်စားချေဖို့ သူ သန္နိဌာန် ချထားတယ်။
- They wriggled their way through the tunnel. သူတို့သည် လိုဏ်ခေါင်းကို လူးလွန့်ဖြတ်သွားသည်။
- The company has been served with a writ for breach of contract. သဘောတူညီချက်ကို ချိုးဖောက်သဖြင့် (ယင်းသို့မပြု လုပ်ရန် တရားရုံးက) ကုမ္ပဏီအား အမိန့်စာထုတ်သည်။
- No decision has been made at the time of writing. စာရေးနေသည့်အချိန်အထိ ဆုံးဖြတ်ချက်တစ်စုံတစ်ရာ မချရသေးပါ။
- You're holding the camera the wrong way up! မင်း ကင်မရာကိုင်တာ မှားနေတယ်။
- That picture is the wrong way round. ရုပ်ပုံက အနေအထားလွဲနေတယ်။
- She proved him wrong (= proved that he was wrong). မိန်းကလေးက သူ မှားကြောင်း သက်သေပြလိုက်သည်။
- Correct me if I'm wrong (= I may be wrong) but didn't you say you knew each other? ကျွန်တော်မှားချင်မှားမယ်၊ ခင်ဗျားတို့အချင်းချင်းသိကြတယ်လို့ ခင်ဗျား ပြောမိသလားလို့။
- Is anything wrong? You look worried. ဘာဖြစ်နေတာလဲ။ ခင်ဗျားကိုကြည့်ရတာ ပူပင်သောက ဖြစ်နေပုံပဲ။
- There's something wrong with the printer. ပရင်တာ တစ်ခုခု ဖြစ်နေပြီ။
- The doctor could find nothing wrong with him. ဆရာဝန်က သူ့ကိုစမ်းသပ်တော့ ဘာရောဂါမှ ရှာမတွေ့ပါ။
- We don't want this document falling into the wrong hands. ဒီစာရွက် မဆိုင်သူလက်ထဲ မရောက်စေချင်ပါဘူး။
- It was his bad luck to be in the wrong place at the wrong time (= so that got involved in trouble without intending to). မဟုတ်တဲ့နေရာကို မဟုတ်တဲ့ အချိန်မှာ ရောက်သွားတာ သူ ကံဆိုးတာပေါ့။
- She acknowledged that she'd done wrong. မိန်းကလေးက သူမှားသွားသည်ကို ဝန်ခံသည်။
- Her son can do no wrong in her eyes. သူ့အမြင်တွင် သူ့သား မဟုတ်တာ ယူဆသည်။
- There is a yawning gap between rich and poor. ဆင်းရဲချမ်.သာ ကွာဟမှုသည် ကြီးမားသည်။
- We hope that they'll say yes to our proposals. ကျွန်တော်တို့ရဲ့ တင်ပြချက်တွေကို သူတို့ ထောက်ခံမယ်လို့ မျှော်လင့်ပါတယ်။
- They married young. သူတို့ ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်ကြတယ်။
- My mother died young. ကျွန်တော့် မေမေဟာ အရွယ်ကောင်းတုန်းမှာ ဆုံးသွား
- It's a book for young and old alike. ဒီစာအုပ်က လူငယ်တွေအတွက်ရော လူကြီးတွေအတွက်ပါ ဖြစ်တယ်။
References
Maung Maung Aye (The New Light of Myanmar). Essential Collocations (2nd) (သိထားရမည့် အင်္ဂလိပ်စာ စကားလုံးတွဲများ). ပန်းဘဲတန်းမြို့နယ်. ရန်ကုန်. Color Zone.၂၀၀၃
Eng-Mm dictionary app
Words in a sentence
Merriam-Webster Dictionry
Longman Dictionary
Cambridge Dictionary
MyOrdBok Dictionary
John 3Sixteen English